စုပ်ခွက်ငါး အန္တရာယ် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပြီ

ဧရာဝတီတိုင်းဒေသကြီးပြီးလျှင် ရန်ကုန်တိုင်းဒေသကြီးမှာ ငါးမွေးမြူမှုအများဆုံးဖြစ်ရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များထိ ပျံ့နှံ့လာသော အသားစားကြူးသည့် စုပ်ခွက်ငါးများအန္တရာယ်ကို ကာကွယ်မှုနှင့်အတူ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်ပမှ အလှမွေးငါးအဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်မတိုင်မီ ဝင်ရောက်ခဲ့ရာ တိုးပွားနှုန်းမြန်ပြီး အစုံစားငါးမျိုးစိတ်ဖြစ်သောကြောင့် ရေသတ္တဝါတို့၏ ဂေဟစနစ်ကို ပျက်စီးစေသည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမွေးတောင်သူတို့ကို နှစ်စဉ်အသိပညာပေးလျက်ရှိသည်။

တိုင်းရင်းငါးမျိုးစိတ်များကို ပျက်စီးစေနိုင်သော စုပ်ခွက်ငါးများကို ၂၀၀၉-၂၀၁၀ ခုနှစ်၌ ဧရာဝတီမြစ် အတွင်း ရေလုပ်သားများ စတင်ဖမ်းမိရာမှ မြွေပွေးငါးခူအဖြစ် အမည်တပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မအူပင်၊ တွံတေး၊ ပန်းတနော် ငါးမွေးကန်များတွင် စတင်တွေ့ရှိရသောကြောင့်

ငါးကန်အောက်ခြေ ဂေဟစနစ်ကို ပျက်စီးခြင်း၊ မွေးမြူရေးငါးအစာများကို ဖဲ့ယူစားသုံးမှုကြောင့် ငါး ထွက်နှုန်း ကျဆင်းခြင်းနှင့် ကန်ပေါင်များ ပျက်စီးခြင်းကို ရင်ဆိုင်ခဲ့ကြကြောင်း၊ ရေချိုတွင် ရှင်သန် ပေါက်ပွားသော ငါးမျိုးစိတ်ဖြစ်ရာ ရေရှည်တွင် ရေချိုငါးမွေးမြူရေးနှင့် မြစ်၊ ချောင်းများအတွင်းရှိ ဒေသမျိုးစိတ်၊ မျိုးကွဲများ ပျက်စီးစေနိုင်သောကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်မှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာယဉ်ယဉ်မိုးက “၂၀၁၇ ခုနှစ်ကစပြီး စုပ်ခွက်ငါးနဲ့ပတ်သက်ပြီး သတိပေးစာတွေထုတ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာ စုပ်ခွက်ငါးကို ဘုရားကန်တွေမှာ အများဆုံးတွေ့ရတယ်။ ဘေးမဲ့လွှတ်တာကြောင့်ပါ။ ဘေးမဲ့ကန်တွေ ဆယ်ရင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က

လမ်းညွှန် ထားတာကြောင့် ကန်ကိုရေစုတ်ထုတ်ပြီး လွှတ်လို့ရတဲ့ ငါးတွေကို ကန်တော်ကြီး၊ အင်းလျားကန်မှာ လွှတ်တယ်။ စုပ်ခွက်ငါးကိုတော့ မြေမြုပ်ပြီးဖျက်ဆီးပစ်တယ်။ အလှမွေးငါးထဲမှာ သူနဲ့ ပီးကော့ငါး၊ ငါးရံ့ဘီလူး စတဲ့ သားစားငါးမျိုးတွေကြောင့် ငါးတွေကိုစားသုံးတဲ့အတွက် မွေးမြူရေးလုပ်ငန်းကို ထိခိုက်စေပါတယ်။ ဒီလိုငါးမျိုးမရှိသင့်ပါဘူး။

အလှငါးမွေးသူတွေက အကြောင်း အမျိုးမျိုးကြောင့် မမွေးတော့ရင် သဘာဝကန်တွေကို သွားလွှတ်ကြတဲ့အတွက် များလာတာလည်းပါတယ်။ ကျွန်မတို့ လုပ်ဆောင်နေတဲ့ အသိပညာပေးမှုကို ပိုပြီးလုပ်ဆောင်ရမှာပါ။ စုပ်ခွက်ငါးကို ငါးမွေးကန်နဲ့

သဘာဝမြစ်၊ ချောင်းအတွင်း မထည့်ဖို့ ပိုစတာတွေနဲ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ရှိပါတယ်။ ပြည်သူသိအောင် ရုပ်မြင်သံကြား၊ ရေဒီယိုကနေပညာပေးဖို့လည်းလိုပါတယ်” ဟု ပြောပြသည်။

