မ်က္ရည္မပါတဲ့ အလြမ္းဇာတ္လမ္းတစ္ပုဒ္

မ်က္ရည္မပါတဲ့ အလြမ္းဇာတ္လမ္းတစ္ပုဒ္(တကယ့္ ျဖစ္ရပ္မွန္ အေၾကာင္းအရာတခုပါ)။ “ဆရာ ေဆးခန္းျပခ်င္လို႔” ေလးတြဲ႕တြဲ႕အသံေနာက္မွာ ဆံပင္စုတ္ဖြား၊ အရက္နံ႔တေထာင္းေထာင္းနဲ႔ လူတစ္ေယာက္။ အသက္ ၃၀ ေက်ာ္ေလာက္ရွိမယ္ ကေလးမေလးတစ္ေယာက္ကို

ခ်ီၿပီးဝင္လာတယ္၊ ႏွစ္ေယာက္လုံး အဝတ္အစားေတြေၾကမြေနသလို မ်က္တြင္းေဟာက္ပက္ေတြထဲက ေငးၾကည့္ေနတဲ့ မ်က္လုံးေတြကလည္း ရီေဝေဝနဲ႔။ သူ႔လက္ထဲမွာ ေသာက္လက္စ ေဆးလိပ္။ “ရတယ္ ဝင္လာခဲ့။ ေဆးခန္းထဲေတာ့ ေဆးလိပ္မေသာက္ရဘူး”

“ေဆာတီး ေမ့သြားလို႔ဆရာ” ျပာျပာသလဲနဲ႔ လက္ထဲက ကေလးကို ခုံေပၚခ်တယ္။ “သမီး ၿငိမ္ၿငိမ္ေလးထိုင္ေနေနာ္”ေျပာၿပီး အျပင္ျပန္ထြက္သြားတယ္။ ခ်က္ခ်င္းျပန္မဝင္လာဘူး။ ၾကာေနတယ္။ ကိုယ္လည္း Maskကို ခနဆြဲခ်ထားၿပီး ကေလးေလးကိုပဲ ထိုင္ရယ္ျပေနတာေပါ့။

ျပန္မရယ္ျပဘူး။ သူ႔အေဖထြက္သြားရာကိုပဲ ေမွ်ာ္ၾကည့္ရင္း ငိုမဲ့မဲ့လုပ္ေနတယ္။ အသက္က ႏွစ္ႏွစ္ခြဲ သုံးႏွစ္ေလာက္ရွိမယ္။ မေသခ်ာဘူး။ ေသးလိုက္တဲ့ ကေလး။ ေရမခ်ိဳးထားတာေတာ့ အနည္းဆုံး သုံးရက္ေလာက္ ရွိမယ္ထင္ရတယ္။ ဆံပင္ေလးေတြက ေျပာင္းဖူးေမႊးေလးေတြလို

ခပ္ႀကဲႀကဲ၊ အသားဓာတ္ဆိုတာ သူနဲ႔ဘာမွမဆိုင္သလို ပိန္လိုက္တာလည္း အရိုးခ်ည္းပဲ။ ဖုန္အလိမ္းလိမ္းနဲ႔ လက္ကေလး ေျခေထာက္ေလးေတြက ႀကံေခ်ာင္းေလးေတြလိုပဲ၊ ႀကံရည္မေသာက္ရတာၾကာၿပီလို႔ေတာင္ ေတြးမိသြားတယ္။ ကိုယ္ေစ့ေစ့ၾကည့္ေနေတာ့ ကေလးေလး

ကိုယ့္ကိုၾကည့္ရင္း ေၾကာက္ေနၿပီ။ ငိုဖို႔ျပင္ေနၿပီ။ ငိုေတာ့မယ္။ ငိုေတာ့မယ္။ တစ္ ႏွစ္ သုံး ငိုၿပီ။ မ်က္ႏွာျဖဴေလ်ာ္ေလ်ာ္ေလးကို အသားကုန္မဲ့ မ်က္တြင္းေဟာက္ပက္ထဲက မ်က္လုံးမွိန္ေဖ်ာ့ေဖ်ာ့ေလးေတြကို စုံမွိတ္၊ အာေခါင္ကို ျခစ္အေအာ္မွာ ထြက္လာတဲ့ “ဝါး”ခနဲ ေအာ္ငိုလိုက္သံက

