အဝတ္အစားကို ၾကည့္ၿပီးဆုံးျဖတ္တဲ့ ဆိုင္ဝန္ထမ္းေတြရဲ႕ အၾကည့္ေတြကို လုပ္ရပ္တစ္ခုနဲ႔ ႐ိုက္ခ်ိဳးခဲ့တဲ့ အဖိုးအို

လူတစ္ေယာက္ကို အေပၚက အဝတ္အစားေတြၾကည့္ၿပီးေတာ့ ဆုံးျဖတ္လို႔ မရဘူးပါဘူးေနာ္။ သို႔ေသာ္ တစ္ကယ္တမ္းလက္ေတြ႕မွာလည္းလူအေတာ္မ်ားမ်ားဟာ ဒီလိုအေပၚယံကိုပဲၾကည့္ၿပီးေတာ့ ဆက္ဆံေနတာပါ။ ထိုင္းႏိုင္ငံ ဆင္းဘူရီေဒသမွ Maxsingburi Bike ဆိုေသာ ေမာ္ေတာ္

ဆိုင္ကယ္ေတြ ေရာင္းတဲ့ ဆိုင္ထဲကို အဝတ္အစား ခပ္စုတ္စုတ္နဲ႔ အဘိုးႀကီး ဝင္လာတာပါ။၊ အေရာင္းဝန္ထမ္းေတြဟာ ဒီအဖိုးႀကီး မျမင္ဖူးတဲ့ဆိုင္ကယ္ေတြကို လွည့္ပတ္ၾကည့္ေနတာပါကြာ ဟူေသာ သေဘာျဖင့္သာ မလွမ္းမကမ္းက အကဲခတ္ေနပါတယ္တဲ့ (ဆိုင္ကပစၥည္းခိုးသြားမွာလည္း

စိုးရိမ္ေသးတာေပါ့)။အဘိုးႀကီးဟာ Harley Davidson ဆိုင္ကယ္နားကပ္သြားၿပီးေတာ့ လွည့္ပတ္ၾကည့္ၿပီး အေရာင္းဝန္ထမ္းေတြကို ေသခ်ာျပေပးဖို႔အတြက္ ေျပာေပမယ့္ အေရာင္းဝန္ထမ္းေတြက ဖာသိဖာသာ လုပ္ေနၾကပါတယ္တဲ့။ ပိုက္ဆံဆိုလို႔ ျခဴးတစ္ျပားမွရွိပုံမရတဲ့ စုတ္ျပတ္ေနတဲ့

အဘိုးႀကီးက ဘတ္ေငြ၆၀၀,၀၀၀ တန္ (က်ပ္ ၂၃၃ သိန္းနီးပါး) ရွိတဲ့ ဆိုင္ကယ္အေၾကာင္းေမးေတာ့ မသိခ်င္ေယာင္ပဲ ေဆာင္ေနၾကတာပါ။ေနာက္ဆုံးမွာ အဘိုးႀကီးက မင္းတို႔ဆိုင္ရွင္ေခၚေပးကြာလို႔ ေျပာလာေတာ့ မေနသာေတာ့ပဲ ဆိုင္ရွင္ေခၚေပးခဲ့ရပါတယ္တဲ့။ ဆိုင္ရွင္လုပ္သူကေတာ့

အဘိုးႀကီးေမးသမွ် သူစိတ္ဝင္စားတဲ့ Harley Davidson ဆိုင္ကယ္အေၾကာင္းကို စိတ္ရွည္ရွည္နဲ႔ ေျဖၾကားခဲ့ေပးခဲ့ပါတယ္ေနာ္။ အဘိုးႀကီးက သေဘာက်သြားၿပီး ဘတ္ ၆သိန္းကို ေငြသားႀကီးပဲ ရွင္းေပးၿပီး ဆိုင္ကယ္ကို ဝယ္ယူလိုက္တဲ့အခါမွာေတာ့ အားလုံးဟာ တစ္အံ့တစ္ၾသ ျဖစ္ကုန္

