မိသားစုက ဆင္းရဲလြန္းလို႔ မွတ္စုေရးဖို႔ စာအုပ္ဖိုးမတတ္နိုင္တာေၾကာင့္ မွတ္စုစာအုပ္အျဖစ္ ငွက္ေပ်ာရြက္ကို အသုံးျပဳခဲ့ရတဲ့ေက်ာင္းသားေလး

(Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ေက်ာင္းသားအမ်ားစုဟာ သူတို့မိဘေတြဝယ္ေပးတဲ့ ေက်ာင္းသုံးကိရိယာပစၥည္းေတြကို ျပည့္ျပည့္စုံစုံနဲ႔ အသုံးျပဳၾကရပါတယ္။ ကံမေကာင္းစြာနဲ႔ ကေလးအခ်ိဳ႕ဟာ ကံမေကာင္းေပမဲ့

ဒီေက်ာင္းသားတစ္ဦးကေတာ့ ဆင္းရဲႏြမ္းပါးမွုကို ေကာင္းမြန္တဲ့နည္းလမ္းနဲ႔ ေျပာင္းလဲအသုံးခ်ခဲ့ပါတယ္။ အဆိုပါေက်ာင္းသားဟာ မွတ္စုစာအုပ္မတတ္နိုင္တဲ့အခ်ိန္မွာ ႀကံဖန္တီထြင္ခဲ့တာပါ။ ဖိလစ္ပိုင္နိုင္ငံ Lianga အမ်ိဳးသားဘက္စုံေက်ာင္းက Erlande Monter

အမည္ရွိတဲ့ အဆိုပါေက်ာင္းသားဟာ ပညာေရးကို လက္မလႊတ္ခ်င္သူျဖစ္ၿပီး ေရးထည့္ဖို႔မွတ္စုစာအုပ္မရွိတာေၾကာင့္ သူ႔ရဲ႕ျဖတ္ထိုးဉာဏ္ကို အသုံးခ်ကာ သက္ေသျပဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အံ့ဩစရာေကာင္းေလာက္ေအာင္ အဆိုပါလိမၼာပါးနပ္တဲ့ေက်ာင္းသားဟာ

ငွက္ေပ်ာရြက္အခ်ိဳ့ကိုယူလာၿပီး အတန္းထဲမွာ သူ႔ရဲ႕မွတ္စုစာေတြကို ငွက္ေပ်ာရြက္ေပၚခ်ေရးျပခဲ့တာပါ။ သူ႔ရဲ႕အေၾကာင္းကို သူ႔ဆရာမ Arcilyn Azarconက ေဖ့စ္ဘြတ္ေပၚ မၽွေဝခဲ့ပါတယ္။ Azarconက ေက်ာင္းသားေတြကို မွတ္စုကူးဖို႔ညႊန္ၾကားခဲ့ၿပီး အတန္းထဲ

လွည့္ပတ္ၾကည့္ရင္း ငွက္ေပ်ာရြက္ထဲ မွတ္စုေရးထည့္ေနတဲ့ Monterကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ Monterက သူ႔လုပ္ရပ္ကို ရွက္မေနခဲ့ဘဲ သူေရးတဲ့မွတ္စုက မွန္ရဲ႕လားဆိုတာကို စစ္ေဆးေပးဖို႔ ဆရာမကို ေနာက္ေျပာင္ေမးျမန္းခဲ့ပါေသးတယ္

ဆိုထားပါေသးတယ္ မိသားစုကဆင္းရဲေနေပမဲ့ Monter ဟာ ဆင္းရဲမႈေၾကာင့္ သူ႔အိမ္မက္ကို လက္လႊတ္မခံရဖို႔ အခိုင္အမာ စိတ္ဆုံးျဖတ္ထားခဲ့တာပါ။ Monterရဲ့ဇာတ္လမ္းဟာ ဆင္းရဲျခင္းက လူတစ္ေယာက္ရဲ႕အိမ္မက္ေတြအတြက္ အတားအဆီးတစ္ခု

