Video Call ခေါ်ပြီး စာသင်နေတဲ့ ကျောင်းသူရဲ့အိမ်ကို ဓားပြတိုက်ခဲ့တဲ့ဖြစ်ရပ် (ရုပ်သံ)
ယူနီကုဒ်ဖြင့်ဖတ်ရန်
လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် စာသင်ကျောင်းတွေ အကုန်ပိတ်ပြီး Online ကနေ စာသင်တဲ့ Digital learning သင်ကြားရေးစနစ်ကို ဦးတည်ပြီး သွားနေကြပြီ ဖြစ်ပါတယ်။
အခုလည်း ဒီလို Online ပေါ်ကနေ စာသင်တဲ့စနစ်ကြောင့်ပဲ ဓားပြတွေကို အချိန်မှီ ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ု ဖြစ်ပွားခေဲ့ပါတယ်။ အဆိုပါဓားပြတွေဟာ Online ပေါ်ကနေ စာသင်ကြားနေတဲ့ ကျောင်းသူတစ်ယောက်ရဲ့
အိမ်ကို ဓားပြဝင်တိုက်မိရာမှ အဆိုပါကျောင်းသူရဲ့ အတန်းဖော်တွေက တွေ့ရှိသွားပြီး ရဲတွေကို အချိန်မှီ သတင်းပေးပို့နိုင်ခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါဖြစ်ရပ်ကတော့ အီကွေဒေါနိုင်ငံ၊ Ambato မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ Mojo လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ သူတို့အတန်းက ဆရာတစ်ယောက်သင်ကြားတဲ့
Digital learning အတန်းကို တက်ရောက်ခဲ့ပါတယ်။ စာသင်ချိန်သိပ်မကြာတဲ့အချိန်မှာ Mojo ရဲ့ အိပ်ခန်းပြင်ဖက်ကနေ ဆူညံသံတွေ ကြားခဲ့ရပါတယ်။ ဒီအသံတွေကို Mojo အပါအဝင် အတန်းထဲက သူငယ်ချင်း အချို့သာ ကြားခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြလေးဦးဟာ အိမ်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး Mojo ရဲ့ အိမ်သားတစ်ယောက်ကို တိုက်ခိုက်ခဲ့ပါတယ်။ ခဏကြာတာနဲ့ ဓားပြတစ်ချို့ဟာ Mojo ရဲ့ အခန်းထဲကို ဝင်ရောက်လာပြီး
Mojo ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ဒါကို Online class က Mojo ရဲ့ သူငယ်ချင်းတစ်ယောက်က သတိထားခဲ့မိပြီး ဆရာဖြစ်သူအပါအဝင် အခြားအတန်းသားတွေကိုပါ အေယ်ပြောခဲ့ပါတယ်။
ဓားပြတွေကလည်း သူတို့ကို မြင်မှာစိုးတာကြောင့် Mojo ရဲ့ လက်တော့ပ်ကို မှောက်ချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆရာအပါအဝင် အတန်းသူအတန်းသားတွေကပါ သတိထားခဲ့မိပြီး ရဲစခန်းကို အချိန်မှီဖုန်းဆက်သတင်းပေးပြီး ဓားပြတွေကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ ခရက်ဒစ်