၁၈ေပခန႔္ရွည္လ်ားၿပီး 𝙋𝙖𝙥𝙖 𝘽𝙪𝙡𝙡𝙨 လို႔ အမည္တြင္တဲ့အႀကီးစားမိေက်ာင္းကို ကမ္းေျခတစ္ခုမွာအရွင္လတ္လတ္ဖမ္းဆီးခဲ့ၾကသူမ်ား( ႐ုပ္သံ)

လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁၄ ဗုဒၶဟူးေန႕က ဖိလစ္ပိုင္နိုင္ငံ 𝙏𝙖𝙬𝙞-𝙏𝙖𝙬𝙞ကြၽန္းရွိကမ္းေျခတစ္ခုမွာ ႀကီးမားတဲ့ အင္ဒို-ပစိဖိတ္ မိေက်ာင္း သို႔မဟုတ္ ေရငန္မိေက်ာင္းတစ္ေကာင္ကို ေဒသခံေတြေနာက္ထပ္ေတြ႕ရွိဖမ္းဆီးခဲ့တဲ့ သတင္းဟာ 𝙨𝙤𝙘𝙞𝙖𝙡 𝙢𝙚𝙙𝙞𝙖 ေပၚ ပ်ံ့ႏွံ႕သြားခဲ့ပါတယ္။

အဆိုပါမိေက်ာင္းဟာ ခန႔္မွန္းေျခအရ ၁၈ေပခန႔္ရွည္ၿပီး 𝙎𝙞𝙢𝙪𝙣𝙪𝙡ကမ္းရိုးတန္းရွိ 𝙏𝙖𝙮𝙩𝙖𝙮ကမ္းေျခမွာ ေတြ႕ရွိခဲ့ၾကပါတယ္။ေဒသခံေတြက အဆိုပါမိေက်ာင္းကို ဖိလစ္နိုင္ငံရဲ႕ အႀကီးဆုံးဖမ္းဆီးရမိမႈတစ္ခုအျဖစ္ထင္ခဲ့ၾကပါတယ္။တရားဝင္မသိရေသးေပမဲ့ မိေက်ာင္းအသစ္ဟာ

သူတို႔ဖမ္းဆီးခဲ့ခ်ိန္မွာ ၁၆ေပခန႔္ရွိတဲ့ လက္ရွိစံခ်ိန္တင္ထားတဲ့ မိေက်ာင္းထပ္ကို ရွည္လ်ားေနခဲ့ပါတယ္။ဒါေပမဲ့ အဆိုပါမိေက်ာင္းဟာ ၂၀၁၃ခုႏွစ္ ေဖေဖာ္ဝါရီ ၁၀မွာေသဆုံးသြားခဲ့တဲ့ 𝙇𝙤𝙡𝙤𝙣𝙜 အမည္ရွိမိေက်ာင္း ကိုေတာ့ မမိေသးပါဘူး။𝙇𝙤𝙡𝙤𝙣𝙜ဟာ ေပ ၂၀နဲ႕၃လကၼ

အရွည္ရွိၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္ကို သိမ္းယူနိုင္ခဲ့တဲ့ ကမာၻ႔အႀကီးဆုံးေရငန္မိေက်ာင္းတစ္ေကာင္ဘဲျဖစ္ပါတယ္။ေဒသခံသတင္းအရ မိေက်ာင္းအသစ္ကို 𝙎𝙞𝙢𝙪𝙣𝙪𝙡ခရီးသြားလုပ္ငန္း႐ုံးသို႔ လႊဲေျပာင္းေပးခဲ့ကာ 𝙋𝙖𝙥𝙖 𝘽𝙪𝙡𝙡𝙨 ေနထိုင္တဲ့ ႐ႊံႏြံထူထပ္တဲ့ေဒသသို႔ ယူေဆာင္

သြားေၾကာင္း သိရပါတယ္။အဲ့လို မိေက်ာင္းတစ္ေကာင္ဖမ္းဆီးရရွိျခင္းဟာ 𝙎𝙞𝙢𝙪𝙣𝙪𝙡မွာ ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။၂၀၁၇ခုႏွစ္စက္တင္ဘာလက လွည့္လည္သြားလာရင္း အစာရွာထြက္ေနခဲ့တဲ့𝙋𝙖𝙥𝙖 𝘽𝙪𝙡𝙡𝙨အား 𝙎𝙞𝙢𝙪𝙣𝙪𝙡ရွိကမ္းေျခတစ္ခုမွာဘဲ ဖမ္းဆီးခဲ့ၾကတာပါ။

သမိုင္းေၾကာင္းအရ ဆူတန္မင္းလက္ထက္က Simunulရွိ ႐ႊံ႕ႏြံေတြဟာ မိေက်ာင္းေတြရဲ႕စားက်က္ေျမျဖစ္ခဲ့ပါတယ္။𝙎𝙞𝙢𝙪𝙣𝙪𝙡ကမ္းရိုးတန္းမွာ မိေက်ာင္းႏွင့္ပတ္သက္တဲ့ ရာဇဝင္ပုံျပင္မ်ားစြာလည္းရွိေနပါတယ္။လူသိမ်ားတဲ့ပုံျပင္တစ္ပုဒ္ကေတာ့

