ၾကမ္းပိုးဆိုတာ နီနီရဲရဲ ဗိုက္ေဖာင္းေဖာင္းနဲ႔ လူေတြရဲ႕ေသြးကိုစုပ္ၿပီးေနထိုင္ၾကတဲ့ ေသြးစုပ္ေကာင္အေသးစားေလးေတြပါ။ သူတို႔ကို မိလို႔သတ္လိုက္မိျပန္ရင္လည္း အနံ႔က ဆိုးပါဘိျခင္း၊ ဒါတင္ပဲလားဆိုေတာ့မဟုတ္ေသး၊ ၾကမ္းပိုးေသြးကို တစ္ေနရာရာမွာသုတ္လိုက္မိရင္ အဲ့ေသြးအနံ႔ရတဲ့ေနရာကိုအျခားၾကမ္းပိုးေတြကလာ အိမ္လုပ္၊ ဥေတြဥ ေနထိုင္ေပါက္ဖြားၾကနဲ႔ ေတာ္ေတာ္ေလးကိုအန္ခ်င္စရာ စိတ္ဆင္းရဲစရာ ကပ္ပါးသတၱဝါေလးေတြပါ။
အေကာင္ေသးေသးေလးေတြမို႔ အထင္မေသးနဲ႔ တစ္ပတ္အတြင္းႀကီးလာၾကတာဗ်ား။ ေရထဲခ်ရင္လည္းမေသ၊ အၾကာႀကီးေသြးမေသာက္ရရင္လည္း ျဖဴေဖ်ာ့ျပားကပ္ေနတာကလြဲလို႔ သူတို႔ကေတာ့ေနသာသာပဲ ၊ေသြးနည္းနည္းေသာက္လိုက္ရတာနဲ႔ ခ်က္ခ်င္းကို စိုေျပဝၿဖိဳးၿပီး နဂိုေနအပ်ိဳရည္ျပန္ျဖစ္လာၾကတာကိုး။
ဒီလို ေၾကာက္စရာ ႐ြံစရာ စိတ္ဆင္းရဲစရာအေကာင္ေလးေတြကို ဘယ္လိုရွင္းလင္းသုတ္သင္ၾကမလဲတဲ့။ ခက္ေတာ့မခက္ပါဘူး၊အလုပ္ကေတာ့ ရႈပ္မယ္ေပါ့။ ကဲ လုပ္ထုံးလုပ္နည္းအျဖာျဖာကိုၾကည့္လိုက္ရေအာင္။
အိပ္ခန္းနဲ႔ တစ္အိမ္လုံးကိုေသခ်ာသန္႔္ရွင္းပါ။ ။ ဒါေတြကေတာ့ အေထြအထူး လမ္းၫႊန္ေနစရာမလိုတဲ့ကိစၥပါ။ တစ္အိမ္လုံးကို ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြပါမက်န္ Dettol လိုပိုးသတ္ေဆးေတြျဖန္းၿပီး ၾကမ္းေတြတိုက္ပစ္ပါ။ အထူးသျဖင့္ အိပ္ရာေတြ ေခါင္းအုံးေတြကို ေသခ်ာေလွ်ာ္ဖြပ္ေနေရာင္ျပပါ။
အထပ္ျမင့္ ေတြမွာေနလို႔ ေနေရာင္ေကာင္းေကာင္းမရဘူးဆိုရင္လည္း စိတ္မပူပါနဲ႔ ေျခာက္သင့္သေလာက္ေျခာက္ၿပီဆိုရင္ မီးပူတိုက္လိုက္လို႔ရပါတယ္။ အဓိကကေတာ့ မီးအရွိန္ေကာင္းဖို႔ပါပဲ။ အဝတ္ဗီ႐ိုေတြ စားပြဲခုံေတြ ၾကမ္းႀကိဳၾကမ္းၾကားေတြပါမက်န္ အခ်ိန္ယူၿပီးသန႔္စင္တိုက္ခြၽတ္ပါ။
ဖုန္စုပ္စက္ကိုအသုံးျပဳပါ။ ၾကမ္းေတြအကုန္တိုက္ၿပီးၿပီဆိုရင္ေတာ့ ဖုန္စုပ္စက္ (မရွိရင္ ဖုန္စုပ္စက္ငွားတဲ့ေနရာေတြရွိပါတယ္၊ စုံစမ္းၾကည့္ပါ) ထဲက အပူခ်ိန္ကိုျမႇင့္ၿပီးတိုက္ခြၽတ္ေဆးေၾကာထားတဲ့ၾကမ္းေတြေပၚ၊ ေကာ္ေဇာေတြေပၚတိုက္ေပးပါ။ တကယ္လို႔ သင့္အိမ္မွာ ၾကမ္းပိုးဥေတြက်န္ေနေသးရင္ ဖုန္စုပ္စက္က အဲ့ဒါေတြအကုန္လုံးကိုစုပ္ယူေပးသြားပါလိမ့္မယ္။
