ကြက်ဥ ပြုပ်လေး စားပေးပါ





ဒါပေမဲ့ ကြက်ဥဟာ အခုခေတ်ပေါ်ရောဂါ Covid19 ကို တနည်းတဖုံးနဲ့ကာကွယ် ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေ သိခဲ့ကြတာသိပ်မကြာသေးပါဘူး

ကျွန်တော်သိသလောက်တော့ ကိုရီးယား ဂျပန် နဲ့အီတလီဆရာဝန်တွေက Covid19 ရောဂါသည်တွေကို ကာကွယ်ကုသဖို့အတွက်ကော အားရှိပြီးဆေးဒဏ်ခံနိုင်ဖို့အတွက်ပါ ဆေးရုံတွေမှာ နေ့စဉ် ကြက်ဥပြုတ်ကို စကျွေးခဲ့တယ်လို့ သိရပါတယ်

ကြက်ဥ မှာ ပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို သန့်စင်စေတယ် လို့လဲ ဆိုကြပါတယ်


ဂျင်းပြုတ်ရည် ရဲ့ Covid တိုက်ဖျက်တဲ့အစွမ်းကို ကျွန်တော့်ပို့စ်တခုတင်ရေးပြီးသားမို့ ဒီဆောင်းပါးမှာထဲ့မရေးတော့ပါဘူး








Dr Shwe Tun

Unicode

c o v i d 19 နှင့်ကြက်ဥပြုတ်

လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို့ သိထားပြီးကြမှာပါ

ကြက်ဥမှာ proteinဓာတ်အပြည့်အဝပါဝင်ပြီးနလံထလူနာတွေသွေးအားနည်းသူတွေအတွက် စားပေးသင့်တယ်လို့ အဟာရဗေဒ ပညာရှင်တယောက် ရေးထားတာဖတ်ဖူးပါတယ်

တရုတ်ဆေးကျမ်းထဲမှာလဲ ကြက်ဥသည် အားကိုဖြစ်စေ၏ သန္ဓေကိုရစေ၏ အသားကိုလှစေ၏ ဝမ်းကိုမှန်စေ၏ နှလုံးကိုသန်စေ၏ အဆုတ်ကို ကောင်းစေ၏လို့ ရေးထားပါတယ်

ဒါပေမဲ့ဲ ကြက်ဥဟာ အခုခေတ်ပေါ်ရောဂါ Covid19 ကို တနည်းတဖုံးနဲ့ကာကွယ် ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေ သိခဲ့ကြတာသိပ်မကြာသေးပါဘူး

ကျွန်တော်သိသလောက်တော့ ကိုရီးယား ဂျပန် နဲ့အီတလီဆရာဝန်တွေက Covid19 ရောဂါသည်တွေကို ကာကွယ်ကုသဖို့အတွက်ကော အားရှိပြီးဆေးဒဏ်ခံနိုင်ဖိူ့အတွက်ပါ ဆေးရုံတွေမှာ နေ့စဉ် ကြက်ဥပြုတ်ကို စကျွေးခဲ့တယ်လို့ သိရပါတယ်

ကြက်ဥ မှာ ပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို သန့်စင်စေတယ် လို့လဲ ဆိူကြပါတယ်

မြန်မာပြည်က Covid19 ကုသပေးနေတဲ့ ဆရာဝန်တွေဟာ လဲ လူနာကို တနေ့ကို ကြက်ဥပြုတ်၂ လုံးနဲ့ ဂျင်းပြုတ်ရည် နဲ့တွဲ ပြီး ကုသတယ်လို့လဲ ကြားသိရပါတယ်

ဂျင်းပြုတ်ရည် ရဲ့ Covid တိုက်ဖျက်တဲ့အစွမ်းကို ကျွန်တော့်ပိူ့စ်တခုတင်ရေးပြီးသားမို့ ဒီဆောင်းပါးမှာထဲ့မရေးတော့ပါဘူး

ဝေဘါဂီဆေးရုံက Covid19 ခလေး လူနာတွေကို ကုသပေးနေတဲ့ ခလေးအထူးကု ဆရာဝန်က သူ့လူနာ ခလေးတွေကို ကြက်ဥပြုတ်နေ့တိုင်းကျွေးခိုင်းပြီး

ကြက်ဥပြုတ်တွေ များများစားတယ်လို့ ကြားရတဲ့နေ့ဆိုရင် သူ့ခလေးလူနာတွေအတွက် စိတ်ချမိတယ်လို့ မနေ့က DVB မှာပြောသွားပါတယ်

ဒီအချက်တွေကြောင့် ဒီရောဂါကို ကာကွယ်ဖို့အတွက်လဲ ကြက်ဥပြုတ်ဟာ အထောက်အကူပြု ကာကွယ်ဆေးတခွက်လိုဖြစ်နေပါပြီ ။လွယ်လွယ်ကူကူလဲဝယ်လို့ရတဲ့ကြက်ဥကို တနေ့ အနဲဆုံး ၂ လုံးပြုပ်စားပေးကြပါ

ကြက်ဥကို ပြုတ်ပဲစားရမှာပါနော် Half fried ကြော်စားတာ မကျက်တကျက်ပြုတ်စားတာ မွှေကြော်ကြော်စားတွေ လုပ်လို့မရပါဘူး

ကြက်ဥကို အလုံးလိုက် ကျက်သည်အထိပြုတ်မှသာ ကြက်ဥကပေးတဲ့ အာဟာရအပြည့်အဝ ရမှာပါ

ဒါမှမဟုတ်ရင် ကြက်ဥကိုပြုတ် ခပ်ကြီးကြီးလေးတွေလှီး ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးလေးနဲ့ ဆီလေး ဆားလေးထည့် သုတ်စားပေးမယ်ဆိုရင်တော့ ခရမ်းချဉ်သီး ကြက်သွန် ဖြူ/နီ တို့ရဲ့ Probiotic ဓာတ်တွေပါ ပေါင်းသွားလို့

အရသာလဲရှိ Covid19 တိုက်ဖျက်ဖို့အတွက် ပိုကောင်းတဲ့ ဆေးတခွက်ဖြစ်သွားပါကြောင်း တင်ပြရင်း😊