မီးမလို hot pot အလြယ္ႀကိဳက္သူေတြ ဂ႐ုစိုက္စရာပါ

မီးမလို hot pot အလွယ်ကြိုက်သူတွေ ဂရုစိုက်စရာပါ

“ဆရာ သမီးမျက်လုံးကို ကြည့်လိုက်ပါဦး။ မနေ့က Instant Hot Pot တွေ စားပြီး ဖြစ်လာတာ။ပင်လယ်စာတွေရော အမဲသားတွေရော ပါတာ။ အခု Allerday သောက်ရမလား လာမေးတာ။”

သူနာပြုဆရာမ တစ်ယောက်က ကျနော့်အခန်းထဲ ဝင်လာပြီး မျက်လုံးကို ပြရင်းမေးတယ်။သောက်ရင်လည်း သောက်ပေါ့လို့ ပြန်ဖြေရင် စိတ်ထဲမှာ ဒွိဟ ဖြစ်နေတယ်။

အဲဒီ ဆရာမ အခန်းထဲ ပြန်ထွက်သွားမှ ကျနော့်အခန်းထဲ ဝင်နေကျ ဆရာမ နှင်းမိုးအောင်ကို ပြောလိုက်မိတယ်။ သူတို့ ၂ ယောက်က သူငယ်ချင်းတွေ။

“တကယ်တော့ နင်တို့ စားနေကြ အသားတွေ ချည်းပဲ။ အသားနဲ့ မတဲ့တာကြောင့်တော့ မဖြစ်နိုင်ဘူး။ ပါလာတဲ့ Chemical တစ်ခုကြောင့် ဖြစ်မှာ။” လို့ တိုင်ပင်တဲ့ သဘောနဲ့ ပြောလိုက်မိတယ်။

သူက တွေးတွေးဆဆ စဉ်းစဉ်းစားစား ပြောတတ်တယ်။“သူက ရှိသမျှ ၃ ဘူးလုံးကို သူချက်ပေးတာ ဆရာ။ ဘူးထဲပါတဲ့ အမှုန့်ထဲ ရေထည့်ပြီး ချက်တော့ အဲဒီ့ အငွေ့တွေ ဝင်လို့ ဖြစ်တာလား မသိဘူး။

နှုတ်ခမ်း က Mask အုပ်ထားလို့ မယောင်တာနေမှာ။ Allergy ဆိုရင် နှတ်ခမ်းကြီးထော်နေမှာ။”လို့ ဆရာမ နှင်းမိုးအောင် က ပြောတယ်။သူပြောတဲ့ Self-Heating လုပ်လို့ရတဲ့ Hot-Pot ဘူးရဲ့ သဘာဝကို ကျနော်က မသိခဲ့ဘူး။

ဒီတော့မှ နှင်းမိုးအောင် ပြောတဲ့ Context ကို ထည့်စဉ်းစားရတော့တယ်။ ဘာထည့်ထားလည်း သိဖို့ Google ရတော့တယ်။ခေါင်းထဲမှာ ရှိတာက မီးလောင်လွယ်တဲ့ မီးစုံး ကိုပဲ သတိရတာ။ Youtube ထဲက Phosphrous ကို လေနဲ့ ပေးတွေ့လိုက်တော့ မီးလောင်တာကို နှင်းမိုးအောင် ကို ပြလိုက်တယ်။

သူက အဲလို မဟုတ်ဘူးတဲ့။ အမှုန့်တွေထဲကို ရေလောင်းထဲ့တော့ အပူငွေ့တွေ ထွက်လာတာတဲ့။မထူးပါဘူး ဆိုပြီး Self-heating Hot Pot ဆိုပြီး Google ရှာလိုက်တော့မှ Quicklime (မဖောက်ထုံး) ထဲ ရေထည့်လိုက်တော့ ပူလာတာကို သုံးပြီး Instant Hot Pot ကို တရုတ်က ထုတ်တယ်လို့ သိရတယ်။

မဖောက်ထုံး ကို ရေရောလိုက်တော့ ပူလာတာဆိုရင် အငွေ့တွေဟာ မျက်စေ့ကို လောင်နိုင်တယ်လို့ တွေးပြီး မျက်စေ့ ဆရာဝန် တစ်ယောက်ဆီ ချက်ချင်း ဖုန်းဆက်မေးရတယ်။

