မေးခွန်း(၁) – (ဃ)နာမည်။ မေးခွန်း(၂) – (ဃ)ပန်းကန်။ မေးခွန်း(၃) – (ဂ)ကြက်ဥ။ မေးခွန်း(၄) – (ခ)ရေမြှုပ်။ မေးခွန်း(၅) – (ဃ)နာရီ။ မေးခွန်း(၆) – (ဃ)ညီမ။ မေးခွန်း(၇) – (က)ပြဿနာ။ မေးခွန်း(၈) – (ခ)တိမ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဒီဉာဏ်စမ်းမေးခွန်း (၈)ခုမှာ (၄)ခုလောက်ကို မှန်အောင်ဖြေနိုင်ရင် သင်ဟာဆရာကြီးပါပဲ။ တစ်ခါတလေမှာ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့ ခက်ခက်ခဲခဲတွေ စဉ်းစားနေစရာမလိုပါဘူး။
၁။ သူက သင်ပိုင်ဆိုင်တဲ့အရာဆိုပေမဲ့လည်း သင်ကိုယ်တိုင်သိပ်မသုံးရပဲ တစ်ခြားလူတွေကသာ အများဆုံးအသုံးပြုပါတယ်။ ဘယ်အရာဖြစ်မလဲ။ (က) စာအုပ် (ခ) ဖိနပ် (ဂ) ဘောပင် (ဃ) နာမည်
၂။ လူတွေက အဲဒီအရာကို စားဖို့ဝယ်ကြပေမဲ့လည်း တစ်ကယ်တမ်းကျတော့ မစားကြပါဘူး။ ဘယ်အရာဖြစ်မလဲ။ (က) ဂျုံမှုန့် (ခ) ဆား (ဂ) ငရုတ်သီး (ဃ) ပန်းကန်
၃။ အဲဒီအရာကို လူတိုင်း အလွယ်တကူဖွင့်နိုင်ပေမဲ့ ဘယ်လိုပြန်ပိတ်ရမလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဘယ်အရာဖြစ်မလဲ။ (က) တိတ်ဆိတ်မှု (ခ) တံခါး (ဂ) ကြက်ဥ (ဃ) ကွန်ပျူတာ
၄။ သူ့မှာ အပေါက်တွေအများကြီးရှိပေမဲ့လည်း ရေတွေကို သယ်ထားနိုင်ပါသေးတယ်။ ဘယ်အရာဖြစ်မလဲ။ (က) ခွက် (ခ) ရေမြှုပ် (ဂ) ပုံး (ဃ) ရေတွင်း
၅။ သူ့မှာ လက်တွေရှိပေမဲ့ လက်ခုပ်မတီးနိုင်ပါဘူး။ ဘယ်အရာဖြစ်မလဲ။ (က) ပုရွက်ဆိတ် (ခ) ပန်းကန် (ဂ) ခရု (ဃ) နာရီ
၆။ သင်က ကျွန်ုပ်ရဲ့အစ်ကိုပါ။ ဒါပေမယ့် ကျွန်ုပ်က သင့်ရဲ့ညီလည်းမဟုတ်ပါဘူး။ ဒါဆို ကျွန်ုပ်က သင်နဲ့ဘာတော်ပါသလဲ? (က) အဖေ (ခ) အမေ (ဂ) သမီး (ဃ) ညီမ
၇။ သူ့ကို အလွယ်တကူ ဖြစ်အောင်လုပ်နိုင်ပေမယ့် အလွယ်တကူတော့ မရှင်းပစ်နိုင်ပါဘူး။ ဘယ်အရာဖြစ်မလဲ။ (က) ပြဿနာ (ခ) သဲ (ဂ) ဆိုင်တန်း (ဃ) သံခမောက်
၈။ အတောင်ပံတွေမရှိပေမယ့်လည်း ပျံနိုင်တဲ့အပြင် မျက်လုံးတွေမရှိပေမယ့်လည်း ငိုနိုင်တဲ့အရာက ဘယ်အရာဖြစ်မလဲ။ (က) လေယာဉ်ပျံ (ခ) တိမ် (ဂ) လေပူပေါင်း (ဃ) ကျီးကန်း
မေးခွန်း(၁) – (ဃ)နာမည်။ မေးခွန်း(၂) – (ဃ)ပန်းကန်။ မေးခွန်း(၃) – (ဂ)ကြက်ဥ။ မေးခွန်း(၄) – (ခ)ရေမြှုပ်။ မေးခွန်း(၅) – (ဃ)နာရီ။ မေးခွန်း(၆) – (ဃ)ညီမ။ မေးခွန်း(၇) – (က)ပြဿနာ။ မေးခွန်း(၈) – (ခ)တိမ်