အရမ္းခ်မ္းသာခဲ့တဲ့ သူေဌးမႀကီး ေဒၚဝိုင္း ရဲ႕ ဝမ္းနည္းစရာ ေနဝင္ခ်ိန္ ကို ေစာင့္ေနရတဲ့ ဘဝ

တစ္ၿမိဳ႕လုံးမွာအလွဆုံးတိုက္ အိမ္ပိုင္ရွင္ သူေဌးမႀကီး ေဒၚဝိုင္း ခုေတာ့ ေၾကကြဲစြာနဲ႔ ဘဝေနဝင္ခ်ိန္ကို ေစာင့္ေမွ်ာ္ေနရတဲ့ ဘဝ… နင္လားဟဲ့ ေလာကဓံလို႔ပဲေျပာရမယ္။အဖြားနာမည္က ေဒၚဝိုင္း… ငယ္စဥ္တုန္းကေတာ့ လယ္နဲ႔ယာနဲ႔ တင့္ေတာင့္ တင့္တယ္ ေနႏိုင္တဲ့သူ ေတာသူေဌးေပါ့ေလ..

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ဝန္းက်င္က သူ႔အိမ္ဟာ ကြၽန္ေတာ့္ နယ္ၿမိဳ႕ေလးရဲ႕ အလွဆုံးနဲ႔ ပထမဆုံးေသာ တိုက္အိမ္ပဲ…မွန္ေတြတပ္ထားတဲ့ သူ႔အိမ္ျပတင္းေပါက္ေတြကို တစ္ၿမိဳ႕လုံးက လူေတြ အထူးအဆန္းလုပ္ၿပီး သြားၾကည့္ၾကတာကို ကြၽန္ေတာ္မွတ္မိေနေသးတယ္.. ေဒၚဝိုင္းမွာ ေမာင္မိုးနဲ႔ မေအးဆိုတဲ့ သားသမီးႏွစ္ေယာက္ရွိတယ္

စီးပြားေရးေလးကေျပလည္ေတာ့ သားနဲ႔သမီးကို အရမ္းအလို လိုက္တာ ေယာက္်ားကလည္း လူေအးတစ္ေယာက္ဆိုေတာ့ လယ္ေလးလုပ္လိုက္ တရားေလးထိုင္လိုက္နဲ႔ တစ္ေနကုန္ေတာင္ စကားတစ္လုံးမေျပာတဲ့သူမ်ိဳး… သားသမီးကို စည္းနဲ႔ကမ္းနဲ႔မခ်စ္တတ္ေတာ့ ႏွစ္ သလိုျဖစ္ၿပီး သူ႔သားနဲ႔သမီး ဆိုးခ်က္ဆိုတာ

ကမ္းကုန္တယ္ ေျပာရမယ္.. အေမကလဲ အလိုလိုက္ အေဖက လူေအးဆိုေတာ့ ေသာင္းက်န္းခ်င္တိုင္းေသာင္းက်န္းတယ္ဆိုတာေလ..မိဘကို ငယ္ပါနဲ႔ႏႈင္းၿပီးဆဲတယ္ဆိုတာကေတာ့ မနက္တိုင္းၾကားရလို႔ ႐ိုးေနၿပီ.. စိတ္မထင္ရင္ မထင္သလို မေအ ကို ပါးေလးနားေလး ႐ိုက္တတ္ေသးတယ္။

ဒီလိုနဲ႔ တစ္ေန႔ ေဒၚဝိုင္းရဲ႕ ခင္ပြန္း ကိုလူေအးႀကီး ဆုံးပါေလေရာ ပထမတစ္ႏွစ္ ႏွစ္ႏွစ္ေတာ့ အေျခသိပ္မပ်က္ဘူး..သုံး ေလး ႏွစ္ေလာက္လည္းၾကာေရာ ဟိုလူကလိမ္ဒီလူကလိမ္ ၊ သားက အရက္သမား ၊ သမီးက ဖဲသမားဆိုေတာ့ရွိတဲ့လယ္ေတြေရာင္း လိုက္ရတယ္… အဲဒီမွာ မေအႀကီးငုတ္တုတ္ရွိရက္သားကို သားနဲ႔သမီးက

