မြေအောက်သို့ တဖြေးဖြေး နှစ်မြုပ်နေသော မြို့တော်များ

မြေအောက်သို့ တဖြေးဖြေး နှစ်မြုပ်နေသော မြို့တော်များ (SINKING CITIES) ( မြေအောက်ရေကို အလွန်အကျွံ ထုတ်သုံးနေတဲ့ မြန်မာနိုင်ငံ ရန်ကုန်လို မြို့ကြီးတွေ သတိထားရတော့မယ်….)

ကမ္ဘာ့ရာသီဥတု ပိုမိုပူပြင်းလာ၍ ရေခဲပြင်များအရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေမှုကြောင့် ကမ်းခြေအနီးရှိ မြို့တော်များတဖြေးဖြေး နိမ့်ဝင်နေကြသလို အချို့မြို့တော်များကတော့ မြေအောက်ရေများ (Groundwater) ကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေမှုကြောင့်

မြေအောက်ဖိအားအနေအထားများ ပြောင်းလဲပြီး မြေအောက်သို့ ဖြေးဖြေးခြင်း နိမ့်ဝင်နေတဲ့ မြို့တော်တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မြို့တော်ဂျာကာတာ အင်ဒိုနီးရှားနိုင်ငံ

လူဦးရေ (၁၀) သန်းကျော်ရှိတဲ့ မြို့တော်ဂျာကာတာ ဟာ မြေအောက်ရေ (Groundwater) တွေကို အလွန်အကျွံ ထုတ်သုံးနေခဲ့တာကြောင့် တစ်နှစ်ကို (၆.၇”) လက်မနှုန်းနဲ့ မြေအောက်ကို

နှစ်မြုပ်နေရာမှာ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာနေရာ မိုးရာသီရေကြီးရေလျှံမှုကို ခံစားနေရပြီး လာမဲ့ (၂၀၅၀) ခုနှစ်လောက်မှာ ရေအောက်ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြို့တော်ကို လက်ရှိနေရာမှ ကီလိုမီတာ (၁၀၀) ကျော်လောက်ဝေးတဲ့ နေရာကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပြီး အချိန်ခန့်မှန်းခြေ (၁၀) နှစ်ခန့်ကြာမှာ ဖြစ်ပြီး ဒေါ်လာ (၃၃) ဘီလီယံလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်

လူဦးရေ ( ၈ ) သန်းကျော် နေထိုင်တဲ့ ဘန်ကောက်မြို့တော်ကြီးဟာလည်း တစ်နှစ်လျှင် ( ၁ ) စင်တီမီတာနှုန်းနဲ့ နှစ်မြုပ်နေပြီး ပင်လယ်ရေမျက်နှာပြင်အောက်ကို လာမဲ့ (၂၀၃၀) ခုနှစ်မှာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

လောလောဆယ် ရေကြီးရေလျှံမှုတွေကို ကာကွယ်ဖို့ထိုင်းဗိသုကာအသင်းက ဒီဇိုင်းထုတ် ကြီးကြပ်ဆောက်လုပ်ထားတဲ့ မိုးရေ ဂါလံ တစ်သန်းကျော်ထိ ယာယီလှောင်ထားနိုင်တဲ့ မြေအောက်ရေလှောင်ကန်ကြီးပါဝင်တဲ့

ချူလာလောင်ကွန်တက္ကသိုလ်ရာပြည့် ပန်းြံခံကြီးကို မြေဧက (၁၁) ဧကပေါ်မှာ ဆောက်လုပ်ထားပါတယ်တဲ့။

ဒက္ကားမြို့ (Dhaka) (ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော်)

နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ မြစ်ဝကျွန်းပေါ်နေရာမှာ တည်ထားတဲ့ မြို့တော် ဒက္ကားကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို သိသိသာသာ ဆိုးရွားစွာ ခံစားနေရပြီဖြစ်ပါတယ်။

