အသုဘ အေခါင္းထဲက လူၾကီးတစ္ေယာက္ ေပးခဲ့တဲ့ သခၤန္းစာ

က်ေနာ္ အသက္၉-ႏွစ္ေလာက္ကေပါ့။ က်ေနာ္ မသိတဲ့အေဖ့ရဲ့မိတ္ေဆြတစ္ေယာက္ဆုံးတုန္းက အေဖ က်ေနာ္ ကို အဲ့ဒီအသုဘဆီ အတင္းေခၚသြားခဲ့ဖူးတယ္။ ဟိုေရာက္ေတာ့ ေခ်ာင္တစ္ေခ်ာင္မွာကပ္ၿပီး ျပန္ရမယ့္အခ်ိန္ကို က်ေနာ္ ေစာင့္ေနမိတာေပါ့။

(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

အဲဒီအခ်ိန္ လူႀကီးတစ္ေယာက္ အနားေရာက္လာၿပီး ခုလိုေျပာတယ္။”ေပ်ာ္ေပ်ာ္ေန သားေလးေရ။ ဘဝဆိုတာ တိုတိုေလးကြယ့္။ ဦးကိုၾကည့္စမ္း။ ဦးဆို ဘဝကိုေကာင္းေကာင္း မခံစားခဲ့မိဘူး။ဦးလို မျဖစ္ေစနဲ႔ ၾကားလား”

သူ က်ေနာ့္ ေခါင္း ကိုပုတ္ၿပီး လွည့္ထြက္သြားတယ္။ဒီလိုနဲ႔ ျပန္ခါနီးအခ်ိန္ေရာက္လာေတာ့ အေဖက က်ေနာ္ကိုလွမ္းေခၚၿပီး အေခါင္းနား သြားႏႈတ္ဆက္ဖို႔ တိုက္တြန္းပါေလေရာ။ ဒါနဲ႔ပဲ ဂြတ္ဘိုင္ေျပာဖို႔ အေခါင္းနားေရာက္သြားခဲ့ရတယ္။

အေခါင္းထဲ ၾကည့္လိုက္မိခ်ိန္မွာေတာ့ က်ေနာ္တစ္ကိုယ္လုံး တုန္လႈပ္ၿပီး ၾကက္ေသေသသြားတယ္။”ျမတ္စြာဘုရား”အေခါင္းထဲကလူႀကီးဟာ ေစာေစာက က်ေနာ္ ကို စကားလာေျပာတဲ့ လူႀကီးပဲ။ ေသခ်ာပါတယ္။ က်ေနာ္ လုံးဝမမွားနိုင္ပါဘူး။

ေအာ္လည္းမေအာ္ရဲ။ ဘယ္သူ႔မွလည္း ဖြင့္မေျပာရဲ အိမ္ကိုဘယ္လိုျပန္ေရာက္လာမွန္းေတာင္ မမွတ္မိေတာ့ဘူး။ ေနာင္ ႏွစ္အေတာ္ၾကာတဲ့အထိ ညတိုင္းအိပ္မက္ဆိုးေတြမက္၊ စိတ္ေဝဒနာေတြ ခံစားခဲ့ရၿပီး က်ေနာ္ေကာင္းေကာင္း မအိပ္နိုင္ခဲ့ဘူး။

တစ္ေယာက္ထဲလည္း မေနရဲဘူး။ညဘက္ေတြဆို အခန္းမီး လုံးဝမမွိတ္ရဲဘူး။ ဆယ္ေက်ာ္သက္ဘဝတစ္ေလၽွာက္လုံး အဲ့ဒီလို တထိတ္ထိတ္နဲ႔ ျဖတ္သန္းခဲ့ရတယ္။ေနာက္ထပ္ ႏွစ္နည္းနည္းၾကာေတာ့မွ က်ေနာ္ဘဝကို အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ အံ့ဩဖြယ္ကိစၥကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အဲ့ဒီေန႔က မိုးေတြရြာေနတယ္။ ဧည့္ခန္းျပဴတင္း မပိတ္ရေသးဘူးထင္လို႔ တံခါးပိတ္ဖို႔ ဧည့္ခန္းထဲ က်ေနာ္ေျပးဝင္သြားတယ္။ အဲဒီအခ်ိန္မွာ အဲ့ဒီလူႀကီးကို ဒုတိယအႀကိမ္ ျပန္ေတြ႕လိုက္ရတာပဲ။ အသုဘေန႔တုန္းကအတိုင္း အနက္ေရာင္ကုတ္ကို ဝတ္ထားတယ္။