အေမြေတာင္းေတာ့တာပဲ။ရွိတဲ့တိုက္အိမ္ကိုမ်က္ေစာင္းထိုးၾကၿပီေလ.. အဲ့ေတာ့ရပ္ကြက္က ရပ္မိရပ္ဖေတြ တားေနတဲ့ၾကားက ေဒၚဝိုင္းႀကီးတစ္ေယာက္ အိမ္နဲ႔ၿခံကို ေရာင္းၿပီး သားနဲ႔သမီးကို အေမြခြဲေပးလိုက္တယ္။ပထမေတာ့ သားရွိတဲ့ၿမိဳ႕ သမီးရွိတဲ့ၿမိဳ႕ေတြ မွာ တစ္လွည့္စီ လိုက္ေနေသးတယ္။

သားအလိမၼာတုံးေလးက မူးလာတိုင္း အေမအိုႀကီးကို လက္သီးစာ ေျခေထာက္စာေလး ေကြၽးေနေလေတာ့ ဒဏ္မခံႏိုင္ဘူးဆိုၿပီး သမီးရွိတဲ့ၿမိဳ႕ကို တစ္လွည့္သြားေနတာေပါ့. သူ႔သမီးအလိမၼာေလးကလည္း ညညဖဲဝိုင္းမွာ ဒီအဖြားႀကီးကဘုရားအက်ယ္ႀကီးရွိခိုးလို႔ နားညည္းတယ္ဆိုၿပီးဖဲဝိုင္းရွိတဲ့ညတိုင္း အေမအိုႀကီးကို

အိမ္အျပင္ၿခံေထာင့္က ကုကၠိဳပင္ေအာက္ မွာ ဖ်ာခင္းၿပီး အိပ္ခိုင္းတယ္။ေဆာင္းတြင္း ဆိုေတာ့ ေဒၚဝိုင္းတစ္ေယာက္ ၁ ပတ္ေလာက္နဲ႔ ေအာက္ပိုင္းခ်ိၿပီး လမ္းမေလ်ာက္ႏိုင္ေတာ့ဘူး။ ဒါက ေဒၚဝိုင္းဆိုတဲ့ အဖြားႀကီး ရဲ႕ ကိုယ္ေရး အက်ဥ္းဆိုပါေတာ့။ကြၽန္မတို႔သူ႔ကိုျပန္ေတြ႕တဲ့အခ်ိန္မွာ သူ႔မ်က္လုံး

ႏွစ္ဖက္လုံး ကြယ္ေနၿပီ..သားနဲ႔သမီးရွိတဲ့ ၿမိဳ႕ကေန သူ႔ဇာတိကြၽန္ေတာ္တို႔ၿမိဳ႕ေလးဆီျပန္လာၿပီး တုတ္ေကာက္တစ္ေခ်ာင္းအားျပဳလို႔ ႂကြပ္ႂကြပ္အိပ္အနက္ေရာင္အထုပ္ေလးတစ္ထုပ္ကို ခါးမွာခ်ည္ၿပီး ဟိုလူ႔အိမ္က ထမင္းေတာင္း ဒီလူ႔အိမ္က ဟင္းေလးေတာင္နဲ႔ ဘဝေနဝင္ခ်ိန္ကို ဆင္းရဲႀကီးစြာျဖတ္သန္းေနရတယ္။

တစ္ေန႔ေတာ့ လမ္းေဘးမွာလဲေနတဲ့ ေဒၚဝိုင္းကို ဘိုးဘြားရိပ္သာပို႔ဖို႔ရပ္ကြက္ကလူေတြက ကြၽန္မကို တာဝန္ေပးတယ္.. မ်က္စိကမျမင္ ေျခေထာက္က မသန္ အိုမင္းမစြမ္းျဖစ္ေနရွာတဲ့သူ႔အတြက္ အဆင္ေျပမယ့္ဘိုးဘြားရိပ္သာေလးတစ္ခုကို ရွာၿပီးကြၽန္မတို႔ကိုယ္တိုင္ လိုက္ပို႔ေပးခဲ့ပါတယ္..ဘိုးဘြားရိပ္သာကိုေရာက္ေတာ့

