
ဂျပ်ဖာထဲထည့်လာသည့် ဝတ်လစ်စလစ်နဲ့ မိန်းမပျိုတစ်ဦးအား နယ်စပ်ချစ်ကြည်ရေး ဂိတ်တံတားတွင် အကောက်ခွန်မှသိမ်းဆည်းရမိ

ဇန်နဝါရီလ ၂၅ ရက်နေ့ကထိုင်းနိုင်ငံ နခွန်ဖနုမ်ခရိုင် ထိုင်း – လာအို အမှတ် ( ၃ ) ချစ်ကြည်ရေးတံတားမှာ ကုန်ကားတစ်စီးအား X-Ray စက် ထဲဖြတ်သန်းစဉ် ဆံပင်ရှည်ရှည် မိန်းခလေးငုတ်တုတ်ထိုင်နေတာတွေ့တော့ အားလုံး လန့်သွားကြတာပေါ့

အဲ့ဒါနဲ့ကားကိုရပ်ခိုင်းပြီး ဂျပ်ဖာပုံးကို ဖွင့်ဖောက်စစ်ဆေးလိုက်တော့ အားလုံးပြူးသွားကြတယ် ( မျက်လုံး ) အင်မတန်ချောမောလှပတဲ့ ဝတ်လစ်စလစ်နဲ့ကောင်မလေးတစ်ယောက် ငေါက်ကနဲထထိုင်လာတယ် ပြီးတော့ ရှက်ပြုံးလေးနဲ့ ( မသိရင်ဟိုမင်းသမီးလိုလိုဘာလိုလို )

“ မင်္ဂလာပါ ကိုးကို့ “ ဆိုပြီး ခပ်ချွဲချွဲလေးနှုတ်ဆက်လိုက်တော့

အကောက်ခွန်ကဦးဦးတွေက ဂျပ်ဖာထဲကဆွဲထုတ်မယ် လုပ်လိုက်တော့ ကောင်မလေးက ညုတုတုအသံလေးနဲ့ “ အို … ရှင်ရယ် ဖြေးဖြေးလုပ်နော် ကျယ်မ ရှက်တယ် “ တဲ့ 🤪🤪

အဲ့ဒါနဲ့ လန့်ပြီးပစ်ချလိုက်တော့ ဘာထပ်ပြောတယ်ထင်သလဲ ” အို … သူ သိပ်ကြမ်းတာဘဲ ..ဟင့် သွား လူ ဇိုး ” တဲ့

အဲ့ဒါနဲ့ အကောက်ခွန်အရာရှိတွေက ဗူးထဲပြန်ထည့် ပိတ်ပြီး သိမ်းဆည်းဘို့ချိတ်ပိတ်လိုက်တော့ အထဲက ဒေါသအသံနဲ့ အသံထပ်ထွက်လာတယ်

“ အလကားဘဲ မှန်းချက်နဲ နှမ်းထွက်က တစ်ခြားစီပါဘဲ .. ” တဲ့ 😁

အင်းလေ သူလည်းကားအကြာကြီးစီးလာရတော့ အကြောလေးဘာလေးလျှော့ချင်ရှာမှာပေါ့နော် ( ညောင်းတာကိုး ) 😛

ပိုင်ရှင်ဖြစ်တဲ့လူပျိုကြီးကတော့မျှော်လင့်ချက်ကြီးစွာနဲ့ သူ့ဘဝအတွက် အဖော်မွန်ကောင်းကို အေးဂျင့်ကနေတဆင့်ချိတ်ဆက်ပြီး ဖူစာရေးနတ်မင်းက ဘတ် ၁ သိန်းယူကာပို့ဆောင်ပေးလိုက်တဲ့

ဆီလီကွန်ဂျပန်မ အလှမယ်နတ်သမီးရုပ်လေး အခုတော့ ပိုင်ရှင်မဲ့ခဲ့ပြီပေါ့ ကဲလူပျိုကြီးရေ ဒီတစ်ညတော့ ခါတိုင်းလိုဘဲ ငှက်ပျောတုန်းဖက်အိပ်တော့နော် ၊ ဘတ် ၁ သိန်းတော့နှမြှောမိတာအမှန်ဘဲ 🤪🤪🤪

Photo #Credit
SiThuMaung #ဂူစည် #ဆီလီကွန်အရုပ်မ

Zawgyi












Photo #Credit