က်ေနာ္ကိုေတြ႕ေတာ့ သူ႔ေခါင္းေပၚက ဦးထုပ္ကို ေျမႇာက္ၿပီး လွမ္းႏုတ္ဆက္တယ္။ ဘုရား ဘုရား က်ေနာ္အသည္းေတြ ႏွလုံးေတြ ျပဳတ္ထြက္သြားမလားေတာင္ ထင္မိပါတယ္။ အဲဒီအခ်ိန္ ကံေကာင္းေထာက္မစြာ အေဖ ဧည့္ခန္းထဲဝင္လာတယ္။

“ဟား သား ေတာင္ ေရာက္ေနပါလား။မိတ္ဆက္ေပးရအုံးမယ္။ ဒါ အန္ကယ္ညီညီနိုင္ေလ၊ သား ၅-တန္းႏွစ္တုန္းက ဆုံးသြားတဲ့ ဦးကိုကိုနိုင္ရဲ့ အမႊာအစ္ကိုေပါ့။”ေသာက္ေခြး သူက က်ေတာ္မသာၾကီးလုိ႔ထင္ျပီး ေၾကာက္ခဲ့ရတ့ဲ အေခါင္းထဲက လူၾကီး ရဲ့အမႊာညီအစ္ကို တဲ့လား။

အေဖက က်ေနာ္ကို လွမ္းေျပာတယ္။ သား ႏႈတ္ဆက္လိုက္အုံးေလတဲ့။ က်ေနာ္ ပ်စ္ပ်စ္ႏွစ္ႏွစ္ပဲ အသံက်ယ္က်ယ္နဲ႔ လွမ္းႏႈတ္ဆက္လိုက္တယ္။” မ သာ ႀကီး ” (ကိစၥရပ္တိုင္းမွာ အေျဖရွိတယ္။ သင္ရွာေတြ႕ဖို႔ပဲ လိုပါတယ္…) ခရက္ဒစ္…Saw MyaThanda

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ကျနော် အသက်၉-နှစ်လောက်ကပေါ့။ ကျနော် မသိတဲ့အဖေ့ရဲ့မိတ်ဆွေတစ်ယောက်ဆုံးတုန်းက အဖေ ကျနော် ကို အဲ့ဒီအသုဘဆီ အတင်းခေါ်သွားခဲ့ဖူးတယ်။ ဟိုရောက်တော့ ချောင်တစ်ချောင်မှာကပ်ပြီး ပြန်ရမယ့်အချိန်ကို ကျနော် စောင့်နေမိတာပေါ့။

အဲဒီအချိန် လူကြီးတစ်ယောက် အနားရောက်လာပြီး ခုလိုပြောတယ်။”ပျော်ပျော်နေ သားလေးရေ။ ဘဝဆိုတာ တိုတိုလေးကွယ့်။ ဦးကိုကြည့်စမ်း။ ဦးဆို ဘဝကိုကောင်းကောင်း မခံစားခဲ့မိဘူး။ဦးလို မဖြစ်စေနဲ့ ကြားလား”

သူ ကျနော့် ခေါင်း ကိုပုတ်ပြီး လှည့်ထွက်သွားတယ်။ဒီလိုနဲ့ ပြန်ခါနီးအချိန်ရောက်လာတော့ အဖေက ကျနော်ကိုလှမ်းခေါ်ပြီး အခေါင်းနား သွားနှုတ်ဆက်ဖို့ တိုက်တွန်းပါလေရော။ ဒါနဲ့ပဲ ဂွတ်ဘိုင်ပြောဖို့ အခေါင်းနားရောက်သွားခဲ့ရတယ်။