ၾကမ္းပိုးေတြကို ေျမာက္ဝင္႐ိုးစြန္းကိုလိုက္ျပလိုက္ပါ သူတို႔အတြက္ေျမာက္ဝင္႐ိုးစြန္းကေတာ့ ေရခဲေသတၱာ ဒါမွမဟုတ္ freezer ပါပဲ။ ၾကမ္းပိုးေတြ ဖယ္ရွားသန႔္စင္ၿပီးသြားတဲ့ အိပ္ရာခင္းေတြေစာင္ေတြကို ေရခဲေသတၱာထဲမွာ တစ္ပတ္ေလာက္ ထည့္ထားေပးပါ။
ေရခဲတဲ့ေနရာမွာထည့္ရမွာပါ။ ဒါကနည္းနည္းေတာ့ေၾကာင္ေတာင္ေတာင္ႏိုင္ေပမယ့္ တကယ္အလုပ္ျဖစ္တဲ့နည္းဆိုတာ ပညာရွင္ေတြအားလုံးက တညီတၫြတ္တည္းေထာက္ခံထားၾကပါတယ္။ ေရခဲမႈန္ေတြရဲ႕ခြၽန္ျမတဲ့အစြန္းေတြက ၾကမ္းပိုးေတြကို ေသေစႏိုင္တာမို႔ အႂကြင္းအက်န္အကပ္အသပ္ေတြရွိေနေသးရင္ အကုန္လုံးက ေရခဲေသတၱာထဲမွာ ဇီဝိန္ေႂကြသြားၾကပါလိမ့္မယ္။
ထုံးျဖဴးပါ။ ။ ဒါကေတာ့ ၾကမ္းခင္းေတြ ဗီ႐ိုၾကမ္းျပင္ေတြအတြက္ပါ။ ၾကမ္းအခင္း အစင္းေၾကာင္းေလးေတြထဲကိုထုံးေတြလိုက္ျဖဴးေပးပါ။ထုံးအမႈန္ေတြမွာလည္း ေရခဲလိုပဲ ခြၽန္ျမတဲ့ အစြန္းေတြရွိတဲ့အျပင္ အင္းဆက္ပိုးမႊားေတြကိုေသေစႏိုင္တဲ့အစြမ္းသတၱိလည္းရွိတာေၾကာင့္တစ္ပတ္တစ္ခါေလာက္ျဖဴးေပးရင္ ဘယ္ၾကမ္းပိုးမွေနႏိုင္မယ္မဟုတ္ပါဘူး။
ျဖဴးၿပီးရင္ေတာ့ၾကမ္းတိုက္တဲ့အဆင့္ေတြလုပ္ရင္လုပ္ အေပၚကေကာ္ေဇာနဲ႔အုပ္ရင္အုပ္ေပါ့ေလ၊ဧည့္ခန္းထဲမွာ ၾကမ္းျပင္ေတြကျဖဴေနရင္မလွဘူးမဟုတ္လား။ အိပ္ရာခင္းေတြေစာင္ေတြကိုပုံမွန္ေလွ်ာ္ဖြပ္ပါ။ ။ အဓိကကေတာ့ သန္႔္ဖို႔ပါပဲ။ ၾကမ္းပိုးဆိုတဲ့အေကာင္ေတြက ညစ္ပတ္စုတ္ခ်ာတဲ့ေနရာေတြမွာေပါက္ဖြားတဲ့ သံေသဓဇေတြမို႔ သန႔္ရွင္းသပ္ရပ္ေနတဲ့ေနရာေတြက သူတို႔နဲ႔ မအပ္စပ္တဲ့အေလ်ာက္ သူတို႔ေပါက္ဖြားႏိုင္စြမ္းမရွိၾကပါဘူး။
အိပ္ရာခင္းေတြမွမဟုတ္ပါဘူး၊အဝတ္ေတြကိုလည္း ေသခ်ာစနစ္တက် ေလွ်ာ္ဖြပ္ေပးသင့္ပါတယ္။ မေလွ်ာ္ျဖစ္ေသးတဲ့အဝတ္ေတြကိုအဝတ္ေဟာင္းျခင္းထဲကိုပစ္ထည့္လိုက္တာထက္ အိတ္နဲ႔ေသခ်ာလုံလုံၿခဳံၿခဳံသိမ္းဆည္းၿပီး ေလွ်ာ္မယ့္အခ်ိန္မွထုတ္ေလွ်ာ္တာမ်ိဳးက ၾကမ္းပိုးလိုအင္းဆက္ပိုးမႊားေတြေပါက္ဖြားရွင္သန္ႏိုင္ဖို႔ရာႏႈန္းနည္းပါးေစပါတယ္။ ခရက္ဒစ္