ျဖဴျဖဴေက်ာ္သိန္းကို သတိရသြားေစတယ္။ ဒီေလာက္ေသးတဲ့ ပါးစပ္ေလးက ဒီလိုအသံမ်ိဳးထြက္လာတာ မယုံနိုင္စရာပဲ။ ကေလးဆို ေတာ္ေတာ္စိတ္ရွည္တတ္ ခ်စ္တတ္ေပမဲ့ နည္းနည္းစိတ္ရႈပ္စျပဳလာတယ္။ ဒီလူဘာေၾကာင့္ ဒီေလာက္ၾကာေနတာလဲ။ တေအာင့္ေနမွ ျပာယိျပာယာနဲ႔

‘ရီေဝယံ’တစ္ေယာက္ ျပန္ေပၚေတာ္မူလာတယ္။ ျဖဴေလ်ာ္ေလ်ာ္သိန္း’လည္း နည္းနည္း အသံတိုးသြားတယ္။ ငိုေတာ့ ငိုတုန္းပဲ။ အေမ့ တြားႀကိဳ႕မယ္” ေျပာရင္း တစ္ခ်က္တစ္ခ်က္ပဲ ရွိုက္ေတာ့တယ္။ “ကဲ ဘာျဖစ္တာလဲ ေျပာပါဦး” “ခလုပ္တိုက္တာေျခမကြဲသြားလို႔ ဆရာ”

ဟုတ္တယ္။ ငုံ႕ၾကည့္လိုက္ေတာ့ ေျခမတစ္ဖက္မွာ မည္းညစ္ညစ္အဝတ္တစ္စ စည္းထားတယ္။ သိပ္ထည့္ထားတဲ့ ဘာအ႐ြက္မွန္းမသိတာေတြက တစြန္းတစ ထြက္လို႔။ “ဘယ္ေလာက္ၾကာၿပီလဲ ျဖစ္တာ” “ခုနကပဲ ဆရာ ကြမ္းတစ္ရာ ညက္ေလာက္ပဲ ရွိဦးမယ္” ေျပာရင္း

ပါးစပ္အဟမွာ ဝါးလက္စ ကြမ္းယာထဲက ကြမ္းသီးစေလးက ‘ဖက္’ခနဲ ကိုယ့္မ်က္ႏွာတည့္တည့္ ခုန္ဝင္လာတယ္။ လခြမ္း။ ေတာ္ေတာ္ စိတ္တိုသြားတယ္။ “ဟာ ေဟ့လူ ေဆးခန္းထဲ ကြမ္းလည္းမစားရဘူးေလဗ်ာ ေရွ႕မွာေရးထားတယ္ေလ” “ဟာ ေဆာတီးပါဆရာရယ္ နာလြန္းလို႔

ထုတ္ဝါးလိုက္မိတာ ေဆာရီး ေဆာရီး” “ရတယ္ ထားလိုက္ေတာ့ ကဲ ေဆးထည့္မယ္ ေမးခိုင္ကာကြယ္ေဆးေတာ့ ထိုးဖို႔လိုမယ္ထင္တယ္ ခုတင္ေပၚတက္” “မထည့္ေတာ့ဘူးဆရာ ေဆးလည္းမထိုးေတာ့ဘူး” ဟာ ဒီလူေတာ့ ျပႆနာ။ ေနာက္ကြမ္းသီးတစ္ဖက္ ထပ္လာမွန္တယ္။

ေရွာင္လိုက္ေပမဲ့ မလြတ္ဘူး။ မေရွာင္ရင္လြတ္တဲ့ တြတ္ပီကို သတိရသြားေတာ့ ရယ္ခ်င္သြားတယ္။ ဒီရီေဝရီေဝသေကာင့္သားကိုလည္း စိတ္တိုတာ ေလ်ာ့သြားတယ္။ “ဟာ အာ့ဆို ေဆးခန္းဘာလာလုပ္တာလဲ” “ကေလးလာျပတာဆရာ ဒီအနာက ခုနက ေဆးလိပ္ထြက္မီးသတ္ရင္း

ခလုပ္တိုက္မိတာ ခဏဆရာ ကြမ္းသြားေထြးလိုက္မယ္” “ဟာ ဆရာသမား ေနပါေစေတာ့ ေနာက္တစ္ေခါက္ခလုပ္တိုက္လို႔ အရက္တစ္ပိုင္းေလာက္ ထပ္သြားတင္လိုက္ရပါတယ္ျဖစ္ေနဦးမယ္ ကေလးက ဘာျဖစ္တာလဲ ေျပာပါဦး” “ေန႔ခင္းတည္းက အန္ အန္ေနလို႔ဆရာ

