ယခုတေလာ ညတိုင္းနီးပါး ေခြးေတြ အူေနၾကတဲ့အေၾကာင္း နိမိတ္ေကာက္ အေဟာ

ကပ္ေရာဂါနဲ႔ ေခြးအူျခင္းနိမိတ္ ယခုတေလာ ညတိုင္း နီးပါး ေခြးေတြ အူေနၾကတဲ့အေၾကာင္း နိမိတ္ေကာက္ အေဟာ။ ။ အ-မဂၤလာမို႔ မေရးခဲ့တာပါ။ မိတ္ေဆြ ေလးငါးဦးထံေတာ့ ဖုံးဆက္ေျပာျဖစ္ခဲ့ပါေသး၏။

၁၁ ရက္ေန႔ ည ၁ခြဲ ၂ေလာက္ ေခြးေတြ ေတာ္ေတာ္အူပါသည္။ လမ္းမႀကီးေပၚေတြကအူတာပါ။ ဒါေပမဲ့ ေခြးအူသံ ရွည္/ၾကာ/စြဲ၍ မအူပါ။ အူတာေတာ့ လမ္းမႀကီးေတြဘက္ကဟုသာ ၾကားမိပါသည္ ႐ုတ္တရက္အူၿပီး

သိပ္မၾကာလိုက္ ရပ္သြားပါသည္။ ဂ႐ုတစိုက္နားေထာင္ၾကည့္ပါသည္။ အသံမရွည္ပါ။ မၾကာပါ။ စြဲ၍မအူပါ။ ထို႔ေၾကာင့္ ပဲ့စင္ေႂကြသြားတာေတြ ျဖစ္လာေသာ္လည္း အူသံစြဲရွည္မၾကာ၍ ပဲ့စင္ေႂကြလြင့္ျခင္းတို႔

ဒီထက္သိပ္မမ်ားေလာက္ဟု ဆိုခ်င္ပါသည္၊ မွတ္ခ်က္(၁) လမ္းသြယ္ လမ္းၾကားေတြမွာအူပါက ယခုထက္ အစမ်ားစြာဆိုးတတ္ပါသည္။ မွတ္ခ်က္(၂) ေခြးအူျခင္းသည္ ညည့္၏ ပထမယံေက်ာ္ ည ၁၀ေက်ာ္မွ

ညည့္၏ဒုတိယယံ ည ၁၂ေက်ာ္တြင္း သန္းေခါင္ဝန္းက်င္ မ်ား၌အူပါက ပို၍က်က္သေရယုတ္၏ဟုအဆိုရွိ၏။ မွတ္ခ်က္(၃) ေခြးတို႔သည္ အရပ္ ၈မ်က္ႏွာ ဗရမ္းပတာလွည့္အူပါက ပို၍ ပို၍ဆိုးေစဟုအဆိုရွိ၏။

မွတ္ခ်က္(၄) ေခြးတို႔သည္ အရပ္မ်က္ႏွာ တစ္မ်က္ႏွာတည္းသို႔ ဦးတည္အူပါက အဆိုးအညံ့တို႔ မ်ားစြာသက္သာ၏ဟု အဆိုရွိ၏။ ယခုသည္ ညမထြက္ရအမိန႔္ရွိေန၍ ထြက္မၾကည့္လိုက္သျဖင့္ အဘယ္အရပ္

မ်က္ႏွာမ်ိဳးသို႔အူေနၾကသည္ကိုမသိ မျမင္လိုက္ပါ။ လြန္ခဲ့ေသာ ၃လခန႔္က ဘရာဇီးႏိုင္ငံမွာ လမ္းမႀကီးေတြေပၚ ေခြးအူတာ လူအေယာက္မ်ားစြာက ေလာက္ေလးဂြျဖင့္ပစ္ၾကတာေတာင္ ေခြးအုပ္စုက အအူမပ်က္

ထူးထူးဆန္းဆန္း အူၾကပါသတဲ့ ေသနတ္မိုးေပၚေထာင္ေဖါက္သည္အထိ သြားေရာက္တားျမစ္ေသာ္လည္း ​ေသနတ္ေဖါက္ခ်ိန္ စကၠန႔္ပိုင္းမွ်သာ ရပ္သြားၿပီး ဆက္လက္၍ အူေနၾကပါသတဲ့ ၅ ရက္အတြင္း ေသာင္းခ်ီ

