စုပ်ခွက်ငါး (Sucker fish) ပြဿနာ အရေးတကြီးဖြေရှင်းရန် လိုအပ်နေပြီ

Unicode ဖြင့်ဖတ်ရန်

၁။ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအတွင်းရှိ ငါးမွေးမြူရေးကန်များအတွင်း စုပ်ခွက်ငါး (Sucker fish) များ ဝင်ရောက်ဖျက်ဆီးလျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။ ဒီဇင်ဘာလ ၁၅ ရက်၊

၂၀၁၇ ရက်နေ့တွင် ko Htet ဆိုသည့် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်မှ ၎င်းပိုင်ဆိုင်သော ငါးကန်များနှင့် အနီးပတ်ဝန်းကျင်ရှိ လုပ်ငန်းရှင်များပါ စုပ်ခွက်ငါးပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသဖြင့် သတင်းစတင်ရရှိခဲ့ပါသည်။ အဆိုပါကျေးရွာ သို့ ၂၁.၁၂.၂၀၁၇ ရက်နေ့တွင် BANCA

အသင်းမှ ဦးအောင်မြင့်ဦး (Project Coordinator)၊ ဦးသော်ဖြိုးရွှေ (Program Officer)၊ မအိသဉ္ဇာအောင် (Program assistant)၊ မခိုင်ဆွေဝါ (Volunteer) တို့ပါဝင်သောအဖွဲ့သည် ပဏာမဆန်းစစ်လေ့လာမှူများ ပြုလုပ်နိုင်ရန် သွားရောက်လေ့လာခဲ့ပါသည်။

၂။ BANCA အသင်းမှာ တာဝန်ရှိသူများသည် တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာသို့ ၂၁.၁၂.၂၀၁၇ ရက် နေ့လည်ပိုင်းတွင် ငါးကန်ပိုင်ရှင် ဦးထက်ဖြိုးဟန်၏ ငါးကန်သို့ရောက်ရှိပြီး ငါးကန်ရှိ တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်းခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၎င်းစုပ်ခွက်

များသည် အဆိုပါဒေသရှိ ငါးမွေးမြူရေး ကန်များအတွင်းသို့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် စတင်ဝင်ရောက်လာကြောင်း ဦးစွာသိရှိရပါသည်။ ဆက်လက်ပြီး တိုင်းထွာခြင်း၊ အလေးချိန် ချိန်တွယ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ စုပ်ခွက်ငါးများအား လေ့လာတိုင်းတာမှုများ ပြုလုပ်ချက်

အရ တစ်ကောင်လျှင် အမြီးဖျား ခေါင်းဖျား အလျား ၁၆ လက်မ – ၁၈ လက်မအထိ ရှိပြီး တစ်ကောင်လျှင် ၄၆ – ၄၈ ကျပ်သားအထိရှိကြောင်း သိရှိရပါသည်။ ရှေ့ရေယက်တောင် အလျား ၈.၉ လက်မရှိကြောင်း တိုင်းထွာရရှိခဲ့ပါသည်။ ခန့်မှန်းခြေ သက်တမ်း (၇ လ) ကျော်ရှိကြောင်း

သိရှိရပါသည်။ ၎င်းငါးများကို ဒေသအခေါ် မြွေပွေးငါးခူဟု ခေါ်ဆိုနေကြပြီး ကိုယ်ခန္ဓာတစ်လျှောက် ဆူးငယ်လေးများပါရှိပြီး မတော်တဆ ထိခိုက်မိပါက အဆိပ်တက်တက်ကြောင်း သိရှိရပါသည်။ သို့သော်လည်း ပြင်းထန်လွန်းသည့် အဆိပ်မဟုတ်ပါ။