နာယကဆရာေတာ္ဆီ မွာခြင့္ပန္ၿပီး ေဒၚဝိုင္းကို အဖြားေဆာင္မွာေနရာေပးတယ္..သူ႔ ခါးမွာ ႀကိဳးနဲ႔ က်စ္ေနေအာင္ အၿမဲခ်ည္ထားတဲ့ ႂကြပ္ႂကြပ္အိပ္အနက္ေရာင္ေလးကို ကြၽန္ေတာ္ကယူၿပီးသူအိပ္ရမယ့္ ကုတင္ေျခရင္းက ေသတၱာေလးထဲ ေျပာင္းထည့္ေပးတာေပါ့.. ႂကြပ္ႂကြပ္အိပ္ေလးထဲမွာ …ေယာဂီထမီ

အေဟာင္းတစ္ထည္ ညစ္ႏြမ္းႏြမ္း သဘက္တစ္ထည္ အဖာရာ ဗလပြနဲ႔ အေႏြးထည္တစ္ထည္ ပန္းကန္ျပားတစ္ခ်ပ္ တစ္စုံတစ္ရာကို လိပ္ထားတဲ့ လက္ကိုင္ပုဝါေလးတစ္ခု..စုစုေပါင္း ပစၥည္း ငါးမ်ိဳး ထြက္လာတယ္..လက္ကိုင္ပုဝါေလးထဲမွာ ဘာမ်ားပါလို႔ ဒီေလာက္တ႐ိုတေသ သိမ္းထားတာပါလိမ့္ဆိုၿပီး

ကြၽန္ေတာ္ေျဖၾကည့္လိုက္တဲ့အခါ…ဟာ…သူ႔အေပၚ ဘဝတစ္သက္တာလုံး ႏွိပ္စက္ခဲ့တဲ့ သူ႔ဘဝကို သူေတာင္းစား သာသာျဖစ္ေအာင္ လုပ္ခဲ့တဲ့ သူ႔ဘဝေနဝင္ခ်ိန္ကို အားကိုးရာမဲ့ေအာင္လုပ္ခဲ့တဲ့ သူ႔ သားနဲ႔ သမီးရဲ႕ ဓာတ္ပုံေလးထြက္လာခဲ့ပါတယ္..ကြၽန္မေလ ရင္စို႔သြားလိုက္တာ ဆိုတာ..မိဘ ေမတၱာ ..မိဘေမတၱာ..

စာဖြဲ႕စရာ စကားလုံးမရွိဘူးဆိုတာ သိပ္မွန္တာပဲကြၽန္မေတြးတယ္ … သူကမ်က္ မျမင္တစ္ေယာက္ ျဖစ္ေနၿပီေလ..ဒီဓာတ္ပုံကို သူသိမ္းထားေတာ့ေရာ ျမင္ရပါ့မလား..ျမင္ႏိုင္လိမ့္မယ္ ထင္ပါတယ္..ေနာ္.. ဒီဓာတ္ပုံကို အဖြားအိုဟာမိခင္ေမတၱာအလင္းနဲ႔ ၾကည့္ၿပီး ခံစားျမင္ႏိုင္ပါလိမ့္မယ္….ပစၥည္းေလးေတြကို ေသတၱာထဲ

စီစီရီရီထည့္ၿပီးကြၽန္မတို႔ျပန္မလို႔ သူ႔ကိုႏႈတ္ဆက္လိုက္တယ္“အဖြား သမီးတို႔ ျပန္ေတာ့ေနာ္…“ေအး..ေအး..ျပန္ေတာ့ ျပန္ေတာ့…” ကြၽန္မလွည့္ထြက္လာတဲ့အခါ အဖြားဝိုင္းကကြၽန္ေတာ့္ကို လွမ္းေခၚတယ္.. “သမီးေလးေရ…အဖြားသားနဲ႔သမီး ကိုမိုးနဲ႔ မေအး က အဖြားကိုလာရွာရင္ အဖြားဒီေရာက္ေနတယ္လို႔လမ္းၫႊန္ လိုက္ပါအုံးေနာ္..”ဘာအေျဖမွ ျပန္မေပးဘဲ ကြၽန္မ စိတ္မေကာင္းစြာ နဲ႔ ဆက္ေလ်ာက္ လာခဲ့တယ္..