Unicode
ကြမ်းပိုးဆိုတာ နီနီရဲရဲ ဗိုက်ဖောင်းဖောင်းနဲ့ လူတွေရဲ့သွေးကိုစုပ်ပြီးနေထိုင်ကြတဲ့ သွေးစုပ်ကောင်အသေးစားလေးတွေပါ။ သူတို့ကို မိလို့သတ်လိုက်မိပြန်ရင်လည်း အနံ့က ဆိုးပါဘိခြင်း၊ ဒါတင်ပဲလားဆိုတော့မဟုတ်သေး၊ ကြမ်းပိုးသွေးကို တစ်နေရာရာမှာသုတ်လိုက်မိရင် အဲ့သွေးအနံ့ရတဲ့နေရာကိုအခြားကြမ်းပိုးတွေကလာ အိမ်လုပ်၊ ဥတွေဥ နေထိုင်ပေါက်ဖွားကြနဲ့ တော်တော်လေးကိုအန်ချင်စရာ စိတ်ဆင်းရဲစရာ ကပ်ပါးသတ္တဝါလေးတွေပါ။
အကောင်သေးသေးလေးတွေမို့ အထင်မသေးနဲ့ တစ်ပတ်အတွင်းကြီးလာကြတာဗျား။ ရေထဲချရင်လည်းမသေ၊ အကြာကြီးသွေးမသောက်ရရင်လည်း ဖြူဖျော့ပြားကပ်နေတာကလွဲလို့ သူတို့ကတော့နေသာသာပဲ ၊သွေးနည်းနည်းသောက်လိုက်ရတာနဲ့ ချက်ချင်းကို စိုပြေဝဖြိုးပြီး နဂိုနေအပျိုရည်ပြန်ဖြစ်လာကြတာကိုး။
ဒီလို ကြောက်စရာ ရွံစရာ စိတ်ဆင်းရဲစရာအကောင်လေးတွေကို ဘယ်လိုရှင်းလင်းသုတ်သင်ကြမလဲတဲ့။ ခက်တော့မခက်ပါဘူး၊အလုပ်ကတော့ ရှုပ်မယ်ပေါ့။ ကဲ လုပ်ထုံးလုပ်နည်းအဖြာဖြာကိုကြည့်လိုက်ရအောင်။
အိပ်ခန်းနဲ့ တစ်အိမ်လုံးကိုသေချာသန့်ရှင်းပါ။ ။ ဒါတွေကတော့ အထွေအထူး လမ်းညွှန်နေစရာမလိုတဲ့ကိစ္စပါ။ တစ်အိမ်လုံးကို ချောင်ကြိုချောင်ကြားတွေပါမကျန် Dettol လိုပိုးသတ်ဆေးတွေဖြန်းပြီး ကြမ်းတွေတိုက်ပစ်ပါ။ အထူးသဖြင့် အိပ်ရာတွေ ခေါင်းအုံးတွေကို သေချာလျှော်ဖွပ်နေရောင်ပြပါ။
အထပ်မြင့် တွေမှာနေလို့ နေရောင်ကောင်းကောင်းမရဘူးဆိုရင်လည်း စိတ်မပူပါနဲ့ ခြောက်သင့်သလောက်ခြောက်ပြီဆိုရင် မီးပူတိုက်လိုက်လို့ရပါတယ်။ အဓိကကတော့ မီးအရှိန်ကောင်းဖို့ပါပဲ။ အဝတ်ဗီရိုတွေ စားပွဲခုံတွေ ကြမ်းကြိုကြမ်းကြားတွေပါမကျန် အချိန်ယူပြီးသန့်စင်တိုက်ချွတ်ပါ။
ဖုန်စုပ်စက်ကိုအသုံးပြုပါ။ ကြမ်းတွေအကုန်တိုက်ပြီးပြီဆိုရင်တော့ ဖုန်စုပ်စက် (မရှိရင် ဖုန်စုပ်စက်ငှားတဲ့နေရာတွေရှိပါတယ်၊ စုံစမ်းကြည့်ပါ) ထဲက အပူချိန်ကိုမြှင့်ပြီးတိုက်ချွတ်ဆေးကြောထားတဲ့ကြမ်းတွေပေါ်၊ ကော်ဇောတွေပေါ်တိုက်ပေးပါ။ တကယ်လို့ သင့်အိမ်မှာ ကြမ်းပိုးဥတွေကျန်နေသေးရင် ဖုန်စုပ်စက်က အဲ့ဒါတွေအကုန်လုံးကိုစုပ်ယူပေးသွားပါလိမ့်မယ်။