၃။ ခတ္တိယကျေးရွာတွင် ငါးကန်လုပ်ငန်းရှင်ပေါင်း ၄၀ ကျော်ရှိပြီး ငါးကန်ဧက ၈၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ အဓိကမွေးမြူသော ငါးအမျိုးအစားများမှာ ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးကြင်းခေါင်းပွတို့ကို မွေးမြူပါသည်။ ထိုင်ဝမ်ငါးခုံးမနှင့်

ရေချိုငါးမုတ် (Pacu) တို့ကိုလည်း အနည်းငယ် မွေးမြူကြပါသည်။ အဆိုပါ ငါးကန်များအားလုံးတွင် စုပ်ခွက်ငါးများ ဝင်ရောက်ဖျက်ဆီးလျက်ရှိပြီး လွန်ခဲ့သော ၃ နှစ်၊ ၂၀၁၄ ခုနှစ်မှစ၍ အရှုံးနှင့် ရင်ဆိုင်နေရပါသည်။ ဧက ၄၀ ငါးကန် တစ်ကန်အား

ငါးဖော်ချိန်တွင် စုပ်ခွက်ငါး ပိဿာချိန် ၂၀၀၀ ကျော် (ကောင်ရေ ၄၀၀၀ ခန့်) ထွက်ရှိနေခြင်း၊ ငါးကန်အလုပ်သမားများ ခြေလက်တို့တွင် စုပ်ခွက်ငါးများကြောင့် ဒဏ်ရာရရှိစေခြင်း၊ ငါးကြင်း၊ ငါးခေါင်းပွတို့အား ကျွေးမွေးသော အစာတောင့်များအား

စုပ်ခွက်ငါးများမှ လုယက်စားသောက်သည့်အတွက် မွေးမြူထားသည့်ငါးများ အစာဝလင်စွာမစားရခြင်း၊ စုပ်ခွက်ငါးများ၏ ဆူးတောင်များနှင့် ထိခိုက်မှုများဖြစ်ကာ ဒဏ်ရာဖြစ်ပေါ်ပြီး သေဆုံးမှုဖြစ်ပေါ်ခြင်း၊ ငါးမွေးကန်၏ ကန်ဘောင်နံရံများအား

တူးဆွခြင်းကြောင့် ကန်ဘောင်ပျက်စီးခြင်းများ ဖြစ်ပေါ် လျက်ရှိပါသည်။ ထို့ကြောင့် ငါးကန်လုပ်ငန်းရှင်များ ရည်မှန်းထားသည့် ငါးထွက်နှုန်းများ လျော့ကျကာ အရှုံးနှင့်ရင်ဆိုင်နေရပါသည်။

၄။ အဆိုပါငါးများအား စားသောက်သည့် အခြား မည်သည့်သတ္တဝါမှ မရှိခြင်းကြောင့် လွတ်လပ်စွာ ပေါက်ဖွားရှင်သန်လျက် ရှိပါသည်။ ငှက်နှင့်အခြား ရေပျော်ငှက်များသည်လည်း စုပ်ခွက်ငါးများအား ဖမ်းဆီးစားသောက်မှုမရှိခြင်း၊ ဒေသရင်း ငါးမျိုးစိတ်များဖြစ်သည့် ငါးရံ့၊ ငါးဘတ်

စသည့် အသားစားကြူးသည့် ငါးများပင် စုပ်ခွက်ငါးများအား ဖမ်းဆီးစားသောက်မှု မရှိသည့်အတွက် အလွန်ပွားများလျှက် ရှိနေပါသည်။ လက်ရှိအချိန်တွင် စားသုံးသူမရှိခြင်း၊ ဝယ်လက်မရှိခြင်းကြောင့် ဖမ်းဆီးရမိသော ငါးများအား ကန်ငယ်တခုအတွင်း သိုလှောင်ကာ သေဆုံးသည်