ေသေၾကပ်က္စီးပါသတဲ့ အခုေတာ့ ရန္ကုန္ၿမိဳ႕တြင္းသို႔ သံဃာေတာ္ အရွင္သူျမတ္မ်ားက အစိုးရ၏အစီအစဥ္ျဖင့္ ပရိတ္ေတာ္မ်ား လွည့္လည္႐ြတ္ဖတ္ေနၾကပါသည္။ ေစတနာေမတၱာျဖင့္ Dr.Myint Win(Ph.D) ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ကပ်ရောဂါနဲ့ ခွေးအူခြင်းနိမိတ် ယခုတလော ညတိုင်း နီးပါး ခွေးတွေ အူနေကြတဲ့အကြောင်း နိမိတ်ကောက် အဟော။ ။ အ-မင်္ဂလာမို့ မရေးခဲ့တာပါ။ မိတ်ဆွေ လေးငါးဦးထံတော့ ဖုံးဆက်ပြောဖြစ်ခဲ့ပါသေး၏။

၁၁ ရက်နေ့ ည ၁ခွဲ ၂လောက် ခွေးတွေ တော်တော်အူပါသည်။ လမ်းမကြီးပေါ်တွေကအူတာပါ။ ဒါပေမဲ့ ခွေးအူသံ ရှည်/ကြာ/စွဲ၍ မအူပါ။ အူတာတော့ လမ်းမကြီးတွေဘက်ကဟုသာ ကြားမိပါသည် ရုတ်တရက်အူပြီး

သိပ်မကြာလိုက် ရပ်သွားပါသည်။ ဂရုတစိုက်နားထောင်ကြည့်ပါသည်။ အသံမရှည်ပါ။ မကြာပါ။ စွဲ၍မအူပါ။ ထို့ကြောင့် ပဲ့စင်ကြွေသွားတာတွေ ဖြစ်လာသော်လည်း အူသံစွဲရှည်မကြာ၍ ပဲ့စင်ကြွေလွင့်ခြင်းတို့

ဒီထက်သိပ်မများလောက်ဟု ဆိုချင်ပါသည်၊ မှတ်ချက်(၁) လမ်းသွယ် လမ်းကြားတွေမှာအူပါက ယခုထက် အစများစွာဆိုးတတ်ပါသည်။ မှတ်ချက်(၂) ခွေးအူခြင်းသည် ညည့်၏ ပထမယံကျော် ည ၁၀ကျော်မှ

ညည့်၏ဒုတိယယံ ည ၁၂ကျော်တွင်း သန်းခေါင်ဝန်းကျင် များ၌အူပါက ပို၍ကျက်သရေယုတ်၏ဟုအဆိုရှိ၏။ မှတ်ချက်(၃) ခွေးတို့သည် အရပ် ၈မျက်နှာ ဗရမ်းပတာလှည့်အူပါက ပို၍ ပို၍ဆိုးစေဟုအဆိုရှိ၏။

မှတ်ချက်(၄) ခွေးတို့သည် အရပ်မျက်နှာ တစ်မျက်နှာတည်းသို့ ဦးတည်အူပါက အဆိုးအညံ့တို့ များစွာသက်သာ၏ဟု အဆိုရှိ၏။ ယခုသည် ညမထွက်ရအမိန့်ရှိနေ၍ ထွက်မကြည့်လိုက်သဖြင့် အဘယ်အရပ်

မျက်နှာမျိုးသို့အူနေကြသည်ကိုမသိ မမြင်လိုက်ပါ။ လွန်ခဲ့သော ၃လခန့်က ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ် ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့်ပစ်ကြတာတောင် ခွေးအုပ်စုက အအူမပျက်

ထူးထူးဆန်းဆန်း အူကြပါသတဲ့ သေနတ်မိုးပေါ်ထောင်ဖေါက်သည်အထိ သွားရောက်တားမြစ်သော်လည်း သေနတ်ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာ ရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့ ၅ ရက်အတွင်း သောင်းချီ

သေကြေပျက်စီးပါသတဲ့ အခုတော့ ရန်ကုန်မြို့တွင်းသို့ သံဃာတော် အရှင်သူမြတ်များက အစိုးရ၏အစီအစဉ်ဖြင့် ပရိတ်တော်များ လှည့်လည်ရွတ်ဖတ်နေကြပါသည်။ စေတနာမေတ္တာဖြင့် Dr.Myint Win(Ph.D) ခရက်ဒစ်