ေခြးေလးေတြက ကိုယ္ေတြအေပၚ ဘယ္ေလာက္ထိ ခ်စ္ၾကတယ္၊ သံေယာဇဥ္ထားၾကတယ္ဆိုတာ သံသယ ရွိစရာ မလိုပါဘူး။ ဒါေပမယ့္ သူတို႔ေလးေတြကစကားမေျပာတတ္တာေၾကာင့္ သူတို႔ရင္ထဲက ခံစားခ်က္ေတြကို ကိုယ္ေတြသိေအာင္ ဖြင့္ဟမေျပာျပႏိုင္ၾကရွာပါဘူး။
ဒါေၾကာင့္ပဲ တခါတရံ သူတို႔ေလးေတြရဲ႕ ခ်စ္ျခင္းေမတၱာ၊ သံေယာဇဥ္ကို ေပါ့ေပါ့ဆဆပဲ တြက္ဆမိတတ္ၾကပါတယ္။တ႐ုတ္ႏိုင္ငံက မိသားစုတခုမွာလည္း အဲဒီလိုမ်ိဳး အျဖစ္မ်ိဳး ႀကဳံလိုက္ရပါတယ္။ အဆင္မေျပမႈ တခုေၾကာင့္ အခ်စ္ေတာ္ ေခြးေလးကို အဆင္ေျပမယ့္ေနရာမွာ သြားထားခဲ့ေပမယ့္
အဲဒီေခြးေလးက သူ႔ဘာသာ ျပန္လာခဲ့တာပါ။တ႐ုတ္မိသားစုတစ္စုဟာ သူတို႔ရဲ႕အိမ္ကို အသစ္ျပင္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ျဖစ္သလို ေနထိုင္ၾကတဲ့အခ်ိန္မွာ သူတို႔ရဲ႕ အခ်စ္ေတာ္ GR ေခြးေလးကို ေနေရးထိုင္ေရးအဆင္ေျပမယ့္ ေနရာတခုဆီ ခဏပို႔ထားဖို႔
ဆုံးျဖတ္လိုက္ၾကပါတယ္။ဒါေၾကာင့္ မိုင္ေပါင္း (၆၀) ေက်ာ္ေဝးတဲ့ တျခားသူငယ္ခ်င္းတဦးဆီ သြားပို႔ထားလိုက္ၾကပါတယ္။ (၂) နာရီေက်ာ္ ကားစီးရတဲ့ ဒီခရီးမွာ လိုက္ပါလာတဲ့ ေခြးေလးကေတာ့ ခြဲခြာရမယ့္အခ်ိန္ကို မသိတာေၾကာင့္ ေပ်ာ္႐ႊင္ျမဴးတူးေနခဲ့တာပါ။
ဒီလိုနဲ႔ ေခြးေလးကို ထားခဲ့ၿပီး သူတို႔ ျပန္လာခဲ့ၾကပါတယ္။ ေနာက္လအနည္းငယ္အၾကာမွာ ေခြးေလး ေပ်ာက္သြားၿပီဆိုတဲ့ သတင္းၾကားလိုက္ရပါတယ္။ အခ်စ္ေတာ္ ေခြးေလး အခုလို ေပ်ာက္သြားတာေၾကာင့္ သူတို႔ေတြ စိုးရိမ္တႀကီး ျဖစ္သြားရေပမယ့္ ဘာတခုမွေတာ့ ထိထိေရာက္ေရာက္ မလုပ္ေပးႏိုင္ခဲ့ၾကပါဘူး။
ဒါေပမယ့္ ဒီလိုမ်ိဳး သတင္းၾကားၿပီး ႏွစ္ပတ္အၾကာမွာ အိမ္ေဆာက္ေနတဲ့ လက္သမားေတြက ပိန္လွီစုတ္ျပတ္ေနတဲ့ ေခြးေလးတစ္ေကာင္ကို ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ စတင္ သတိထားမိလာၾကပါတယ္။ေခြးေလးခမ်ာ အစာအာဟာရ ခ်ိဳ႕တဲ့ေနၿပီးေျခေခ်ာင္းလက္ေခ်ာင္း
ေတြကလည္း ေယာင္ကိုင္းလို႔ေနပါတယ္။ ဒီထက္ ပိုဆိုးေနတာက အေတာ္ေလး မလန္းမ႐ႊင္ျဖစ္ၿပီး စိတ္ဓါတ္က်ေနတာပါပဲ။စိတ္ေကာင္းရွိတဲ့ အလုပ္သမားေတြက ေခြးေလးကို အနီးက ေခြးေဂဟာတခုဆီ ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။ အဲဒီမွာ ေခြးေလးကို ျပဳစုေစာင့္ေရွာက္ေပးခဲ့ၾကၿပီး
