10 ေပပတ္လည္အက်ယ္သာရွိတဲ့ ေသတၱာေလးတစ္ခုမွာ 2ႏွစ္ၾကာ ပိတ္ေလွာင္ခံထားရတဲ့ 𝙊𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣 ေမ်ာက္ဝံေလး

အင္ဒိုနီးရွားနိုင္ငံရွိ သစ္သားေသတၱာတစ္ခုထဲမွာ 2ႏွစ္ၾကာပိတ္ေလွာင္ခံထားရတဲ့ 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣ေမ်ာက္ေလးတစ္ေကာင္ကို ေတာရိုင္းတိရိစာၦန္ထိန္းသိမ္းေရးအဖြဲ႕တစ္ဖြဲ႕က ကယ္ဆယ္ခဲ့ၾကပါတယ္။၁၀ေပစတုရန္းအက်ယ္ရွိတဲ့ ေသတၱာရဲ႕အတြင္းဘကၼွာ

ပိတ္ထားျခင္းခံရတဲ့ ၄ႏွစ္အ႐ြယ္ 𝙆𝙤𝙩𝙖𝙥ဆိုတဲ့ 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣ေမ်ာက္အထီးေလးကို အေနာက္ကာလိမန္တန္ သစ္ေတာဌာနမွ အရာရွိေတြနဲ႕ အျပည္ျပည္ဆိုင္ရာ တိရိစာၦန္ကယ္ဆယ္ေရး(𝙄𝘼𝙍)တို႔က အလြန္ဆိုး႐ြားတဲ့ အေျခအေနမွာ ေတြ႕ရွိခဲ့ၾကပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ရွာေဖြေတြ႕ရွိခ်ိန္မွာ ႐ြာအတြင္းရွိ 𝘽𝙖𝙧𝙘𝙤လို႔လူသိမ်ားတဲ့ အမ်ိဳးသားတစ္ဦးက အဆိုပါ ေမ်ာက္ေလးကို အိမ္ေမြးတိရိစာၦန္အျဖစ္ေမြးထားေၾကာင္း ကယ္ဆယ္ေရးသမား 𝙈𝙖𝙨𝙝𝙖𝙗𝙡𝙚ကဆိုပါတယ္။သူတို႔အဲဒီကိုေရာက္ေတာ့ Kotapဆီမွာ ေကာက္ရိုးတစ္မွ်င္နဲ႕ ပလပ္စတစ္ေရဘူးတစ္ဘူးသာရွိေနခဲ့ပါတယ္။

𝘽𝙖𝙧𝙘𝙤ဟာ 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣ေမ်ာက္ေလးကို သူ႕႐ြာရွိ အသိတစ္ေယာက္ဆီက လက္ေဆာင္အျဖစ္ရရွိခဲ့ၿပီး 𝙆𝙤𝙩𝙖𝙥အတြက္ အိမ္နီးခ်င္းေတြဆီက ေႏွာက္ယွက္ျခင္းမခံရေအာင္ သစ္သားေသတၱာေဆာက္ေပးခဲ့ေၾကာင္း 𝙄𝘼𝙋ရဲ႕ 𝙁𝙖𝙘𝙚𝙗𝙤𝙤𝙠 ပိုစ့္မွ သိရပါတယ္။

𝙆𝙤𝙩𝙖𝙥ဟာ က်န္းမာေရးႏွင့္မညီၫြတ္တဲ့အစာေတြကို စားရန္ အတင္းအက်ပ္ေစခိုင္းျခင္းကိုခံခဲ့ရပါတယ္။ကယ္ဆယ္ရန္ခြင့္ျပဳခ်က္ရၿပီးေနာက္ 𝙆𝙤𝙩𝙖𝙥ကို ေသတၱာထဲမွထုတ္လိုက္တဲ့အခါမွာေတာ့ သူ႕ကို ေတြ႕ဖို႔လာတဲ့သူစိမ္းေတြက သူ႕အတြက္ စိတ္ဖိစီးေစခဲ့ပါတယ္။

သူဟာ စိတ္လႈပ္ရွားကာ ရန္မူလာတာေၾကာင့္ ရွည္လ်ားတဲ့ခရီးျဖစ္တဲ့ ဗဟိုစင္တာကို မေရာက္ခင္ အထိ သူတိတ္ဆိတ္ၿငိမ္သက္သြားေအာင္ လူေတြအား သူႏွင့္ေဝးေဝးမွာ ေနေစခဲ့ၿပီး တျခား 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣ေမ်ာက္ေလးေတြနဲ႕အတူ ကုသမႈႏွင့္ ျပန္လည္ထူေထာင္ေရးျပဳလုပ္နိင္ရန္ 𝙄𝘼𝙍ရဲ႕ ကယ္ဆယ္ေရးဗဟိုစင္တာကို ေခၚသြားခဲ့ၾကပါတယ္။

