မဂၤလာေဆာင္ပြဲတြင္ သတို႔သားက က်မ္းသစၥာဆိုေနတုန္း မိုးၾကိဳးပစ္ခ်ခဲ့တဲ့ ျဖစ္ရပ္

မဂၤလာပြဲမွာ က်မ္းသစၥာဆိုေနတုန္း မိုးႀကိဳးပစ္ခ်ခဲ့လို႔ အမွတ္တရ ျဖစ္သြားခဲ့ရတဲ့ မဂၤလာပြဲ။ မဂၤလာပြဲဆိုတာ လူတိုင္းရဲ႕ ဘဝမွာ အမွတ္တရအျဖစ္ဆုံး အခ်ိန္တစ္ခုပါ။ ဒီလိုအမွတ္တရအခ်ိန္အခါဟာ တစ္သက္မွာ

တစ္ခါပဲ ရွိတာေၾကာင့္ မဂၤလာေဆာင္ဖူးတဲ့ စုံတြဲတိုင္းဟာ အဲဒီအခ်ိန္ေလးကို တစ္သက္လုံး အမွတ္တရရွိေနၾကမွာ အမွန္ပါပဲ။ ဒါေပမယ့္ အခုေျပာျပခ်င္တဲ့ မဂၤလာဇနီးေမာင္ႏွံ႔ေတာ့ သူတို႔မဂၤလာပြဲကို သူမ်ားေတြထက္ပိုၿပီး

အမွတ္တရရွိေနၾကမွာ အမွန္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သတို႔သားျဖစ္သူဟာ စကားတစ္ခြန္းေျပာလို႔အဆုံးမွာ အဲဒီစကားဟာ မွန္ကန္ေၾကာင္း ေထာက္ခံတဲ့ပုံစံနဲ႔ အခ်ိန္ကိုက္ မိုးႀကိဳးပစ္ခ်ခဲ့လို႔ပဲျဖစ္ေၾကာင္း

Ndtv သတင္းဌာနရဲ႕ေဖာ္ျပခ်က္ရ သိပါတယ္။ အေပၚမွာ ေတြ႕ရတဲ့ မဂၤလာေမာင္ႏွံကေတာ့ အေမရိကန္ႏိုင္ငံ၊ Massachusetts ျပည္နယ္မွာ ျပဳလုပ္ေနတဲ့ မဂၤလာအခမ္းအနားတစ္ခုပဲ ျဖစ္ပါတယ္။ မဂၤလာသတို႔သားကေတာ့

Aaron Sawitsky လို႔အမည္ရၿပီး သတို႔သမီးကေတာ့ Denice McClure လို႔အမည္ရတဲ့ အမ်ိဳးသမီးပဲ ျဖစ္ပါတယ္။ ဒီလိုနဲ႔ အဆိုပါမဂၤလာအခမ္အနား စတင္တဲ့အခ်ိန္မွာ သတို႔သား Aaron နဲ႔သတို႔သမီး Denice တို႔ဟာ

တစ္ဦးနဲ႔တစ္ဦး မ်က္ႏွာခ်င္းဆိုင္ၿပီး အမွတ္တရစကား ေျပာေနၾကပါတယ္။ အဲဒီအခ်ိန္မွာ Aaron ဟာ ဒီ ၂၀၂၀ ခုႏွစ္ဟာ ေကာင္းတဲ့ႏွစ္တစ္ႏွစ္ မဟုတ္ေၾကာင္း ေတာမီးေတြ ေလာင္လိုက္ ကပ္ေရာဂါေတြ ျဖစ္လိုက္နဲ႔

သဘာဝတရားႀကီးက ေဖာက္ျပန္ေနေၾကာင္း စကားအစခ်ီခဲ့ပါတယ္။ အဲဒီအခ်ိန္ Aaron တစ္ေယာက္ စကားေျပာတာ မဆုံးေသးခင္မွာပဲ ခပ္ေဝးေဝး ေကာင္းကင္ကေန ၿပီးေတာ့ မိုးႀကိဳးပစ္ခ်ခဲ့ပါတယ္။ “႐ုတ္တရက္ေတာ့

လန႔္သြားပါတယ္။ သဘာဝတရားႀကီးက မသိရင္ ကြၽန္ေတာ္ေျပာတာမွန္လို႔ ေထာက္ခံလိုက္တဲ့ပုံစံနဲ႔။ ပရိသတ္ေတြလည္း ကြၽန္ေတာ္စကားနဲ႔ ကြက္တိ မိုးႀကိဳးပစ္ခ်လိုက္ေတာ့ အကုန္လုံးေၾကာင္သြားၿပီး