သူ႔အေၾကာင္းကိုလည္း လူမႈကြန္ယက္ေပၚမွာ တင္ေပးခဲ့ပါတယ္။ဒီေခြးေလးက ဘာေၾကာင့္ ဒီလိုမ်ိဳး ထူးထူးဆန္းဆန္း ေရာက္လာခဲ့တာလဲ၊ ပိုင္ရွင္က ဘယ္သူေတြလဲ စသျဖင့္ ေခြးခ်စ္သူေပါင္းမ်ားစြာက စိတ္ဝင္တစားနဲ႔ ကူညီရွာေဖြေပးခဲ့လို႔ ေနာက္ဆုံးမွာေတာ့ မူလပိုင္ရွင္ေတြ အဲဒီပို႔စ္ေလးကို ေတြ႕သြားၾကပါတယ္။
သူတို႔ရဲ႕ အခ်စ္ေတာ္ ေခြးေလးမွန္း ေသခ်ာလို႔ သြားခ်ိန္မွာ တမိသားစုလုံး မ်က္ရည္မဆည္ႏိုင္ေတာ့ပါဘူး။ ေခြးေလးလည္း အလြန္ ေပ်ာ္႐ႊင္သြားပါတယ္။ ေနာက္ဆုံးေတာ့ ခရီးၾကမ္းႀကီးကို ျဖတ္ၿပီး သူ ခ်စ္တဲ့ မိသားစုနဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ခဲ့ပါၿပီ။
သူတို႔ရဲ႕ အခ်စ္ေတာ္ ေခြးေလးမွန္း ေသခ်ာလို႔ သြားခ်ိန္မွာ တမိသားစုလုံး မ်က္ရည္မဆည္ႏိုင္ေတာ့ပါဘူး။ ေခြးေလးလည္း အလြန္ ေပ်ာ္႐ႊင္သြားပါတယ္။ ေနာက္ဆုံးေတာ့ ခရီးၾကမ္းႀကီးကို ျဖတ္ၿပီး သူ ခ်စ္တဲ့ မိသားစုနဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ခဲ့ပါၿပီ။
တခါတရံမွာ ကိုယ့္အေပၚထားတဲ့ ေခြးေလးေတြရဲ႕ သံေယာဇဥ္ကို ေလ်ာ့တြက္မိတတ္ၾကပါတယ္။ ဒီအျဖစ္အပ်က္ေလးကို သင္ခန္းစာယူၿပီး သားသားမီးမီးေလးေတြကို ပိုခ်စ္ၾကပါစို႔ေနာ္။
Unicode
ခွေးလေးတွေက ကိုယ်တွေအပေါ် ဘယ်လောက်ထိ ချစ်ကြတယ်၊ သံယောဇဉ်ထားကြတယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် သူတို့လေးတွေကစကားမပြောတတ်တာကြောင့် သူတို့ရင်ထဲက ခံစားချက်တွေကို ကိုယ်တွေသိအောင် ဖွင့်ဟမပြောပြနိုင်ကြရှာပါဘူး။
ဒါကြောင့်ပဲ တခါတရံ သူတို့လေးတွေရဲ့ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်ကို ပေါ့ပေါ့ဆဆပဲ တွက်ဆမိတတ်ကြပါတယ်။တရုတ်နိုင်ငံက မိသားစုတခုမှာလည်း အဲဒီလိုမျိုး အဖြစ်မျိုး ကြုံလိုက်ရပါတယ်။ အဆင်မပြေမှု တခုကြောင့် အချစ်တော် ခွေးလေးကို အဆင်ပြေမယ့်နေရာမှာ သွားထားခဲ့ပေမယ့်
အဲဒီခွေးလေးက သူ့ဘာသာ ပြန်လာခဲ့တာပါ။တရုတ်မိသားစုတစ်စုဟာ သူတို့ရဲ့အိမ်ကို အသစ်ပြင်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဖြစ်သလို နေထိုင်ကြတဲ့အချိန်မှာ သူတို့ရဲ့ အချစ်တော် GR ခွေးလေးကို နေရေးထိုင်ရေးအဆင်ပြေမယ့် နေရာတခုဆီ ခဏပို့ထားဖို့
ဆုံးဖြတ်လိုက်ကြပါတယ်။ဒါကြောင့် မိုင်ပေါင်း (၆၀) ကျော်ဝေးတဲ့ တခြားသူငယ်ချင်းတဦးဆီ သွားပို့ထားလိုက်ကြပါတယ်။ (၂) နာရီကျော် ကားစီးရတဲ့ ဒီခရီးမှာ လိုက်ပါလာတဲ့ ခွေးလေးကတော့ ခွဲခွာရမယ့်အချိန်ကို မသိတာကြောင့် ပျော်ရွှင်မြူးတူးနေခဲ့တာပါ။