၁၉၆၈ခုႏွစ္တုန္းကျဖစ္ၿပီး စပါးအုံးေႁမြႀကီးနဲ႕ ေရငန္မိေက်ာင္းတို႔ အေသအေၾက တိုက္ခိုက္ၾကရင္း ႏွစ္ေကာင္လုံးေသဆုံးသြားခဲ့တဲ့ ပုံျပင္ဘဲျဖစ္ပါတယ္။ဒါ့အျပင္ 𝙎𝙞𝙢𝙪𝙣𝙪𝙡ကမ္းရိုးတန္းရာဇဝင္အေၾကာင္းေတြ ျပန္လည္ရိုက္ကူးေဖာ္ျပထားတဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားလည္း ရွိေနပါေသးတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

လွန်ခဲ့တဲ့ အောက်တိုဘာ ၁၄ ဗုဒ္ဓဟူးနေ့က ဖိလစ်ပိုင်နိုင်ငံ 𝙏𝙖𝙬𝙞-𝙏𝙖𝙬𝙞ကျွန်းရှိကမ်းခြေတစ်ခုမှာ ကြီးမားတဲ့ အင်ဒို-ပစိဖိတ် မိကျောင်း သို့မဟုတ် ရေငန်မိကျောင်းတစ်ကောင်ကို ဒေသခံတွေနောက်ထပ်တွေ့ရှိဖမ်းဆီးခဲ့တဲ့ သတင်းဟာ 𝙨𝙤𝙘𝙞𝙖𝙡 𝙢𝙚𝙙𝙞𝙖 ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

အဆိုပါမိကျောင်းဟာ ခန့်မှန်းခြေအရ ၁၈ပေခန့်ရှည်ပြီး 𝙎𝙞𝙢𝙪𝙣𝙪𝙡ကမ်းရိုးတန်းရှိ 𝙏𝙖𝙮𝙩𝙖𝙮ကမ်းခြေမှာ တွေ့ရှိခဲ့ကြပါတယ်။ဒေသခံတွေက အဆိုပါမိကျောင်းကို ဖိလစ်နိုင်ငံရဲ့ အကြီးဆုံးဖမ်းဆီးရမိမှုတစ်ခုအဖြစ်ထင်ခဲ့ကြပါတယ်။တရားဝင်မသိရသေးပေမဲ့ မိကျောင်းအသစ်ဟာ

သူတို့ဖမ်းဆီးခဲ့ချိန်မှာ ၁၆ပေခန့်ရှိတဲ့ လက်ရှိစံချိန်တင်ထားတဲ့ မိကျောင်းထပ်ကို ရှည်လျားနေခဲ့ပါတယ်။ဒါပေမဲ့ အဆိုပါမိကျောင်းဟာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၀မှာသေဆုံးသွားခဲ့တဲ့ 𝙇𝙤𝙡𝙤𝙣𝙜 အမည်ရှိမိကျောင်း ကိုတော့ မမိသေးပါဘူး။𝙇𝙤𝙡𝙤𝙣𝙜ဟာ ပေ ၂၀နဲ့၃လက္မ

အရှည်ရှိပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကို သိမ်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးရေငန်မိကျောင်းတစ်ကောင်ဘဲဖြစ်ပါတယ်။ဒေသခံသတင်းအရ မိကျောင်းအသစ်ကို 𝙎𝙞𝙢𝙪𝙣𝙪𝙡ခရီးသွားလုပ်ငန်းရုံးသို့ လွှဲပြောင်းပေးခဲ့ကာ 𝙋𝙖𝙥𝙖 𝘽𝙪𝙡𝙡𝙨 နေထိုင်တဲ့ ရွှံနွံထူထပ်တဲ့ဒေသသို့ ယူဆောင်

သွားကြောင်း သိရပါတယ်။အဲ့လို မိကျောင်းတစ်ကောင်ဖမ်းဆီးရရှိခြင်းဟာ 𝙎𝙞𝙢𝙪𝙣𝙪𝙡မှာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။၂၀၁၇ခုနှစ်စက်တင်ဘာလက လှည့်လည်သွားလာရင်း အစာရှာထွက်နေခဲ့တဲ့𝙋𝙖𝙥𝙖 𝘽𝙪𝙡𝙡𝙨အား 𝙎𝙞𝙢𝙪𝙣𝙪𝙡ရှိကမ်းခြေတစ်ခုမှာဘဲ ဖမ်းဆီးခဲ့ကြတာပါ။

သမိုင်းကြောင်းအရ ဆူတန်မင်းလက်ထက်က Simunulရှိ ရွှံ့နွံတွေဟာ မိကျောင်းတွေရဲ့စားကျက်မြေဖြစ်ခဲ့ပါတယ်။𝙎𝙞𝙢𝙪𝙣𝙪𝙡ကမ်းရိုးတန်းမှာ မိကျောင်းနှင့်ပတ်သက်တဲ့ ရာဇဝင်ပုံပြင်များစွာလည်းရှိနေပါတယ်။လူသိများတဲ့ပုံပြင်တစ်ပုဒ်ကတော့

၁၉၆၈ခုနှစ်တုန်းကဖြစ်ပြီး စပါးအုံးမြွေကြီးနဲ့ ရေငန်မိကျောင်းတို့ အသေအကြေ တိုက်ခိုက်ကြရင်း နှစ်ကောင်လုံးသေဆုံးသွားခဲ့တဲ့ ပုံပြင်ဘဲဖြစ်ပါတယ်။ဒါ့အပြင် 𝙎𝙞𝙢𝙪𝙣𝙪𝙡ကမ်းရိုးတန်းရာဇဝင်အကြောင်းတွေ ပြန်လည်ရိုက်ကူးဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ရှိနေပါသေးတယ်။