အသက်ငယ်ငယ်လေးနဲ့ ဓမ္မာစရိယဘွဲ့ရ ဆေးတက္ကသိုလ် ကျောင်းသူလေး မဝေမွန်ကျော်
အသက်ငယ်ငယ်လေးနဲ့ ဓမ္မာစရိယဘွဲ့ရ ဆေးတက္ကသိုလ်ကျောင်းသူ မဝေမွန်ကျော် ကြောင်းကို ပြေပြချငိပါတယ်။မဝေမွန်ကျော်သည် လောကုတ္တရာစာပေကို မလေ့လာခင်ကဆေးတက္ကသိုလ်မှာ ကျောင်းတက်နေသည့် ကျောင်းသူလေးပါ။ ထို့နောက် ဆေးတက္ကသိုလ်ကို
မတက်တော့ဘဲ လောကုတ္တရာစာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ရာ ဓမ္မာစရိယ သုံးကျမ်းအောင်မြင်သဖြင့် ဓမ္မာစရိယ ဘွဲ့ကို ရရှိသွားပြီ ဖြစ်ပါတဟ်နော်။ အောင်မြင်ခဲ့သော စာမေးပွဲတွေကတော့ ၁။ အဘိဓမ္မာစာမေးပွဲ မြန်မာတစ်နိူင်ငံလုံး ပထမ)၂။ အဘိဓမ္မာ(ဂုဏ်ထူး) မြန်မာ
တစ်နိူင်ငံလုံး ဒုတိယ)၃။ ဝိသုဒ္ဓိမဂ်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး ပထမ၄။ ပထမငယ်တန်း ( ရန်ကုန်တိုင်း ပထမ)၅။ ပထမလတ်တန်း ( မြန်မာတစ်နိုင်ငံလုံး ပထမ) ၆။ ပထမကြီးတန်း ၇။ ဓမ္မာစရိယတန်း တို့ ဖြစ်ပါတယ်နော်။သူ့ဘဝ သူ့အကြောင်းမဝေမွန်ကျော်သည် ၁၀ တန်းကို
ဒဂုံ အ.ထ.က (၁) မှလေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ပြီးတော့ ဆေးတက္ကသိုလ်ကို တက်ခွင့်ရသူ ဆရာဝန်လောင်းတစ်ယောက်ပါ။ သို့သော်လည်း ဆေးတက္ကသိုလ်ကို ခဏမျှသာ တက်ရောက်ခဲ့ပြီးတော့ ဉာဏ်ပညာကြီးသူတို့၏ ကျက်စားရာဖြစ်သော၊ အဘိဓမ္မာနှင့်
ဝိသုဒ္ဓိမဂ် သင်တန်းတို့ကို တက်ရောက်ခဲ့တာပါ။ ထို့နောက် ပါဠိပထမပြန်စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ပထမကြီးတန်းတို့ကို ဖြေဆိုအောင်မြင်ခဲ့သည်။ဆရာများမှာ ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့နယ်၊မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်မှ ဆရာများပါတယ်။
(၂၀၁၉ )ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ပြီး သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိသွားပြီ ဖြစ်ပါတယ်။ဒါကြောင့် အသက်ငယ်ငယ်လေးနဲ့ သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့တဲ့ မဝေမွန်ကျော်ကို အတုယူအားကျနိုင်ဖို့ ပြန်လည်မျှဝေပါတယ်။
Zawgyi