Unicode ဖြင့်ဖတ်ရန်
ရွှေမျက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရွှေတောင်မြို့တွင် ကိန်းဝပ်စံပယ်လျက်ရှိသော သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရွှေမျက်မှန် တပ်ဆင် ပူဇော်ထားသော
တစ်ဆူတည်းသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါသည်။ ရွှေမျက်မှန်ဘုရားကြီးထံတွင် ရိုသေလေးမြတ်စွာ အဓိဋ္ဌာန်ဆောက်တည် ကြည်ညိုပါက ရာထူးအာဏာ ဘုန်းတန်ခိုး ထွန်းတောက် ပြည့်ဖြိုးအောင်မြင်ခြင်း၊ ကောင်ကျိုးရရှိခြင်းနှင့် လိုအင်ဆန္ဒ ပြည့်စုံခြင်းများ ဒိဋ္ဌဓမ္မ တွေ့ကြုံခံစားရသည်ဟု သိရှိရပါသည်။
အထူးသဖြင့် မျက်စိဝေဒနာရှင်များ၊ မျက်စိအလင်း ကွယ်ပျောက်သွားသူများသည် ဘုရားကြီး၏ ရှေ့တော်မှောက်တွင် အဓိဋ္ဌာန်ပြီး ရွှေမျက်မှန် ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မျက်စိဝေဒနာများ သက်သာပျောက်ကင်းကြောင်း၊ မျက်စိအလင်း ပြန်လည်ရရှိကြောင်း သိရှိရပါသည်။ ရွေမျက်မှန် ဘုရားကြီး၏ ကြည်ညိုဖွယ်ရာ သမိုင်းအကျဉ်းချုပ်ကို စာဖတ်သူတို့ ဖတ်ရှု့လေ့လာကာ ကြည်ညိုသဒ္ဓါပွားနိုင်စေရန် တင်ပြ လိုက်ရပါသည်။
ပျူခေတ်နှောင်း၊ သရေခေတ္တရာမင်းအဆက်ဆက် တည်ထောင်ခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားနှင့် စန္ဒာဒေဝီမိဖုရားတို့သည် ဘီစီ(၅)ရာစုအတွင်း ရွှေတောင်မြို့ အနောက်တောင်ယွန်းယွန်းရှိ ရွှေနတ်တောင် စေတီတော်မြတ်ကြီးကို အသစ်ထပ်မံ ပြုပြင်ပူဇော်ဖူးမျှော်ပြီး အပြန်ခရီးတစ်ထောက်အဖြစ် ယခုတည်ကုန်းဟု ခေါ်ဆိုသောအရပ်တွင် ညအိပ်ရပ်နားခဲ့သည်။
ဗိဿနိုးမိဖုရားကြီးသည် ညဉ့်အခါတည်းခိုရပ်နားစဉ် အိပ်မက်မြင်မက်ခဲ့သည်။ မိမိတို့တည်းခိုသောနေရာ၏ အနောက်မြောက် ယွန်းယွန်း အရပ်တစ်နေရာတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်း အိပ်မက်မြင်မက်သည်ကို နံနက်မိုးသောက်သောအခါ ဒွတ္တဘောင်မင်းကြီးထံ အကြောင်းစုံလျှောက်ထားရာ မင်းကြီးလည်း မိဖုရား၊ မှူးမတ်၊ ပရိပ်သတ်နှင့် ယင်းနေရာကို ကြွရောက်ရှာဖွေကြလေသည်။
ယခု ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်လျှက်ရှိသောနေရာ ဖျောက်ဆိပ်ကုန်း(ယခု-သိမ်ကုန်း) သို့ ရောက်သောအခါ ဘုရားရောင်ကြည်တော်ကဲ့သို့ အရောင်မျိုးစုံဝင်းလက်၍ ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ မိဖုရား၊ မှူးမတ်နှင့်