တစ္ေန႔ၿပီး တစ္ေန႔……ဘိုးဘြားရိပ္သာတစ္ခုရဲ႕ ကုတင္ေပၚမွာ ပ်င္းရိၿငီးေငြ႕စြာနဲ႔ ထိုင္လိုက္ အိပ္လိုက္ လုပ္ေနရင္း …ဘယ္ေတာ့မွ လာေတြ႕မွာ မဟုတ္တဲ့ သားနဲ႔သမီးကို ေမွ်ာ္လင့္ျခင္းႀကီးစြာ ေစာင့္ေနရင္း … လက္ကိုင္ပုဝါေလးထဲက သားနဲ႔သမီးဓာတ္ပုံကိုကန္းေနတဲ့ မ်က္လုံးေတြနဲ႔ အလြမ္းေျပၾကည့္ရင္း..အဖြားအိုတစ္ေယာက္ဟာ …ဘဝေနဝင္ခ်ိန္ကို ေစာင့္ေမွ်ာ္ျဖတ္သန္း ေနေလေတာ့တယ္…

ယူနီကုဒ် ဖြင့် ဖတ်ရန်

တစ်မြို့လုံးမှာအလှဆုံးတိုက် အိမ်ပိုင်ရှင် သူဌေးမကြီး ဒေါ်ဝိုင်း ခုတော့ ကြေကွဲစွာနဲ့ ဘဝနေဝင်ချိန်ကို စောင့်မျှော်နေရတဲ့ ဘဝ… နင်လားဟဲ့ လောကဓံလို့ပဲပြောရမယ်။အဖွားနာမည်က ဒေါ်ဝိုင်း… ငယ်စဉ်တုန်းကတော့ လယ်နဲ့ယာနဲ့ တင့်တောင့် တင့်တယ် နေနိုင်တဲ့သူ တောသူဌေးပေါ့လေ..

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်က သူ့အိမ်ဟာ ကျွန်တော့် နယ်မြို့လေးရဲ့ အလှဆုံးနဲ့ ပထမဆုံးသော တိုက်အိမ်ပဲ…မှန်တွေတပ်ထားတဲ့ သူ့အိမ်ပြတင်းပေါက်တွေကို တစ်မြို့လုံးက လူတွေ အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတာကို ကျွန်တော်မှတ်မိနေသေးတယ်.. ဒေါ်ဝိုင်းမှာ မောင်မိုးနဲ့ မအေးဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်

စီးပွားရေးလေးကပြေလည်တော့ သားနဲ့သမီးကို အရမ်းအလို လိုက်တာ ယောက်ျားကလည်း လူအေးတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တစ်နေကုန်တောင် စကားတစ်လုံးမပြောတဲ့သူမျိုး… သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ် သလိုဖြစ်ပြီး သူ့သားနဲ့သမီး ဆိုးချက်ဆိုတာ

ကမ်းကုန်တယ် ပြောရမယ်.. အမေကလဲ အလိုလိုက် အဖေက လူအေးဆိုတော့ သောင်းကျန်းချင်တိုင်းသောင်းကျန်းတယ်ဆိုတာလေ..မိဘကို ငယ်ပါနဲ့နှုင်းပြီးဆဲတယ်ဆိုတာကတော့ မနက်တိုင်းကြားရလို့ ရိုးနေပြီ.. စိတ်မထင်ရင် မထင်သလို မအေ ကို ပါးလေးနားလေး ရိုက်တတ်သေးတယ်။

ဒီလိုနဲ့ တစ်နေ့ ဒေါ်ဝိုင်းရဲ့ ခင်ပွန်း ကိုလူအေးကြီး ဆုံးပါလေရော ပထမတစ်နှစ် နှစ်နှစ်တော့ အခြေသိပ်မပျက်ဘူး..သုံး လေး နှစ်လောက်လည်းကြာရော ဟိုလူကလိမ်ဒီလူကလိမ် ၊ သားက အရက်သမား ၊ သမီးက ဖဲသမားဆိုတော့ရှိတဲ့လယ်တွေရောင်း လိုက်ရတယ်… အဲဒီမှာ မအေကြီးငုတ်တုတ်ရှိရက်သားကို သားနဲ့သမီးက

