ေလာင္စာဆီ ျဖည့္စရာမလိုပဲ ေမာင္းနွင္ႏိုင္တဲ့ ေမာ္ေတာ္ကား

ႏွစ္ေပါင္း (၁၀၀)ၾကာတဲ့အထိ ေလာင္စာဆီ ျဖည့္စရာမလိုပဲ ေမာင္းႏွင္ႏိုင္တဲ့ ေမာ္ေတာ္ကား။ ယေန႔ေခတ္ကမာၻႀကီးဟာ လိုက္မမွီႏိုင္ေလာက္ေအာင္ သိပၸံနည္းပညာေတြနဲ႔ တစ္ရွိန္ထိုး တိုးတက္ေနတာကို အားလုံးလည္းသိၾကမွာပါ။

ဒီလို ဆန္းျပားလြန္းတဲ့ နည္းပညာေတြထဲမွာမွ အခ်ိန္အေတာ္ၾကာတဲ့အထိ ေလာင္စာျဖည့္စရာမလိုပဲ ေမာင္းႏိုင္တဲ့ ကားတစ္စီးကို သိပၸံပညာရွင္ေတြက တီထြင္လိုက္ႏိုင္ပါတယ္။ ဘယ္လို ထူးဆန္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ဒီကားထဲမွာ

ပါဝင္ေနလဲဆိုတာ အတူ ၾကည့္လိုက္ရေအာင္ေနာ္၊ အခု ေျပာျပမယ့္ကားရဲ႕ နာမည္ကေတာ့ Thorium powered car လို႔ အမည္ေပးထားၿပီး Laser Power System (LPS) ကုမၸဏီကေန ဖန္တီးထားတာလည္း ျဖစ္ပါတယ္။

ဒီကားရဲ႕ထူးျခားခ်က္ကေတာ့ ႏွစ္ေပါင္း (၁၀၀) ၾကာတဲ့အထိ ေလာင္စာျဖည့္စရာမလိုပဲ ေမာင္းႏွင္ႏိုင္တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး ကားကိုေမာင္းႏွင္ႏိုင္ဖို႔အတြက္ ေလာင္စာအေနနဲ႔ Thorium ဆိုတဲ့ ေလာင္စာကို လိုအပ္ပါတယ္။

Thorium ဆိုတာ ကမာၻေပၚက အထူထပ္ဆုံး သတၳဳတစ္မ်ိဳးျဖစ္ၿပီး ေရဒီယိုသတၱိႂကြ ျဒပ္စင္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ Thorium ဆိုတဲ့အမည္ကို ဒ႑ာရီထဲက မိုးႀကိဳးနတ္ဘုရား Thor ရဲ႕နာမည္ကိုယူၿပီး ေပးထားတာပါ။

ေသးငယ္တဲ့ Thorium အစိတ္အပိုင္းေလးတစ္ခုဟာ သူနဲ႔ အ႐ြယ္အစားတူတဲ့ ေက်ာက္မီးေသြးထက္ စြမ္းအင္ အဆေပါင္း သိန္းႏွစ္ဆယ္ေက်ာ္ေလာက္ ထုတ္လုပ္ႏိုင္ပါတယ္တဲ့။ Laser Power Systems ရဲ႕ CEO ျဖစ္တဲ့

Charles Stevens ရဲ႕ေျပာၾကားခ်က္အရ Thorium ျဒပ္စင္ တစ္ဂရမ္ဟာ ဓာတ္ဆီလီတာေပါင္း ၂၈၀၀၀ လီတာကထုတ္တဲ့ စြမ္းအားနဲ႔ ညီမွ်တယ္လို႔ ေျပာျပထားပါတယ္။ ေနာက္ၿပီး Thorium ျဒပ္စင္ရဲ႕ ၈ ဂရမ္ေလာက္ကို

သုံးလိုက္မယ္ဆိုရင္ ကားတစ္စီးကို တစ္သက္စာနီးပါးေလာက္ ေလာင္စာျဖည့္စရာမလိုပဲ ေမာင္းႏွင္ႏိုင္မွာ ျဖစ္တယ္လို႔ ဆိုထားပါေသးတယ္။ ဒါေပမယ့္လည္း ေစ်းကြက္အေနအထားအရ Thoruim ျဒပ္စင္ဟာ

လိုအပ္ခ်က္မ်ားစြာ ရွိေနတဲ့အတြက္ေၾကာင့္ ယေန႔အခ်ိန္အထိေတာ့ ေလာင္စာအျဖစ္ အသုံးမျပဳႏိုင္ေသးပါဘူး။ Stevens နဲ႔ သူ႔အဖြဲ႕ေတြကေတာ့ Thorium စြမ္းအင္ဟာ တစ္ေန႔ေန႔မွာ ကမာၻႀကီးကို အေထာက္အကူ