လာမဲ့ သက္ကရာဇ် (၂၀၅၀) မှာ နိုင်ငံရဲ့ (၁၇%) ကို ပင်လယ်ရေလွှမ်းမိုးပြီး လူဦးရေ (၁၈) သန်းကို ရေလွှတ်ရာသို့ ရွှေ့ပြောင်းပေးရမှာပါ။

နိုင်ဂျီးရီယားနိုင်ငံ မြို့တော် လာဂိုစ် (Lagoes, Nigeria)

အာဖရိကတိုက်ရဲ့ အနောက်ဖက်ကမ်းခြေမှာ တည်ရှိတဲ့ အကြီးဆုံးမြို့တော်ကြီး လာဂိုစ်ရဲ့ ကမ်းခြေအနိမ့်ပိုင်းတွေဟာ မြင့်တက်လာနေတဲ့ ပင်လယ်ရေရဲ့ တိုက်စား ဖုံးလွှမ်းခြင်းကို ခံနေရပြီး ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် ဖြစ်လာနေတဲ့ ဘေးဒုက္ခအန္တရာယ် ကျရောက်နေပါပြီ။

(၂၀၁၂) ခုနှစ်က လေ့လာမှုများအရ လက်ရှိပင်လာ်ရေမျက်နှာပြင်ထက် (၃) ပေမှ (၉) ပေမြင့်တက်လာပါက လာဂိုစ် နေပြည်သူများရဲ့ ကမ္ဘာပျက်ခန်းဖြစ်ပါလိမ့်မယ်တဲ့။

ယခုရာစုနှစ်ကုန်တွင် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၆) ခန့်မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဗင်းနစ်မြို့ (Venice) အီတလီနိုင်ငံ

အီတလီတို့ရဲ့ တိုးရစ်တကာတို့ အလေးပေးလည်ပတ်ရာ ဗင်းနစ်မြို့ဟာ မြို့တွင်းမှာ ဖောက်လုပ်ထားတဲ့ တူးမြောင်းတွေကြောင့် ဝင်ငွေကောင်းနေခဲ့ရာမှ သတိထားတိုင်းတာမိချိန်မှာတော့ တစ်နှစ်ကို (ဝ.၀၈”) လက်မနှုန်းနဲ့ မြေအောက်ကို နှစ်ဝင်နေတာ တွေ့ရပါတယ်။

အီတလီတို့က (၂၀၀၃) ခုနှစ်ကစပြီး ဗင်းနစ်ကို ရေလွှမ်းမိုးမှုက ကာကွယ်ရန် ရေတံခါးပေါင်း (၇၈) စင်းပါဝင်တဲ့ ရေတားတွေ အဆင့်ဆင့်ကို တည်ဆောက်ခဲ့ရာ (၂၀၁၁) ခုနှစ်က ပြီးစီးခဲ့ပေမဲ့ ဂိတ်တံခါးတွေ အကုန်လုံးကိုတော့ လာမဲ့ (၂၀၂၂) ခုနှစ်မှ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ယမန်နှစ် (၂၀၁၈) ခုနှစ်မှာ ပြင်းထန်သောမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဒေါ်လာ (၆.၅) ဘီလီယံ စီမံကိန်းကြီးပါ ရပ်ဆိုင်းခဲ့ရပြီး ဗင်းနစ်တမြို့လုံး ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ပါတယ်။

ရော့တာဒန်မြို့တော် (Rotterdam) နယ်သာလန်နိုင်ငံ

(၉၀%) သော ရော့တာဒန်မြို့တော်ရဲ့ နေရာတွေဟာ နဂိုကတည်းက ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေပြီးပါပြီ။ ယခုအခါ ပင်လာ်ရေမျက်နှာပြင်က ထပ်မံမြင့်တက်လာနေရင် ရေလွှမ်းမိုးမှုအန္တရာယ်က ကြီးမားလှပါတယ်။