ဝမ္းလည္းနည္းနည္းပ်က္ခ်င္တယ္” “ဘာအစားမွားထားေသးလဲ သမီးေလး မနက္ကဘာေတြစားလဲ ေျပာပါဦး” “မြင္းနားေတြ ရွားေသးတယ္” ကေလးက သြက္တယ္။ ခ်စ္စရာေလး။ “အျပင္စာေတြဆိုေတာ့ မသန႔္တာပါသြားလို႔နဲ႔ တူပါတယ္”ဆိုေတာ့ ခပ္ေထြေထြနဲ႔ ရီေဝယံက

ဝင္ေျပာတယ္ “အိမ္မွာခ်က္တာပါဆရာ ဘယ္လိုျဖစ္လဲမသိပါဘူး”“သမီးေလး ေမေမခ်က္တာေပါ့၊ စားေကာင္းလားသမီး” “ရွာေတာင္းရယ္ အေမအလုပ္တြားတယ္ ခ်ိဝူး”ေျပာၿပီး အေဖကိုေမာ့ၾကည့္ၿပီး “အေမ့တြားႀကိဳ႕မယ္”ဆိုေတာ့ အေဖက ေခါင္းညိတ္ရင္းၿပဳံးျပတယ္။

စမ္းသပ္ၿပီး ေဆးေပးစရာရွိတာေပးေတာ့ ေယာင္ဝါးဝါးေတြ ျဖစ္ေနတယ္။ ဘယ္လိုတိုက္ရမလဲ ျပန္ျပန္ေမးေနေတာ့ စိတ္နည္းနည္း ျပန္တိုခ်င္လာတယ္။ “ေနာက္ေန႔ျပန္ျပရင္ သူ႔အေမပါ ေခၚလာခဲ့ဗ်ာ ခင္ဗ်ားမူမူးနဲ႔ ေဆးေတြမွားတိုက္ရင္ျပႆနာ”ဆိုေတာ့ ၿငိမ္သြားတယ္။

ခေလးကို တစ္ခ်က္လွည့္ၾကည့္ၿပီး ကေလးမၾကားေလာက္မဲ့ အသံတိုးတိုးနဲ႔ ေျပာတယ္။ ” သူ႕အေမက ေခၚလာလို႔မရေတာ့ဘူး ဆရာ မနက္ကမွ သူ႔အေမ ရက္လည္တာ ကေလးက အဲ့မုန႔္ဟင္းခါးစားၿပီးျဖစ္တာပဲ” အသံက ေတာ္ေတာ္တိမ္ဝင္သြားေတာ့ သူဆက္ေျပာတာေတြ

ေသခ်ာမၾကားေတာ့ဘူး၊ ေဆးမမွားေစရပါဘူး ေသခ်ာတိုက္ပါမယ္ ေျပာတာထင္တာပဲ။ ကေလးေလးကေတာ့ ငိုမဲ့မဲ့ ျဖစ္ေနတုန္း။ စကားဆုံးေတာ့ အခန္းျပင္ထြက္ရင္း ေယာင္ေတာင္ေတာင္နဲ႔ နား႐ြက္ၾကားကေဆးလိပ္တိုကို ပါးစပ္မွာ ျပန္တပ္တယ္၊ အကၤ်ီအိပ္ထဲႏွိုက္ မီးျခစ္ရွာတယ္။

နံရံက ‘ေဆးလိပ္မေသာက္ရ’စာကိုေတြ႕ေတာ့ ပါးစပ္က ေဆးလိပ္ကိုျပန္ျဖဳတ္တယ္။ နား႐ြက္ၾကား ျပန္ညွပ္တယ္။ “သြားမယ္ေနာ္ဆရာ” “ေနဦး ခဏ” အံဆြဲဖြင့္ရွာလိုက္ေတာ့ ေတြ႕ၿပီ။ “ေရာ့” ကမ္းေပးလိုက္တဲ့ မီးျခစ္ကိုၾကည့္ၿပီး အံ့ဩသြားတယ္။ “တိုက္စရာကေတာ့