အခေါင်းထဲ ကြည့်လိုက်မိချိန်မှာတော့ ကျနော်တစ်ကိုယ်လုံး တုန်လှုပ်ပြီး ကြက်သေသေသွားတယ်။”မြတ်စွာဘုရား”အခေါင်းထဲကလူကြီးဟာ စောစောက ကျနော် ကို စကားလာပြောတဲ့ လူကြီးပဲ။ သေချာပါတယ်။ ကျနော် လုံးဝမမှားနိုင်ပါဘူး။

အော်လည်းမအော်ရဲ။ ဘယ်သူ့မှလည်း ဖွင့်မပြောရဲ အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မမှတ်မိတော့ဘူး။ နောင် နှစ်အတော်ကြာတဲ့အထိ ညတိုင်းအိပ်မက်ဆိုးတွေမက်၊ စိတ်ဝေဒနာတွေ ခံစားခဲ့ရပြီး ကျနော်ကောင်းကောင်း မအိပ်နိုင်ခဲ့ဘူး။

တစ်ယောက်ထဲလည်း မနေရဲဘူး။ညဘက်တွေဆို အခန်းမီး လုံးဝမမှိတ်ရဲဘူး။ ဆယ်ကျော်သက်ဘဝတစ်လျှောက်လုံး အဲ့ဒီလို တထိတ်ထိတ်နဲ့ ဖြတ်သန်းခဲ့ရတယ်။နောက်ထပ် နှစ်နည်းနည်းကြာတော့မှ ကျနော်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ အံ့ဩဖွယ်ကိစ္စကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီနေ့က မိုးတွေရွာနေတယ်။ ဧည့်ခန်းပြူတင်း မပိတ်ရသေးဘူးထင်လို့ တံခါးပိတ်ဖို့ ဧည့်ခန်းထဲ ကျနော်ပြေးဝင်သွားတယ်။ အဲဒီအချိန်မှာ အဲ့ဒီလူကြီးကို ဒုတိယအကြိမ် ပြန်တွေ့လိုက်ရတာပဲ။ အသုဘနေ့တုန်းကအတိုင်း အနက်ရောင်ကုတ်ကို ဝတ်ထားတယ်။

ကျနော်ကိုတွေ့တော့ သူ့ခေါင်းပေါ်က ဦးထုပ်ကို မြှောက်ပြီး လှမ်းနုတ်ဆက်တယ်။ ဘုရား ဘုရား ကျနော်အသည်းတွေ နှလုံးတွေ ပြုတ်ထွက်သွားမလားတောင် ထင်မိပါတယ်။ အဲဒီအချိန် ကံကောင်းထောက်မစွာ အဖေ ဧည့်ခန်းထဲဝင်လာတယ်။

“ဟား သား တောင် ရောက်နေပါလား။မိတ်ဆက်ပေးရအုံးမယ်။ ဒါ အန်ကယ်ညီညီနိုင်လေ၊ သား ၅-တန်းနှစ်တုန်းက ဆုံးသွားတဲ့ ဦးကိုကိုနိုင်ရဲ့ အမွှာအစ်ကိုပေါ့။”သောက်ခွေး သူက ကျတော်မသာကြီးလို့ထင်ပြီး ကြောက်ခဲ့ရတဲ့ အခေါင်းထဲက လူကြီး ရဲ့အမွှာညီအစ်ကို တဲ့လား။

အဖေက ကျနော်ကို လှမ်းပြောတယ်။ သား နှုတ်ဆက်လိုက်အုံးလေတဲ့။ ကျနော် ပျစ်ပျစ်နှစ်နှစ်ပဲ အသံကျယ်ကျယ်နဲ့ လှမ်းနှုတ်ဆက်လိုက်တယ်။” မ သာ ကြီး ” (ကိစ္စရပ်တိုင်းမှာ အဖြေရှိတယ်။ သင်ရှာတွေ့ဖို့ပဲ လိုပါတယ်…) ခရက်ဒစ်…Saw MyaThanda