ညီမလေးရေ အိမ်ထောင်ပြုဖို့ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကိုဖတ်ဖြစ်အောင်ဖတ်သွားပါ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကို ဖတ်ဖြစ်အောင်ဖတ်သွားပါ။ (1)စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ -တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာ ကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့
ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ်။ (2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ -ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ်။
(3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ -ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ ကိုယ့်လိုအပ်ချက်တွေကို ငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာ
နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ်။ (4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ – လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေမားမားမတ်မတ်ရပ်တည်ပေးပြီး
ပြုံးရယ်နိုင်စေသူဖြစ်ဖို့ အဓိကကျတယ်။ (5) ရုပ်ချောသူထက် အသိုင်းအဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ -မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်း
အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် ။ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ။ (6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ –
ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီးနားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ်။ တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေ
မိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ။ အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောက်ျားသားတွေထက်မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို ၊မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ။ အချိန်ပေးပြီးလေ့လာပါ။ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး။သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါ
လူတစ်ယောက်ရဲ့မနောဆိုတာမထင်မှတ်တဲ့အရာတွေကနေအဖြေတွေပေါ်လာတတ်ပါတယ်။.တစ်သက်တာစိတ်ချမ်းသာချင်ရင်လူရွေးမမှားဖို့အတွက်တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီးလိုက်ပါ ညီမလေး။ ခရက်ဒစ်