အထိ ထားရှိပြီး ဖြေရှင်းနေရပါသည်။ ရေအနည်းငယ်ရှိသော ကန်အတွင်း၌ပင် ဗွက်ရည်များအကြား တစ်လကျော်ကြာသည်အထိ ထားရှိသော်လည်း ကောင်းမွန်စွာ အသက်ရှင်နေကြောင်း တွေ့ရှိခဲ့ရပါသည်။ ငါးကန်နေ လုပ်သားများသည် ၎င်းငါးအား စားသောက်ကြည့်ရာ ခန္ဓာကိုယ်

ယားယံခြင်း၊ ကိုယ်တွင်းရောဂါဟောင်းများ ပြန်လည်ဖြစ်ပွားခြင်းတို့ရှိကြောင်း သိရှိရပါသည်။ ဒေသခံလုပ်ငန်းရှင်များ ပြောပြချက်အရ ငါးသတ်ဆေးများ၊ လျှပ်စစ်ရှော့တိုက်ခြင်းများ ဆောင်ရွက်သော်လည်း မျိုးလျှော့နည်းခြင်းမရှိပဲ ဆက်လက်ပွားများနေကြောင်း သိရှိရပါသည်။

စုပ်ခွက်ငါး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း အကြောင်းအရင်း စုပ်ခွက်ငါးများသည် မြန်မာဒေသရင်း မျိုးစိတ်များမဟုတ်ပဲ ပြင်ပမှတင်သွင်းလာသော မျိုးစိတ်များဖြစ်ပါသည်။ အဓိကအားဖြင့် အလှမွေးငါး လုပ်ငန်းရှင်များသည် ပြည်ပနိုင်ငံများ စုပ်ခွက်ငါးမျိုးစိတ်များအား ပြည်တွင်း

အလှမွေးငါး မွေးမြုသူများသို့ တစ်ဆင့်ရောင်းချပြီး မွေးမြူသူများထံတွင် အကောင်ကြီးဖြစ်လာပြီး ဆက်လက်ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပဲ နီးစပ်ရာမြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းကြောင့လည်းကောင်း၊ ဘာသာရေး ဓလေ့ထုံးစံအရ ငါးလွှတ်ခြင်းများတွင် ၎င်းငါးများအား

မြစ်ချောင်းများ၊ ရေကန်များအတွင်း လွှတ်ချမှုတို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံံ့အပြား ရောက်ရှိပျံ့ပွားလျက်ရှိ နေပြီဖြစ်ကြာင်း သိရှိရပါသည်။

နေထိုင်စားသောက်ပုံနှင့် သားပေါက်ပွားပုံ – စုပ်ခွက်ငါးသည် ရေအောက်တွင် အဓိကကျက်စားပြီး ရေအောက်မှော်ပင်များ၊ ကြာပင်များ၊ ကန်စွန်းရွက်များကို နှစ်ခြိုက်စွာ စားသောက်လေ့ရှိပါသည်။ ရေနေသတ္တဝါငယ်များ၊ အင်းဆက်သားလောင်းများ၊ ငါးသားလောင်းငယ်များကိုလည်း

စားသောက်လေ့ရှိပါသည်။ စုပ်ခွက်ငါးသည် အထီး ၁၆ လက်မ၊ အမ ၁၈ လက်မခန့်ရှိပြီး သဘာဝတွင် (လက်မ ၂၀) အထိ ကြီးထွားနိုင်ပါသည်။ အလေးချိန် ၃ ပေါင်အထိ ရှိနိုင်ပါသည်။ အမတစ်ကောင်သည် တစ်ကြိမ်ဥလျှင် (ဥ ၂၀၀၀) အထိ ဥဥပေါက်ပွားနိုင်ပါသည်။ ရေအောက်ရွံနွံ

အတွင်း ကျင်းတူးကာ ဥဥဖောက်ပွားလေ့ရှိပြီး သားငယ်များအား ထိန်းသိမ်းစောင့်ရှောက်တတ်ပါသည်။ စုပ်ခွက်ငါး၏ မူရင်းဒေသများမှာ တောင်အမေရိကတိုက်ဖြစ်ပြီး ထိုမှတဆင့် တင်ပို့ရောင်းဝယ် ဖောက်ကားမှုများကြောင့် နိုင်ငံအနှံအပြားသို့ ရောက်ရှိလာခဲ့ပါသည်။