စုပ်ခွက်ငါးများကို အလှမွေးရာမှ ပေါက်ပွားနှုန်းမြန်သောကြောင့် ဘေးမဲ့ကန်၊ ဘုရားကန်များနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွင် လွှတ်ရာမှ မျိုးပွားခဲ့ခြင်းဖြစ်ပြီး မျိုးပွားနှုန်းမြန်ဆန်၍ မြေကြီးတွင် စုပ်ခွက်ဖြင့် ကပ်နေသောကြောင့် ဖမ်းဆီးရန်ခက်ခဲတတ်ရာ

ကန်ပေါင်နှင့်ကန်အောက် ခြေတွင် အပေါက်များ ဖြစ်ပေါ်စေလျက် အကောင်ကြီးလာပါက အခြားငါးမျိုးစိတ်များကို စားသုံးသည်။ မာကြောသော ဆူးတောင်တို့ကြောင့် ငါးဖမ်းပိုက်များ ပျက်စီးတတ်ပြီး ထိုငါးကြောင့် နိုင်ငံခြားဝင်ငွေရရှိနေ‌သော ငါးမွေးမြူရေးလုပ်ငန်းကို တစ်ချိန်တွင် ထိခိုက်နိုင်လျက်ရှိသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဉက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က “တစ်ချိန်က ဒေသမျိုးရင်းတွေဖြစ်တဲ့ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးပြေမဆိုရင် သဘာဝမရှိတော့ဘူး၊ မွေးငါးပဲရှိတော့တယ်။

ဒါဟာဒေသမျိုးရင်းတွေ သဘာဝမြစ်၊ ချောင်းမှာ ပျောက်ကွယ်သွားတဲ့ သဘောပဲ။ ဒီလိုဒေသမျိုးရင်း လျော့နည်းလာချိန်မှာ မွေးမြူရေးကဏ္ဍအတွက် အန္တရာယ်ရှိတဲ့

စုပ်ခွက်ငါးတွေကို မမွေးဖို့ ထိန်းချုပ်ရမှာပါ။ ငါးမွေးတောင်သူတွေအနေနဲ့ စုပ်ခွက်ငါးအန္တရာယ်ကို သိကြတယ်။ ကြုံလည်းကြုံခဲ့ဖူးတယ်။ ရေသွင်း/ရေထုတ်ကအစ စုပ်ခွက်ငါးမျိုးဉတွေပါလာမှာစိုးလို့ သတိထားရတဲ့ကြားက ကြုံရတာရှိတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ပျက်စီးစေတဲ့အတွက် မရှိသင့်တဲ့ ငါးတစ်မျိုးပါ။ မြန်မာ့ရေမြေမှာ အဆမတန်ပေါက်ပွားလာတာကို ပြန်လည်သုံးသပ်ဖို့ လိုလာပြီ” ဟု ပြောပြသည်။

ပြည်ပမှ ဝင်ရောက်လာသော စုပ်ခွက်ငါးအန္တရာယ်ကို တားဆီးကာကွယ်မှုနှင့်အတူ ရေသယံဇာတပေါ များသော နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် မြေဩဇာအဖြစ် အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊

ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေသတ္တဝါတို့၏ ဂေဟစနစ် ပျက်စီးမှု မရှိစေရန် တိုင်းရင်းငါးများပျက်စီးစေမည့် စုပ်ခွက်ငါးအန္တရာယ်အား ငါးမွေးတောင်သူများနှင့်အများ ပြည်သူပိုမိုသိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi

ဧရာဝတီတိုင္းေဒသႀကီးၿပီးလွ်င္ ရန္ကုန္တိုင္းေဒသႀကီးမွာ ငါးေမြးျမဴမႈအမ်ားဆုံးျဖစ္ရာ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္ႏွင့္ ငါးေမြးကန္မ်ားထိ ပ်ံ႕ႏွံ႔လာေသာ အသားစားၾကဴးသည့္ စုပ္ခြက္ငါးမ်ားအႏၲရာယ္ကို ကာကြယ္မႈႏွင့္အတူ အသိပညာေပးလုပ္ငန္းမ်ား အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။

ျပည္ပမွ အလွေမြးငါးအျဖစ္ ျမန္မာႏိုင္ငံသို႔ ၂၀၀၈ ခုႏွစ္မတိုင္မီ ဝင္ေရာက္ခဲ့ရာ တိုးပြားႏႈန္းျမန္ၿပီး အစုံစားငါးမ်ိဳးစိတ္ျဖစ္ေသာေၾကာင့္ ေရသတၱဝါတို႔၏ ေဂဟစနစ္ကို ပ်က္စီးေစသည့္အတြက္ ငါးလုပ္ငန္း ဦးစီးဌာနမွ ငါးေမြးေတာင္သူတို႔ကို ႏွစ္စဥ္အသိပညာေပးလ်က္ရွိသည္။

