Jasmine (Mckzone Daily)
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပန်းချီအနုပညာဝါသနာပါတဲ့သူတွေက ဘယ်အရာနဲ့မဆို ၎င်းတို့လိုချင်တက်မက်တဲ့ပုံစံအတိုင်း ဖန်တီးရေးဆွဲနိုင်ကြပါတယ် ။
စာရွက် ၊ ခဲတံ နှင့် ရောင်စုံတွေရှိနေမှ မဟုတ်ပါဘူး ။
ဒီတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံကပန်ချီဆရာတစ်ဦးဟာ Instagram မှာ ‘ Lito Leaf art ‘ ဆိုတဲ့ အမည်နဲ့ သူ၏အနုပညာဖန်တီးရေဆွဲထားတဲ့ပုံတွေကို ဝေမျှခဲ့ပါတယ် ။
အဲတာကတော့ သစ်ရွက်လေးတွေကို အပေါက်လေးတွေဖောက်ပြီး တိရစ္ဆာန်ပုံတွေ ၊ လူနေအိမ်ပုံတွေ နဲ့
ပင်လယ် သမုဒ္ဒရာ နှင့် သဘာဝပတ်ဝန်းကျင်တွေကို ပုံဖော်ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ အဆိုပါဖန်တီးမှုတွေဟာ အနုစိတ်လွန်းလို့ အချိန်အတော်လေးယူရပါတယ် ။
အခုလို သစ်ရွက်တွေကို ဖြတ်ပြီးပုံဖော်မှုမလုပ်ခင် ၊ စာရွက်တွေကိုသာ အသုံးပြုခဲ့ပါတယ် ၊ ဒါပေမဲ့ ဒီလောက်ကြီး စိတ်ဝင်စားမှုမရှိခဲ့ပါဘူး ၊
စပိန်နိုင်ငံက ပန်းချီဆရာတစ်ယောက်ရဲ့ သစ်ရွက်တွေနဲ့ဖန်တီးပုံဖော်ထားတဲ့ ရုပ်ပုံတွေကိုမြင်တော့ကျွန်တော် အတော်လေးအံ့သြမိပြီး
ဒီလိုဖန်တီးမှုမျိုးစလုပ်မိခဲ့တာပါ ‘ ဆိုပြီး ပန်ချီဆရာက ပြောပြခဲ့ပါတယ် ။ အခုဆိုရင်တော့ ပန်းချီဆရာ Lito ဟာ Instagram မှာ follower ပေါင်း 27k ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ် ။
ယခုလိုဖန်တီးမှုမျိုး ဆက်လက်ပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းချီဆရာက ပြောဆိုခဲ့ပါတယ် ။
Jasmine (Mckzone Daily)