ဆိုင်ထိလာပြီး စားသောက်ဖွယ်ရာတွေကိုလက်ဆောင်ပေးကာ ထီတွေအများကြီးထိုးသွားတဲ့ နီတာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ ဧရာ
ယူနီကုဒ်ဖြင့်ဖတ်ရန်
လူရွှင်တော်ဧရာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့ပါတယ်။
ဟာသရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ဧရာကတော့ ပရိသတ်တွေကိုပျော်ရွှင်ရယ်မောအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဧရာကတော့ ကိုဗစ်ကာလမှာ
ဆိုင်ထိလာရောက်ပြီး စားသောက်ဖွယ်ရာတွေကိုလက်ဆောင်ပေးကာ ထီတွေအများကြီးထိုးသွားတဲ့ နီတာကြောင့် ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။
ဧရာကတော့ ” ပြီးသွားတဲ့ရက်လေးထဲမှာပေါ့ဗျာကိုဗစ်ကာလတွင်းသွားရလာရဝင်ရထွက်ရအဆင်မပြေတဲ့ကြားကဆိုင်ကိုရောက်အောင်လာပြီးကိုယ်တိုင်ကြိတ်တဲ့ပဲဆီနဲ့စားဖွယ်စုံတွေလက်ဆောင်ပေးရင်း
ထီတွေပိုးစိုးပက်စက်ထိုးသွားသူကတော့ အဆိုတော်နီတာပါလိုစ့်…..နောက်တစ်ယောက်ကတော့အာကာဟိန်းပါ ရခိုင်ငပိကြော်နဲ့ငနီတူခြောက်ကြော်တွေလက်ဆောင်ပေးပြီး
ထီတွေလည်းပက်ပက်စက်စက်ထိုးသွားပြန်ရဲ့.ကျေးဇူးတင်လိုက်တာဗျာ “ဆိုပြီး ရေးသားထားပါတယ်။
ဧရာကတော့ ” ခုလိုကပ်ဆိုက်ကာလကြီးထဲမှာ ဒီလိုတကူးတကလာအားပေးကြတာရာရာ့အပေါ်ချစ်ကြလွန်းလို့ဆိုတာ သိသာလှပါရဲ့ ကျမ္မာ ချမ်းသာပြီးထီဆုအကြီးကြီးတွေပေါက်ကြပါစေဗျာ ”
ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်နီတာရဲ့ လက်ဆောင်လေးတွေကြောင့် ပျော်ရွှင်နေတဲ့ လူရွှင်တော်ဧရာရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ ခရက်ဒစ်