ေျမႀကီးကို စားစရာအျဖစ္ေရာင္းတယ္ စားရတယ္ဆိုတာ မသိတာ က်ေနာ္ တစ္ေယာက္တည္းလား

ေျမႀကီးကို စားစရာအျဖစ္ေရာင္းတယ္ စားရတယ္ဆိုတာ မသိတာ က်ေနာ္ တစ္ေယာက္တည္းလား။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ေရွးေခတ္ ျဗဟၼာႀကီးေတြ ေျမသင္းစားလို႔ ထူးဆန္းတဲ့အခ်စ္ ျဖစ္ေပၚခဲ့သတဲ့ (မင္းေအာင္ သီခ်င္းထဲၾကားဖူးခဲ့တာ) တစ္ကယ္ ေျမႀကီးကို စားစရာအျဖစ္ေရာင္းမွန္း ခုမွသိတယ္။ တစ္သက္နဲ႔တစ္ကိုယ္ အခုမွ ျမင္ဖူးၾကားဖူးတာပါ

မိတ္ေဆြတို႔ေရာ ဗဟုသုတအေနနဲ႔ မွ်ေဝပါရေစ။ ေအာင္ပန္းေဈး ေန႔တိုင္း ေျမႀကီးခဲ လာေရာင္းတဲ့ မို႔အို။ စားလို႔ရတဲ့ ေျမခဲေလးေတြပါ။ ေျမခဲတိုင္း စားလို႔မရပါဘူး ပအိုဝ္းလူမ်ိဳးအေခၚအေဝၚက ‘ဟမ္းေတာ့’လို႔ေခၚတယ္။

ေျမႀကီးေတာ့ဟုတ္တယ္၊ ရိုးရိုးေျမႀကီးေတာ့ မဟုတ္ပါဖူး။ လြယ္လြယ္နဲ႔ ရွာလို႔မရပါဘူး။ ဒီစားလို႔ရတဲ့ ေျမႀကီးေတြက ေနရာသက္သက္ရွိပါတယ္။ မ်ားေသာအားျဖင့္ အဖိုးအဖြား ေတြႀကိဳက္ၾကတယ္။

အစာေျပေပါ့ ထမင္းစားၿပီးရင္ စားၾကတာမ်ားတယ္။ တခ်ိဳ႕ၾက စားတာစြဲသြားရင္ မစားဘဲမေနနိုင္ျဖစ္သြားပါတယ္။ နို႔ဆီဘူးတဘူး ငါးရာပါ။ အရသာက စိမ့္ပါတယ္။ ထုံးဓါတ္ အနဲငယ္ပါပါတယ္။ အနဲငယ္ စပ္ပါတယ္။

ရွမ္းလို လိန္ဟြမ္းလို႔ေခၚတယ္။ ဗမာလို ေျမႀကီးေမြး လို႔အဓိပၸါယ္ရတယ္။ ရွမ္းျပည္ေတာင္ပိုင္းမွာဆို ဗအို႔လူမ်ိဳးေတြ အစားမ်ားတယ္။ထူးထူးဆန္းဆန္းေလးမို႔ မိတ္ေဆြတို႔အတြက္ မွ်ေဝေပးလိုက္တာပါ။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြေကြီးကို စားစရာအဖြစ်ရောင်းတယ် စားရတယ်ဆိုတာ မသိတာ ကျနော် တစ်ယောက်တည်းလား။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ရှေးခေတ် ဗြဟ္မာကြီးတွေ မြေသင်းစားလို့ ထူးဆန်းတဲ့အချစ် ဖြစ်ပေါ်ခဲ့သတဲ့ (မင်းအောင် သီချင်းထဲကြားဖူးခဲ့တာ) တစ်ကယ် မြေကြီးကို စားစရာအဖြစ်ရောင်းမှန်း ခုမှသိတယ်။ တစ်သက်နဲ့တစ်ကိုယ် အခုမှ မြင်ဖူးကြားဖူးတာပါ

မိတ်ဆွေတို့ရော ဗဟုသုတအနေနဲ့ မျှဝေပါရစေ။ အောင်ပန်းဈေး နေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။ စားလို့ရတဲ့ မြေခဲလေးတွေပါ။ မြေခဲတိုင်း စားလို့မရပါဘူး ပအိုဝ်းလူမျိုးအခေါ်အဝေါ်က ‘ဟမ်းတော့’လို့ခေါ်တယ်။

မြေကြီးတော့ဟုတ်တယ်၊ ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး။ လွယ်လွယ်နဲ့ ရှာလို့မရပါဘူး။ ဒီစားလို့ရတဲ့ မြေကြီးတွေက နေရာသက်သက်ရှိပါတယ်။ များသောအားဖြင့် အဖိုးအဖွား တွေကြိုက်ကြတယ်။

အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာများတယ်။ တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်။ နို့ဆီဘူးတဘူး ငါးရာပါ။ အရသာက စိမ့်ပါတယ်။ ထုံးဓါတ် အနဲငယ်ပါပါတယ်။ အနဲငယ် စပ်ပါတယ်။

ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ်။ ဗမာလို မြေကြီးမွေး လို့အဓိပ္ပါယ်ရတယ်။ ရှမ်းပြည်တောင်ပိုင်းမှာဆို ဗအို့လူမျိုးတွေ အစားများတယ်။ထူးထူးဆန်းဆန်းလေးမို့ မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်တာပါ။ ခရက်ဒစ်