ယူနီကုဒ်ဖြင့် ဖတ်ရန်
မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် အခြေခံလူတန်းစားများကို ဆန်နှင့်ဆီများလှူဒါန်းခဲ့ကြတဲ့ မြင့်မြတ်တို့မိသားစု။ သဘာဝမင်းသားလို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့
သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး
အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း
မမှားပါဘူးနော်၊ မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေးမြတ်သူကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပါတယ်။
မြင့်မြတ်ဟာ စေတနာသဒ္ဓါတရားထက်သန်တဲ့ သူလည်းဖြစ်ပြီးတော့ မကြာခဏဆိုသလိုလည်း လှူဒါန်းမှုတွေကို ရက်ရက်ရောရောလုပ်လေ့ရှိပါတယ်။ မကြာသေးမီကလည်း မြင့်မြတ်ရဲ့ တပည့်ဖြစ်တဲ့မြတ်ဝေထွန်းဟာ
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြင့်မြတ်တို့မိသားစုရဲ့ အလှူဒါနလေးကို ရေးသားဖော်ပြလာပါတယ်။ “အလှူဒါန သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင် သားမောင်မြတ်သူ မိသားစုမှ မရမ်းကုန်းမြို့နယ်
၁၀ ရပ်ကွက်အခြေခံလူများကို ဆန်အိတ်များနှင့် ဆီများလှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော်” ဆိုပြီး ရေးသားတင်ပြလာတဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်