ထိုင်းတွေဆောက်ခဲ့တဲ့ ချူလာလောင်ကွန်တက္ကသိုလ် ရာပြည့်ပန်းခြံကြီးလိုဘဲ ဒချ်တွေဟာ ရေဥယာဉ်များကို မြို့တော်အနှံ့မှာ မုန်တိုင်းကြောင့် ရေလှိုင်းတွေမြင့်တက်လာရင် ကာကွယ်ဖို့ အတားအဆီးတွေ တည်ဆောက်ထားကြပါတယ်။

အလက်ဇန္ဒရီးယားမြို့ အီဂျစ်နိုင်ငံ (Alexandria, Egypt)

မြို့တော်ရှိ ပင်လယ်ကမ်းခြေများဟာ ပင်လယ်ပြင်မြင့်တက်လာမှုကြောင့် ရေဖုံးလွှမ်းပြီး ပျောက်ကွယ်နေပါပြီ။ မြေထဲပင်လယ်ဟာ (၂၁၀၀) ခုနစ်မှာ (၂) ပေခန့်မြင့်တက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အမေရိကန်နိုင်ငံ ကမ်းခြေဒေသများ

အမေရိကန် အရှေ့ဖက်ကမ်းခြေရှိ ဟူစတန် (Houston)(Texas ပြည်နယ်) ရဲ့ အစိတ်အပိုင်းတချို့ဟာ တစ်နှစ်လျှင် (၂”) လက်မနှုန်းဖြင့် မြေအောက်သို့ နှစ်မြှုပ်နေရာ ပြီးခဲ့သည့်

ဟာရီကိန်းမုန်တိုင်းကြီး (Harvey) ကဲ့သို့သော မုန်တိုင်းဒဏ်ကို ပို၍ ခံစားနေရပါတယ်။ အိမ်အလုံးပေါင်း (၁၃၅၀၀၀) ပျက်စီးပြီး လူပေါင်း (၃၀၀၀၀) ကျော်ကို ကယ်ဆယ်ခဲ့ရပါတယ်။

အရှေ့ဖက်ကမ်းခြေရဲ့ နှစ်မြှုပ်နေတဲ့ မြို့ကတော့ ဗာဂျီးနီးယားမြို့တော်ရဲ့ ကမ်းခြေများ (Virginia Beach) ကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း နှင့် မြေအောက်သို့ မြုပ်ဝင်နေခြင်းကို

တပြိုင်နက်ထဲ ခံစားနေရတာ ဖြစ်ပါတယ်။ NOAA ရဲ့ ခန့်မှန်းချက်အရ လာမဲ့ (၂၁၀၀) ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင်အမြင့် (၁၂) ပေခန့်မြင့်တက်ပြီး ရေလွှမ်းခံရမယ်လို့ ဆိုထားပါတယ်။

မက်စီကိုပင်လယ်ကွေ့မှာ တည်ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ တောင်ဖက်ပြည်နယ် လူဝီစီယားနား (Louisiana) ရဲ့ နယူးအော်လင်း မြို့ (New Orieans) ကို (၂၀၀၅) ခုနှစ်က ကက်ထရီးနားမုန်တိုင်း (Harricane Katrina) တိုက်ခတ်လို့ အပျက်အစီးနဲ့ အသေအပျောက်များခဲ့တာ အမှတ်ရမိကြပါလိမ့်မယ်။

မြို့တော်ရဲ့ အစိပ်အပိုင်းတစ်ချို့ဟာ ပင်လယ်ရေမျက်နှာပြင်အောက်ကို (၁၅’) ပေခန့် နိမ့်ဝင်နေပြီဖြစ်ပါတယ်။ တစ်နှစ်လျှင် (၂”) လက်မနှုန်းနဲ့ နှစ်ဝင်နေခဲ့ပြီး နယူးအောလင်းမြို့ဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာမို့ ပင်လယ်ရေတိုးဝင်နေတဲ့ဒဏ်ကို ပိုခံစားနေရတာဖြစ်ပါတယ်။