သုံးသက်ချက် နှင့် အကြံပြုတင်ပြချက် – စုပ်ခွက်ငါးသည် မြန်မာနိုင်ငံ မြစ်ချောင်းများအတွင်း ပျံ့နှံ့ရောက်ရှိနေပြီး ယခုအခါ တွံတေးမြို့နယ်အပြင် ပဲခူးတိုင်း ဝေါမြို့နယ်ဝန်းကျင်တဝှိုက်နှင့် မိုးယွန်းကြီးအင်း၊ ရှမ်းပြည်နယ် အင်းလေးကန်အတွင်းအထိပါ ဝင်ရောက်ပျံ့နှံ့နေပြီဖြစ်ပါသည်။

အဆိုပါကိစ္စအား စောလျှင်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ်နိုင်ပါက ရေချိုငါးမွေးမြူခြင်းလုပ်ငန်းများ လျော့နည်းလာနိုင်ခြင်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်မှုကျဆင်းခြင်း၊ သဘာဝငါးသယံဇာတ ရှားပါးလာနိုင်ခြင်း၊ သဘာဝမြစ်ချောင်းများ တိမ်ကောကာ ရေဝပ်ဒေသများအား ပျက်စီး

လာစေနိုင်ခြင်း၊ ရေလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ကိုင်လျက်ရှိသည့် ရေလုပ်သားများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်လာနိုင်ခြင်းကြောင့် အမြန်ဆုံးထိရောက်စွာ ဖြေရှင်းသင့်ပါသည်။ သို့အတွက်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆက်စပ်ဦးစီးဌာနများသို့

အကြောင်းကြားကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ BANCA လူမှုကွန်ယက်စာမျက်နှာမှ တောင်သူများ၊ ငါးမွေးသူများသိရှိစေရန် ကူးယူဖော်ပြပါသည်။ 22/12/2017 16:32 PM တွင် အစိမ်းရောင်လမ်းမှ ရေးသားသည်။

Zawgyi ျဖင့္ဖတ္ရန္

၁။ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးအသင္းမွ တာဝန္ရွိသူမ်ားသည္ ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္၊ ခတၳိယေက်း႐ြာအတြင္းရွိ ငါးေမြးျမဴေရးကန္မ်ားအတြင္း စုပ္ခြက္ငါး (Sucker fish) မ်ား ဝင္ေရာက္ဖ်က္ဆီးလွ်က္ရွိေၾကာင္း သတင္းရရွိခဲ့ပါသည္။ ဒီဇင္ဘာလ ၁၅ ရက္၊

၂၀၁၇ ရက္ေန႔တြင္ ko Htet ဆိုသည့္ ေဖ့စ္ဘုတ္အေကာင့္ပိုင္ရွင္မွ ၎ပိုင္ဆိုင္ေသာ ငါးကန္မ်ားႏွင့္ အနီးပတ္ဝန္းက်င္ရွိ လုပ္ငန္းရွင္မ်ားပါ စုပ္ခြက္ငါးျပႆနာႏွင့္ ရင္ဆိုင္ေနရေၾကာင္း ေဖာ္ျပထားသျဖင့္ သတင္းစတင္ရရွိခဲ့ပါသည္။ အဆိုပါေက်း႐ြာ သို႔ ၂၁.၁၂.၂၀၁၇ ရက္ေန႔တြင္ BANCA

အသင္းမွ ဦးေအာင္ျမင့္ဦး (Project Coordinator)၊ ဦးေသာ္ၿဖိဳးေ႐ႊ (Program Officer)၊ မအိသၪၨာေအာင္ (Program assistant)၊ မခိုင္ေဆြဝါ (Volunteer) တို႔ပါဝင္ေသာအဖြဲ႕သည္ ပဏာမဆန္းစစ္ေလ့လာမႉမ်ား ျပဳလုပ္ႏိုင္ရန္ သြားေရာက္ေလ့လာခဲ့ပါသည္။

