မွန္စာႀကိဳးတပ္ စြန္လႊတ္ပါက ေထာင္ခ်မယ့္ ေဒသႏၲရအမိန႔္ ရန္ကုန္တိုင္းအစိုးရ ထုတ္ျပန္

ရန်ကုန်မှာ မှန်စာကြိုးတပ်စွန်လွှတ်ပါက ထောင် (၁) လချမယ့် ဒေသန္တရအမိန့်တစ်ခုကို ရန်ကုန်တိုင်းအစိုးရက ဇန်နဝါရီ (၁၉) ရက်က ထုတ်ပြန်လိုက်ပါတယ်။ စွန်လွှတ်တဲ့မှန်စာကြိုးတွေဟာ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အခုလိုဒေသန္တရအမိန့်

ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။ “ကျွန်တော်တို့ရန်ကုန်တိုင်းထဲကမြို့နယ်တစ်ခုမှာ စွန်လွှတ်တဲ့မှန်စာကြိုး လည်ပင်းမှာငြိပြီးတော့မှ ပြတ်ရှဒဏ်ရာရပြီး သေဆုံးသွားတဲ့ဖြစ်စဉ်ရှိခဲ့တာပေါ့။

အဲဒီလိုရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီလမ်းပေါ်မှာ စွန်မှန်စာကြိုးတွေငြိကျနေတာတွေ လမ်းသွားလမ်းလာတွေ အန္တရာယ်ဖြစ်စေနိုင်တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမှန်စာကြိုးအသုံးပြုပြီးတော့ စွန်လွှတ်တာတွေကိုမဆောင်ရွက်ဖို့ ဒေသန္တရအမိန့်

ထုတ်ပြန်ပြီးတားမြစ်တာဖြစ်ပါတယ်။” လို့ ဦးအောင်ဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့လက တိုက်ကြီးမြို့နယ်မှာ ဆိုင်ကယ်စီးလာသူတစ်ဦး စွန်လွှတ်ရာက ပြတ်ကျကျန်ခဲ့တဲ့ မှန်စာကြိုးကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။ လူအသက်တစ်ချောင်း

ဆုံးရှုံးခဲ့တဲ့ အတွက်ကြောင့်မို့ ပြည်သူတွေလည်း အခုအမိန့်ကို လိုက်နာစေချင်တယ်လို့ ဦးအောင်ဝင်းက ပြောပါတယ်။ နောင်အလားတူ ကိစ္စရပ်များ ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအတွက် အဆိုပါအမိန့်ကိုထုတ်ပြန်ခြင်းဖြစ်ကြောင်း လိုက်နာရန်ပျက်ကွက်ပါက

တည်ဆဲဥပဒေများအရ ပုဒ်မ (၁၈၈) နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ထောင်ဒဏ်တစ်လထိ ချမှတ်နိုင်ပါတယ်။ အဆိုပါအမိန့်ထုတ်ပြန်မှုအပေါ် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က “စွန် မလွှတ်ရဘူးဆိုတာက မှန်စာတပ်ပြီး

မလွှတ်ဖို့ ပြောတာပါ ။ ကျွန်တော်တို့မြို့နယ်မှာတော့ စွန်လွှတ်တာ မရှိပါဘူး အရေးယူမယ်ဆိုရင်တော့ ဒေသန္တရအမိန့် ဖြစ်တဲ့အတွက် ပုဒ်မ (၁၈၈) ဒါမှမဟုတ်ရင် ကျူးလွန်သူက သိလျက်နဲ့ တမင်ဖန်တီးတဲ့ ပုံစံဆိုရင်တော့ ပုဒ်မ ပြောင်းနိုင်ပါတယ်” ဟု ပြောပါသည်။

