သာေကာတို႔နိုင္ငံမွာ တန္ခ်ိန္ ၇၆၀၀ ေလးတဲ့ (၅)ထပ္တိုက္ႀကီးကို စက္႐ုပ္ေျခေထာက္ေတြနဲ႔ ေအာင္ျမင္စြာေရႊ႕ေျပာင္းနိုင္ခဲ့

သာေကာတို႔နိုင္ငံမွာ တန္ ၇၆၀၀ ေလးတဲ့ (၅)ထပ္တိုက္ႀကီးကို စက္႐ုပ္ေျခေထာက္ေတြနဲ႔ ေရႊ႕ေျပာင္းခဲ့။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ေပါက္ေဖာ္နိုင္ငံ ရွန္ဟိုင္းၿမိဳ့မွာ ၈၅ ႏွစ္ သက္တမ္းရွိတဲ့သမိုင္းဝင္စာသင္ေက်ာင္း

အေဆာက္အအုံႀကီးတစ္ခုကို စက္႐ုပ္ေျခေထာက္ ၁၉၈ ခုအသုံးျပဳၿပီး အင္ဂ်င္နီယာေတြက ေအာင္ျမင္စြာေရႊ႕ေျပာင္းေပးနိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေပါက္ေဖာ္နိုင္ငံမွာ အိုေဟာင္းေနတဲ့ အေဆာက္အအုံေတြကို

ေရႊ႕ေျပာင္းေနက်ဆိုေပမယ့္ Lagena မူလတန္းေက်ာင္းဟာ တန္ခ်ိန္ ၇၆၀၀ အေလးခ်ိန္ရွိတဲ့အျပင္ ထူးျခားတဲ့ပုံသဏၭာန္ရွိတာေၾကာင့္ အင္ဂ်င္နီယာေတြအတြက္ စိန္ေခၚမွုတစ္ခုျဖစ္ခဲ့ရပါတယ္ ေနာက္ဆုံးမွာေတာ့

ဟိုက္ဒေရာလစ္ေျခေထာက္ ၁၉၈ ခုကိုအသုံးျပဳျပီး ေက်ာင္းႀကီးကို ၁၈ ရက္ေက်ာ္အတြင္း ၂၀၃ ေပအကြာအေဝးကို ေရႊ႕ေျပာင္းနိုင္ခဲ့ပါတယ္။ ဒီလိုေရႊ႕ေျပာင္းမွုဟာ ကမၻာေပၚ မွာ ပထမဆုံးမဟုတ္ေပမယ့္ စက္႐ုပ္ေျခေထာက္ေတြကို

အသုံးျပဳတာကေတာ့ ပထမဆုံးျဖစ္ပါတယ္။ လူသားေတြရဲ့ေျခေထာက္ကိုတုပထားတဲ့ စက္႐ုပ္ေျခေထာက္ေတြဟာ သမားရိုးက်ေရႊ႕ေျပာင္းတဲ့နည္းစနစ္ေတြထက္ ပိုမိုေကာင္းမြန္ၿပီး ၂၀ ရာခိုင္ႏွုန္းအခ်ိန္ကုန္သက္သာေစပါတယ္။

ဒီေျခေထာက္ေတြေၾကာင့္လည္း အင္ဂ်င္နီယာေတြဟာ အေဆာက္အအုံ ႀကီးကို ၂၀ ဒီဂရီလွည့္နိုင္ခဲ့ပါတယ္။ ၁၉၃၅ ခုႏွစ္ကတည္ေဆာက္ခဲ့တဲ့စာသင္ေက်ာင္းကို ကုန္သြယ္ေရးစင္တာသစ္ တည္ေဆာက္ဖို႔

ေရႊ႕ေျပာင္းခဲ့တာ ျဖစ္ပါတယ္။ အာဏာပိုင္ေတြက စာသင္ေက်ာင္းကို ျဖိဳခ်မယ့္အစား သမိုင္းဝင္အေဆာက္အအုံျဖစ္တာေၾကာင့္ ေနရာေရႊ႕ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သာကောတို့နိုင်ငံမှာ တန် ၇၆၀၀ လေးတဲ့ (၅)ထပ်တိုက်ကြီးကို စက်ရုပ်ခြေထောက်တွေနဲ့ ရွှေ့ပြောင်းခဲ့။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ပေါက်ဖော်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ၈၅ နှစ် သက်တမ်းရှိတဲ့သမိုင်းဝင်စာသင်ကျောင်း

အဆောက်အအုံကြီးတစ်ခုကို စက်ရုပ်ခြေထောက် ၁၉၈ ခုအသုံးပြုပြီး အင်ဂျင်နီယာတွေက အောင်မြင်စွာရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ဖော်နိုင်ငံမှာ အိုဟောင်းနေတဲ့ အဆောက်အအုံတွေကို

ရွှေ့ပြောင်းနေကျဆိုပေမယ့် Lagena မူလတန်းကျောင်းဟာ တန်ချိန် ၇၆၀၀ အလေးချိန်ရှိတဲ့အပြင် ထူးခြားတဲ့ပုံသဏ္ဌာန်ရှိတာကြောင့် အင်ဂျင်နီယာတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ရပါတယ် နောက်ဆုံးမှာတော့

ဟိုက်ဒရောလစ်ခြေထောက် ၁၉၈ ခုကိုအသုံးပြုပြီး ကျောင်းကြီးကို ၁၈ ရက်ကျော်အတွင်း ၂၀၃ ပေအကွာအဝေးကို ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ ဒီလိုရွှေ့ပြောင်းမှုဟာ ကမ္ဘာပေါ် မှာ ပထမဆုံးမဟုတ်ပေမယ့် စက်ရုပ်ခြေထောက်တွေကို

အသုံးပြုတာကတော့ ပထမဆုံးဖြစ်ပါတယ်။ လူသားတွေရဲ့ခြေထောက်ကိုတုပထားတဲ့ စက်ရုပ်ခြေထောက်တွေဟာ သမားရိုးကျရွှေ့ပြောင်းတဲ့နည်းစနစ်တွေထက် ပိုမိုကောင်းမွန်ပြီး ၂၀ ရာခိုင်နှုန်းအချိန်ကုန်သက်သာစေပါတယ်။

ဒီခြေထောက်တွေကြောင့်လည်း အင်ဂျင်နီယာတွေဟာ အဆောက်အအုံ ကြီးကို ၂၀ ဒီဂရီလှည့်နိုင်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်ကတည်ဆောက်ခဲ့တဲ့စာသင်ကျောင်းကို ကုန်သွယ်ရေးစင်တာသစ် တည်ဆောက်ဖို့

ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက စာသင်ကျောင်းကို ဖြိုချမယ့်အစား သမိုင်းဝင်အဆောက်အအုံဖြစ်တာကြောင့် နေရာရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ခရက်ဒစ်