၂။ BANCA အသင္းမွာ တာဝန္ရွိသူမ်ားသည္ တြံေတးၿမိဳ႕နယ္၊ ခတၳိယေက်း႐ြာသို႔ ၂၁.၁၂.၂၀၁၇ ရက္ ေန႔လည္ပိုင္းတြင္ ငါးကန္ပိုင္ရွင္ ဦးထက္ၿဖိဳးဟန္၏ ငါးကန္သို႔ေရာက္ရွိၿပီး ငါးကန္ရွိ တာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးေမးျမန္းျခင္း၊ မွတ္တမ္းတင္ျခင္းမ်ား ျပဳလုပ္ခဲ့ပါသည္။ ၎စုပ္ခြက္

မ်ားသည္ အဆိုပါေဒသရွိ ငါးေမြးျမဴေရး ကန္မ်ားအတြင္းသို႔ ၂၀၀၈ ခုႏွစ္ နာဂစ္မုန္တိုင္းအၿပီးတြင္ စတင္ဝင္ေရာက္လာေၾကာင္း ဦးစြာသိရွိရပါသည္။ ဆက္လက္ၿပီး တိုင္းထြာျခင္း၊ အေလးခ်ိန္ ခ်ိန္တြယ္ျခင္းမ်ား ျပဳလုပ္ခဲ့ပါသည္။ စုပ္ခြက္ငါးမ်ားအား ေလ့လာတိုင္းတာမႈမ်ား ျပဳလုပ္ခ်က္

အရ တစ္ေကာင္လွ်င္ အၿမီးဖ်ား ေခါင္းဖ်ား အလ်ား ၁၆ လက္မ – ၁၈ လက္မအထိ ရွိၿပီး တစ္ေကာင္လွ်င္ ၄၆ – ၄၈ က်ပ္သားအထိရွိေၾကာင္း သိရွိရပါသည္။ ေရွ႕ေရယက္ေတာင္ အလ်ား ၈.၉ လက္မရွိေၾကာင္း တိုင္းထြာရရွိခဲ့ပါသည္။ ခန႔္မွန္းေျခ သက္တမ္း (၇ လ) ေက်ာ္ရွိေၾကာင္း

သိရွိရပါသည္။ ၎ငါးမ်ားကို ေဒသအေခၚ ေႁမြေပြးငါးခူဟု ေခၚဆိုေနၾကၿပီး ကိုယ္ခႏၶာတစ္ေလွ်ာက္ ဆူးငယ္ေလးမ်ားပါရွိၿပီး မေတာ္တဆ ထိခိုက္မိပါက အဆိပ္တက္တက္ေၾကာင္း သိရွိရပါသည္။ သို႔ေသာ္လည္း ျပင္းထန္လြန္းသည့္ အဆိပ္မဟုတ္ပါ။

၃။ ခတၱိယေက်း႐ြာတြင္ ငါးကန္လုပ္ငန္းရွင္ေပါင္း ၄၀ ေက်ာ္ရွိၿပီး ငါးကန္ဧက ၈၀၀၀ ခန႔္ရွိေၾကာင္း သိရွိရပါသည္။ အဓိကေမြးျမဴေသာ ငါးအမ်ိဳးအစားမ်ားမွာ ငါးၾကင္း၊ ငါးျမစ္ခ်င္းႏွင့္ ငါးၾကင္းေခါင္းပြတို႔ကို ေမြးျမဴပါသည္။ ထိုင္ဝမ္ငါးခုံးမႏွင့္