ပရိတ်သတ်တို့ မြင်တွေ့လိုက်ရသဖြင့် မိမိတို့ဘုရားတည်ပြီး ကုသိုလ်ကောင်းမှုပြုရန်အတွက် နတ်ကောင်းနတ်မြတ်များက ပြသခြင်းဖြစ်သည်ဟု ယုံကြည်ကာ ဤရုပ်ပွားတော်မြတ်ကြီးကို မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ (ထိုစဉ်က ရွှေမျက်မှန် တပ်ဆင်ထားခြင်း မရှိသေးပါ။)
ဤကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ပြီး မကြာသောကာလတွင် ဒွတ္တဘောင်မင်းတရားကြီး၏ နတ်မျက်စိအလင်းရောင် ကွယ်သွားရာ ပညာရှိမှူးမတ်များအား ဗေဒင်ကိန်ခန်းများ တွက်ချက်ကြည့်စေသောအခါ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီးတွင် ရုပ်ပွားတော်မြတ်ကြီး၏
မျက်လုံးတော်နှင့် လိုက်ဖတ်ညီသော မျက်လုံးတော်ပုံသဏ္ဍာန်နှင့် တူညီသည့်မှန်တစ်စုံကို ဆက်ကပ်လှူဒါန်းပါက မင်းကြီး၏ နတ်မျက်စိအလင်းရောင် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားကြသဖြင့် မှန်တစ်စုံကို မှန်တစ်စုံကို ဗုဒ္ဓရုပ်ပွားတော်တွင် ဆက်ကပ်လှူဒါန်းရာ မင်းကြီး၏ နတ်မျက်စိအလင်း ပြန်လည်ရရှိခဲ့လေသည်။
မြန်မာသက္ကရာဇ် (၁၂၂၇) ခုနှစ်မတိုင်မီ ကုန်းဘောင်ခေတ်ကာလတွင် သာသနာရေးဂိုဏ်းဂဏများ အသင်းကွဲ ပေါ်ပေါက်လာသဖြင့် သာသနာတော် တည်တံ့ပြန့်ပွားစေခြင်းငှာ ရွှေတောင်မြို့သားကြီး ဇေယျနန္ဒမိတ်က ယင်းဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်၍ ဒွတ္တဘောင်မင်းကြီး လှူဒါန်းခဲ့သော မှန်တစ်စုံကို ခြုံငုံလျက် ရွှေသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွန်းမံ တပ်ဆင်ပူဇော်ခဲ့လေသည်။
ဤရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းအကျဉ်းချုပ်ကို ဂေါပကအဖွဲ့ (ရွှေမျက်မှန်ဘုရားကြီး)မှ ရေးသားပြုစု၍ ဦးဝိုင်းတင် (အတွင်းရေးမှူး၊ ရွှေမျက်မှန်ဂေါပကအဖွဲ့) မှ ထုတ်ဝေသော သမိုင်းဝင် ဆုတောင်ပြည့် ရွှေမျက်မှန် ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းအကျဉ်းချုပ်မှ ကူးယူရေးသား ပူဇော်ခြင်းဖြစ်ပါသည်။
ရွှေမျက်မှန်ှဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
