ေစ်းေပါလြန္းတဲ့ တက္တူးဆိုင္မွာ မ်က္ခံုးပံုေဖာ္မိလို႔ တစ္ဘဝလံုးအ႐ွက္ရခဲ့တဲ့မိန္းကေလးကို ကူကယ္ေပးခဲ့သူ (႐ုပ္သံ)

ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ Kanyarat Dew Chaichan အမည္႐ွိတဲ့ မိန္းကေလးဟာ ေစ်းေပါၿပီးသက္သာလြန္းတဲ့ တက္တူးဆိုင္တစ္ဆိုင္မွာ မ်က္ခံုးပံုေဖာ္ခဲ့ပါတယ္။ သို႔ေပမဲ့လည္း ဆိုင္ကျဖစ္ကတတ္ဆန္း လုပ္ေပးလိုက္လို႔ သူမရဲ႕မ်က္ခံုးဟာ

​ေမ်ွာ့ႏွစ္ေကာင္တက္ကပ္ထားသလို အေတာ္ေလး႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ခဲ့ရပါတယ္။ ထို႔ေၾကာင့္သူမဟာ တက္တူးဆရာမ Vilailak Nan Sundantom ကို႐ွာေဖြၿပီး သူမရဲ႕မ်က္ခံုးေတြကို ျပန္ျပဳျပင္ေပးဖို႔ အကူအညီေတာင္းခံခဲ့ရပါတယ္။ ထို႔ေနာက္

Kanyarat ဟာ တက္တူးဆရာမ Vilailak နဲ႔ online ေပၚမွာ စကားေျပာဆိုၾကရင္း၊ မ်က္ခံုးပံုစံျပန္ျပဳျပင္မဲ့ အခေၾကးေငြဟာ ထိုင္းဘတ္ 30,000- 50,000 ဝန္းက်င္ခန္႔ ကုန္က်မွာကို သိ႐ွိခဲ့ရပါတယ္။ Kanyarat က Vilailak ရဲ႕ဆိုင္ကိုသြားဖို႔

ခရီးစရိတ္ 200 ဘတ္​ေတာင္ မတတ္ႏိုင္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ထို႔ေၾကာင့္ Kanyarat က လက္ေလ်ွာ့အ႐ႈံးေပးလိုက္ၿပီး၊ သူမရဲ႕လက္႐ွိဘဝပံုစံကိုသာလက္ခံၿပီး တစ္ဘဝလံုး ​ေနထိုင္သြားေတာ့မည္ျဖစ္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္။

ကံေကာင္းစြာနဲ႔ပဲ Kanyarat ရဲ႕အျဖစ္ကို Vilailak က စာနာသနားသြားခဲ့ၿပီး အခမဲ့ျပဳျပင္ေပးဖို႔ ကမ္းလွမ္းခဲ့ပါေတာ့တယ္။ ထို႔ေၾကာင့္ ဆို႐ွယ္မီဒီယာ အသံုးျပဳသူေတြေကာ၊ Kanyarat ကပါ Vilailak ရဲ႕ စာနာနားလည္းေပးတဲ့စိတ္ကို

အေတာ္ေလး​ေလးစားခဲ့ၾကၿပီး၊ ေက်းဇူးတင္ခဲ့ၾကပါတယ္။ ထို႔ေၾကာင့္ ကိုယ့္ရဲ႕ကိုယ္ခႏၶာေပၚမွာ တစ္ဘဝလံုးစြဲထင္က်န္ရစ္သြားမဲ့ တက္တူးမ်ိဳးထိုးရင္ အေကာင္းဆံုးနဲ႔ ယံုၾကည္စိတ္ခ်ရတဲ့ဆိုင္မ်ိဳးကိုသာ ေရြးခ်ယ္သင့္ပါ​ေၾကာင္း သတိေပးလိုက္ရပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Kanyarat Dew Chaichan အမည်ရှိတဲ့ မိန်းကလေးဟာ ဈေးပေါပြီးသက်သာလွန်းတဲ့ တက်တူးဆိုင်တစ်ဆိုင်မှာ မျက်ခုံးပုံဖော်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ဆိုင်ကဖြစ်ကတတ်ဆန်း လုပ်ပေးလိုက်လို့ သူမရဲ့မျက်ခုံးဟာ

မျှော့နှစ်ကောင်တက်ကပ်ထားသလို အတော်လေးရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။ ထို့ကြောင့်သူမဟာ တက်တူးဆရာမ Vilailak Nan Sundantom ကိုရှာဖွေပြီး သူမရဲ့မျက်ခုံးတွေကို ပြန်ပြုပြင်ပေးဖို့ အကူအညီတောင်းခံခဲ့ရပါတယ်။ ထို့နောက်

Kanyarat ဟာ တက်တူးဆရာမ Vilailak နဲ့ online ပေါ်မှာ စကားပြောဆိုကြရင်း၊ မျက်ခုံးပုံစံပြန်ပြုပြင်မဲ့ အခကြေးငွေဟာ ထိုင်းဘတ် 30,000- 50,000 ဝန်းကျင်ခန့် ကုန်ကျမှာကို သိရှိခဲ့ရပါတယ်။ Kanyarat က Vilailak ရဲ့ဆိုင်ကိုသွားဖို့

ခရီးစရိတ် 200 ဘတ်တောင် မတတ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ထို့ကြောင့် Kanyarat က လက်လျှော့အရှုံးပေးလိုက်ပြီး၊ သူမရဲ့လက်ရှိဘဝပုံစံကိုသာလက်ခံပြီး တစ်ဘဝလုံး နေထိုင်သွားတော့မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ Kanyarat ရဲ့အဖြစ်ကို Vilailak က စာနာသနားသွားခဲ့ပြီး အခမဲ့ပြုပြင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတော့တယ်။ ထို့ကြောင့် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကော၊ Kanyarat ကပါ Vilailak ရဲ့ စာနာနားလည်းပေးတဲ့စိတ်ကို

အတော်လေးလေးစားခဲ့ကြပြီး၊ ကျေးဇူးတင်ခဲ့ကြပါတယ်။ ထို့ကြောင့် ကိုယ့်ရဲ့ကိုယ်ခန္ဓာပေါ်မှာ တစ်ဘဝလုံးစွဲထင်ကျန်ရစ်သွားမဲ့ တက်တူးမျိုးထိုးရင် အကောင်းဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ဆိုင်မျိုးကိုသာ ရွေးချယ်သင့်ပါကြောင်း သတိပေးလိုက်ရပါတယ်။ ခရက်ဒစ်