Zawgyi

ရန္ကုန္မွာ မွန္စာႀကိဳးတပ္စြန္လႊတ္ပါက ေထာင္ (၁) လခ်မယ့္ ေဒသႏၲရအမိန႔္တစ္ခုကို ရန္ကုန္တိုင္းအစိုးရက ဇန္နဝါရီ (၁၉) ရက္က ထုတ္ျပန္လိုက္ပါတယ္။ စြန္လႊတ္တဲ့မွန္စာႀကိဳးေတြဟာ အမ်ားျပည္သူကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့အတြက္ အခုလိုေဒသႏၲရအမိန႔္

ထုတ္ျပန္လိုက္တာျဖစ္တယ္လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ဝင္းက ေျပာပါတယ္။ “ကြၽန္ေတာ္တို႔ရန္ကုန္တိုင္းထဲကၿမိဳ႕နယ္တစ္ခုမွာ စြန္လႊတ္တဲ့မွန္စာႀကိဳး လည္ပင္းမွာၿငိၿပီးေတာ့မွ ျပတ္ရွဒဏ္ရာရၿပီး ေသဆုံးသြားတဲ့ျဖစ္စဥ္ရွိခဲ့တာေပါ့။

အဲဒီလိုရွိခဲ့တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီလမ္းေပၚမွာ စြန္မွန္စာႀကိဳးေတြၿငိက်ေနတာေတြ လမ္းသြားလမ္းလာေတြ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့အေနအထားမ်ိဳးေတြရွိတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီမွန္စာႀကိဳးအသုံးျပဳၿပီးေတာ့ စြန္လႊတ္တာေတြကိုမေဆာင္႐ြက္ဖို႔ ေဒသႏၲရအမိန႔္

ထုတ္ျပန္ၿပီးတားျမစ္တာျဖစ္ပါတယ္။” လို႔ ဦးေအာင္ဝင္းက ေျပာပါတယ္။ ၿပီးခဲ့တဲ့လက တိုက္ႀကီးၿမိဳ႕နယ္မွာ ဆိုင္ကယ္စီးလာသူတစ္ဦး စြန္လႊတ္ရာက ျပတ္က်က်န္ခဲ့တဲ့ မွန္စာႀကိဳးေၾကာင့္ လည္ပင္းျပတ္ရွဒဏ္ရာရၿပီး ေသဆုံးခဲ့ပါတယ္။ လူအသက္တစ္ေခ်ာင္း

ဆုံးရႈံးခဲ့တဲ့ အတြက္ေၾကာင့္မို႔ ျပည္သူေတြလည္း အခုအမိန႔္ကို လိုက္နာေစခ်င္တယ္လို႔ ဦးေအာင္ဝင္းက ေျပာပါတယ္။ ေနာင္အလားတူ ကိစၥရပ္မ်ား ထပ္မံျဖစ္ေပၚမႈမရွိေစေရးအတြက္ အဆိုပါအမိန႔္ကိုထုတ္ျပန္ျခင္းျဖစ္ေၾကာင္း လိုက္နာရန္ပ်က္ကြက္ပါက

တည္ဆဲဥပေဒမ်ားအရ ပုဒ္မ (၁၈၈) နဲ႔ အေရးယူေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေထာင္ဒဏ္တစ္လထိ ခ်မွတ္ႏိုင္ပါတယ္။ အဆိုပါအမိန႔္ထုတ္ျပန္မႈအေပၚ စမ္းေခ်ာင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္က “စြန္ မလႊတ္ရဘူးဆိုတာက မွန္စာတပ္ၿပီး

မလႊတ္ဖို႔ ေျပာတာပါ ။ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္မွာေတာ့ စြန္လႊတ္တာ မရွိပါဘူး အေရးယူမယ္ဆိုရင္ေတာ့ ေဒသႏၲရအမိန႔္ ျဖစ္တဲ့အတြက္ ပုဒ္မ (၁၈၈) ဒါမွမဟုတ္ရင္ က်ဴးလြန္သူက သိလ်က္နဲ႔ တမင္ဖန္တီးတဲ့ ပုံစံဆိုရင္ေတာ့ ပုဒ္မ ေျပာင္းႏိုင္ပါတယ္” ဟု ေျပာပါသည္။