ေရခ်ိဳငါးမုတ္ (Pacu) တို႔ကိုလည္း အနည္းငယ္ ေမြးျမဴၾကပါသည္။ အဆိုပါ ငါးကန္မ်ားအားလုံးတြင္ စုပ္ခြက္ငါးမ်ား ဝင္ေရာက္ဖ်က္ဆီးလ်က္ရွိၿပီး လြန္ခဲ့ေသာ ၃ ႏွစ္၊ ၂၀၁၄ ခုႏွစ္မွစ၍ အရႈံးႏွင့္ ရင္ဆိုင္ေနရပါသည္။ ဧက ၄၀ ငါးကန္ တစ္ကန္အား

ငါးေဖာ္ခ်ိန္တြင္ စုပ္ခြက္ငါး ပိႆာခ်ိန္ ၂၀၀၀ ေက်ာ္ (ေကာင္ေရ ၄၀၀၀ ခန႔္) ထြက္ရွိေနျခင္း၊ ငါးကန္အလုပ္သမားမ်ား ေျခလက္တို႔တြင္ စုပ္ခြက္ငါးမ်ားေၾကာင့္ ဒဏ္ရာရရွိေစျခင္း၊ ငါးၾကင္း၊ ငါးေခါင္းပြတို႔အား ေကြၽးေမြးေသာ အစာေတာင့္မ်ားအား

စုပ္ခြက္ငါးမ်ားမွ လုယက္စားေသာက္သည့္အတြက္ ေမြးျမဴထားသည့္ငါးမ်ား အစာဝလင္စြာမစားရျခင္း၊ စုပ္ခြက္ငါးမ်ား၏ ဆူးေတာင္မ်ားႏွင့္ ထိခိုက္မႈမ်ားျဖစ္ကာ ဒဏ္ရာျဖစ္ေပၚၿပီး ေသဆုံးမႈျဖစ္ေပၚျခင္း၊ ငါးေမြးကန္၏ ကန္ေဘာင္နံရံမ်ားအား

တူးဆြျခင္းေၾကာင့္ ကန္ေဘာင္ပ်က္စီးျခင္းမ်ား ျဖစ္ေပၚ လ်က္ရွိပါသည္။ ထို႔ေၾကာင့္ ငါးကန္လုပ္ငန္းရွင္မ်ား ရည္မွန္းထားသည့္ ငါးထြက္ႏႈန္းမ်ား ေလ်ာ့က်ကာ အရႈံးႏွင့္ရင္ဆိုင္ေနရပါသည္။

၄။ အဆိုပါငါးမ်ားအား စားေသာက္သည့္ အျခား မည္သည့္သတၱဝါမွ မရွိျခင္းေၾကာင့္ လြတ္လပ္စြာ ေပါက္ဖြားရွင္သန္လ်က္ ရွိပါသည္။ ငွက္ႏွင့္အျခား ေရေပ်ာ္ငွက္မ်ားသည္လည္း စုပ္ခြက္ငါးမ်ားအား ဖမ္းဆီးစားေသာက္မႈမရွိျခင္း၊ ေဒသရင္း ငါးမ်ိဳးစိတ္မ်ားျဖစ္သည့္ ငါးရံ႕၊ ငါးဘတ္

စသည့္ အသားစားၾကဴးသည့္ ငါးမ်ားပင္ စုပ္ခြက္ငါးမ်ားအား ဖမ္းဆီးစားေသာက္မႈ မရွိသည့္အတြက္ အလြန္ပြားမ်ားလွ်က္ ရွိေနပါသည္။ လက္ရွိအခ်ိန္တြင္ စားသုံးသူမရွိျခင္း၊ ဝယ္လက္မရွိျခင္းေၾကာင့္ ဖမ္းဆီးရမိေသာ ငါးမ်ားအား ကန္ငယ္တခုအတြင္း သိုေလွာင္ကာ ေသဆုံးသည္