ကြမ်းပိုးတွေကို မြောက်ဝင်ရိုးစွန်းကိုလိုက်ပြလိုက်ပါ သူတို့အတွက်မြောက်ဝင်ရိုးစွန်းကတော့ ရေခဲသေတ္တာ ဒါမှမဟုတ် freezer ပါပဲ။ ကြမ်းပိုးတွေ ဖယ်ရှားသန့်စင်ပြီးသွားတဲ့ အိပ်ရာခင်းတွေစောင်တွေကို ရေခဲသေတ္တာထဲမှာ တစ်ပတ်လောက် ထည့်ထားပေးပါ။
ရေခဲတဲ့နေရာမှာထည့်ရမှာပါ။ ဒါကနည်းနည်းတော့ကြောင်တောင်တောင်နိုင်ပေမယ့် တကယ်အလုပ်ဖြစ်တဲ့နည်းဆိုတာ ပညာရှင်တွေအားလုံးက တညီတညွတ်တည်းထောက်ခံထားကြပါတယ်။ ရေခဲမှုန်တွေရဲ့ချွန်မြတဲ့အစွန်းတွေက ကြမ်းပိုးတွေကို သေစေနိုင်တာမို့ အကြွင်းအကျန်အကပ်အသပ်တွေရှိနေသေးရင် အကုန်လုံးက ရေခဲသေတ္တာထဲမှာ ဇီဝိန်ကြွေသွားကြပါလိမ့်မယ်။
ထုံးဖြူးပါ။ ။ ဒါကတော့ ကြမ်းခင်းတွေ ဗီရိုကြမ်းပြင်တွေအတွက်ပါ။ ကြမ်းအခင်း အစင်းကြောင်းလေးတွေထဲကိုထုံးတွေလိုက်ဖြူးပေးပါ။ထုံးအမှုန်တွေမှာလည်း ရေခဲလိုပဲ ချွန်မြတဲ့ အစွန်းတွေရှိတဲ့အပြင် အင်းဆက်ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိလည်းရှိတာကြောင့်တစ်ပတ်တစ်ခါလောက်ဖြူးပေးရင် ဘယ်ကြမ်းပိုးမှနေနိုင်မယ်မဟုတ်ပါဘူး။
ဖြူးပြီးရင်တော့ကြမ်းတိုက်တဲ့အဆင့်တွေလုပ်ရင်လုပ် အပေါ်ကကော်ဇောနဲ့အုပ်ရင်အုပ်ပေါ့လေ၊ဧည့်ခန်းထဲမှာ ကြမ်းပြင်တွေကဖြူနေရင်မလှဘူးမဟုတ်လား။ အိပ်ရာခင်းတွေစောင်တွေကိုပုံမှန်လျှော်ဖွပ်ပါ။ ။ အဓိကကတော့ သန့်ဖို့ပါပဲ။ ကြမ်းပိုးဆိုတဲ့အကောင်တွေက ညစ်ပတ်စုတ်ချာတဲ့နေရာတွေမှာပေါက်ဖွားတဲ့ သံသေဓဇတွေမို့ သန့်ရှင်းသပ်ရပ်နေတဲ့နေရာတွေက သူတို့နဲ့ မအပ်စပ်တဲ့အလျောက် သူတို့ပေါက်ဖွားနိုင်စွမ်းမရှိကြပါဘူး။
အိပ်ရာခင်းတွေမှမဟုတ်ပါဘူး၊အဝတ်တွေကိုလည်း သေချာစနစ်တကျ လျှော်ဖွပ်ပေးသင့်ပါတယ်။ မလျှော်ဖြစ်သေးတဲ့အဝတ်တွေကိုအဝတ်ဟောင်းခြင်းထဲကိုပစ်ထည့်လိုက်တာထက် အိတ်နဲ့သေချာလုံလုံခြုံခြုံသိမ်းဆည်းပြီး လျှော်မယ့်အချိန်မှထုတ်လျှော်တာမျိုးက ကြမ်းပိုးလိုအင်းဆက်ပိုးမွှားတွေပေါက်ဖွားရှင်သန်နိုင်ဖို့ရာနှုန်းနည်းပါးစေပါတယ်။ ခရက်ဒစ်