အချုပ်အားဖြင့်

ပိုမိုပူပြင်းလာသော ရာသီဥတုကြောင့် ရေခဲပြင်များအရည်ပျော်နှုန်း မြန်ဆန်လာခြင်းနှင့်အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဒဏ်ကို ဆက်စပ်နေသည့်ဒေသများ အားလုံး ခံစားနေကြရပြီဖြစ်ရာ မိမိတို့ကမ်းခြေဒေသများကို ဂရုစိုက် စေါင့်ရှောက်ကြရန် တိုက်တွန်းရပါသည်။ တင်မြင့် (Mech75) အားလေးစားစွာ ခရက်ဒက်ပေးပါသည်

Zawgyi ျဖင့္ဖတ္ရန္

ကမာၻ႔ရာသီဥတု ပိုမိုပူျပင္းလာ၍ ေရခဲျပင္မ်ားအရည္ေပ်ာ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာေနမႈေၾကာင့္ ကမ္းေျခအနီးရွိ ၿမိဳ႕ေတာ္မ်ားတေျဖးေျဖး နိမ့္ဝင္ေနၾကသလို အခ်ိဳ႕ၿမိဳ႕ေတာ္မ်ားကေတာ့ ေျမေအာက္ေရမ်ား (Groundwater) ကို အလြန္အကြၽံ ထုတ္ယူသုံးစြဲေနမႈေၾကာင့္

ေျမေအာက္ဖိအားအေနအထားမ်ား ေျပာင္းလဲၿပီး ေျမေအာက္သို႔ ေျဖးေျဖးျခင္း နိမ့္ဝင္ေနတဲ့ ၿမိဳ႕ေတာ္တခ်ိဳ႕ကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ဂ်ာကာတာ အင္ဒိုနီးရွားႏိုင္ငံ

လူဦးေရ (၁၀) သန္းေက်ာ္ရွိတဲ့ ၿမိဳ႕ေတာ္ဂ်ာကာတာ ဟာ ေျမေအာက္ေရ (Groundwater) ေတြကို အလြန္အကြၽံ ထုတ္သုံးေနခဲ့တာေၾကာင့္ တစ္ႏွစ္ကို (၆.၇”) လက္မႏႈန္းနဲ႔ ေျမေအာက္ကို

ႏွစ္ျမဳပ္ေနရာမွာ ပင္လယ္ေရမ်က္ႏွာျပင္ကလည္း ျမင့္တက္လာေနရာ မိုးရာသီေရႀကီးေရလွ်ံမႈကို ခံစားေနရၿပီး လာမဲ့ (၂၀၅၀) ခုႏွစ္ေလာက္မွာ ေရေအာက္ေရာက္သြားမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ၿမိဳ႕ေတာ္ကို လက္ရွိေနရာမွ ကီလိုမီတာ (၁၀၀) ေက်ာ္ေလာက္ေဝးတဲ့ ေနရာကို ေ႐ႊ႕ေျပာင္းဖို႔ ျပင္ဆင္ေနၾကၿပီး အခ်ိန္ခန႔္မွန္းေျခ (၁၀) ႏွစ္ခန႔္ၾကာမွာ ျဖစ္ၿပီး ေဒၚလာ (၃၃) ဘီလီယံေလာက္ ကုန္က်မယ္လို႔ ခန႔္မွန္းထားပါတယ္။

ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္

လူဦးေရ ( ၈ ) သန္းေက်ာ္ ေနထိုင္တဲ့ ဘန္ေကာက္ၿမိဳ႕ေတာ္ႀကီးဟာလည္း တစ္ႏွစ္လွ်င္ ( ၁ ) စင္တီမီတာႏႈန္းနဲ႔ ႏွစ္ျမဳပ္ေနၿပီး ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ကို လာမဲ့ (၂၀၃၀) ခုႏွစ္မွာ ေရာက္ရွိသြားမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္ ေရႀကီးေရလွ်ံမႈေတြကို ကာကြယ္ဖို႔ထိုင္းဗိသုကာအသင္းက ဒီဇိုင္းထုတ္ ႀကီးၾကပ္ေဆာက္လုပ္ထားတဲ့ မိုးေရ ဂါလံ တစ္သန္းေက်ာ္ထိ ယာယီေလွာင္ထားႏိုင္တဲ့ ေျမေအာက္ေရေလွာင္ကန္ႀကီးပါဝင္တဲ့

ခ်ဴလာေလာင္ကြန္တကၠသိုလ္ရာျပည့္ ပန္းျံခံႀကီးကို ေျမဧက (၁၁) ဧကေပၚမွာ ေဆာက္လုပ္ထားပါတယ္တဲ့။

ဒကၠားၿမိဳ႕ (Dhaka) (ဘဂၤလားေဒ့ရွ္ ႏိုင္ငံၿမိဳ႕ေတာ္)

ႏိုင္ငံရဲ႕ ဘဂၤလားပင္လယ္ေအာ္နဲ႔ ဆက္စပ္ေနတဲ့ ျမစ္ဝကြၽန္းေပၚေနရာမွာ တည္ထားတဲ့ ၿမိဳ႕ေတာ္ ဒကၠားကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈကို သိသိသာသာ ဆိုး႐ြားစြာ ခံစားေနရၿပီျဖစ္ပါတယ္။

လာမဲ့ သကၠရာဇ္ (၂၀၅၀) မွာ ႏိုင္ငံရဲ႕ (၁၇%) ကို ပင္လယ္ေရလႊမ္းမိုးၿပီး လူဦးေရ (၁၈) သန္းကို ေရလႊတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးရမွာပါ။

ႏိုင္ဂ်ီးရီယားႏိုင္ငံ ၿမိဳ႕ေတာ္ လာဂိုစ္ (Lagoes, Nigeria)

အာဖရိကတိုက္ရဲ႕ အေနာက္ဖက္ကမ္းေျခမွာ တည္ရွိတဲ့ အႀကီးဆုံးၿမိဳ႕ေတာ္ႀကီး လာဂိုစ္ရဲ႕ ကမ္းေျခအနိမ့္ပိုင္းေတြဟာ ျမင့္တက္လာေနတဲ့ ပင္လယ္ေရရဲ႕ တိုက္စား ဖုံးလႊမ္းျခင္းကို ခံေနရၿပီး ကမာၻ႔ရာသီဥတု ပူေႏြးလာမႈေၾကာင့္ ျဖစ္လာေနတဲ့ ေဘးဒုကၡအႏၲရာယ္ က်ေရာက္ေနပါၿပီ။

(၂၀၁၂) ခုႏွစ္က ေလ့လာမႈမ်ားအရ လက္ရွိပင္လာ္ေရမ်က္ႏွာျပင္ထက္ (၃) ေပမွ (၉) ေပျမင့္တက္လာပါက လာဂိုစ္ ေနျပည္သူမ်ားရဲ႕ ကမာၻပ်က္ခန္းျဖစ္ပါလိမ့္မယ္တဲ့။

ယခုရာစုႏွစ္ကုန္တြင္ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္ေပ (၆) ခန႔္ျမင့္တက္လာမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ဗင္းနစ္ၿမိဳ႕ (Venice) အီတလီႏိုင္ငံ

အီတလီတို႔ရဲ႕ တိုးရစ္တကာတို႔ အေလးေပးလည္ပတ္ရာ ဗင္းနစ္ၿမိဳ႕ဟာ ၿမိဳ႕တြင္းမွာ ေဖာက္လုပ္ထားတဲ့ တူးေျမာင္းေတြေၾကာင့္ ဝင္ေငြေကာင္းေနခဲ့ရာမွ သတိထားတိုင္းတာမိခ်ိန္မွာေတာ့ တစ္ႏွစ္ကို (ဝ.၀၈”) လက္မႏႈန္းနဲ႔ ေျမေအာက္ကို ႏွစ္ဝင္ေနတာ ေတြ႕ရပါတယ္။