ၾကပါတယ္တဲ့။ အဲလိုမေမ်ာ္လင့္ထားတဲ့ အျဖစ္ေၾကာင့္ ဝန္ထမ္းအခ်ိဳ႕က သူတို႔ရဲ႕ ေဖ့စ္ဘြခ္မွာတင္လိုက္တဲ့အခါ ဒီသတင္းက ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။အဘိုးႀကီးရဲ႕ အမည္က Lung Decha ဆိုသူျဖစ္ၿပီး သူဟာ စက္ျပင္ဆရာအလုပ္ကေန အနားယူခဲ့တဲ့သူျဖစ္ေၾကာင္း၊ အလုပ္အလြန္ႀကိဳစားသူ

ျဖစ္ၿပီး သူ႔ရဲ႕ဘဝအိမ္မက္ကေတာ့ Harley Davidson ဆိုင္ကယ္ ပိုင္ဆိုင္လိုတာပဲျဖစ္ပါတယ္၊ ဒါေၾကာင့္ဘဲ သူ႔တစ္ေလွ်ာက္လုံး စုေဆာင္းလာတဲ့ ေငြေၾကးနဲ႔ ဝယ္ျဖစ္ေအာင္ဝယ္မယ္လို ့ ဆုံးျဖတ္ခ်က္ခ်ၿပီးေတာ့ ဝယ္ယူခဲ့တာျဖစ္ေၾကာင္း သူ၏ညီမျဖစ္သူက ေျပာၾကားခဲ့ပါတဆိုင္ကယ္ဝယ္

သြားၿပီးေနာက္ အဘိုးႀကီးက ဆိုင္ကို ေနာက္တစ္ေခါက္ျပန္လာၿပီး သူ႔ဆိုင္ကယ္မွာ ဆင္ဖို႔အပိုပစၥည္းေတြ လာတယ္တာပါ။ ဒီတစ္ခါမွာေတာ့ အရင္လို စုတ္စုတ္ျပတ္ျပတ္ မဟုတ္ေတာ့ပဲ Harley Davidson ဆိုင္ကယ္စီးသမားပုံစံ အလန္းစားျပင္ဆင္ၿပီး ေရာက္လာခဲ့တာ ျဖစ္ပါတယ္ေနာ္။

Unicode

လူတစ်ယောက်ကို အပေါ်က အဝတ်အစားတွေကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရဘူးပါဘူးနော်။ သို့သော် တစ်ကယ်တမ်းလက်တွေ့မှာလည်းလူအတော်များများဟာ ဒီလိုအပေါ်ယံကိုပဲကြည့်ပြီးတော့ ဆက်ဆံနေတာပါ။ ထိုင်းနိုင်ငံ ဆင်းဘူရီဒေသမှ Maxsingburi Bike ဆိုသော မော်တော်

ဆိုင်ကယ်တွေ ရောင်းတဲ့ ဆိုင်ထဲကို အဝတ်အစား ခပ်စုတ်စုတ်နဲ့ အဘိုးကြီး ဝင်လာတာပါ။၊ အရောင်းဝန်ထမ်းတွေဟာ ဒီအဖိုးကြီး မမြင်ဖူးတဲ့ဆိုင်ကယ်တွေကို လှည့်ပတ်ကြည့်နေတာပါကွာ ဟူသော သဘောဖြင့်သာ မလှမ်းမကမ်းက အကဲခတ်နေပါတယ်တဲ့ (ဆိုင်ကပစ္စည်းခိုးသွားမှာလည်း

