သာသနာတော် ဘွဲ့တံဆိပ်ဆုချီးမြှင့်ခံရသူ နေအိမ်မှဗုဒ္ဓရုပ်ပွားတော် မျက်လုံးတစ်လုံးပွင့်လာ

နိုင်ငံတော်မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များချီးမြှင့်ခံထားရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာလှဝင်း အောင်ရဲ့ နေအိမ်မှာ ကိန်းဝပ်စံပ္ပာယ်တော်မူနေသော ကျောက်စိမ်းဆင်းတုတော်မှာ မျက်လုံးတော်ပွင့်ပြီး၊ ပြုံးတော်မူလာတာကြောင့် အများပြည်သူများဖူးတွေ့နိုင်စေဖို့

ဒေါက်တာလှဝင်းအောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့်ပူဇော်ခွင့်ရနိုင်ဖို့ တင်ပေးထားခဲ့ပါတယ်။ အဆိုပါကျောက်စိမ်းဆင်းတုတော်မြတ်မှာ ကျောက် စိမ်းတုံးတစ်တုံးတည်းကနေ တစ်ဆက်တည်းထုလုပ်ပူ ဇော်ထားခြင်းဖြစ်ပြီး၊ ဉာဏ်တော်၃၆လက်မ၊ အလျား ၂၈

လက်မ ထုလုပ်ပူဇော်ထားတာဖြစ်ပြီး ရောင်းချဖို့အစီ အစဉ်မရှိဘူးလို့လည်း ပြောကြားထားတာဖြစ်ပါတယ်။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိထားတဲ့ ဒေါက်တာလှဝင်းအောင် မှာ ဘစိုးဥကျောက်မျက်ရတနာဆိုင်ကို ဖွင့်လှစ်ထားသူတစ်ယောက်ဖြစ်ပြီး၊ လတ်တလောမှာလည်း

အွန်လိုင်းမှ ကျောက်စိမ်းဆင်းတုများနဲ့ အနုပညာလက်မှုပစ္စည်းများကို ရောင်းချပေးခြင်း၊ ဘုရားများကို မဲဖောက်ပေးခြင်းနှုင့်၊ ကျောက်စိမ်းဆင်းတုတော်များကို မဲဖောက်လှူတန်းပေးခြင်းများကို လည်း ဆောင်ရွက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ယခုကဲ့သို့ ကျောက်စိမ်း

ဆင်းတုတော် မျက်လုံးတော်ဖွင့်မည့်နေ့မှာလည်း ကိုဗစ်ရောဂါကာကွယ်ရန်အတွက် မက်စ်တစ်သောင်းခန့် လှူတန်းရန်ပြင်ဆင်ပြီး ပစ္စည်းများရွှေ့ပြောင်းနေစဉ်မှာ ဝိုင်းဝန်းကူညီနေတဲ့ ကလေးများက စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ “ဆရာ ကျောက်စိမ်း

ဘုရားကြီးက ပြုံးပြီးမျက်လုံးတော်က ဖွင့်ကြည့်နေတယ်” ဆိုပြီး၊ ဝမ်းသာအားရပြောပြနေချိန်မှာ ဒေါက်တာလှဝင်းအောင်ကလည်း အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်နေချိန်နဲ့ တိုက်ဆိုင်နေတယ်လို့လည်း အသိပေးပြောကြားထားတာ ဖြစ်ပါတယ်။ ကျောက်စိမ်းဆင်းတုတော်

မြတ်ကြီးကိုလည်းမန္တလေးမြို့မှ တဆင့်ဝယ်ယူလာတဲ့သူရှိပါသော်လည်း ထူးဆန်း တဲ့ အိပ်မက်များလည်းမက်ခဲ့တာကြောင့် အခုချိန်မှာတော့ ပြန်လည်ရောင်းချဖို့ အစီအစီမရှိတော့ဘူးလို့လည်း ပြောကြားထားတာဖြစ်ပါတယ်။ ဒီလိုဖြစ်တာကို သူ့အနေနဲ့ အတိတ်ကောင်းနိမိတ်ကောင်း

များဖြစ်တယ်လို့ ယူဆပြီး ၇ရက်သားသမီးများအား လုံးလည်း ဆုတောင်းတြွေပည့်စေဖို့နဲ့ ကျန်းမာ၊ချမ်းသာပါစေကြောင်း မေတ္တာများပို့ပါတယ်လို့၊ ပြောကြားထား ပြီး အားလုံးဖူးမျှော်ကြည်ညိုနိုင်ကြစေဖို့ မျက်လုံးတော်ဖွင့်ပြီး ပြုံးတော်မူနေတဲ့ ကျောက်စိမ်းဆင်းတုတော်မြတ်ရဲ့

ပုံများကို တင်ပေးထားတာပဲဖြစ်ပါတယ်။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi

ႏိုင္ငံေတာ္မွာ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ားခ်ီးျမႇင့္ခံထားရသူတစ္ဦးျဖစ္တဲ့ ေဒါက္တာလွဝင္း ေအာင္ရဲ႕ ေနအိမ္မွာ ကိန္းဝပ္စံပၸာယ္ေတာ္မူေနေသာ ေက်ာက္စိမ္းဆင္းတုေတာ္မွာ မ်က္လုံးေတာ္ပြင့္ၿပီး၊ ၿပံဳးေတာ္မူလာတာေၾကာင့္ အမ်ားျပည္သူမ်ားဖူးေတြ႕ႏိုင္ေစဖို႔

ေဒါက္တာလွဝင္းေအာင္က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန တဆင့္ပူေဇာ္ခြင့္ရႏိုင္ဖို႔ တင္ေပးထားခဲ့ပါတယ္။ အဆိုပါေက်ာက္စိမ္းဆင္းတုေတာ္ျမတ္မွာ ေက်ာက္ စိမ္းတုံးတစ္တုံးတည္းကေန တစ္ဆက္တည္းထုလုပ္ပူ ေဇာ္ထားျခင္းျဖစ္ၿပီး၊ ဉာဏ္ေတာ္၃၆လက္မ၊ အလ်ား ၂၈

လက္မ ထုလုပ္ပူေဇာ္ထားတာျဖစ္ၿပီး ေရာင္းခ်ဖို႔အစီ အစဥ္မရွိဘူးလို႔လည္း ေျပာၾကားထားတာျဖစ္ပါတယ္။ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ားရရွိထားတဲ့ ေဒါက္တာလွဝင္းေအာင္ မွာ ဘစိုးဥေက်ာက္မ်က္ရတနာဆိုင္ကို ဖြင့္လွစ္ထားသူတစ္ေယာက္ျဖစ္ၿပီး၊ လတ္တေလာမွာလည္း

အြန္လိုင္းမွ ေက်ာက္စိမ္းဆင္းတုမ်ားနဲ႔ အႏုပညာလက္မႈပစၥည္းမ်ားကို ေရာင္းခ်ေပးျခင္း၊ ဘုရားမ်ားကို မဲေဖာက္ေပးျခင္းႏႈင့္၊ ေက်ာက္စိမ္းဆင္းတုေတာ္မ်ားကို မဲေဖာက္လႉတန္းေပးျခင္းမ်ားကို လည္း ေဆာင္႐ြက္ေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ ယခုကဲ့သို႔ ေက်ာက္စိမ္း

ဆင္းတုေတာ္ မ်က္လုံးေတာ္ဖြင့္မည့္ေန႔မွာလည္း ကိုဗစ္ေရာဂါကာကြယ္ရန္အတြက္ မက္စ္တစ္ေသာင္းခန္႔ လႉတန္းရန္ျပင္ဆင္ၿပီး ပစၥည္းမ်ားေ႐ႊ႕ေျပာင္းေနစဥ္မွာ ဝိုင္းဝန္းကူညီေနတဲ့ ကေလးမ်ားက စတင္ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ အသိေပးထားပါတယ္။ “ဆရာ ေက်ာက္စိမ္း

ဘုရားႀကီးက ၿပံဳးၿပီးမ်က္လုံးေတာ္က ဖြင့္ၾကည့္ေနတယ္” ဆိုၿပီး၊ ဝမ္းသာအားရေျပာျပေနခ်ိန္မွာ ေဒါက္တာလွဝင္းေအာင္ကလည္း အႏၲရာယ္ကင္းပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ေနခ်ိန္နဲ႔ တိုက္ဆိုင္ေနတယ္လို႔လည္း အသိေပးေျပာၾကားထားတာ ျဖစ္ပါတယ္။ ေက်ာက္စိမ္းဆင္းတုေတာ္

ျမတ္ႀကီးကိုလည္းမႏၲေလးၿမိဳ႕မွ တဆင့္ဝယ္ယူလာတဲ့သူရွိပါေသာ္လည္း ထူးဆန္း တဲ့ အိပ္မက္မ်ားလည္းမက္ခဲ့တာေၾကာင့္ အခုခ်ိန္မွာေတာ့ ျပန္လည္ေရာင္းခ်ဖို႔ အစီအစီမရွိေတာ့ဘူးလို႔လည္း ေျပာၾကားထားတာျဖစ္ပါတယ္။ ဒီလိုျဖစ္တာကို သူ႔အေနနဲ႔ အတိတ္ေကာင္းနိမိတ္ေကာင္း

မ်ားျဖစ္တယ္လို႔ ယူဆၿပီး ၇ရက္သားသမီးမ်ားအား လုံးလည္း ဆုေတာင္းေႂတြပည့္ေစဖို႔နဲ႔ က်န္းမာ၊ခ်မ္းသာပါေစေၾကာင္း ေမတၱာမ်ားပို႔ပါတယ္လို႔၊ ေျပာၾကားထား ၿပီး အားလုံးဖူးေမွ်ာ္ၾကည္ညိဳႏိုင္ၾကေစဖို႔ မ်က္လုံးေတာ္ဖြင့္ၿပီး ၿပဳံးေတာ္မူေနတဲ့ ေက်ာက္စိမ္းဆင္းတုေတာ္ျမတ္ရဲ႕

ပုံမ်ားကို တင္ေပးထားတာပဲျဖစ္ပါတယ္။ အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။