ျပဳလာႏိုင္တယ္လို႔ ယုံၾကည္လ်က္ ရွိေနပါေသးတယ္။ အခုေဖာ္ျပေပးထားတာကေတာ့ ႏွစ္ေပါင္း (၁၀၀) ၾကာတဲ့အထိ ေလာင္စာမျဖည့္ပဲနဲ႔ေမာင္းႏိုင္တဲ့ ကားအေၾကာင္းကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးထားတာပဲျဖစ္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

နှစ်ပေါင်း (၁၀၀)ကြာတဲ့အထိ လောင်စာဆီ ဖြည့်စရာမလိုပဲ မောင်းနှင်နိုင်တဲ့ မော်တော်ကား။ ယနေ့ခေတ်ကမ္ဘာကြီးဟာ လိုက်မမှီနိုင်လောက်အောင် သိပ္ပံနည်းပညာတွေနဲ့ တစ်ရှိန်ထိုး တိုးတက်နေတာကို အားလုံးလည်းသိကြမှာပါ။

ဒီလို ဆန်းပြားလွန်းတဲ့ နည်းပညာတွေထဲမှာမှ အချိန်အတော်ကြာတဲ့အထိ လောင်စာဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ ကားတစ်စီးကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်နိုင်ပါတယ်။ ဘယ်လို ထူးဆန်းတဲ့ လုပ်ဆောင်ချက်တွေ ဒီကားထဲမှာ

ပါဝင်နေလဲဆိုတာ အတူ ကြည့်လိုက်ရအောင်နော်၊ အခု ပြောပြမယ့်ကားရဲ့ နာမည်ကတော့ Thorium powered car လို့ အမည်ပေးထားပြီး Laser Power System (LPS) ကုမ္ပဏီကနေ ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

ဒီကားရဲ့ထူးခြားချက်ကတော့ နှစ်ပေါင်း (၁၀၀) ကြာတဲ့အထိ လောင်စာဖြည့်စရာမလိုပဲ မောင်းနှင်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ကားကိုမောင်းနှင်နိုင်ဖို့အတွက် လောင်စာအနေနဲ့ Thorium ဆိုတဲ့ လောင်စာကို လိုအပ်ပါတယ်။

Thorium ဆိုတာ ကမ္ဘာပေါ်က အထူထပ်ဆုံး သတ္ထုတစ်မျိုးဖြစ်ပြီး ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။ Thorium ဆိုတဲ့အမည်ကို ဒဏ္ဍာရီထဲက မိုးကြိုးနတ်ဘုရား Thor ရဲ့နာမည်ကိုယူပြီး ပေးထားတာပါ။

သေးငယ်တဲ့ Thorium အစိတ်အပိုင်းလေးတစ်ခုဟာ သူနဲ့ အရွယ်အစားတူတဲ့ ကျောက်မီးသွေးထက် စွမ်းအင် အဆပေါင်း သိန်းနှစ်ဆယ်ကျော်လောက် ထုတ်လုပ်နိုင်ပါတယ်တဲ့။ Laser Power Systems ရဲ့ CEO ဖြစ်တဲ့

Charles Stevens ရဲ့ပြောကြားချက်အရ Thorium ဒြပ်စင် တစ်ဂရမ်ဟာ ဓာတ်ဆီလီတာပေါင်း ၂၈၀၀၀ လီတာကထုတ်တဲ့ စွမ်းအားနဲ့ ညီမျှတယ်လို့ ပြောပြထားပါတယ်။ နောက်ပြီး Thorium ဒြပ်စင်ရဲ့ ၈ ဂရမ်လောက်ကို

သုံးလိုက်မယ်ဆိုရင် ကားတစ်စီးကို တစ်သက်စာနီးပါးလောက် လောင်စာဖြည့်စရာမလိုပဲ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ ဒါပေမယ့်လည်း ဈေးကွက်အနေအထားအရ Thoruim ဒြပ်စင်ဟာ

လိုအပ်ချက်များစွာ ရှိနေတဲ့အတွက်ကြောင့် ယနေ့အချိန်အထိတော့ လောင်စာအဖြစ် အသုံးမပြုနိုင်သေးပါဘူး။ Stevens နဲ့ သူ့အဖွဲ့တွေကတော့ Thorium စွမ်းအင်ဟာ တစ်နေ့နေ့မှာ ကမ္ဘာကြီးကို အထောက်အကူ

ပြုလာနိုင်တယ်လို့ ယုံကြည်လျက် ရှိနေပါသေးတယ်။ အခုဖော်ပြပေးထားတာကတော့ နှစ်ပေါင်း (၁၀၀) ကြာတဲ့အထိ လောင်စာမဖြည့်ပဲနဲ့မောင်းနိုင်တဲ့ ကားအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ခရက်ဒစ်