ခဏအၾကာေတာ့ ရယ္ေမာေနၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ေတာ္ေတာ္ေတာ့ အမွတ္တရ ျဖစ္သြားပါတယ္။ မဂၤလာပြဲမၿပီးခင္ မိုးမ႐ြာတာပဲ ေတာ္ေတာ္ေလး ေက်းဇူးတင္ရမယ္လို႔ Aaronက ေျပာၾကားခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မင်္ဂလာပွဲမှာ ကျမ်းသစ္စာဆိုနေတုန်း မိုးကြိုးပစ်ချခဲ့လို့ အမှတ်တရ ဖြစ်သွားခဲ့ရတဲ့ မင်္ဂလာပွဲ။ မင်္ဂလာပွဲဆိုတာ လူတိုင်းရဲ့ ဘဝမှာ အမှတ်တရအဖြစ်ဆုံး အချိန်တစ်ခုပါ။ ဒီလိုအမှတ်တရအချိန်အခါဟာ တစ်သက်မှာ

တစ်ခါပဲ ရှိတာကြောင့် မင်္ဂလာဆောင်ဖူးတဲ့ စုံတွဲတိုင်းဟာ အဲဒီအချိန်လေးကို တစ်သက်လုံး အမှတ်တရရှိနေကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခုပြောပြချင်တဲ့ မင်္ဂလာဇနီးမောင်နှံ့တော့ သူတို့မင်္ဂလာပွဲကို သူများတွေထက်ပိုပြီး

အမှတ်တရရှိနေကြမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သတို့သားဖြစ်သူဟာ စကားတစ်ခွန်းပြောလို့အဆုံးမှာ အဲဒီစကားဟာ မှန်ကန်ကြောင်း ထောက်ခံတဲ့ပုံစံနဲ့ အချိန်ကိုက် မိုးကြိုးပစ်ချခဲ့လို့ပဲဖြစ်ကြောင်း

Ndtv သတင်းဌာနရဲ့ဖော်ပြချက်ရ သိပါတယ်။ အပေါ်မှာ တွေ့ရတဲ့ မင်္ဂလာမောင်နှံကတော့ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်မှာ ပြုလုပ်နေတဲ့ မင်္ဂလာအခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်။ မင်္ဂလာသတို့သားကတော့

Aaron Sawitsky လို့အမည်ရပြီး သတို့သမီးကတော့ Denice McClure လို့အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ အဆိုပါမင်္ဂလာအခမ်အနား စတင်တဲ့အချိန်မှာ သတို့သား Aaron နဲ့သတို့သမီး Denice တို့ဟာ

တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ပြီး အမှတ်တရစကား ပြောနေကြပါတယ်။ အဲဒီအချိန်မှာ Aaron ဟာ ဒီ ၂၀၂၀ ခုနှစ်ဟာ ကောင်းတဲ့နှစ်တစ်နှစ် မဟုတ်ကြောင်း တောမီးတွေ လောင်လိုက် ကပ်ရောဂါတွေ ဖြစ်လိုက်နဲ့

သဘာဝတရားကြီးက ဖောက်ပြန်နေကြောင်း စကားအစချီခဲ့ပါတယ်။ အဲဒီအချိန် Aaron တစ်ယောက် စကားပြောတာ မဆုံးသေးခင်မှာပဲ ခပ်ဝေးဝေး ကောင်းကင်ကနေ ပြီးတော့ မိုးကြိုးပစ်ချခဲ့ပါတယ်။ “ရုတ်တရက်တော့

လန့်သွားပါတယ်။ သဘာဝတရားကြီးက မသိရင် ကျွန်တော်ပြောတာမှန်လို့ ထောက်ခံလိုက်တဲ့ပုံစံနဲ့။ ပရိသတ်တွေလည်း ကျွန်တော်စကားနဲ့ ကွက်တိ မိုးကြိုးပစ်ချလိုက်တော့ အကုန်လုံးကြောင်သွားပြီး

ခဏအကြာတော့ ရယ်မောနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်တော့ အမှတ်တရ ဖြစ်သွားပါတယ်။ မင်္ဂလာပွဲမပြီးခင် မိုးမရွာတာပဲ တော်တော်လေး ကျေးဇူးတင်ရမယ်လို့ Aaronက ပြောကြားခဲ့ပါတယ်။ ခရက်ဒစ်