မိမိအလုပ္ကိုပစ္ၿပီး ခိုလႈံရာမဲ့ေနတဲ့ သူေတြကိုေစာင့္ေရွာက္ခဲ့တဲ့ မိန္းကေလး

သူမကေတာ့ ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတၿမိဳ႕ အဂၤပိုလမ္းမႀကီးေဘး သီလွကုန္းမွာေနတယ္ သူမေနပုံထိုင္ပုံက ႐ိုး႐ိုးရွင္းရွင္းေလးရယ္ သူမေက်ာင္းၿပီးေတာ့ ေက်ာင္းဆရာမအလုပ္ဝင္လုပ္ကိုင္ခဲ့တယ္။

အဲ့ဒီေနာက္သူမရဲ႕ ခံယူခ်က္အရ အလုပ္ကထြက္ၿပီး ခိုလူံရာေဂဟာကို ဟသၤာတၿမိဳ႕ လယ္တီကြင္းရပ္ ေအာင္ခ်မ္းသာဘုန္းႀကီးေက်ာင္းနားမွာ တည္ေဆာက္ၿပီး ဝန္ထမ္းမ်ားခန႔္ၿပီး ျပဳစုေစာက္ေရွာက္သူေတြမဲ့သြားတဲ့ သက္ႀကီးအဘိုးအဘြားေတြကို ခိုလူံရာေဂဟာမွာ ေခၚထားတယ္။

အနယ္နယ္အရပ္ရပ္မွ သတင္းၾကားလွ်င္လဲ သူမကိုယ္တိုင္ လိုက္ပါၿပီးသြားေရာက္ေခၚယူေစာင့္ေရွာက္တယ္။ သက္ႀကီးဘိုးဘြားေတြတင္မကဘူး လူလတ္ပိုင္းအ႐ြယ္ေတြ၊ မိဘမဲ့စြန႔္ပစ္ခေလးေတြ၊ လမ္းေဘးမွာအိမ္ေျခရာေျခမဲ့ေနသူေတြ၊ စိတ္မႏွံသူေတြပါ ေခၚၿပီးေစာင့္ေရွာက္တယ္၊

တစ္ခ်ိဳ႕ေခၚယူထားတဲ့သူေတြထဲက က်န္းမာေရးခ်ိဳ႕တဲ့ေနသူေတြကို ေသဆုံးသြားတဲ့အခါ ေကာင္းမြန္စြာပဲ လူတစ္ေယာက္ရဲ႕ေနာက္ဆုံးခရီးကို ပို႔ေဆာင္ေပးခဲ့တယ္။ သူမရဲ႕ ႏွလုံးလွတဲ့ျမင့္ျမတ္တဲ့ စိတ္ထားက လူသားတိုင္းမလုပ္ႏိူင္ဘူးဆိုတာ က်ေတာ္ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရေတာ့ ထုတ္ေဖာ္မေျပာျပပဲမေနႏိူင္ပါဘူး။

ဒါတင္မကေသးပါဘူး သံဃာဇိဝိတဒါနေဆး႐ုံေဆာက္ဖို႔ ဟသၤာတၿမိဳ႕သစ္ဘက္မွာပဲ ၿခံကြက္လပ္တစ္ခုဝယ္ယူၿပီး သံဃာဇိဝိတဒါနေဆး႐ုံ ေဂဟာကိုေဆာက္လုပ္လႉဒါန္းထားတယ္။ သူမရဲ႕ ရဟန္းရွင္ျပည္သူအမ်ား ေစာင့္ေရွာက္ေရးေဂဟာေတြမွာ ဝန္ထမ္းေတြ၊ ေဆးဘက္ဆိုင္ရာ ဆရာမေတြကို လစာနဲ႔ခန႔္ထားခဲ့တယ္။

ယခုလည္း ဟသၤာတၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွာ ကိုဗစ္ Positive ျဖစ္ေနတဲ့လူနာေတြကို ထၼင္းဟင္းေန႔စဥ္လႉဒါန္းေနပါတယ္။ သူမရဲ႕ အမည္ကေတာ့ မသင္းေ႐ႊစင္လိူင္ပဲျဖစ္ပါတယ္။