ေက်းဇူးတင္စြာနဲ႕ 𝙆𝙤𝙩𝙖𝙥နဲ႕တျခားကယ္ဆယ္ထားတဲ့ ေမ်ာက္ေလးေတြကို သူတို႔ႏွင့္သက္ဆိုင္တဲ့ သစ္ေတာဆီကို ျပန္လည္ ပို႔ေဆာင္နိုင္ရန္ စီစဥ္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

အင်ဒိုနီးရှားနိုင်ငံရှိ သစ်သားသေတ္တာတစ်ခုထဲမှာ 2နှစ်ကြာပိတ်လှောင်ခံထားရတဲ့ 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣မျောက်လေးတစ်ကောင်ကို တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့က ကယ်ဆယ်ခဲ့ကြပါတယ်။၁၀ပေစတုရန်းအကျယ်ရှိတဲ့ သေတ္တာရဲ့အတွင်းဘက္မှာ

ပိတ်ထားခြင်းခံရတဲ့ ၄နှစ်အရွယ် 𝙆𝙤𝙩𝙖𝙥ဆိုတဲ့ 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣မျောက်အထီးလေးကို အနောက်ကာလိမန်တန် သစ်တောဌာနမှ အရာရှိတွေနဲ့ အပြည်ပြည်ဆိုင်ရာ တိရိစ္ဆာန်ကယ်ဆယ်ရေး(𝙄𝘼𝙍)တို့က အလွန်ဆိုးရွားတဲ့ အခြေအနေမှာ တွေ့ရှိခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ရှာဖွေတွေ့ရှိချိန်မှာ ရွာအတွင်းရှိ 𝘽𝙖𝙧𝙘𝙤လို့လူသိများတဲ့ အမျိုးသားတစ်ဦးက အဆိုပါ မျောက်လေးကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးထားကြောင်း ကယ်ဆယ်ရေးသမား 𝙈𝙖𝙨𝙝𝙖𝙗𝙡𝙚ကဆိုပါတယ်။သူတို့အဲဒီကိုရောက်တော့ Kotapဆီမှာ ကောက်ရိုးတစ်မျှင်နဲ့ ပလပ်စတစ်ရေဘူးတစ်ဘူးသာရှိနေခဲ့ပါတယ်။

𝘽𝙖𝙧𝙘𝙤ဟာ 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣မျောက်လေးကို သူ့ရွာရှိ အသိတစ်ယောက်ဆီက လက်ဆောင်အဖြစ်ရရှိခဲ့ပြီး 𝙆𝙤𝙩𝙖𝙥အတွက် အိမ်နီးချင်းတွေဆီက နှောက်ယှက်ခြင်းမခံရအောင် သစ်သားသေတ္တာဆောက်ပေးခဲ့ကြောင်း 𝙄𝘼𝙋ရဲ့ 𝙁𝙖𝙘𝙚𝙗𝙤𝙤𝙠 ပိုစ့်မှ သိရပါတယ်။

𝙆𝙤𝙩𝙖𝙥ဟာ ကျန်းမာရေးနှင့်မညီညွတ်တဲ့အစာတွေကို စားရန် အတင်းအကျပ်စေခိုင်းခြင်းကိုခံခဲ့ရပါတယ်။ကယ်ဆယ်ရန်ခွင့်ပြုချက်ရပြီးနောက် 𝙆𝙤𝙩𝙖𝙥ကို သေတ္တာထဲမှထုတ်လိုက်တဲ့အခါမှာတော့ သူ့ကို တွေ့ဖို့လာတဲ့သူစိမ်းတွေက သူ့အတွက် စိတ်ဖိစီးစေခဲ့ပါတယ်။

သူဟာ စိတ်လှုပ်ရှားကာ ရန်မူလာတာကြောင့် ရှည်လျားတဲ့ခရီးဖြစ်တဲ့ ဗဟိုစင်တာကို မရောက်ခင် အထိ သူတိတ်ဆိတ်ငြိမ်သက်သွားအောင် လူတွေအား သူနှင့်ဝေးဝေးမှာ နေစေခဲ့ပြီး တခြား 𝙤𝙧𝙖𝙣𝙜𝙪𝙩𝙖𝙣မျောက်လေးတွေနဲ့အတူ ကုသမှုနှင့် ပြန်လည်ထူထောင်ရေးပြုလုပ်နိင်ရန် 𝙄𝘼𝙍ရဲ့ ကယ်ဆယ်ရေးဗဟိုစင်တာကို ခေါ်သွားခဲ့ကြပါတယ်။

ကျေးဇူးတင်စွာနဲ့ 𝙆𝙤𝙩𝙖𝙥နဲ့တခြားကယ်ဆယ်ထားတဲ့ မျောက်လေးတွေကို သူတို့နှင့်သက်ဆိုင်တဲ့ သစ်တောဆီကို ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ်နေကြကြောင်းလည်း သိရှိရပါတယ်။