အမွေတောင်းတော့တာပဲ။ရှိတဲ့တိုက်အိမ်ကိုမျက်စောင်းထိုးကြပြီလေ.. အဲ့တော့ရပ်ကွက်က ရပ်မိရပ်ဖတွေ တားနေတဲ့ကြားက ဒေါ်ဝိုင်းကြီးတစ်ယောက် အိမ်နဲ့ခြံကို ရောင်းပြီး သားနဲ့သမီးကို အမွေခွဲပေးလိုက်တယ်။ပထမတော့ သားရှိတဲ့မြို့ သမီးရှိတဲ့မြို့တွေ မှာ တစ်လှည့်စီ လိုက်နေသေးတယ်။

သားအလိမ္မာတုံးလေးက မူးလာတိုင်း အမေအိုကြီးကို လက်သီးစာ ခြေထောက်စာလေး ကျွေးနေလေတော့ ဒဏ်မခံနိုင်ဘူးဆိုပြီး သမီးရှိတဲ့မြို့ကို တစ်လှည့်သွားနေတာပေါ့. သူ့သမီးအလိမ္မာလေးကလည်း ညညဖဲဝိုင်းမှာ ဒီအဖွားကြီးကဘုရားအကျယ်ကြီးရှိခိုးလို့ နားညည်းတယ်ဆိုပြီးဖဲဝိုင်းရှိတဲ့ညတိုင်း အမေအိုကြီးကို

အိမ်အပြင်ခြံထောင့်က ကုက္ကိုပင်အောက် မှာ ဖျာခင်းပြီး အိပ်ခိုင်းတယ်။ဆောင်းတွင်း ဆိုတော့ ဒေါ်ဝိုင်းတစ်ယောက် ၁ ပတ်လောက်နဲ့ အောက်ပိုင်းချိပြီး လမ်းမလျောက်နိုင်တော့ဘူး။ ဒါက ဒေါ်ဝိုင်းဆိုတဲ့ အဖွားကြီး ရဲ့ ကိုယ်ရေး အကျဉ်းဆိုပါတော့။ကျွန်မတို့သူ့ကိုပြန်တွေ့တဲ့အချိန်မှာ သူ့မျက်လုံး

နှစ်ဖက်လုံး ကွယ်နေပြီ..သားနဲ့သမီးရှိတဲ့ မြို့ကနေ သူ့ဇာတိကျွန်တော်တို့မြို့လေးဆီပြန်လာပြီး တုတ်ကောက်တစ်ချောင်းအားပြုလို့ ကြွပ်ကြွပ်အိပ်အနက်ရောင်အထုပ်လေးတစ်ထုပ်ကို ခါးမှာချည်ပြီး ဟိုလူ့အိမ်က ထမင်းတောင်း ဒီလူ့အိမ်က ဟင်းလေးတောင်နဲ့ ဘဝနေဝင်ချိန်ကို ဆင်းရဲကြီးစွာဖြတ်သန်းနေရတယ်။

တစ်နေ့တော့ လမ်းဘေးမှာလဲနေတဲ့ ဒေါ်ဝိုင်းကို ဘိုးဘွားရိပ်သာပို့ဖို့ရပ်ကွက်ကလူတွေက ကျွန်မကို တာဝန်ပေးတယ်.. မျက်စိကမမြင် ခြေထောက်က မသန် အိုမင်းမစွမ်းဖြစ်နေရှာတဲ့သူ့အတွက် အဆင်ပြေမယ့်ဘိုးဘွားရိပ်သာလေးတစ်ခုကို ရှာပြီးကျွန်မတို့ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်..ဘိုးဘွားရိပ်သာကိုရောက်တော့

နာယကဆရာတော်ဆီ မှာခွင့်ပန်ပြီး ဒေါ်ဝိုင်းကို အဖွားဆောင်မှာနေရာပေးတယ်..သူ့ ခါးမှာ ကြိုးနဲ့ ကျစ်နေအောင် အမြဲချည်ထားတဲ့ ကြွပ်ကြွပ်အိပ်အနက်ရောင်လေးကို ကျွန်တော်ကယူပြီးသူအိပ်ရမယ့် ကုတင်ခြေရင်းက သေတ္တာလေးထဲ ပြောင်းထည့်ပေးတာပေါ့.. ကြွပ်ကြွပ်အိပ်လေးထဲမှာ …ယောဂီထမီ