ျဖစ္ေနတယ္လို႔ ေတြးထင္ေနတဲ့ ဘယ္သူမဆိုအတြက္ အမွန္တကယ္ လွံု႔ေဆာ္မႈတစ္ခုျဖစ္ေစပါတယ္။ အဆိုပါငယ္ရြယ္ထက္ျမက္တဲ့ေက်ာင္းသားလည္း သူ႔ရဲ့ေရွ႕ဆက္မယ့္ဘဝပန္းတိုင္ကို ေအာင္ျမင္စြာ ျဖတ္သန္းနိုင္မယ္လို့လည္း ေမၽွာ္လင့္ေနမိပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ကျောင်းသားအများစုဟာ သူတို့မိဘတွေဝယ်ပေးတဲ့ ကျောင်းသုံးကိရိယာပစ္စည်းတွေကို ပြည့်ပြည့်စုံစုံနဲ့ အသုံးပြုကြရပါတယ်။ ကံမကောင်းစွာနဲ့ ကလေးအချို့ဟာ ကံမကောင်းပေမဲ့

ဒီကျောင်းသားတစ်ဦးကတော့ ဆင်းရဲနွမ်းပါးမှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပြောင်းလဲအသုံးချခဲ့ပါတယ်။ အဆိုပါကျောင်းသားဟာ မှတ်စုစာအုပ်မတတ်နိုင်တဲ့အချိန်မှာ ကြံဖန်တီထွင်ခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံ Lianga အမျိုးသားဘက်စုံကျောင်းက Erlande Monter

အမည်ရှိတဲ့ အဆိုပါကျောင်းသားဟာ ပညာရေးကို လက်မလွှတ်ချင်သူဖြစ်ပြီး ရေးထည့်ဖို့မှတ်စုစာအုပ်မရှိတာကြောင့် သူ့ရဲ့ဖြတ်ထိုးဉာဏ်ကို အသုံးချကာ သက်သေပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အံ့ဩစရာကောင်းလောက်အောင် အဆိုပါလိမ္မာပါးနပ်တဲ့ကျောင်းသားဟာ

ငှက်ပျောရွက်အချို့ကိုယူလာပြီး အတန်းထဲမှာ သူ့ရဲ့မှတ်စုစာတွေကို ငှက်ပျောရွက်ပေါ်ချရေးပြခဲ့တာပါ။ သူ့ရဲ့အကြောင်းကို သူ့ဆရာမ Arcilyn Azarconက ဖေ့စ်ဘွတ်ပေါ် မျှဝေခဲ့ပါတယ်။ Azarconက ကျောင်းသားတွေကို မှတ်စုကူးဖို့ညွှန်ကြားခဲ့ပြီး အတန်းထဲ

လှည့်ပတ်ကြည့်ရင်း ငှက်ပျောရွက်ထဲ မှတ်စုရေးထည့်နေတဲ့ Monterကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ Monterက သူ့လုပ်ရပ်ကို ရှက်မနေခဲ့ဘဲ သူရေးတဲ့မှတ်စုက မှန်ရဲ့လားဆိုတာကို စစ်ဆေးပေးဖို့ ဆရာမကို နောက်ပြောင်မေးမြန်းခဲ့ပါသေးတယ်

ဆိုထားပါသေးတယ် မိသားစုကဆင်းရဲနေပေမဲ့ Monter ဟာ ဆင်းရဲမှုကြောင့် သူ့အိမ်မက်ကို လက်လွှတ်မခံရဖို့ အခိုင်အမာ စိတ်ဆုံးဖြတ်ထားခဲ့တာပါ။ Monterရဲ့ဇာတ်လမ်းဟာ ဆင်းရဲခြင်းက လူတစ်ယောက်ရဲ့အိမ်မက်တွေအတွက် အတားအဆီးတစ်ခု

ဖြစ်နေတယ်လို့ တွေးထင်နေတဲ့ ဘယ်သူမဆိုအတွက် အမှန်တကယ် လှုံ့ဆော်မှုတစ်ခုဖြစ်စေပါတယ်။ အဆိုပါငယ်ရွယ်ထက်မြက်တဲ့ကျောင်းသားလည်း သူ့ရဲ့ရှေ့ဆက်မယ့်ဘဝပန်းတိုင်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်မယ်လို့လည်း မျှော်လင့်နေမိပါတယ်။ ခရက်ဒစ်