ေဆးလိပ္ေတာ့ မရွိဘူးဗ်ာ ေဆးေတြပဲရွိတယ္ ကေလးနားေတာ့ မေသာက္နဲ႔ အရက္ေတြလည္း သိပ္မေသာက္နဲ႔ဗ်ာ” “အရက္က အၿမဲမေသာက္ပါဘူးဆရာ ျဖတ္မွာပါ ဒီရက္ပိုင္းပါပဲ စိတ္ ဟိုဟာျဖစ္လို႔ပါဆရာရယ္ သိတယ္မလား ကြမ္းေရာ ဒီေဆးလိပ္ေရာျဖတ္မွာ

ကြၽန္ေတာ္ေနေကာင္းမွျဖစ္မွာ ဆရာ ကြၽန္ေတာ္သိတယ္” “ဒါနဲ႔ကေလးကို ဘာအားေဆးတိုက္ရမလဲဆရာ အရင္ကေတာ့ သူ႕အေမပဲဝယ္တိုက္ေနတာဆိုေတာ့” ခပ္တိုးတိုးအသံက တိမ္ဝင္သြားတယ္။ ကိုယ္ေရးေပးတဲ့ ေဆးစာ႐ြက္ေလးကို အိပ္ကပ္ထဲ တရိုတေသထည့္တယ္။

ျပတင္းေပါက္ကေန ဟိုးအေဝးကို လွမ္းေငးေနရင္းက အေမဆိုတဲ့ အသံၾကားလိုက္ေတာ့ ပိစိေလး မေနနိုင္ဘူး။ “အေမ့တြားႀကိဳ႕မယ္” “ေအးပါ သမီးရယ္ အေမ အခ်ိန္ပိုဆင္းရဦးမွာတဲ့ ပန္းၿခံသြားၾကမယ္ေလေနာ္ သမီးဓာတ္ဆားေသာက္ရမယ္ေနာ္” ႏူးႏူးညံ့ညံ့ၿပဳံးၿပီးေျပာတယ္။

စမ္းသပ္ခန္းအျပင္ေရာက္ေတာ့ ကေလးကို ခုံေပၚ ခဏခ်တယ္။ ေရွ႕ထြက္သြားၿပီး ေဆးလိပ္ကို မီးညွိတယ္။ သုံးေလးဖြာေလာက္ အားရပါးရ ရွိုက္ဖြာတယ္။ သက္ျပင္းတစ္ခ်က္ခ်တယ္။ ေဆးလိပ္တိုကို ပစ္ခ် ေျခနဲ႔နင္းေတာ့ ကေလးေလးပါ ခုံေပၚကဆင္းေျပးလာၿပီး

တခစ္ခစ္ ရယ္ရင္း လိုက္နင္းတယ္။ ခ်စ္စရာေလး။ တူတူရယ္ေမာရင္း ကေလးကို ေစြ႕ခနဲ ေကာက္ခ်ီလိုက္တယ္။ “သြားၿပီဆရာ ေက်းဇူး”တဲ့။ မီးျခစ္ကေလး စားပြဲေပၚျပန္လာတင္ေပးတယ္။ ကေလးကို ခပ္တင္းတင္းေပြ႕ရင္း ေလွ်ာက္ေတာ့ ေျခေထာက္တစ္ဖက္က ေထာ့နဲ႔ထာ့နဲ႔။

“အနာရင္းမယ္ လာ ေဆးထည့္သြားလိုက္” ဆိုေတာ့ ရယ္ျပတယ္၊ ရယ္တာနဲ႕ေတာ့ သိပ္မတူဘူး။ “ေနပါေစေတာ့ဆရာ ဒါဒီေလာက္မနာပါဘူး” တဲ့။ မ်က္လုံးေထာင့္မွာေတာ့ အေရာင္လဲ့ေနတယ္။ တျဖည္းျဖည္း သားအဖႏွစ္ေယာက္ အေဝးေရာက္သြားၾကတယ္။

ျပန္သိမ္းဖို႔ ေကာက္ကိုင္လိုက္ေတာ့ မီးျခစ္ေလးက ပူေနတုန္းပဲ။ နား႐ြက္ဖ်ားေလး ကိုင္လိုက္ေတာ့ ေအးသြားတယ္။ ဘဝအပူေတြအတြက္ဆိုရင္ေရာ နား႐ြက္ဖ်ားေလးေတြရွိရဲ႕ လား။ ဘယ္အရာေတြက ‘နား႐ြက္ဖ်ား’ေလးေတြျဖစ္နိုင္မလဲ ေတြးမိတယ္။ ဖုန္းသံျမည္လာတယ္။

