ႏွစ္ ၅၀ နီးပါးေရာင္းခ်ၿပီး ေအာင္ျမင္လာတဲ့ ေႁမြဘုရင္မရဲ႕ ေႁမြသားစြပ္ျပဳတ္

အစားသောက်နဲ့ပတ်သက်လာရင် တျုတ်လူမျိုးတွေက အစုံစားသူတွေလို့ ကမ္ဘာမှာ နာမည်ကျော်ပါတယ်။ တရုတ်တွေဟာ မြွေသားကို ၁၆ ရာစုတည်းက စတင်စားသုံးခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင် ဟောင်ကောင်မှာ မြွေသားစွပ်ပြုတ်ဆိုင်ပေါင်း

ရာနဲ့ချီပြီးရှိပါတယ်။ တရုတ်တွေဟာ မြွေသားစွပ်ပြုတ်ကို ဆောင်းရာသီမှာ အစားများကြပါတယ်။ ဟောင်ကောင်က မြွေသားစွပ်ပြုတ်ဆိုင်ပိုင်ရှင် ချောင်ကာလင်ဆိုသူဟာ မြွေတွေကို ကိုင်တွယ်ထိန်းချုပ်ရာမှာ ပိုင်နိုင်ကျွမ်းကျင်တာကြောင့် မြွေဘုရင်မ ဆိုတဲ့ဘွဲ့ကို

ရရှိထားပါတယ်။ ချောင်ကာလင်ဟာ ငယ်စဉ်က ကျောင်းစာကို စိတ်ပါဝင်စားမှုနည်းခဲ့ပြီး သူ့အဖေရဲ့ဆိုင်မှာ အချိန်ကုန်တာ များခဲ့ပါတယ်။ သူ့အဖေရဲ့ မြွေကိုကိုင်တွယ် ချက်ပြုတ်ပုံတွေကို မျက်ရေးဝနေတဲ့ ချောင်ဟာ သူကိုယ်တိုင်ဆိုင်ကိုဦးစီး လုပ်ကိုင်ရချိန်မှာတော့

သူတို့ရဲ့ဆိုင်ဟာ ဟောင်ကောင်တခွင်မှာ နာမည်ကျော်လာခဲ့ပါတယ်။ မြွေသားကို ခပ်ပါးပါးလွှာပြီး ကြက်ရိုး၊ ဝက်ရိုးတွေနဲ့ ရောပြုတ်ထားတဲ့ စွပ်ပြုတ်ဟာ အနံ့အရသာမှာ ပြည့်စုံလွန်းလှတာကြောင့် နာမည်ကျော် TV Show တွေမှာလည်း မကြာခဏဆိုသလို ဖော်ပြခြင်း

ခံခဲ့ရပါတယ်။ ချောင်ကာလင်ဟာ ဒီလုပ်ငန်းကို ၁၉၇၀ ခုနှစ်ဝန်းကျင်တည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၅၀ နီးပါးရှိပါပြီ။ လူနေအိမ်ခြေ ချဲ့ထွင်မှုတွေ၊ အလွန်အကျွံ အမဲလိုက်မှုတွေနဲ့ တောမီးရှို့မှုတွေကြောင့် တောရိုင်းမြွေတွေ ရှားပါးလာပြီး

ဟောင်ကောင်မှာလည်း မြွေသားစွပ်ပြုတ်ဆိုင် ၂၀ ဝန်းကျင်လောက်သာ ကျန်ရှိပါတော့တယ်။ ချောင်ကာလင်ကတော့ မြို့ပြထဲကို နယ်ကျွံလာတဲ့ တောမြွေတွေကို ဖမ်းဆီးရင်း သူ့ရဲ့စွပ်ပြုတ်ဆိုင်လေးကို ယနေ့တိုင် ဆက်လက်ဦးစီး လုပ်ကိုင်လျက်ရှိပါတယ်။