Zawgyi ျဖင့္ဖတ္ရန္
ေ႐ႊမ်က္မွန္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ေ႐ႊေတာင္ၿမိဳ႕တြင္ ကိန္းဝပ္စံပယ္လ်က္ရွိေသာ သမိုင္းဝင္ တန္ခိုးႀကီးဘုရားမ်ားတြင္ တစ္ဆူအပါအဝင္ ျဖစ္ပါသည္။ ျပည္ေထာင္စုျမန္မာႏိုင္ငံတြင္ ေ႐ႊမ်က္မွန္ တပ္ဆင္ ပူေဇာ္ထားေသာ
တစ္ဆူတည္းေသာ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ျဖစ္ပါသည္။ ေ႐ႊမ်က္မွန္ဘုရားႀကီးထံတြင္ ႐ိုေသေလးျမတ္စြာ အဓိ႒ာန္ေဆာက္တည္ ၾကည္ညိဳပါက ရာထူးအာဏာ ဘုန္းတန္ခိုး ထြန္းေတာက္ ျပည့္ၿဖိဳးေအာင္ျမင္ျခင္း၊ ေကာင္က်ိဳးရရွိျခင္းႏွင့္ လိုအင္ဆႏၵ ျပည့္စုံျခင္းမ်ား ဒိ႒ဓမၼ ေတြ႕ႀကဳံခံစားရသည္ဟု သိရွိရပါသည္။
အထူးသျဖင့္ မ်က္စိေဝဒနာရွင္မ်ား၊ မ်က္စိအလင္း ကြယ္ေပ်ာက္သြားသူမ်ားသည္ ဘုရားႀကီး၏ ေရွ႕ေတာ္ေမွာက္တြင္ အဓိ႒ာန္ၿပီး ေ႐ႊမ်က္မွန္ ဂါထာေတာ္ကို ႐ြတ္ဖတ္ပူေဇာ္ျခင္းျဖင့္ မ်က္စိေဝဒနာမ်ား သက္သာေပ်ာက္ကင္းေၾကာင္း၊ မ်က္စိအလင္း ျပန္လည္ရရွိေၾကာင္း သိရွိရပါသည္။ ေ႐ြမ်က္မွန္ ဘုရားႀကီး၏ ၾကည္ညိဳဖြယ္ရာ သမိုင္းအက်ဥ္းခ်ဳပ္ကို စာဖတ္သူတို႔ ဖတ္ရႈ႕ေလ့လာကာ ၾကည္ညိဳသဒၶါပြားႏိုင္ေစရန္ တင္ျပ လိုက္ရပါသည္။
ပ်ဴေခတ္ေႏွာင္း၊ သေရေခတၱရာမင္းအဆက္ဆက္ တည္ေထာင္ခဲ့သည့္ ဒြတၱေဘာင္မင္းႀကီးႏွင့္ ဗိႆႏိုးမိဖုရားႏွင့္ စႏၵာေဒဝီမိဖုရားတို႔သည္ ဘီစီ(၅)ရာစုအတြင္း ေ႐ႊေတာင္ၿမိဳ႕ အေနာက္ေတာင္ယြန္းယြန္းရွိ ေ႐ႊနတ္ေတာင္ ေစတီေတာ္ျမတ္ႀကီးကို အသစ္ထပ္မံ ျပဳျပင္ပူေဇာ္ဖူးေမွ်ာ္ၿပီး အျပန္ခရီးတစ္ေထာက္အျဖစ္ ယခုတည္ကုန္းဟု ေခၚဆိုေသာအရပ္တြင္ ညအိပ္ရပ္နားခဲ့သည္။
ဗိႆႏိုးမိဖုရားႀကီးသည္ ညဥ့္အခါတည္းခိုရပ္နားစဥ္ အိပ္မက္ျမင္မက္ခဲ့သည္။ မိမိတို႔တည္းခိုေသာေနရာ၏ အေနာက္ေျမာက္ ယြန္းယြန္း အရပ္တစ္ေနရာတြင္ ဗုဒၶ႐ုပ္ပြားေတာ္တစ္ဆူကို ဖူးေမွ်ာ္ရေၾကာင္း အိပ္မက္ျမင္မက္သည္ကို နံနက္မိုးေသာက္ေသာအခါ ဒြတၱေဘာင္မင္းႀကီးထံ အေၾကာင္းစုံေလွ်ာက္ထားရာ မင္းႀကီးလည္း မိဖုရား၊ မႉးမတ္၊ ပရိပ္သတ္ႏွင့္ ယင္းေနရာကို ႂကြေရာက္ရွာေဖြၾကေလသည္။
ယခု ေ႐ႊမ်က္မွန္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္လွ်က္ရွိေသာေနရာ ေဖ်ာက္ဆိပ္ကုန္း(ယခု-သိမ္ကုန္း) သို႔ ေရာက္ေသာအခါ ဘုရားေရာင္ၾကည္ေတာ္ကဲ့သို႔ အေရာင္မ်ိဳးစုံဝင္းလက္၍ ေကာင္းကင္သို႔ ေရာင္စဥ္မ်ား ျဖာတက္သြားသည္ကို မင္း၊ မိဖုရား၊ မႉးမတ္ႏွင့္
