ေတာထဲက ရိုင္းစိုင္းတဲ့ ေမ်ာက္အုပ္စုတစ္စုနဲ႔ အေကာင္းဆုံးမိတ္ေဆြျဖစ္လာခဲ့တဲ့ အသက္၂ ႏွစ္အ႐ြယ္ေကာင္ေလး။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) အိႏၵိယနိုင္ငံ Bangalore ၿမိဳ႕အနီးရွိ အသက္ ၂ ႏွစ္အ႐ြယ္
ေကာင္ေလးတစ္ဦးျဖစ္တဲ့ Samarth Bangari ဟာ ရိုင္းစိုင္းတဲ့ langurေမ်ာက္အမ်ိဳးအစား ေမ်ာက္အုပ္စုတစ္စုနဲ႔ ထူးျခားတဲ့ခင္မင္ရင္းႏွီးမႈေၾကာင့္ Jungle စာအုပ္ထဲရွိ မ်က္ေမွာက္ေခတ္ Mowgli အျဖစ္ သတ္မွတ္ခံလိုက္ရပါတယ္။
Bangaloreၿမိဳ႕မွ ကီလိုမီတာ ၄၀၀ အကြာမွာတည္ရွိတဲ့ေက်း႐ြာတစ္႐ြာမွာ Bangari ဟာ တိရိစာၦန္ေတြနဲ႔အတူကစားေနတုန္း ႏွစ္ဒါဇင္နီးပါး မီးခိုးေရာင္အဆင္ရွိတဲ့ langur ေမ်ာက္မ်ားေရာက္လာခဲ့ကာ Bangari နဲ႔တရင္းတႏွီးခင္မင္စြာရွိေနခဲ့တာကို
ပထမဦးဆုံးအႀကိမ္အေနနဲ႔ျမင္ဖူးေၾကာင္း ေအအက္ဖ္ပီ Asiaဝမ္း ကေဖာ္ျပထားပါတယ္။ ဦးေလးျဖစ္သူ Barama Reddy က ေမ်ာက္အေကာင္၂၀ က Bangariအား တိုက္ခိုက္မွာကိုစိုးရိမ္ေနခဲ့ေပမဲ့ အစားအစာေတြေဝမွ်ေပးေနတဲ့ Bangari ရဲ႕ေရွ႕မွာ
langur ေမ်ာက္ေတြဟာ တစုတေဝးနဲ႔ ေအးေဆးတည္ၿငိမ္စြာ ရွိေနခဲ့ၾကပါတယ္။ အဲဒီေန႔ကစၿပီး Langur ေမ်ာက္အုပ္စုဟာ သူတို႔သူငယ္ခ်င္းျဖစ္တဲ့ Bangari ရဲ႕႐ြာကို တစ္ရက္မွမလြတ္ဘဲ ပုံမွန္သြားလာတတ္ၾကသလို Bangari ရဲ႕အိမ္အထိကို
ေရာက္လာကာ Bangari အိပ္ေနရင္ေတာင္ Bangari ကိုနိုးတတ္ၿပီး မထရင္ တစ္နာရီ၊ ႏွစ္နာရီေလာက္ၾကာေအာင္ေစာင့္ေနတတ္ၾကပါေသးတယ္။ Langur ေမ်ာက္ေတြနဲ႔ Bangari တို႔အၾကားက ထူးဆန္းတဲ့ခင္မင္ရင္းႏွီးမႈဟာ တျခား႐ြာသားေတြကို
စိတ္ဝင္တစားရွိေစခဲ့ပါတယ္။ တခ်ိဳ႕က Bangari နဲ႔Langur ေမ်ာက္ေတြအေၾကာင္း တေစ့တေစာင္းသိရဖို႔ အိမ္ကို မၾကာခနလာေခ်ာင္းတတ္ၾကၿပီး ေမ်ာက္ေတြနဲ႔ဆက္သြယ္မႈရွိမရွိကိုသိေစဖို႔အတြက္ ကေလးငယ္တစ္ဦးကို Bangari ရဲ႕ေဘးမွာထားခဲ့ေပမဲ့
ေမ်ာက္ေတြက စိမ္းေနတဲ့မ်က္ႏွာသစ္ကို ရန္လိုတဲ့အျပဳအမူေတြနဲ႔ ျပသခဲ့ပါေသးတယ္။ အဲတာနဲ႔ ႐ြာသူ႐ြာသားေတြက အဲဒီေကာင္ေလးတစ္ဦးတည္းသာ langur ေမ်ာက္အုပ္စုနဲ႔ အဆက္အသြယ္လုပ္နိုင္ေၾကာင္း
ေကာက္ခ်က္ခ်ခဲ့ရပါတယ္။ လူတိုင္းက Bangari ကိုထူးျခားတဲ့ကေလးလို႔ ထင္ျမင္ေနၾကၿပီး ေမ်ာက္ေတြနဲ႔ စကားေျပာနိုင္တယ္လို႔ ယုံၾကည္ေနၾကတယ္လို႔ Reddy က သတင္းေထာက္ေတြကိုေျပာၾကားခဲ့ပါတယ္။ ခရက္ဒစ္
ယူနီကုဒ်ဖြင့် ဖတ်ရန်