ေလးစားဂုဏ္ယူမိပါတယ္

ဦးခင္ေမာင္ေဇာ္ + ေဒၚခင္လိူင္

သမီး

မသင္းေ႐ႊစင္လိူင္ (ခ) မပုံ႔ပုံ႔

Crd:Photo

ယူနီကုဒ္ျဖင့္ဖတ္ရန္

သူမကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အင်္ဂပိုလမ်းမကြီးဘေး သီလှကုန်းမှာနေတယ် သူမနေပုံထိုင်ပုံက ရိုးရိုးရှင်းရှင်းလေးရယ် သူမကျောင်းပြီးတော့ ကျောင်းဆရာမအလုပ်ဝင်လုပ်ကိုင်ခဲ့တယ်။

အဲ့ဒီနောက်သူမရဲ့ ခံယူချက်အရ အလုပ်ကထွက်ပြီး ခိုလူံရာဂေဟာကို ဟင်္သာတမြို့ လယ်တီကွင်းရပ် အောင်ချမ်းသာဘုန်းကြီးကျောင်းနားမှာ တည်ဆောက်ပြီး ဝန်ထမ်းများခန့်ပြီး ပြုစုစောက်ရှောက်သူတွေမဲ့သွားတဲ့ သက်ကြီးအဘိုးအဘွားတွေကို ခိုလူံရာဂေဟာမှာ ခေါ်ထားတယ်။

အနယ်နယ်အရပ်ရပ်မှ သတင်းကြားလျှင်လဲ သူမကိုယ်တိုင် လိုက်ပါပြီးသွားရောက်ခေါ်ယူစောင့်ရှောက်တယ်။ သက်ကြီးဘိုးဘွားတွေတင်မကဘူး လူလတ်ပိုင်းအရွယ်တွေ၊ မိဘမဲ့စွန့်ပစ်ခလေးတွေ၊ လမ်းဘေးမှာအိမ်ခြေရာခြေမဲ့နေသူတွေ၊ စိတ်မနှံသူတွေပါ ခေါ်ပြီးစောင့်ရှောက်တယ်၊

တစ်ချို့ခေါ်ယူထားတဲ့သူတွေထဲက ကျန်းမာရေးချို့တဲ့နေသူတွေကို သေဆုံးသွားတဲ့အခါ ကောင်းမွန်စွာပဲ လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တယ်။ သူမရဲ့ နှလုံးလှတဲ့မြင့်မြတ်တဲ့ စိတ်ထားက လူသားတိုင်းမလုပ်နိူင်ဘူးဆိုတာ ကျတော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ ထုတ်ဖော်မပြောပြပဲမနေနိူင်ပါဘူး။

ဒါတင်မကသေးပါဘူး သံဃာဇိဝိတဒါနဆေးရုံဆောက်ဖို့ ဟင်္သာတမြို့သစ်ဘက်မှာပဲ ခြံကွက်လပ်တစ်ခုဝယ်ယူပြီး သံဃာဇိဝိတဒါနဆေးရုံ ဂေဟာကိုဆောက်လုပ်လှူဒါန်းထားတယ်။ သူမရဲ့ ရဟန်းရှင်ပြည်သူအများ စောင့်ရှောက်ရေးဂေဟာတွေမှာ ဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာမတွေကို လစာနဲ့ခန့်ထားခဲ့တယ်။

ယခုလည်း ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် Positive ဖြစ်နေတဲ့လူနာတွေကို ထ္မင်းဟင်းနေ့စဉ်လှူဒါန်းနေပါတယ်။ သူမရဲ့ အမည်ကတော့ မသင်းရွှေစင်လိူင်ပဲဖြစ်ပါတယ်။

လေးစားဂုဏ်ယူမိပါတယ်

ဦးခင်မောင်ဇော် + ဒေါ်ခင်လိူင်

သမီး

မသင်းရွှေစင်လိူင် (ခ) မပုံ့ပုံ့

Crd:Photo