ကိုင္လိုက္ေတာ့ “ေယာက္်ားေရ”တဲ့။ အျမန္ျဖတ္ေျပာလိုက္တယ္။ “မိန္းမေရ အရမ္းခ်စ္တယ္ေနာ္ နား႐ြက္ဖ်ားေလးေရ” ဆိုေတာ့” ဘာေျပာတာလဲ ဘာမဟုတ္တာ လုပ္ထားၿပီလဲ ဟိတ္”တဲ့။ နား႐ြက္ဖ်ားေလးဆက္ကိုင္ထားရင္း ၿပဳံးပဲေနလိုက္ေတာ့တယ္။ Phyowai Lynn (15.10.19) ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မျက်ရည်မပါတဲ့ အလွမ်းဇာတ်လမ်းတစ်ပုဒ်(တကယ့် ဖြစ်ရပ်မှန် အကြောင်းအရာတခုပါ)။ “ဆရာ ဆေးခန်းပြချင်လို့” လေးတွဲ့တွဲ့အသံနောက်မှာ ဆံပင်စုတ်ဖွား၊ အရက်နံ့တထောင်းထောင်းနဲ့ လူတစ်ယောက်။ အသက် ၃၀ ကျော်လောက်ရှိမယ် ကလေးမလေးတစ်ယောက်ကို

ချီပြီးဝင်လာတယ်၊ နှစ်ယောက်လုံး အဝတ်အစားတွေကြေမွနေသလို မျက်တွင်းဟောက်ပက်တွေထဲက ငေးကြည့်နေတဲ့ မျက်လုံးတွေကလည်း ရီဝေဝေနဲ့။ သူ့လက်ထဲမှာ သောက်လက်စ ဆေးလိပ်။ “ရတယ် ဝင်လာခဲ့။ ဆေးခန်းထဲတော့ ဆေးလိပ်မသောက်ရဘူး”

“ဆောတီး မေ့သွားလို့ဆရာ” ပြာပြာသလဲနဲ့ လက်ထဲက ကလေးကို ခုံပေါ်ချတယ်။ “သမီး ငြိမ်ငြိမ်လေးထိုင်နေနော်”ပြောပြီး အပြင်ပြန်ထွက်သွားတယ်။ ချက်ချင်းပြန်မဝင်လာဘူး။ ကြာနေတယ်။ ကိုယ်လည်း Maskကို ခနဆွဲချထားပြီး ကလေးလေးကိုပဲ ထိုင်ရယ်ပြနေတာပေါ့။

ပြန်မရယ်ပြဘူး။ သူ့အဖေထွက်သွားရာကိုပဲ မျှော်ကြည့်ရင်း ငိုမဲ့မဲ့လုပ်နေတယ်။ အသက်က နှစ်နှစ်ခွဲ သုံးနှစ်လောက်ရှိမယ်။ မသေချာဘူး။ သေးလိုက်တဲ့ ကလေး။ ရေမချိုးထားတာတော့ အနည်းဆုံး သုံးရက်လောက် ရှိမယ်ထင်ရတယ်။ ဆံပင်လေးတွေက ပြောင်းဖူးမွှေးလေးတွေလို

ခပ်ကြဲကြဲ၊ အသားဓာတ်ဆိုတာ သူနဲ့ဘာမှမဆိုင်သလို ပိန်လိုက်တာလည်း အရိုးချည်းပဲ။ ဖုန်အလိမ်းလိမ်းနဲ့ လက်ကလေး ခြေထောက်လေးတွေက ကြံချောင်းလေးတွေလိုပဲ၊ ကြံရည်မသောက်ရတာကြာပြီလို့တောင် တွေးမိသွားတယ်။ ကိုယ်စေ့စေ့ကြည့်နေတော့ ကလေးလေး

ကိုယ့်ကိုကြည့်ရင်း ကြောက်နေပြီ။ ငိုဖို့ပြင်နေပြီ။ ငိုတော့မယ်။ ငိုတော့မယ်။ တစ် နှစ် သုံး ငိုပြီ။ မျက်နှာဖြူလျော်လျော်လေးကို အသားကုန်မဲ့ မျက်တွင်းဟောက်ပက်ထဲက မျက်လုံးမှိန်ဖျော့ဖျော့လေးတွေကို စုံမှိတ်၊ အာခေါင်ကို ခြစ်အအော်မှာ ထွက်လာတဲ့ “ဝါး”ခနဲ အော်ငိုလိုက်သံက