ဒီလိုနဲ့ ခွေးလေးကို ထားခဲ့ပြီး သူတို့ ပြန်လာခဲ့ကြပါတယ်။ နောက်လအနည်းငယ်အကြာမှာ ခွေးလေး ပျောက်သွားပြီဆိုတဲ့ သတင်းကြားလိုက်ရပါတယ်။ အချစ်တော် ခွေးလေး အခုလို ပျောက်သွားတာကြောင့် သူတို့တွေ စိုးရိမ်တကြီး ဖြစ်သွားရပေမယ့် ဘာတခုမှတော့ ထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့ကြပါဘူး။
ဒါပေမယ့် ဒီလိုမျိုး သတင်းကြားပြီး နှစ်ပတ်အကြာမှာ အိမ်ဆောက်နေတဲ့ လက်သမားတွေက ပိန်လှီစုတ်ပြတ်နေတဲ့ ခွေးလေးတစ်ကောင်ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ စတင် သတိထားမိလာကြပါတယ်။ခွေးလေးခမျာ အစာအာဟာရ ချို့တဲ့နေပြီးခြေချောင်းလက်ချောင်း
တွေကလည်း ယောင်ကိုင်းလို့နေပါတယ်။ ဒီထက် ပိုဆိုးနေတာက အတော်လေး မလန်းမရွှင်ဖြစ်ပြီး စိတ်ဓါတ်ကျနေတာပါပဲ။စိတ်ကောင်းရှိတဲ့ အလုပ်သမားတွေက ခွေးလေးကို အနီးက ခွေးဂေဟာတခုဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။ အဲဒီမှာ ခွေးလေးကို ပြုစုစောင့်ရှောက်ပေးခဲ့ကြပြီး
သူ့အကြောင်းကိုလည်း လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။ဒီခွေးလေးက ဘာကြောင့် ဒီလိုမျိုး ထူးထူးဆန်းဆန်း ရောက်လာခဲ့တာလဲ၊ ပိုင်ရှင်က ဘယ်သူတွေလဲ စသဖြင့် ခွေးချစ်သူပေါင်းများစွာက စိတ်ဝင်တစားနဲ့ ကူညီရှာဖွေပေးခဲ့လို့ နောက်ဆုံးမှာတော့ မူလပိုင်ရှင်တွေ အဲဒီပို့စ်လေးကို တွေ့သွားကြပါတယ်။
သူတို့ရဲ့ အချစ်တော် ခွေးလေးမှန်း သေချာလို့ သွားချိန်မှာ တမိသားစုလုံး မျက်ရည်မဆည်နိုင်တော့ပါဘူး။ ခွေးလေးလည်း အလွန် ပျော်ရွှင်သွားပါတယ်။ နောက်ဆုံးတော့ ခရီးကြမ်းကြီးကို ဖြတ်ပြီး သူ ချစ်တဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါပြီ။
သူတို့ရဲ့ အချစ်တော် ခွေးလေးမှန်း သေချာလို့ သွားချိန်မှာ တမိသားစုလုံး မျက်ရည်မဆည်နိုင်တော့ပါဘူး။ ခွေးလေးလည်း အလွန် ပျော်ရွှင်သွားပါတယ်။ နောက်ဆုံးတော့ ခရီးကြမ်းကြီးကို ဖြတ်ပြီး သူ ချစ်တဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါပြီ။
တခါတရံမှာ ကိုယ့်အပေါ်ထားတဲ့ ခွေးလေးတွေရဲ့ သံယောဇဉ်ကို လျော့တွက်မိတတ်ကြပါတယ်။ ဒီအဖြစ်အပျက်လေးကို သင်ခန်းစာယူပြီး သားသားမီးမီးလေးတွေကို ပိုချစ်ကြပါစို့နော်။