စိုးရိမ်သေးတာပေါ့)။အဘိုးကြီးဟာ Harley Davidson ဆိုင်ကယ်နားကပ်သွားပြီးတော့ လှည့်ပတ်ကြည့်ပြီး အရောင်းဝန်ထမ်းတွေကို သေချာပြပေးဖို့အတွက် ပြောပေမယ့် အရောင်းဝန်ထမ်းတွေက ဖာသိဖာသာ လုပ်နေကြပါတယ်တဲ့။ ပိုက်ဆံဆိုလို့ ခြူးတစ်ပြားမှရှိပုံမရတဲ့ စုတ်ပြတ်နေတဲ့

အဘိုးကြီးက ဘတ်ငွေ၆၀၀,၀၀၀ တန် (ကျပ် ၂၃၃ သိန်းနီးပါး) ရှိတဲ့ ဆိုင်ကယ်အကြောင်းမေးတော့ မသိချင်ယောင်ပဲ ဆောင်နေကြတာပါ။နောက်ဆုံးမှာ အဘိုးကြီးက မင်းတို့ဆိုင်ရှင်ခေါ်ပေးကွာလို့ ပြောလာတော့ မနေသာတော့ပဲ ဆိုင်ရှင်ခေါ်ပေးခဲ့ရပါတယ်တဲ့။ ဆိုင်ရှင်လုပ်သူကတော့

အဘိုးကြီးမေးသမျှ သူစိတ်ဝင်စားတဲ့ Harley Davidson ဆိုင်ကယ်အကြောင်းကို စိတ်ရှည်ရှည်နဲ့ ဖြေကြားခဲ့ပေးခဲ့ပါတယ်နော်။ အဘိုးကြီးက သဘောကျသွားပြီး ဘတ် ၆သိန်းကို ငွေသားကြီးပဲ ရှင်းပေးပြီး ဆိုင်ကယ်ကို ဝယ်ယူလိုက်တဲ့အခါမှာတော့ အားလုံးဟာ တစ်အံ့တစ်သြ ဖြစ်ကုန်

ကြပါတယ်တဲ့။ အဲလိုမမျော်လင့်ထားတဲ့ အဖြစ်ကြောင့် ဝန်ထမ်းအချို့က သူတို့ရဲ့ ဖေ့စ်ဘွခ်မှာတင်လိုက်တဲ့အခါ ဒီသတင်းက ပျံ့နှံ့သွားခဲ့ပါတယ်။အဘိုးကြီးရဲ့ အမည်က Lung Decha ဆိုသူဖြစ်ပြီး သူဟာ စက်ပြင်ဆရာအလုပ်ကနေ အနားယူခဲ့တဲ့သူဖြစ်ကြောင်း၊ အလုပ်အလွန်ကြိုစားသူ

ဖြစ်ပြီး သူ့ရဲ့ဘဝအိမ်မက်ကတော့ Harley Davidson ဆိုင်ကယ် ပိုင်ဆိုင်လိုတာပဲဖြစ်ပါတယ်၊ ဒါကြောင့်ဘဲ သူ့တစ်လျှောက်လုံး စုဆောင်းလာတဲ့ ငွေကြေးနဲ့ ဝယ်ဖြစ်အောင်ဝယ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတော့ ဝယ်ယူခဲ့တာဖြစ်ကြောင်း သူ၏ညီမဖြစ်သူက ပြောကြားခဲ့ပါတဆိုင်ကယ်ဝယ်

သွားပြီးနောက် အဘိုးကြီးက ဆိုင်ကို နောက်တစ်ခေါက်ပြန်လာပြီး သူ့ဆိုင်ကယ်မှာ ဆင်ဖို့အပိုပစ္စည်းတွေ လာတယ်တာပါ။ ဒီတစ်ခါမှာတော့ အရင်လို စုတ်စုတ်ပြတ်ပြတ် မဟုတ်တော့ပဲ Harley Davidson ဆိုင်ကယ်စီးသမားပုံစံ အလန်းစားပြင်ဆင်ပြီး ရောက်လာခဲ့တာ ဖြစ်ပါတယ်နော်။