အီတလီတို႔က (၂၀၀၃) ခုႏွစ္ကစၿပီး ဗင္းနစ္ကို ေရလႊမ္းမိုးမႈက ကာကြယ္ရန္ ေရတံခါးေပါင္း (၇၈) စင္းပါဝင္တဲ့ ေရတားေတြ အဆင့္ဆင့္ကို တည္ေဆာက္ခဲ့ရာ (၂၀၁၁) ခုႏွစ္က ၿပီးစီးခဲ့ေပမဲ့ ဂိတ္တံခါးေတြ အကုန္လုံးကိုေတာ့ လာမဲ့ (၂၀၂၂) ခုႏွစ္မွ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ယမန္ႏွစ္ (၂၀၁၈) ခုႏွစ္မွာ ျပင္းထန္ေသာမုန္တိုင္း တိုက္ခတ္ခဲ့ရာ ေဒၚလာ (၆.၅) ဘီလီယံ စီမံကိန္းႀကီးပါ ရပ္ဆိုင္းခဲ့ရၿပီး ဗင္းနစ္တၿမိဳ႕လုံး ဆယ္စုႏွစ္အတြင္း အဆိုး႐ြားဆုံး ေရလႊမ္းမိုးမႈဒဏ္ကို ခံစားခဲ့ပါတယ္။

ေရာ့တာဒန္ၿမိဳ႕ေတာ္ (Rotterdam) နယ္သာလန္ႏိုင္ငံ

(၉၀%) ေသာ ေရာ့တာဒန္ၿမိဳ႕ေတာ္ရဲ႕ ေနရာေတြဟာ နဂိုကတည္းက ပင္လယ္ေရမ်က္ႏွာျပင္ထက္ နိမ့္ေနၿပီးပါၿပီ။ ယခုအခါ ပင္လာ္ေရမ်က္ႏွာျပင္က ထပ္မံျမင့္တက္လာေနရင္ ေရလႊမ္းမိုးမႈအႏၲရာယ္က ႀကီးမားလွပါတယ္။

ထိုင္းေတြေဆာက္ခဲ့တဲ့ ခ်ဴလာေလာင္ကြန္တကၠသိုလ္ ရာျပည့္ပန္းၿခံႀကီးလိုဘဲ ဒခ်္ေတြဟာ ေရဥယာဥ္မ်ားကို ၿမိဳ႕ေတာ္အႏွံ႔မွာ မုန္တိုင္းေၾကာင့္ ေရလႈိင္းေတြျမင့္တက္လာရင္ ကာကြယ္ဖို႔ အတားအဆီးေတြ တည္ေဆာက္ထားၾကပါတယ္။

အလက္ဇႏၵရီးယားၿမိဳ႕ အီဂ်စ္ႏိုင္ငံ (Alexandria, Egypt)

ၿမိဳ႕ေတာ္ရွိ ပင္လယ္ကမ္းေျခမ်ားဟာ ပင္လယ္ျပင္ျမင့္တက္လာမႈေၾကာင့္ ေရဖုံးလႊမ္းၿပီး ေပ်ာက္ကြယ္ေနပါၿပီ။ ေျမထဲပင္လယ္ဟာ (၂၁၀၀) ခုနစ္မွာ (၂) ေပခန႔္ျမင့္တက္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

အေမရိကန္ႏိုင္ငံ ကမ္းေျခေဒသမ်ား

အေမရိကန္ အေရွ႕ဖက္ကမ္းေျခရွိ ဟူစတန္ (Houston)(Texas ျပည္နယ္) ရဲ႕ အစိတ္အပိုင္းတခ်ိဳ႕ဟာ တစ္ႏွစ္လွ်င္ (၂”) လက္မႏႈန္းျဖင့္ ေျမေအာက္သို႔ ႏွစ္ျမႇဳပ္ေနရာ ၿပီးခဲ့သည့္