ပရိတ္သတ္တို႔ ျမင္ေတြ႕လိုက္ရသျဖင့္ မိမိတို႔ဘုရားတည္ၿပီး ကုသိုလ္ေကာင္းမႈျပဳရန္အတြက္ နတ္ေကာင္းနတ္ျမတ္မ်ားက ျပသျခင္းျဖစ္သည္ဟု ယုံၾကည္ကာ ဤ႐ုပ္ပြားေတာ္ျမတ္ႀကီးကို မဟာသကၠရာဇ္ (၂၅၀)ခုႏွစ္တြင္ တည္ထားကိုးကြယ္ခဲ့ျခင္း ျဖစ္ပါသည္။ (ထိုစဥ္က ေ႐ႊမ်က္မွန္ တပ္ဆင္ထားျခင္း မရွိေသးပါ။)
ဤကဲ့သို႔ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားပူေဇာ္ၿပီး မၾကာေသာကာလတြင္ ဒြတၱေဘာင္မင္းတရားႀကီး၏ နတ္မ်က္စိအလင္းေရာင္ ကြယ္သြားရာ ပညာရွိမႉးမတ္မ်ားအား ေဗဒင္ကိန္ခန္းမ်ား တြက္ခ်က္ၾကည့္ေစေသာအခါ မင္းႀကီး တည္ထားကိုးကြယ္ခဲ့ေသာ ႐ုပ္ပြားေတာ္ျမတ္ႀကီးတြင္ ႐ုပ္ပြားေတာ္ျမတ္ႀကီး၏
မ်က္လုံးေတာ္ႏွင့္ လိုက္ဖတ္ညီေသာ မ်က္လုံးေတာ္ပုံသ႑ာန္ႏွင့္ တူညီသည့္မွန္တစ္စုံကို ဆက္ကပ္လႉဒါန္းပါက မင္းႀကီး၏ နတ္မ်က္စိအလင္းေရာင္ ျပန္လည္ရရွိႏိုင္မည္ျဖစ္ေၾကာင္း ေလွ်ာက္ထားၾကသျဖင့္ မွန္တစ္စုံကို မွန္တစ္စုံကို ဗုဒၶ႐ုပ္ပြားေတာ္တြင္ ဆက္ကပ္လႉဒါန္းရာ မင္းႀကီး၏ နတ္မ်က္စိအလင္း ျပန္လည္ရရွိခဲ့ေလသည္။
ျမန္မာသကၠရာဇ္ (၁၂၂၇) ခုႏွစ္မတိုင္မီ ကုန္းေဘာင္ေခတ္ကာလတြင္ သာသနာေရးဂိုဏ္းဂဏမ်ား အသင္းကြဲ ေပၚေပါက္လာသျဖင့္ သာသနာေတာ္ တည္တံ့ျပန႔္ပြားေစျခင္းငွာ ေ႐ႊေတာင္ၿမိဳ႕သားႀကီး ေဇယ်နႏၵမိတ္က ယင္းဗုဒၵ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျပန္လည္ျပဳျပင္၍ ဒြတၱေဘာင္မင္းႀကီး လႉဒါန္းခဲ့ေသာ မွန္တစ္စုံကို ၿခဳံငုံလ်က္ ေ႐ႊသားအတိရွိေသာ မ်က္မွန္ေတာ္ႀကီးအျဖစ္ ျပဳျပင္မြန္းမံ တပ္ဆင္ပူေဇာ္ခဲ့ေလသည္။
ဤေ႐ႊမ်က္မွန္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ သမိုင္းအက်ဥ္းခ်ဳပ္ကို ေဂါပကအဖြဲ႕ (ေ႐ႊမ်က္မွန္ဘုရားႀကီး)မွ ေရးသားျပဳစု၍ ဦးဝိုင္းတင္ (အတြင္းေရးမႉး၊ ေ႐ႊမ်က္မွန္ေဂါပကအဖြဲ႕) မွ ထုတ္ေဝေသာ သမိုင္းဝင္ ဆုေတာင္ျပည့္ ေ႐ႊမ်က္မွန္ ဗုဒၵ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ သမိုင္းအက်ဥ္းခ်ဳပ္မွ ကူးယူေရးသား ပူေဇာ္ျခင္းျဖစ္ပါသည္။
ေ႐ႊမ်က္မွႏ္ွဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး