ဆင္းရဲတဲ့ ဘဝတူ ကေလးေတြ စာသင္နိုင္ဖို႔ ကိုယ္ပိုင္ ေက်ာင္းတည္ေထာင္ခဲ့တဲ့ ေလးစားဖြယ္(၁၂) ႏွစ္သား(႐ုပ္သံ)

အာဂ်င္တီးနား နိုင္ငံသားေလးျဖစ္တဲ့ 𝙉𝙞𝙘𝙖𝙣𝙤𝙧 𝙌𝙪𝙞𝙣𝙩𝙚𝙧𝙤𝙨 ဟာ အဖြားျဖစ္သူ ရာမိုနာနဲ႕ ေနထိုင္ပါတယ္။ သူဟာ ေက်ာင္းသားေလးတစ္ေယာက္ျဖစ္ၿပီး ႏြားနို႔နဲ႕ ကြတ္ကီးကို ႀကိဳက္ႏွစ္သက္ပါတယ္။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 𝙌𝙪𝙞𝙣𝙩𝙚𝙧𝙤𝙨 ဟာ ကိစၥတစ္ခုေၾကာင့္သာမဟုတ္ခဲ့ရင္

႐ြယ္တူကေလးေတြနဲ႕ ဘာမွမျခားနားတဲ့ ေကာင္ေလးတစ္ေယာက္ ျဖစ္မွာပါ။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ႕ ထူးျခားခ်က္က သူ႕မွာ သူ႕ကိုယ္ပိုင္ေက်ာင္းေလး ရွိတာပါ။ ေက်ာင္းစာသင္ခ်င္ေပမယ့္ မသင္နိုင္တဲ့ကေလးေတြကို ကူညီေပးလိုတာေၾကာင့္ ဒီေက်ာင္းကို သူကိုယ္တိုင္

တည္ေထာင္ထားတာပါ။ အခုဆိုရင္ ေက်ာင္းဖြင့္ထားတာ (၄) ႏွစ္ေလာက္ ရွိေနပါၿပီ။အသက္ငယ္ေပမယ့္လည္း စိတ္သာရွိရင္ ကမာၻႀကီးကို တစ္ေထာင့္တစ္ေနရာကေန ပိုေကာင္းမြန္ေအာင္ လုပ္နိုင္တယ္ဆိုတာ 𝙉𝙞𝙘𝙖𝙣𝙤𝙧 က ျပသခဲ့ပါတယ္။

𝙉𝙞𝙘𝙖𝙣𝙤𝙧 အသက္(၉) ႏွစ္အ႐ြယ္မွာ သူက အဖြားကိုအိမ္ေဘးမွာ ေက်ာင္းေဆာက္ခ်င္တယ္ဆိုၿပီး ေျပာျပပါတယ္။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 က တခ်ိဳ႕ကေလးေတြဟာ အိမ္လဲမရွိ၊ ေက်ာင္းသြားဖို႔ လမ္းစရိတ္ေတာင္မရွိ၊ ဖိနပ္ေတာင္မရွိနဲ႕ ျဖစ္ေနၾကာင္း၊ဒီလို ကေလးေတြကို

စာသင္ေပးခ်င္ေၾကာင္း အဖြားကို တိုင္ပင္ခဲ့တာပါ။ အဖြားကလည္း လိုလိုလားလားနဲ႕ သေဘာတူခဲ့ၿပီး ေျမးအဖြားႏွစ္ေယာက္ အစီအစဥ္ကို အေကာင္အထည္ ေဖာ္ခဲ့ပါတယ္။ေက်ာင္းေလးကို 𝙋𝙖𝙩2𝙧𝙞𝙖 𝙮 𝙐𝙣𝙞𝙙𝙖𝙙 လို႔ သူတို႔က နာမည္ေပးခဲ့ပါတယ္။

စာသင္ခန္းေတြအျဖစ္ ဖန္တီးဖို႔ ႐ြက္ဖ်င္ေတြနဲ႕ တုတ္ေတြကို အသုံးျပဳၿပီး သစ္သီးပုံးခြံေတြကိုေတာ့ ထိုင္ခုံေတြအျဖစ္ အသုံးျပဳခဲ့ပါတယ္။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ဟာ အိမ္နီးခ်င္းေတြနဲ႕ ၾကင္နာတတ္တဲ့သူေတြရဲ႕ အကူအညီကိုယူၿပီး စာသင္ခန္းေနာက္ထပ္ (၂) ခန္း၊

