ေရာက္ေရာက္ခ်င္းေန႔ ပဲ အိမ္ရွင္ ရဲ႕ လက္ဝတ္ ရတနာ သိန္း (၅၀) ဖိုးကို ‘မ’ သြားတဲ့ အိမ္ေဖာ္

ဒီပို႔စ္ ကို တင္ရင္ေကာင္းမလား မတင္ဘဲေနရင္ ေကာင္းမလား စဥ္းစားေနမိတာ။ ဘယ္သူ႔ကိုမွ မထိခိုက္ေစခ်င္တာေတာ့ အမွန္ပါ။ ဒါေပမယ့္ ကိုယ့္လို တစ္ျခားသူေတြကို မျဖစ္ေစခ်င္လို႔ တင္ဖို႔ ဆုံးျဖတ္လိုက္တာပါ။

ပုံပါအမ်ိဳးသမီးဟာ ကြၽန္မအေဒၚအိမ္မွာ အိမ္အကူလိုလို႔ ေအးဂ်င့္ကေန တစ္ဆင့္ ေရာက္လာပါတယ္။ ဒီၾကားထဲမွာ အေဒၚမိသားစုလည္း အိမ္ေျပာင္းတဲ့ကိစၥနဲ႔ အလုပ္ေတြေတာ့မ်ားေနတာ ဟိုဘက္အိမ္ကပစၥည္း ဒီဘက္အိမ္ေ႐ႊ႕ေနတာ သူေရာက္လာတဲ့ေန႔မွာပဲ အိမ္ေဟာင္းကိုသန႔္ရွင္းေရးလုပ္ဖို႔ေျပာခဲ့တယ္။

အဲ့ေရာက္တဲ့ညမွာပဲ သူက ဘီဒိုထဲထည့္ထားတဲ့ လက္ဝတ္ရတနာ သိန္း (၅၀) ဖိုးရွိပါတယ္ ယူၿပီး ညတြင္းခ်င္းပဲ ျပန္သြားခဲ့တယ္။ သူ႔ပုံ CCTV မွာ မွတ္တမ္းရွိတယ္။ ေအးဂ်င့္ကိုေျပာေတာ့လည္း ေအးဂ်င့္က သူ႔လိပ္စာအတိအက် မသိ။ အဲ့အမ်ိဳးသမီးကဖုန္းပိတ္ထားၿပီး ဆက္သြယ္မရ။ ကိုဗစ္ကာလျဖစ္ေတာ့ သြားလာ ခက္ခဲေတာ့ ဘယ္လိုက္ရမွန္းမသိ။

ယူသြားတဲ့ပစၥည္းေတြက ဆုံးသြားတဲ့အဖြားက သူ႔ေျမးေလးကိုေပးခဲ့တဲ့ ပတၱာျမားဆို သိပ္ႏွေျမာတာပဲရွင္။ ပစၥည္းထက္ ပစၥည္းကိုေပးတဲ့အဖြားက မရွိေတာ့ဘူးေလ။ ေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္ရတယ္။

ကိုယ္ေတြက ေတာ့ ေစတနာထားခဲ့တယ္ သူစားဖို႔ ထမင္းေတာင္ ခ်က္ၿပီးပို႔ေပးခဲ့တယ္။ သူကေတာ့ လုပ္ရက္သြားတာ။ ကိုယ့္လို တျခားသူေတြလည္း မျဖစ္ေစခ်င္ဘူး။ ဘယ္သူ႔မွကို မယုံတာအေကာင္းဆုံးပဲ။သူ႔ကိုသိတဲ့ သူမ်ားရွိပါကလည္း အေၾကာင္းေလးၾကားေပး လက္ဆင့္ေလးကမ္း ေပးမယ္ဆို တကယ္ေက်းဇူးတင္မိပါတယ္ရွင္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီပို့စ် ကို တင်ရင်ကောင်းမလား မတင်ဘဲနေရင် ကောင်းမလား စဉ်းစားနေမိတာ။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်တာတော့ အမှန်ပါ။ ဒါပေမယ့် ကိုယ့်လို တစ်ခြားသူတွေကို မဖြစ်စေချင်လို့ တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ပုံပါအမျိုးသမီးဟာ ကျွန်မအဒေါ်အိမ်မှာ အိမ်အကူလိုလို့ အေးဂျင့်ကနေ တစ်ဆင့် ရောက်လာပါတယ်။ ဒီကြားထဲမှာ အဒေါ်မိသားစုလည်း အိမ်ပြောင်းတဲ့ကိစ္စနဲ့ အလုပ်တွေတော့များနေတာ ဟိုဘက်အိမ်ကပစ္စည်း ဒီဘက်အိမ်ရွှေ့နေတာ သူရောက်လာတဲ့နေ့မှာပဲ အိမ်ဟောင်းကိုသန့်ရှင်းရေးလုပ်ဖို့ပြောခဲ့တယ်။

အဲ့ရောက်တဲ့ညမှာပဲ သူက ဘီဒိုထဲထည့်ထားတဲ့ လက်ဝတ်ရတနာ သိန်း (၅၀) ဖိုးရှိပါတယ် ယူပြီး ညတွင်းချင်းပဲ ပြန်သွားခဲ့တယ်။ သူ့ပုံ CCTV မှာ မှတ်တမ်းရှိတယ်။ အေးဂျင့်ကိုပြောတော့လည်း အေးဂျင့်က သူ့လိပ်စာအတိအကျ မသိ။ အဲ့အမျိုးသမီးကဖုန်းပိတ်ထားပြီး ဆက်သွယ်မရ။ ကိုဗစ်ကာလဖြစ်တော့ သွားလာ ခက်ခဲတော့ ဘယ်လိုက်ရမှန်းမသိ။

ယူသွားတဲ့ပစ္စည်းတွေက ဆုံးသွားတဲ့အဖွားက သူ့မြေးလေးကိုပေးခဲ့တဲ့ ပတ္တာမြားဆို သိပ်နှမြောတာပဲရှင်။ ပစ္စည်းထက် ပစ္စည်းကိုပေးတဲ့အဖွားက မရှိတော့ဘူးလေ။ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။

ကိုယ်တွေက တော့ စေတနာထားခဲ့တယ် သူစားဖို့ ထမင်းတောင် ချက်ပြီးပို့ပေးခဲ့တယ်။ သူကတော့ လုပ်ရက်သွားတာ။ ကိုယ့်လို တခြားသူတွေလည်း မဖြစ်စေချင်ဘူး။ ဘယ်သူ့မှကို မယုံတာအကောင်းဆုံးပဲ။သူ့ကိုသိတဲ့ သူများရှိပါကလည်း အကြောင်းလေးကြားပေး လက်ဆင့်လေးကမ်း ပေးမယ်ဆို တကယ်ကျေးဇူးတင်မိပါတယ်ရှင်။ ခရက်ဒစ်