ဖြူဖြူကျော်သိန်းကို သတိရသွားစေတယ်။ ဒီလောက်သေးတဲ့ ပါးစပ်လေးက ဒီလိုအသံမျိုးထွက်လာတာ မယုံနိုင်စရာပဲ။ ကလေးဆို တော်တော်စိတ်ရှည်တတ် ချစ်တတ်ပေမဲ့ နည်းနည်းစိတ်ရှုပ်စပြုလာတယ်။ ဒီလူဘာကြောင့် ဒီလောက်ကြာနေတာလဲ။ တအောင့်နေမှ ပြာယိပြာယာနဲ့

‘ရီဝေယံ’တစ်ယောက် ပြန်ပေါ်တော်မူလာတယ်။ ဖြူလျော်လျော်သိန်း’လည်း နည်းနည်း အသံတိုးသွားတယ်။ ငိုတော့ ငိုတုန်းပဲ။ အမေ့ တွားကြို့မယ်” ပြောရင်း တစ်ချက်တစ်ချက်ပဲ ရှိုက်တော့တယ်။ “ကဲ ဘာဖြစ်တာလဲ ပြောပါဦး” “ခလုပ်တိုက်တာခြေမကွဲသွားလို့ ဆရာ”

ဟုတ်တယ်။ ငုံ့ကြည့်လိုက်တော့ ခြေမတစ်ဖက်မှာ မည်းညစ်ညစ်အဝတ်တစ်စ စည်းထားတယ်။ သိပ်ထည့်ထားတဲ့ ဘာအရွက်မှန်းမသိတာတွေက တစွန်းတစ ထွက်လို့။ “ဘယ်လောက်ကြာပြီလဲ ဖြစ်တာ” “ခုနကပဲ ဆရာ ကွမ်းတစ်ရာ ညက်လောက်ပဲ ရှိဦးမယ်” ပြောရင်း

ပါးစပ်အဟမှာ ဝါးလက်စ ကွမ်းယာထဲက ကွမ်းသီးစလေးက ‘ဖက်’ခနဲ ကိုယ့်မျက်နှာတည့်တည့် ခုန်ဝင်လာတယ်။ လခွမ်း။ တော်တော် စိတ်တိုသွားတယ်။ “ဟာ ဟေ့လူ ဆေးခန်းထဲ ကွမ်းလည်းမစားရဘူးလေဗျာ ရှေ့မှာရေးထားတယ်လေ” “ဟာ ဆောတီးပါဆရာရယ် နာလွန်းလို့

ထုတ်ဝါးလိုက်မိတာ ဆောရီး ဆောရီး” “ရတယ် ထားလိုက်တော့ ကဲ ဆေးထည့်မယ် မေးခိုင်ကာကွယ်ဆေးတော့ ထိုးဖို့လိုမယ်ထင်တယ် ခုတင်ပေါ်တက်” “မထည့်တော့ဘူးဆရာ ဆေးလည်းမထိုးတော့ဘူး” ဟာ ဒီလူတော့ ပြဿနာ။ နောက်ကွမ်းသီးတစ်ဖက် ထပ်လာမှန်တယ်။

ရှောင်လိုက်ပေမဲ့ မလွတ်ဘူး။ မရှောင်ရင်လွတ်တဲ့ တွတ်ပီကို သတိရသွားတော့ ရယ်ချင်သွားတယ်။ ဒီရီဝေရီဝေသကောင့်သားကိုလည်း စိတ်တိုတာ လျော့သွားတယ်။ “ဟာ အာ့ဆို ဆေးခန်းဘာလာလုပ်တာလဲ” “ကလေးလာပြတာဆရာ ဒီအနာက ခုနက ဆေးလိပ်ထွက်မီးသတ်ရင်း

ခလုပ်တိုက်မိတာ ခဏဆရာ ကွမ်းသွားထွေးလိုက်မယ်” “ဟာ ဆရာသမား နေပါစေတော့ နောက်တစ်ခေါက်ခလုပ်တိုက်လို့ အရက်တစ်ပိုင်းလောက် ထပ်သွားတင်လိုက်ရပါတယ်ဖြစ်နေဦးမယ် ကလေးက ဘာဖြစ်တာလဲ ပြောပါဦး” “နေ့ခင်းတည်းက အန် အန်နေလို့ဆရာ

