ချစ်ဇနီးလေးရဲ့ ပို့စ်အောက်မှာ နေမကောင်းပြီး အချွဲပိုနေတာကြောင့် ပရိသတ်တွေရော ဈေးဝယ်သူတွေပါ သဘောကျကုန်တဲ့ ပိုင်ဇေရဲထွန်းရဲ့အဖြစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
တစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းက အခုဆိုရင် အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသမီး (၃)ယောက်ကို မွေးဖွားထားတဲ့ ကလေးဖေဖေတစ်ယောက် ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက နောက်ပိုင်းမှာ
အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ ပိုမိုအာရုံစိုက်နေခဲ့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်ကြီးနဲ့တော့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းရဲ့ဇနီးလေး ဇင်သဲနိုင်ကလည်း မင်းသမီးတစ်ယောက်လိုချောပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်ကြသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းကလည်း သူ့ထက် အသက်ဆယ်နှစ်နီးပါးလောက်ငယ်တဲ့ ချစ်ဇနီးလေးကို အမြဲတမ်း စနောက်ကျီစယ်လေ့ရှိသူ
တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်ဇေရဲထွန်းက ဈေးရောင်းနေတဲ့ ချစ်ဇနီးလေးရဲ့ ပို့စ်အောက်မှာ”အဲ့ခွက်နဲ့ လူမမာကို ကော်ဖီလေးယူလာပေးပါ” ဆိုပြီး အချွဲပိုခဲ့တာကြောင့်
ပရိသတ်တွေရော ဈေးဝယ်သူတွေပါ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့်
နေအိမ်မှာပဲ အနားယူနေရပြီး ဇနီးဖြစ်သူရဲ့ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တစ်ယောက်နဲ့တစ်ယောက်
အချစ်ပိုလွန်းတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်