Zawgyi

အစားေသာက္နဲ႔ပတ္သက္လာရင္ တ်ဳတ္လူမ်ိဳးေတြက အစုံစားသူေတြလို႔ ကမာၻမွာ နာမည္ေက်ာ္ပါတယ္။ တ႐ုတ္ေတြဟာ ေႁမြသားကို ၁၆ ရာစုတည္းက စတင္စားသုံးခဲ့ၾကပါတယ္။ ၁၉၈၀ ခုႏွစ္ဝန္းက်င္တုန္းကဆိုရင္ ေဟာင္ေကာင္မွာ ေႁမြသားစြပ္ျပဳတ္ဆိုင္ေပါင္း

ရာနဲ႔ခ်ီၿပီးရွိပါတယ္။ တ႐ုတ္ေတြဟာ ေႁမြသားစြပ္ျပဳတ္ကို ေဆာင္းရာသီမွာ အစားမ်ားၾကပါတယ္။ ေဟာင္ေကာင္က ေႁမြသားစြပ္ျပဳတ္ဆိုင္ပိုင္ရွင္ ေခ်ာင္ကာလင္ဆိုသူဟာ ေႁမြေတြကို ကိုင္တြယ္ထိန္းခ်ဳပ္ရာမွာ ပိုင္ႏိုင္ကြၽမ္းက်င္တာေၾကာင့္ ေႁမြဘုရင္မ ဆိုတဲ့ဘြဲ႕ကို

ရရွိထားပါတယ္။ ေခ်ာင္ကာလင္ဟာ ငယ္စဥ္က ေက်ာင္းစာကို စိတ္ပါဝင္စားမႈနည္းခဲ့ၿပီး သူ႔အေဖရဲ႕ဆိုင္မွာ အခ်ိန္ကုန္တာ မ်ားခဲ့ပါတယ္။ သူ႔အေဖရဲ႕ ေႁမြကိုကိုင္တြယ္ ခ်က္ျပဳတ္ပုံေတြကို မ်က္ေရးဝေနတဲ့ ေခ်ာင္ဟာ သူကိုယ္တိုင္ဆိုင္ကိုဦးစီး လုပ္ကိုင္ရခ်ိန္မွာေတာ့

သူတို႔ရဲ႕ဆိုင္ဟာ ေဟာင္ေကာင္တခြင္မွာ နာမည္ေက်ာ္လာခဲ့ပါတယ္။ ေႁမြသားကို ခပ္ပါးပါးလႊာၿပီး ၾကက္႐ိုး၊ ဝက္႐ိုးေတြနဲ႔ ေရာျပဳတ္ထားတဲ့ စြပ္ျပဳတ္ဟာ အနံ႔အရသာမွာ ျပည့္စုံလြန္းလွတာေၾကာင့္ နာမည္ေက်ာ္ TV Show ေတြမွာလည္း မၾကာခဏဆိုသလို ေဖာ္ျပျခင္း

ခံခဲ့ရပါတယ္။ ေခ်ာင္ကာလင္ဟာ ဒီလုပ္ငန္းကို ၁၉၇၀ ခုႏွစ္ဝန္းက်င္တည္းက စတင္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ႏွစ္ေပါင္း ၅၀ နီးပါးရွိပါၿပီ။ လူေနအိမ္ေျခ ခ်ဲ႕ထြင္မႈေတြ၊ အလြန္အကြၽံ အမဲလိုက္မႈေတြနဲ႔ ေတာမီးရႈိ႕မႈေတြေၾကာင့္ ေတာ႐ိုင္းေႁမြေတြ ရွားပါးလာၿပီး

ေဟာင္ေကာင္မွာလည္း ေႁမြသားစြပ္ျပဳတ္ဆိုင္ ၂၀ ဝန္းက်င္ေလာက္သာ က်န္ရွိပါေတာ့တယ္။ ေခ်ာင္ကာလင္ကေတာ့ ၿမိဳ႕ျပထဲကို နယ္ကြၽံလာတဲ့ ေတာေႁမြေတြကို ဖမ္းဆီးရင္း သူ႔ရဲ႕စြပ္ျပဳတ္ဆိုင္ေလးကို ယေန႔တိုင္ ဆက္လက္ဦးစီး လုပ္ကိုင္လ်က္ရွိပါတယ္။