ဝမ်းလည်းနည်းနည်းပျက်ချင်တယ်” “ဘာအစားမှားထားသေးလဲ သမီးလေး မနက်ကဘာတွေစားလဲ ပြောပါဦး” “မွင်းနားတွေ ရှားသေးတယ်” ကလေးက သွက်တယ်။ ချစ်စရာလေး။ “အပြင်စာတွေဆိုတော့ မသန့်တာပါသွားလို့နဲ့ တူပါတယ်”ဆိုတော့ ခပ်ထွေထွေနဲ့ ရီဝေယံက

ဝင်ပြောတယ် “အိမ်မှာချက်တာပါဆရာ ဘယ်လိုဖြစ်လဲမသိပါဘူး”“သမီးလေး မေမေချက်တာပေါ့၊ စားကောင်းလားသမီး” “ရှာတောင်းရယ် အမေအလုပ်တွားတယ် ချိဝူး”ပြောပြီး အဖေကိုမော့ကြည့်ပြီး “အမေ့တွားကြို့မယ်”ဆိုတော့ အဖေက ခေါင်းညိတ်ရင်းပြုံးပြတယ်။

စမ်းသပ်ပြီး ဆေးပေးစရာရှိတာပေးတော့ ယောင်ဝါးဝါးတွေ ဖြစ်နေတယ်။ ဘယ်လိုတိုက်ရမလဲ ပြန်ပြန်မေးနေတော့ စိတ်နည်းနည်း ပြန်တိုချင်လာတယ်။ “နောက်နေ့ပြန်ပြရင် သူ့အမေပါ ခေါ်လာခဲ့ဗျာ ခင်ဗျားမူမူးနဲ့ ဆေးတွေမှားတိုက်ရင်ပြဿနာ”ဆိုတော့ ငြိမ်သွားတယ်။

ခလေးကို တစ်ချက်လှည့်ကြည့်ပြီး ကလေးမကြားလောက်မဲ့ အသံတိုးတိုးနဲ့ ပြောတယ်။ ” သူ့အမေက ခေါ်လာလို့မရတော့ဘူး ဆရာ မနက်ကမှ သူ့အမေ ရက်လည်တာ ကလေးက အဲ့မုန့်ဟင်းခါးစားပြီးဖြစ်တာပဲ” အသံက တော်တော်တိမ်ဝင်သွားတော့ သူဆက်ပြောတာတွေ

သေချာမကြားတော့ဘူး၊ ဆေးမမှားစေရပါဘူး သေချာတိုက်ပါမယ် ပြောတာထင်တာပဲ။ ကလေးလေးကတော့ ငိုမဲ့မဲ့ ဖြစ်နေတုန်း။ စကားဆုံးတော့ အခန်းပြင်ထွက်ရင်း ယောင်တောင်တောင်နဲ့ နားရွက်ကြားကဆေးလိပ်တိုကို ပါးစပ်မှာ ပြန်တပ်တယ်၊ အင်္ကျီအိပ်ထဲနှိုက် မီးခြစ်ရှာတယ်။

နံရံက ‘ဆေးလိပ်မသောက်ရ’စာကိုတွေ့တော့ ပါးစပ်က ဆေးလိပ်ကိုပြန်ဖြုတ်တယ်။ နားရွက်ကြား ပြန်ညှပ်တယ်။ “သွားမယ်နော်ဆရာ” “နေဦး ခဏ” အံဆွဲဖွင့်ရှာလိုက်တော့ တွေ့ပြီ။ “ရော့” ကမ်းပေးလိုက်တဲ့ မီးခြစ်ကိုကြည့်ပြီး အံ့ဩသွားတယ်။ “တိုက်စရာကတော့

ဆေးလိပ်တော့ မရှိဘူးဗျာ ဆေးတွေပဲရှိတယ် ကလေးနားတော့ မသောက်နဲ့ အရက်တွေလည်း သိပ်မသောက်နဲ့ဗျာ” “အရက်က အမြဲမသောက်ပါဘူးဆရာ ဖြတ်မှာပါ ဒီရက်ပိုင်းပါပဲ စိတ် ဟိုဟာဖြစ်လို့ပါဆရာရယ် သိတယ်မလား ကွမ်းရော ဒီဆေးလိပ်ရောဖြတ်မှာ