အထိ ထားရွိၿပီး ေျဖရွင္းေနရပါသည္။ ေရအနည္းငယ္ရွိေသာ ကန္အတြင္း၌ပင္ ဗြက္ရည္မ်ားအၾကား တစ္လေက်ာ္ၾကာသည္အထိ ထားရွိေသာ္လည္း ေကာင္းမြန္စြာ အသက္ရွင္ေနေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။ ငါးကန္ေန လုပ္သားမ်ားသည္ ၎ငါးအား စားေသာက္ၾကည့္ရာ ခႏၶာကိုယ္

ယားယံျခင္း၊ ကိုယ္တြင္းေရာဂါေဟာင္းမ်ား ျပန္လည္ျဖစ္ပြားျခင္းတို႔ရွိေၾကာင္း သိရွိရပါသည္။ ေဒသခံလုပ္ငန္းရွင္မ်ား ေျပာျပခ်က္အရ ငါးသတ္ေဆးမ်ား၊ လွ်ပ္စစ္ေရွာ့တိုက္ျခင္းမ်ား ေဆာင္႐ြက္ေသာ္လည္း မ်ိဳးေလွ်ာ့နည္းျခင္းမရွိပဲ ဆက္လက္ပြားမ်ားေနေၾကာင္း သိရွိရပါသည္။

စုပ္ခြက္ငါး ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာျခင္း အေၾကာင္းအရင္း စုပ္ခြက္ငါးမ်ားသည္ ျမန္မာေဒသရင္း မ်ိဳးစိတ္မ်ားမဟုတ္ပဲ ျပင္ပမွတင္သြင္းလာေသာ မ်ိဳးစိတ္မ်ားျဖစ္ပါသည္။ အဓိကအားျဖင့္ အလွေမြးငါး လုပ္ငန္းရွင္မ်ားသည္ ျပည္ပႏိုင္ငံမ်ား စုပ္ခြက္ငါးမ်ိဳးစိတ္မ်ားအား ျပည္တြင္း

အလွေမြးငါး ေမြးျမဳသူမ်ားသို႔ တစ္ဆင့္ေရာင္းခ်ၿပီး ေမြးျမဴသူမ်ားထံတြင္ အေကာင္ႀကီးျဖစ္လာၿပီး ဆက္လက္ထိန္းသိမ္းႏိုင္ျခင္း မရွိေတာ့ပဲ နီးစပ္ရာျမစ္ေခ်ာင္းမ်ားအတြင္း စြန႔္ပစ္ျခင္းေၾကာင့လည္းေကာင္း၊ ဘာသာေရး ဓေလ့ထုံးစံအရ ငါးလႊတ္ျခင္းမ်ားတြင္ ၎ငါးမ်ားအား

ျမစ္ေခ်ာင္းမ်ား၊ ေရကန္မ်ားအတြင္း လႊတ္ခ်မႈတို႔ေၾကာင့္ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံအႏွံံ့အျပား ေရာက္ရွိပ်ံ႕ပြားလ်က္ရွိ ေနၿပီျဖစ္ၾကာင္း သိရွိရပါသည္။

ေနထိုင္စားေသာက္ပုံႏွင့္ သားေပါက္ပြားပုံ – စုပ္ခြက္ငါးသည္ ေရေအာက္တြင္ အဓိကက်က္စားၿပီး ေရေအာက္ေမွာ္ပင္မ်ား၊ ၾကာပင္မ်ား၊ ကန္စြန္း႐ြက္မ်ားကို ႏွစ္ၿခိဳက္စြာ စားေသာက္ေလ့ရွိပါသည္။ ေရေနသတၱဝါငယ္မ်ား၊ အင္းဆက္သားေလာင္းမ်ား၊ ငါးသားေလာင္းငယ္မ်ားကိုလည္း