ေက်ာက္သင္ပုန္း၊ စာၾကည့္တိုက္အေသးေလးတစ္ခုနဲ႕ ေခါင္းေလာင္းတစ္ခုကိုပါ ဖန္တီးနိုင္ခဲ့ပါတယ္။ စာသင္ေပးတဲ့ဆရာအခ်ိဳ႕ ကေတာ့ Nica2nor ရဲ႕ အတန္းေဖာ္ေတြျဖစ္ၾကၿပီဒ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ဟာ ကိုယ္ပိုင္ေက်ာင္းအုပ္႐ုံးခန္းေတာင္ ရွိပါေသးတယ္။ေက်ာင္းကို လာတက္တဲ့

ကေလးေတြက လိမၼာၾကပါတယ္။ ေက်ာင္းမတက္ခင္ ေက်ာင္းအုပ္ႀကီး 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ႕ တံခါးကို လာေခါက္ၿပီး သူတို႔ ေက်ာင္းေရာက္ၿပီဆိုတာ အသိေပးတတ္ပါတယ္။ ေက်ာင္းမွာေတာ့ ေက်ာင္းသား(၃၆) ေယာက္ရွိပါတယ္။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ႕ ေကာင္းမႈကုသိုလ္ေတြက

ဒီမွာတင္အဆုံးသတ္တာ မဟုတ္ပါဘူး။သူဟာ ေန႕တိုင္း (၄) ကီလိုမီတာေဝးတဲ့ ေက်ာင္းကို စက္ဘီးစီးသြားၿပီး ေက်ာင္းတက္ပါေသးတယ္။ သူ႕ရဲ႕ ကိုယ္ပိုင္ေက်ာင္းမွာလည္း သူက စာျပန္ျပပါတယ္။ တစ္ခါတစ္ေလ ပုံမွန္ခ်ိန္လာၿပီး ေက်ာင္းမတက္နိုင္တဲ့ ကေလးေတြအတြက္

ညပိုင္းအတန္းေတြကိုလည္း ဖြင့္လွစ္ထားပါတယ္။ဒါ့အျပင္ သူရတဲ့ မုန႔္ဖိုးေတြကိုစုၿပီး 𝙉𝙞𝙘𝙖𝙣𝙤𝙧 ဟာ သူ႕ေက်ာင္းက ေက်ာင္းသူေက်ာင္းသားေလးေတြအတြက္ လက္ဖက္ရည္နဲ႕ ကြတ္ကီးလို မုန႔္ေတြကို ေကြၽးေမြးပါေသးတယ္။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ႕ ေကာင္းသတင္းဟာ။

တျဖည္းျဖည္းနဲ႕ ေက်ာ္ၾကားလာၿပီး 𝙎𝙖𝙣 𝙅𝙪𝙖𝙣 ၿမိဳ႕ဝန္ေတာင္ လာၿပီး သူ႕ကို ေတြ႕ဆုံရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ အသက္ငယ္ေပမယ့္ စြမ္းေဆာင္ရည္မေသးလွတဲ့ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ကေတာ့ အာဂ်င္တီးနားတစ္နိုင္ငံတည္းတင္မဟုတ္ပဲ ကမာၻအရပ္ရပ္က လူငယ္ေတြအဖို႔ပါ အတုယူစရာ ျဖစ္လာခဲ့ပါတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

အာဂျင်တီးနား နိုင်ငံသားလေးဖြစ်တဲ့ 𝙉𝙞𝙘𝙖𝙣𝙤𝙧 𝙌𝙪𝙞𝙣𝙩𝙚𝙧𝙤𝙨 ဟာ အဖွားဖြစ်သူ ရာမိုနာနဲ့ နေထိုင်ပါတယ်။ သူဟာ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး နွားနို့နဲ့ ကွတ်ကီးကို ကြိုက်နှစ်သက်ပါတယ်။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 𝙌𝙪𝙞𝙣𝙩𝙚𝙧𝙤𝙨 ဟာ ကိစ္စတစ်ခုကြောင့်သာမဟုတ်ခဲ့ရင်

ရွယ်တူကလေးတွေနဲ့ ဘာမှမခြားနားတဲ့ ကောင်လေးတစ်ယောက် ဖြစ်မှာပါ။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ့ ထူးခြားချက်က သူ့မှာ သူ့ကိုယ်ပိုင်ကျောင်းလေး ရှိတာပါ။ ကျောင်းစာသင်ချင်ပေမယ့် မသင်နိုင်တဲ့ကလေးတွေကို ကူညီပေးလိုတာကြောင့် ဒီကျောင်းကို သူကိုယ်တိုင်တည်ထောင်ထားတာပါ။ အခုဆိုရင် ကျောင်းဖွင့်

ထားတာ (၄) နှစ်လောက် ရှိနေပါပြီ။အသက်ငယ်ပေမယ့်လည်း စိတ်သာရှိရင် ကမ္ဘာကြီးကို တစ်ထောင့်တစ်နေရာကနေ ပိုကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာ 𝙉𝙞𝙘𝙖𝙣𝙤𝙧 က ပြသခဲ့ပါတယ်။