တောထဲက ရိုင်းစိုင်းတဲ့ မျောက်အုပ်စုတစ်စုနဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်လာခဲ့တဲ့ အသက်၂ နှစ်အရွယ်ကောင်လေး။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) အိန္ဒိယနိုင်ငံ Bangalore မြို့အနီးရှိ အသက် ၂ နှစ်အရွယ်
ကောင်လေးတစ်ဦးဖြစ်တဲ့ Samarth Bangari ဟာ ရိုင်းစိုင်းတဲ့ langurမျောက်အမျိုးအစား မျောက်အုပ်စုတစ်စုနဲ့ ထူးခြားတဲ့ခင်မင်ရင်းနှီးမှုကြောင့် Jungle စာအုပ်ထဲရှိ မျက်မှောက်ခေတ် Mowgli အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။
Bangaloreမြို့မှ ကီလိုမီတာ ၄၀၀ အကွာမှာတည်ရှိတဲ့ကျေးရွာတစ်ရွာမှာ Bangari ဟာ တိရိစ္ဆာန်တွေနဲ့အတူကစားနေတုန်း နှစ်ဒါဇင်နီးပါး မီးခိုးရောင်အဆင်ရှိတဲ့ langur မျောက်များရောက်လာခဲ့ကာ Bangari နဲ့တရင်းတနှီးခင်မင်စွာရှိနေခဲ့တာကို
ပထမဦးဆုံးအကြိမ်အနေနဲ့မြင်ဖူးကြောင်း အေအက်ဖ်ပီ Asiaဝမ်း ကဖော်ပြထားပါတယ်။ ဦးလေးဖြစ်သူ Barama Reddy က မျောက်အကောင်၂၀ က Bangariအား တိုက်ခိုက်မှာကိုစိုးရိမ်နေခဲ့ပေမဲ့ အစားအစာတွေဝေမျှပေးနေတဲ့ Bangari ရဲ့ရှေ့မှာ
langur မျောက်တွေဟာ တစုတဝေးနဲ့ အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့ကြပါတယ်။ အဲဒီနေ့ကစပြီး Langur မျောက်အုပ်စုဟာ သူတို့သူငယ်ချင်းဖြစ်တဲ့ Bangari ရဲ့ရွာကို တစ်ရက်မှမလွတ်ဘဲ ပုံမှန်သွားလာတတ်ကြသလို Bangari ရဲ့အိမ်အထိကို
ရောက်လာကာ Bangari အိပ်နေရင်တောင် Bangari ကိုနိုးတတ်ပြီး မထရင် တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင်စောင့်နေတတ်ကြပါသေးတယ်။ Langur မျောက်တွေနဲ့ Bangari တို့အကြားက ထူးဆန်းတဲ့ခင်မင်ရင်းနှီးမှုဟာ တခြားရွာသားတွေကို
စိတ်ဝင်တစားရှိစေခဲ့ပါတယ်။ တချို့က Bangari နဲ့Langur မျောက်တွေအကြောင်း တစေ့တစောင်းသိရဖို့ အိမ်ကို မကြာခနလာချောင်းတတ်ကြပြီး မျောက်တွေနဲ့ဆက်သွယ်မှုရှိမရှိကိုသိစေဖို့အတွက် ကလေးငယ်တစ်ဦးကို Bangari ရဲ့ဘေးမှာထားခဲ့ပေမဲ့
မျောက်တွေက စိမ်းနေတဲ့မျက်နှာသစ်ကို ရန်လိုတဲ့အပြုအမူတွေနဲ့ ပြသခဲ့ပါသေးတယ်။ အဲတာနဲ့ ရွာသူရွာသားတွေက အဲဒီကောင်လေးတစ်ဦးတည်းသာ langur မျောက်အုပ်စုနဲ့ အဆက်အသွယ်လုပ်နိုင်ကြောင်း
ကောက်ချက်ချခဲ့ရပါတယ်။ လူတိုင်းက Bangari ကိုထူးခြားတဲ့ကလေးလို့ ထင်မြင်နေကြပြီး မျောက်တွေနဲ့ စကားပြောနိုင်တယ်လို့ ယုံကြည်နေကြတယ်လို့ Reddy က သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ခရက်ဒစ်