တိုင္းရင္းငါးမ်ိဳးစိတ္မ်ားကို ပ်က္စီးေစႏိုင္ေသာ စုပ္ခြက္ငါးမ်ားကို ၂၀၀၉-၂၀၁၀ ခုႏွစ္၌ ဧရာဝတီျမစ္ အတြင္း ေရလုပ္သားမ်ား စတင္ဖမ္းမိရာမွ ေႁမြေပြးငါးခူအျဖစ္ အမည္တပ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္၌ ရန္ကုန္တိုင္းေဒသႀကီးအတြင္း မအူပင္၊ တြံေတး၊ ပန္းတေနာ္ ငါးေမြးကန္မ်ားတြင္ စတင္ေတြ႕ရွိရေသာေၾကာင့္

ငါးကန္ေအာက္ေျခ ေဂဟစနစ္ကို ပ်က္စီးျခင္း၊ ေမြးျမဴေရးငါးအစာမ်ားကို ဖဲ့ယူစားသုံးမႈေၾကာင့္ ငါး ထြက္ႏႈန္း က်ဆင္းျခင္းႏွင့္ ကန္ေပါင္မ်ား ပ်က္စီးျခင္းကို ရင္ဆိုင္ခဲ့ၾကေၾကာင္း၊ ေရခ်ိဳတြင္ ရွင္သန္ ေပါက္ပြားေသာ ငါးမ်ိဳးစိတ္ျဖစ္ရာ ေရရွည္တြင္ ေရခ်ိဳငါးေမြးျမဴေရးႏွင့္ ျမစ္၊ ေခ်ာင္းမ်ားအတြင္းရွိ ေဒသမ်ိဳးစိတ္၊ မ်ိဳးကြဲမ်ား ပ်က္စီးေစႏိုင္ေသာေၾကာင့္ ေရခ်ိဳငါးေမြးျမဴေရးလုပ္ငန္းကို ထိခိုက္မႈမရွိေစရန္ ငါးလုပ္ငန္းဦးစီးဌာနမွ ေဆာင္႐ြက္လ်က္ရွိသည္။

ရန္ကုန္တိုင္းေဒသႀကီး ငါးလုပ္ငန္း ဦးစီးဌာနမွ ဦးစီးမႉး ေဒါက္တာယဥ္ယဥ္မိုးက “၂၀၁၇ ခုႏွစ္ကစၿပီး စုပ္ခြက္ငါးနဲ႔ပတ္သက္ၿပီး သတိေပးစာေတြထုတ္ခဲ့ပါတယ္။ ရန္ကုန္တိုင္းမွာ စုပ္ခြက္ငါးကို ဘုရားကန္ေတြမွာ အမ်ားဆုံးေတြ႕ရတယ္။ ေဘးမဲ့လႊတ္တာေၾကာင့္ပါ။ ေဘးမဲ့ကန္ေတြ ဆယ္ရင္ ငါးလုပ္ငန္းဦးစီးဌာနနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က

လမ္းၫႊန္ ထားတာေၾကာင့္ ကန္ကိုေရစုတ္ထုတ္ၿပီး လႊတ္လို႔ရတဲ့ ငါးေတြကို ကန္ေတာ္ႀကီး၊ အင္းလ်ားကန္မွာ လႊတ္တယ္။ စုပ္ခြက္ငါးကိုေတာ့ ေျမျမဳပ္ၿပီးဖ်က္ဆီးပစ္တယ္။ အလွေမြးငါးထဲမွာ သူနဲ႔ ပီးေကာ့ငါး၊ ငါးရံ႕ဘီလူး စတဲ့ သားစားငါးမ်ိဳးေတြေၾကာင့္ ငါးေတြကိုစားသုံးတဲ့အတြက္ ေမြးျမဴေရးလုပ္ငန္းကို ထိခိုက္ေစပါတယ္။ ဒီလိုငါးမ်ိဳးမရွိသင့္ပါဘူး။

အလွငါးေမြးသူေတြက အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ မေမြးေတာ့ရင္ သဘာဝကန္ေတြကို သြားလႊတ္ၾကတဲ့အတြက္ မ်ားလာတာလည္းပါတယ္။ ကြၽန္မတို႔ လုပ္ေဆာင္ေနတဲ့ အသိပညာေပးမႈကို ပိုၿပီးလုပ္ေဆာင္ရမွာပါ။ စုပ္ခြက္ငါးကို ငါးေမြးကန္နဲ႔

သဘာဝျမစ္၊ ေခ်ာင္းအတြင္း မထည့္ဖို႔ ပိုစတာေတြနဲ႔ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ဖို႔ရွိပါတယ္။ ျပည္သူသိေအာင္ ႐ုပ္ျမင္သံၾကား၊ ေရဒီယိုကေနပညာေပးဖို႔လည္းလိုပါတယ္” ဟု ေျပာျပသည္။