𝙉𝙞𝙘𝙖𝙣𝙤𝙧 အသက်(၉) နှစ်အရွယ်မှာ သူက အဖွားကိုအိမ်ဘေးမှာ ကျောင်းဆောက်ချင်တယ်ဆိုပြီး ပြောပြပါတယ်။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 က တချို့ကလေးတွေဟာ အိမ်လဲမရှိ၊ ကျောင်းသွားဖို့ လမ်းစရိတ်တောင်မရှိ၊ ဖိနပ်တောင်မရှိနဲ့ ဖြစ်နေကြာင်း၊ဒီလို ကလေးတွေကို

စာသင်ပေးချင်ကြောင်း အဖွားကို တိုင်ပင်ခဲ့တာပါ။ အဖွားကလည်း လိုလိုလားလားနဲ့ သဘောတူခဲ့ပြီး မြေးအဖွားနှစ်ယောက် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ကျောင်းလေးကို 𝙋𝙖𝙩2𝙧𝙞𝙖 𝙮 𝙐𝙣𝙞𝙙𝙖𝙙 လို့ သူတို့က နာမည်ပေးခဲ့ပါတယ်။

စာသင်ခန်းတွေအဖြစ် ဖန်တီးဖို့ ရွက်ဖျင်တွေနဲ့ တုတ်တွေကို အသုံးပြုပြီး သစ်သီးပုံးခွံတွေကိုတော့ ထိုင်ခုံတွေအဖြစ် အသုံးပြုခဲ့ပါတယ်။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ဟာ အိမ်နီးချင်းတွေနဲ့ ကြင်နာတတ်တဲ့သူတွေရဲ့ အကူအညီကိုယူပြီး စာသင်ခန်းနောက်ထပ် (၂) ခန်း၊

ကျောက်သင်ပုန်း၊ စာကြည့်တိုက်အသေးလေးတစ်ခုနဲ့ ခေါင်းလောင်းတစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ စာသင်ပေးတဲ့ဆရာအချို့ ကတော့ Nica2nor ရဲ့ အတန်းဖော်တွေဖြစ်ကြပြီဒ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ဟာ ကိုယ်ပိုင်ကျောင်းအုပ်ရုံးခန်းတောင် ရှိပါသေးတယ်။ကျောင်းကို လာတက်တဲ့

ကလေးတွေက လိမ္မာကြပါတယ်။ ကျောင်းမတက်ခင် ကျောင်းအုပ်ကြီး 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ့ တံခါးကို လာခေါက်ပြီး သူတို့ ကျောင်းရောက်ပြီဆိုတာ အသိပေးတတ်ပါတယ်။ ကျောင်းမှာတော့ ကျောင်းသား(၃၆) ယောက်ရှိပါတယ်။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ့ ကောင်းမှုကုသိုလ်တွေက

ဒီမှာတင်အဆုံးသတ်တာ မဟုတ်ပါဘူး။သူဟာ နေ့တိုင်း (၄) ကီလိုမီတာဝေးတဲ့ ကျောင်းကို စက်ဘီးစီးသွားပြီး ကျောင်းတက်ပါသေးတယ်။ သူ့ရဲ့ ကိုယ်ပိုင်ကျောင်းမှာလည်း သူက စာပြန်ပြပါတယ်။ တစ်ခါတစ်လေ ပုံမှန်ချိန်လာပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက်

ညပိုင်းအတန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။ဒါ့အပြင် သူရတဲ့ မုန့်ဖိုးတွေကိုစုပြီး 𝙉𝙞𝙘𝙖𝙣𝙤𝙧 ဟာ သူ့ကျောင်းက ကျောင်းသူကျောင်းသားလေးတွေအတွက် လက်ဖက်ရည်နဲ့ ကွတ်ကီးလို မုန့်တွေကို ကျွေးမွေးပါသေးတယ်။ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ရဲ့ ကောင်းသတင်းဟာ။

တဖြည်းဖြည်းနဲ့ ကျော်ကြားလာပြီး 𝙎𝙖𝙣 𝙅𝙪𝙖𝙣 မြို့ဝန်တောင် လာပြီး သူ့ကို တွေ့ဆုံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် စွမ်းဆောင်ရည်မသေးလှတဲ့ 𝙉𝙞𝙘𝙖𝙣𝙤𝙧 ကတော့ အာဂျင်တီးနားတစ်နိုင်ငံတည်းတင်မဟုတ်ပဲ ကမ္ဘာအရပ်ရပ်က လူငယ်တွေအဖို့ပါ အတုယူစရာ ဖြစ်လာခဲ့ပါတယ်။