(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယူနီကုဒ်ဖြင့် ဖတ်ရန်
မင်္ဂလာပါပရိသတ်ကြီးရေ ဒီနေ့မှာတော့ သိကြားမင်းတောင်မနိုင်တဲ့ သူပုန်ဘေးကြီးအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေမှာ အကုသိုလ်တွေ သိပ်များလာရင် ကြောက်ဖို့ကောင်းပါတယ်။ ကပ်ရောဂါတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်နေကြရတယ်။
ဒီကပ်ရောဂါကို ကာကွယ်ဖို့က သီလလုံခြုံအောင်ထိန်းသိမ်းပြီး ကုသိုလ်တွေ များများပြုလုပ်ပေးနိုင်မှသာ ကပ်ရောဂါမှလွတ်မြောက်နိုင်မယ်လို့ ဆရာတော်ကြီးတွေ မိန့်ဆိုဖူးပါတယ်။ သီဟိုဠ်မှာ ဗြဟ္မဏတိဿ သူပုန်ဘေးကြီး ဆိုက်ရောက်တဲ့အခါ လူတွေရော
ရဟန်းသံဃာတွေပါ တောထဲမှာပုန်းအောင်းပြီး နေထိုင်ကြရတယ်။ တောထဲက သစ်သီးသစ်ဖုတွေနဲ့ ရောင့်ရဲတင်းတိမ်ကြရတယ်။ ဘုရားကျောင်းကန်တွေဟာလည်း ဖျက်ဆီးတဲ့သူတွေရဲ့ လက်ချက်ကြောင့် ဖရိုဖရဲဖြစ်လာခဲ့တယ်။ ပြုပြင်ထိန်းသိမ်းကြတဲ့
စောင့်ရှောက်ကြတဲ့သူတွေလည်း မရှိကြတော့ဘူး။ သာသနာတော်ကြီးဟာ နှစ်အနည်းငယ်အတွင်း ပျက်ဆီးရမယ့်ကိန်းလည်း ကြုံခဲ့ရတယ်။ အဲဒီအခါမှာ သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာ မြကျောက်ဖျာဟာ မာကျောပြီးပူရှိန်းလာခဲ့တယ်။ ဒီလိုနဲ့သိကြားမင်းဟာ
လူ့ပြည်ကိုသက်ဆင်းပြီး ကြည့်တော်မူတယ်ဆိုရင်ပဲ သူပုန်ဘေးဆိုးကြီးကို မြင်တွေ့သတဲ့။ ဒီအခါ သိကြားမင်းဟာ သီဟိုဠ်ကတောထဲတောင်ထဲမှာ သီတင်းသုံးနေတဲ့ ရဟန္တာတစ်ပါးဆီကိုသွားပြီးတော့ လျှောက်ထားတယ်။ သိကြားမင်းက`မှန်လှပါဘုရား
တပည့်တော်လည်း ဒီတစ်ကြိမ်တော့ အဲဒီလောက်ပဲတတ်နိုင်လို့ပါဘုရား´ဆိုပြီး လျှောက်ထားတောင်းပန်သတဲ့။ တကယ့်သူပုန်ဘေးကြီးလာရင် သိကြားမင်းတောင်မတတ်နိုင်ပါဘူး။
နောက်ဆုံးမှာ ရဟန်းတွေနဲ့လူတွေကပဲ အသိသတိနှင့် လုံ့လဝိရိယထားပြီး ကာကွယ်ခဲ့ကြရတာပါ။ ဖတ်ရှု့အားပေးတဲ့ပရိသတ်ကြီးလည်း မင်္ဂလာရှိသောနေ့လေးမှာ ကုသိုလ်တရားပွားများပြီး ကပ်ဘေးမှ လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်