ဟာရီကိန္းမုန္တိုင္းႀကီး (Harvey) ကဲ့သို႔ေသာ မုန္တိုင္းဒဏ္ကို ပို၍ ခံစားေနရပါတယ္။ အိမ္အလုံးေပါင္း (၁၃၅၀၀၀) ပ်က္စီးၿပီး လူေပါင္း (၃၀၀၀၀) ေက်ာ္ကို ကယ္ဆယ္ခဲ့ရပါတယ္။

အေရွ႕ဖက္ကမ္းေျခရဲ႕ ႏွစ္ျမႇဳပ္ေနတဲ့ ၿမိဳ႕ကေတာ့ ဗာဂ်ီးနီးယားၿမိဳ႕ေတာ္ရဲ႕ ကမ္းေျခမ်ား (Virginia Beach) ကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာျခင္း ႏွင့္ ေျမေအာက္သို႔ ျမဳပ္ဝင္ေနျခင္းကို

တၿပိဳင္နက္ထဲ ခံစားေနရတာ ျဖစ္ပါတယ္။ NOAA ရဲ႕ ခန႔္မွန္းခ်က္အရ လာမဲ့ (၂၁၀၀) ခုႏွစ္မွာ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္ (၁၂) ေပခန႔္ျမင့္တက္ၿပီး ေရလႊမ္းခံရမယ္လို႔ ဆိုထားပါတယ္။

မက္စီကိုပင္လယ္ေကြ႕မွာ တည္ရွိေနတဲ့ အေမရိကန္ႏိုင္ငံရဲ႕ ေတာင္ဖက္ျပည္နယ္ လူဝီစီယားနား (Louisiana) ရဲ႕ နယူးေအာ္လင္း ၿမိဳ႕ (New Orieans) ကို (၂၀၀၅) ခုႏွစ္က ကက္ထရီးနားမုန္တိုင္း (Harricane Katrina) တိုက္ခတ္လို႔ အပ်က္အစီးနဲ႔ အေသအေပ်ာက္မ်ားခဲ့တာ အမွတ္ရမိၾကပါလိမ့္မယ္။

ၿမိဳ႕ေတာ္ရဲ႕ အစိပ္အပိုင္းတစ္ခ်ိဳ႕ဟာ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ကို (၁၅’) ေပခန႔္ နိမ့္ဝင္ေနၿပီျဖစ္ပါတယ္။ တစ္ႏွစ္လွ်င္ (၂”) လက္မႏႈန္းနဲ႔ ႏွစ္ဝင္ေနခဲ့ၿပီး နယူးေအာလင္းၿမိဳ႕ဟာ ျမစ္ဝကြၽန္းေပၚေဒသျဖစ္တာမို႔ ပင္လယ္ေရတိုးဝင္ေနတဲ့ဒဏ္ကို ပိုခံစားေနရတာျဖစ္ပါတယ္။

အခ်ဳပ္အားျဖင့္

ပိုမိုပူျပင္းလာေသာ ရာသီဥတုေၾကာင့္ ေရခဲျပင္မ်ားအရည္ေပ်ာ္ႏႈန္း ျမန္ဆန္လာျခင္းႏွင့္အတူ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာျခင္းဒဏ္ကို ဆက္စပ္ေနသည့္ေဒသမ်ား အားလုံး ခံစားေနၾကရၿပီျဖစ္ရာ မိမိတို႔ကမ္းေျခေဒသမ်ားကို ဂ႐ုစိုက္ ေစါင့္ေရွာက္ၾကရန္ တိုက္တြန္းရပါသည္။ တင္ျမင့္ (Mech75) အားေလးစားစြာ ခရက္ဒက္ေပးပါသည္