အဟောင်းတစ်ထည် ညစ်နွမ်းနွမ်း သဘက်တစ်ထည် အဖာရာ ဗလပွနဲ့ အနွေးထည်တစ်ထည် ပန်းကန်ပြားတစ်ချပ် တစ်စုံတစ်ရာကို လိပ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ခု..စုစုပေါင်း ပစ္စည်း ငါးမျိုး ထွက်လာတယ်..လက်ကိုင်ပုဝါလေးထဲမှာ ဘာများပါလို့ ဒီလောက်တရိုတသေ သိမ်းထားတာပါလိမ့်ဆိုပြီး

ကျွန်တော်ဖြေကြည့်လိုက်တဲ့အခါ…ဟာ…သူ့အပေါ် ဘဝတစ်သက်တာလုံး နှိပ်စက်ခဲ့တဲ့ သူ့ဘဝကို သူတောင်းစား သာသာဖြစ်အောင် လုပ်ခဲ့တဲ့ သူ့ဘဝနေဝင်ချိန်ကို အားကိုးရာမဲ့အောင်လုပ်ခဲ့တဲ့ သူ့ သားနဲ့ သမီးရဲ့ ဓာတ်ပုံလေးထွက်လာခဲ့ပါတယ်..ကျွန်မလေ ရင်စို့သွားလိုက်တာ ဆိုတာ..မိဘ မေတ္တာ ..မိဘမေတ္တာ..

စာဖွဲ့စရာ စကားလုံးမရှိဘူးဆိုတာ သိပ်မှန်တာပဲကျွန်မတွေးတယ် … သူကမျက် မမြင်တစ်ယောက် ဖြစ်နေပြီလေ..ဒီဓာတ်ပုံကို သူသိမ်းထားတော့ရော မြင်ရပါ့မလား..မြင်နိုင်လိမ့်မယ် ထင်ပါတယ်..နော်.. ဒီဓာတ်ပုံကို အဖွားအိုဟာမိခင်မေတ္တာအလင်းနဲ့ ကြည့်ပြီး ခံစားမြင်နိုင်ပါလိမ့်မယ်….ပစ္စည်းလေးတွေကို သေတ္တာထဲ

စီစီရီရီထည့်ပြီးကျွန်မတို့ပြန်မလို့ သူ့ကိုနှုတ်ဆက်လိုက်တယ်“အဖွား သမီးတို့ ပြန်တော့နော်…“အေး..အေး..ပြန်တော့ ပြန်တော့…” ကျွန်မလှည့်ထွက်လာတဲ့အခါ အဖွားဝိုင်းကကျွန်တော့်ကို လှမ်းခေါ်တယ်.. “သမီးလေးရေ…အဖွားသားနဲ့သမီး ကိုမိုးနဲ့ မအေး က အဖွားကိုလာရှာရင် အဖွားဒီရောက်နေတယ်လို့လမ်းညွှန် လိုက်ပါအုံးနော်..”ဘာအဖြေမှ ပြန်မပေးဘဲ ကျွန်မ စိတ်မကောင်းစွာ နဲ့ ဆက်လျောက် လာခဲ့တယ်..

တစ်နေ့ပြီး တစ်နေ့……ဘိုးဘွားရိပ်သာတစ်ခုရဲ့ ကုတင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်လိုက် အိပ်လိုက် လုပ်နေရင်း …ဘယ်တော့မှ လာတွေ့မှာ မဟုတ်တဲ့ သားနဲ့သမီးကို မျှော်လင့်ခြင်းကြီးစွာ စောင့်နေရင်း … လက်ကိုင်ပုဝါလေးထဲက သားနဲ့သမီးဓာတ်ပုံကိုကန်းနေတဲ့ မျက်လုံးတွေနဲ့ အလွမ်းပြေကြည့်ရင်း..အဖွားအိုတစ်ယောက်ဟာ …ဘဝနေဝင်ချိန်ကို စောင့်မျှော်ဖြတ်သန်း နေလေတော့တယ်…