စားေသာက္ေလ့ရွိပါသည္။ စုပ္ခြက္ငါးသည္ အထီး ၁၆ လက္မ၊ အမ ၁၈ လက္မခန႔္ရွိၿပီး သဘာဝတြင္ (လက္မ ၂၀) အထိ ႀကီးထြားႏိုင္ပါသည္။ အေလးခ်ိန္ ၃ ေပါင္အထိ ရွိႏိုင္ပါသည္။ အမတစ္ေကာင္သည္ တစ္ႀကိမ္ဥလွ်င္ (ဥ ၂၀၀၀) အထိ ဥဥေပါက္ပြားႏိုင္ပါသည္။ ေရေအာက္႐ြံႏြံ

အတြင္း က်င္းတူးကာ ဥဥေဖာက္ပြားေလ့ရွိၿပီး သားငယ္မ်ားအား ထိန္းသိမ္းေစာင့္ေရွာက္တတ္ပါသည္။ စုပ္ခြက္ငါး၏ မူရင္းေဒသမ်ားမွာ ေတာင္အေမရိကတိုက္ျဖစ္ၿပီး ထိုမွတဆင့္ တင္ပို႔ေရာင္းဝယ္ ေဖာက္ကားမႈမ်ားေၾကာင့္ ႏိုင္ငံအႏွံအျပားသို႔ ေရာက္ရွိလာခဲ့ပါသည္။

သုံးသက္ခ်က္ ႏွင့္ အႀကံျပဳတင္ျပခ်က္ – စုပ္ခြက္ငါးသည္ ျမန္မာႏိုင္ငံ ျမစ္ေခ်ာင္းမ်ားအတြင္း ပ်ံ႕ႏွံ႔ေရာက္ရွိေနၿပီး ယခုအခါ တြံေတးၿမိဳ႕နယ္အျပင္ ပဲခူးတိုင္း ေဝါၿမိဳ႕နယ္ဝန္းက်င္တဝႈိက္ႏွင့္ မိုးယြန္းႀကီးအင္း၊ ရွမ္းျပည္နယ္ အင္းေလးကန္အတြင္းအထိပါ ဝင္ေရာက္ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါသည္။

အဆိုပါကိစၥအား ေစာလွ်င္စြာ ကိုင္တြယ္ေျဖရွင္းျခင္း မျပဳလုပ္ႏိုင္ပါက ေရခ်ိဳငါးေမြးျမဴျခင္းလုပ္ငန္းမ်ား ေလ်ာ့နည္းလာႏိုင္ျခင္း၊ ေရထြက္ပစၥည္း ထုတ္လုပ္မႈက်ဆင္းျခင္း၊ သဘာဝငါးသယံဇာတ ရွားပါးလာႏိုင္ျခင္း၊ သဘာဝျမစ္ေခ်ာင္းမ်ား တိမ္ေကာကာ ေရဝပ္ေဒသမ်ားအား ပ်က္စီး

လာေစႏိုင္ျခင္း၊ ေရလုပ္ငန္းႏွင့္ပတ္သက္ၿပီး လုပ္ကိုင္လ်က္ရွိသည့္ ေရလုပ္သားမ်ား၏ စီးပြားေရးႏွင့္ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းမ်ား ထိခိုက္လာႏိုင္ျခင္းေၾကာင့္ အျမန္ဆုံးထိေရာက္စြာ ေျဖရွင္းသင့္ပါသည္။ သို႔အတြက္ေၾကာင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား ဆက္စပ္ဦးစီးဌာနမ်ားသို႔

အေၾကာင္းၾကားကာ ျပည္သူလူထုႏွင့္အတူ ပူးေပါင္းပါဝင္ ေဆာင္႐ြက္သင့္ပါေၾကာင္း တိုက္တြန္းေရးသားအပ္ပါသည္။ BANCA လူမႈကြန္ယက္စာမ်က္ႏွာမွ ေတာင္သူမ်ား၊ ငါးေမြးသူမ်ားသိရွိေစရန္ ကူးယူေဖာ္ျပပါသည္။ 22/12/2017 16:32 PM တြင္ အစိမ္းေရာင္လမ္းမွ ေရးသားသည္။