မြွေအကြေးခွံများနှင့်တူသည့် ထူးခြားတဲ့ သဘာဝကျောက်ဖျာမျက်နှာပြင်ကြီးကိုထပ်မံတွေ့ရှိပြန်
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
SiThuMaung
Unicode
ထိုင်းနိုင်ငံရဲ့အရှေ့ဘက် အီစံပြည်နယ် ဘွန့်ကန်းခရိုင် ဘွန့်စေကားမြို့နယ်ရဲ့အရှေ့မြောက်ဘက် လာအိုနိုင်ငံနယ်စပ်မျဉ်း ၊ မဲခေါင်မြစ်ကမ်းနှင့် ၂ ကီလိုသာဝေးကွာတဲ့ ဧက ၆ သောင်းကျော်ခန့် ကျယ်ဝန်းပြီး
အမြဲစိမ်းတောသဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းကြီးထဲတွင် ပင်လယ်ရေမျက်နှာပြင်အမြင့်
၁၃၅၀ ခန့်အနိမ့်အမြင့်မညီညာတဲ့ “ ဖူဝိုးဝါး “ ကျောက်တောင်ချောက်ကမ်းပါးယံစောင်းကြီးများစွာရှိပါတယ် ။
အဲ့ဒီအနီးအနားကကျောက်ကမ်းပါးယံများတွင် နှစ်ပေါင်းများစွာကရေစီးလမ်းကြောင်းများက ထူးဆန်းစွာ
မြွေကြီးတစ်ကောင်ရဲ့အကြေးခွံကွက်ကြီးများသဖွယ် ဖြစ်ပေါ်နေတာမို့ စိတ်ဝင်စားသူများသွားရောက်လည်ပတ်လျှက်ရှိကြသလို
တစ်ချို့လည်းယုံကြည်ရာဆုတောင်းပူဇော်ပသကာ သုံးလုံးဂဏန်းတောင်းသူများလည်းရှိကြသည်ဟုဆိုပြန်သည် ။
ယခင်က ဘွန့်ခိုလုံမြို့နယ်ထဲက “ ဖူလန်ကား “ တောင်ပေါ်တွင် ရှိသည့် ဧရာမသဘဝမြွေနဂါးဂူကြီးနှင့်လည်းအလှမ်းဝေးပြန်သည် ။
ဘွန့်ကန်းပြည်နယ်တွင်ထိုကဲ့သို့သောသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ထူးခြားဆန်းပြားတဲ့ဧရာမ ဝေလငါးမိသားစု ၃ ကောင်ပုံသဏ္ဍန်ကျောက်တုံးကြီး ၃တုံးကလည်း မယ်ခေါင်မြစ်ကမ်းနှင့်မနီးမဝေးတွင်ရှိပါသည် ။ Photo Crd  Tanakorn
SiThuMaung