ကျွန်တော်နေကောင်းမှဖြစ်မှာ ဆရာ ကျွန်တော်သိတယ်” “ဒါနဲ့ကလေးကို ဘာအားဆေးတိုက်ရမလဲဆရာ အရင်ကတော့ သူ့အမေပဲဝယ်တိုက်နေတာဆိုတော့” ခပ်တိုးတိုးအသံက တိမ်ဝင်သွားတယ်။ ကိုယ်ရေးပေးတဲ့ ဆေးစာရွက်လေးကို အိပ်ကပ်ထဲ တရိုတသေထည့်တယ်။

ပြတင်းပေါက်ကနေ ဟိုးအဝေးကို လှမ်းငေးနေရင်းက အမေဆိုတဲ့ အသံကြားလိုက်တော့ ပိစိလေး မနေနိုင်ဘူး။ “အမေ့တွားကြို့မယ်” “အေးပါ သမီးရယ် အမေ အချိန်ပိုဆင်းရဦးမှာတဲ့ ပန်းခြံသွားကြမယ်လေနော် သမီးဓာတ်ဆားသောက်ရမယ်နော်” နူးနူးညံ့ညံ့ပြုံးပြီးပြောတယ်။

စမ်းသပ်ခန်းအပြင်ရောက်တော့ ကလေးကို ခုံပေါ် ခဏချတယ်။ ရှေ့ထွက်သွားပြီး ဆေးလိပ်ကို မီးညှိတယ်။ သုံးလေးဖွာလောက် အားရပါးရ ရှိုက်ဖွာတယ်။ သက်ပြင်းတစ်ချက်ချတယ်။ ဆေးလိပ်တိုကို ပစ်ချ ခြေနဲ့နင်းတော့ ကလေးလေးပါ ခုံပေါ်ကဆင်းပြေးလာပြီး

တခစ်ခစ် ရယ်ရင်း လိုက်နင်းတယ်။ ချစ်စရာလေး။ တူတူရယ်မောရင်း ကလေးကို စွေ့ခနဲ ကောက်ချီလိုက်တယ်။ “သွားပြီဆရာ ကျေးဇူး”တဲ့။ မီးခြစ်ကလေး စားပွဲပေါ်ပြန်လာတင်ပေးတယ်။ ကလေးကို ခပ်တင်းတင်းပွေ့ရင်း လျှောက်တော့ ခြေထောက်တစ်ဖက်က ထော့နဲ့ထာ့နဲ့။

“အနာရင်းမယ် လာ ဆေးထည့်သွားလိုက်” ဆိုတော့ ရယ်ပြတယ်၊ ရယ်တာနဲ့တော့ သိပ်မတူဘူး။ “နေပါစေတော့ဆရာ ဒါဒီလောက်မနာပါဘူး” တဲ့။ မျက်လုံးထောင့်မှာတော့ အရောင်လဲ့နေတယ်။ တဖြည်းဖြည်း သားအဖနှစ်ယောက် အဝေးရောက်သွားကြတယ်။

ပြန်သိမ်းဖို့ ကောက်ကိုင်လိုက်တော့ မီးခြစ်လေးက ပူနေတုန်းပဲ။ နားရွက်ဖျားလေး ကိုင်လိုက်တော့ အေးသွားတယ်။ ဘဝအပူတွေအတွက်ဆိုရင်ရော နားရွက်ဖျားလေးတွေရှိရဲ့ လား။ ဘယ်အရာတွေက ‘နားရွက်ဖျား’လေးတွေဖြစ်နိုင်မလဲ တွေးမိတယ်။ ဖုန်းသံမြည်လာတယ်။

ကိုင်လိုက်တော့ “ယောက်ျားရေ”တဲ့။ အမြန်ဖြတ်ပြောလိုက်တယ်။ “မိန်းမရေ အရမ်းချစ်တယ်နော် နားရွက်ဖျားလေးရေ” ဆိုတော့” ဘာပြောတာလဲ ဘာမဟုတ်တာ လုပ်ထားပြီလဲ ဟိတ်”တဲ့။ နားရွက်ဖျားလေးဆက်ကိုင်ထားရင်း ပြုံးပဲနေလိုက်တော့တယ်။ Phyowai Lynn (15.10.19) ခရက်ဒစ်