လူတွေလို စကားစမြည်ဖောင်းဖွဲ့ကာ ပြောဆိုနေကြတဲ့ ချစ်စရာကောင်းလွန်းတဲ့ ကြက်တူရွေးနှစ်ကောင်ရဲ့ဗွီဒီယိုဖိုင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကြက်တူရွေးတွေဟာတကယ့်ကို ချစ်စရာကောင်းတယ်ဆိုတာသိကြမှာပါ၊ ဒါ့အပြင်သူတို့မှာရှိတဲ့ ထူခြားတဲ့အရာတစ်ခုကတော့ သူတို့ကြားတဲ့အသံတွေကိုလိုက်တုပြီး ပြန်လိုက်ပြောတတ်ကြတာပါပဲ။
သူတို့ရဲ့စွမ်းရည်တစ်ခုဖြစ်တဲ့ လူတွေရဲ့ဘာသာစကားကိုလိုက်ပြောတဲ့ မှတ်တမ်းတွေကိုအင်တာနက်ပေါ်မှာတွေ့နိုင်ပါတယ်။ ဒါနဲ့သူတို့တွေဟာ လူတွေရဲ့စကားသံကို ဘာကြောင့်ကောင်မွန်စွာလိုက်တုနိုင်လည်ဆိုတာ
သင်သိပါသလား၊ ရှင်ပြချက်တစ်ခုအရ ပြောင်းလဲဖြစ်စဉ်ကြောင့်လို့ဆိုကြပါတယ်။ Youtube နှင့် အင်တာနက်စာမျက်နှာပေါ်မှာရေပန်းစားနေတဲ့ ဒီကြက်တူရွေးနှစ်ကောင်ကို ‘relationship goals’လို့
ကြည့်ရှုသူတွေက သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။ ကြက်တူရွေးတွေဟာ တစ်ကောင်နှင့်တစ်ကောင် စကားပြောဆိုဆက်ဆံတတ်ကျတယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ ဒီလိုအုပ်စုလိုက်နေတတ်တဲ့ ငှက်တွေဟာ
အတူစားတယ်၊ အတူလာတယ်၊ အတူနေတတ်ကြပါတယ်။ သူတို့တွေဟာ မုဆိုးတွေရဲ့သားကောင်တွေလဲ ဖြစ်ကြပါတယ်၊ ဒါ့ကြောင့်အုပ်စုလိုက်နေထိုင်ခြင်းဟာသူတို့အတွက် ပိုပြီးလုံခြုံစေပါတယ်။
ဒီကြက်တူရွေးနှစ်ကောင်ရဲ့ လူတွေလိုပြောဆိုနေကြသော video file လေးဟာ လူတွေကြားအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ်။ စကားပြောတာအပြင် တစ်ကောင်နှင့်တစ်ကောင် ပွေ့ဖက်တတ်ကြပါတယ်။
ဒါတွေမကသေးပါဘူး အနမ်းလည်းပေးတတ်ကြပါသေးတယ်။ အခုလို သူတို့လေးတွေရဲ့ ကြည်နူးစရာစကားပြောဆိုနေပုံ၊ လူတွေလိုဘယ်လိုပြောနေလဲဆိုတာကို ကြည့်ရူလိုက်ရအောင်။ ဒီvideo file လေးကို ကြည့်ရူသူပေါင်း ၄ သန်းရှိခဲ့ပါတယ်။ ခရက်ဒစ်