စုပ္ခြက္ငါးမ်ားကို အလွေမြးရာမွ ေပါက္ပြားႏႈန္းျမန္ေသာေၾကာင့္ ေဘးမဲ့ကန္၊ ဘုရားကန္မ်ားႏွင့္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္တြင္ လႊတ္ရာမွ မ်ိဳးပြားခဲ့ျခင္းျဖစ္ၿပီး မ်ိဳးပြားႏႈန္းျမန္ဆန္၍ ေျမႀကီးတြင္ စုပ္ခြက္ျဖင့္ ကပ္ေနေသာေၾကာင့္ ဖမ္းဆီးရန္ခက္ခဲတတ္ရာ

ကန္ေပါင္ႏွင့္ကန္ေအာက္ ေျခတြင္ အေပါက္မ်ား ျဖစ္ေပၚေစလ်က္ အေကာင္ႀကီးလာပါက အျခားငါးမ်ိဳးစိတ္မ်ားကို စားသုံးသည္။ မာေၾကာေသာ ဆူးေတာင္တို႔ေၾကာင့္ ငါးဖမ္းပိုက္မ်ား ပ်က္စီးတတ္ၿပီး ထိုငါးေၾကာင့္ ႏိုင္ငံျခားဝင္ေငြရရွိေန‌ေသာ ငါးေမြးျမဴေရးလုပ္ငန္းကို တစ္ခ်ိန္တြင္ ထိခိုက္ႏိုင္လ်က္ရွိသည္။

ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အႀကီးတန္း ဒုတိယဉကၠ႒ ေဒါက္တာတိုးနႏၵာတင္က “တစ္ခ်ိန္က ေဒသမ်ိဳးရင္းေတြျဖစ္တဲ့ ငါးက်ည္း၊ ငါးခူ၊ ငါးရံ႕၊ ငါးေျပမဆိုရင္ သဘာဝမရွိေတာ့ဘူး၊ ေမြးငါးပဲရွိေတာ့တယ္။

ဒါဟာေဒသမ်ိဳးရင္းေတြ သဘာဝျမစ္၊ ေခ်ာင္းမွာ ေပ်ာက္ကြယ္သြားတဲ့ သေဘာပဲ။ ဒီလိုေဒသမ်ိဳးရင္း ေလ်ာ့နည္းလာခ်ိန္မွာ ေမြးျမဴေရးက႑အတြက္ အႏၲရာယ္ရွိတဲ့

စုပ္ခြက္ငါးေတြကို မေမြးဖို႔ ထိန္းခ်ဳပ္ရမွာပါ။ ငါးေမြးေတာင္သူေတြအေနနဲ႔ စုပ္ခြက္ငါးအႏၲရာယ္ကို သိၾကတယ္။ ႀကဳံလည္းႀကဳံခဲ့ဖူးတယ္။ ေရသြင္း/ေရထုတ္ကအစ စုပ္ခြက္ငါးမ်ိဳးဉေတြပါလာမွာစိုးလို႔ သတိထားရတဲ့ၾကားက ႀကဳံရတာရွိတယ္။

သဘာဝပတ္ဝန္းက်င္နဲ႔ ေဂဟစနစ္ေတြ ပ်က္စီးေစတဲ့အတြက္ မရွိသင့္တဲ့ ငါးတစ္မ်ိဳးပါ။ ျမန္မာ့ေရေျမမွာ အဆမတန္ေပါက္ပြားလာတာကို ျပန္လည္သုံးသပ္ဖို႔ လိုလာၿပီ” ဟု ေျပာျပသည္။

ျပည္ပမွ ဝင္ေရာက္လာေသာ စုပ္ခြက္ငါးအႏၲရာယ္ကို တားဆီးကာကြယ္မႈႏွင့္အတူ ေရသယံဇာတေပါ မ်ားေသာ ႏိုင္ငံျဖစ္ေသာေၾကာင့္ စိုက္ပ်ိဳးေရးက႑တြင္ ေျမဩဇာအျဖစ္ အသုံးျပဳျခင္းျဖင့္ စိုက္ပ်ိဳးေရး က႑ကို အက်ိဳးရွိေစမည္ျဖစ္ေၾကာင္း၊

ငါးေမြးျမဴေရးလုပ္ငန္းႏွင့္ ေရသတၱဝါတို႔၏ ေဂဟစနစ္ ပ်က္စီးမႈ မရွိေစရန္ တိုင္းရင္းငါးမ်ားပ်က္စီးေစမည့္ စုပ္ခြက္ငါးအႏၲရာယ္အား ငါးေမြးေတာင္သူမ်ားႏွင့္အမ်ား ျပည္သူပိုမိုသိရွိႏိုင္ရန္ အသိပညာေပးလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။