သူက ဆရာရေ အဲဒါဆို Alkali Burn ပဲ ချက်ခြင်းသူ့ဆီ လွှတ်လိုက်ပါလို့ ပြောတယ်။ဒီတော့မှ သတင်းထဲမှာ မျက်စေ့ထဲ အဲဒီ မဖောက်ထုံး စင်သွားလို့ မျက်စေ့ အန္တရာယ် ဖြစ်နိုင်တဲ့အကြောင်း တရုတ်ဆရာဝန်က သတိပေးထားတာကို ဖတ်ရတယ်။

(shine.cn/news/metro/1712208070/) ဒီဆရာမက မျက်စေ့ထဲ တိုက်ရိုက် မဝင်ပေမယ့် အလုံပိတ် ဆေးရုံ(Confined space) ထဲမှာ Hot Pot သုံးဘူးစာ ထုံးနဲ့ ရေ ရောခဲ့တာဆိုတော့ မျက်စေ့ ထိခိုက်သွားပုံရပါတယ်။

ဒုတိယပုံမှာ ၉၀ စင်တီဂရိတ် အထိ ပူတာကို ရိုက်ပြထားပါတယ်။ ဆရာဝန် ဘဝကလည်း ရှားလော့ဟုမ်းလိုပါပဲ။ Instant Hot Pot ပြင်ဆင်တုန်းက အငွေ့တွေကြောင့် ဖြစ်နိုင်တယ်လို့ ဆရာမ နှင်းမိုးအောင်ကသာ မစဉ်းစားမိခဲ့ရင်

ကျနော်လည်း အဲဒီ Context ကို လုံးဝ စဉ်းစားမိမှာ မဟုတ်ပါ။ မဖောက်ထုံးကို ရေရောပြီး ပူအောင် လုပ်တဲ့ Instant Hot Pot များကို သတိထား ပြင်ဆင်ကြဖို့ အကြံပေးပါတယ်။

Maung Maung Oo

Zawgyi

မီးမလို hot pot အလြယ္ႀကိဳက္သူေတြ ဂ႐ုစိုက္စရာပါ

“ဆရာ သမီးမ်က္လုံးကို ၾကည့္လိုက္ပါဦး။ မေန႔က Instant Hot Pot ေတြ စားၿပီး ျဖစ္လာတာ။ပင္လယ္စာေတြေရာ အမဲသားေတြေရာ ပါတာ။ အခု Allerday ေသာက္ရမလား လာေမးတာ။”

သူနာျပဳဆရာမ တစ္ေယာက္က က်ေနာ့္အခန္းထဲ ဝင္လာၿပီး မ်က္လုံးကို ျပရင္းေမးတယ္။ေသာက္ရင္လည္း ေသာက္ေပါ့လို႔ ျပန္ေျဖရင္ စိတ္ထဲမွာ ဒြိဟ ျဖစ္ေနတယ္။

အဲဒီ ဆရာမ အခန္းထဲ ျပန္ထြက္သြားမွ က်ေနာ့္အခန္းထဲ ဝင္ေနက် ဆရာမ ႏွင္းမိုးေအာင္ကို ေျပာလိုက္မိတယ္။ သူတို႔ ၂ ေယာက္က သူငယ္ခ်င္းေတြ။

“တကယ္ေတာ့ နင္တို႔ စားေနၾက အသားေတြ ခ်ည္းပဲ။ အသားနဲ႔ မတဲ့တာေၾကာင့္ေတာ့ မျဖစ္ႏိုင္ဘူး။ ပါလာတဲ့ Chemical တစ္ခုေၾကာင့္ ျဖစ္မွာ။” လို႔ တိုင္ပင္တဲ့ သေဘာနဲ႔ ေျပာလိုက္မိတယ္။

သူက ေတြးေတြးဆဆ စဥ္းစဥ္းစားစား ေျပာတတ္တယ္။“သူက ရွိသမွ် ၃ ဘူးလုံးကို သူခ်က္ေပးတာ ဆရာ။ ဘူးထဲပါတဲ့ အမႈန႔္ထဲ ေရထည့္ၿပီး ခ်က္ေတာ့ အဲဒီ့ အေငြ႕ေတြ ဝင္လို႔ ျဖစ္တာလား မသိဘူး။

ႏႈတ္ခမ္း က Mask အုပ္ထားလို႔ မေယာင္တာေနမွာ။ Allergy ဆိုရင္ ႏွတ္ခမ္းႀကီးေထာ္ေနမွာ။”လို႔ ဆရာမ ႏွင္းမိုးေအာင္ က ေျပာတယ္။သူေျပာတဲ့ Self-Heating လုပ္လို႔ရတဲ့ Hot-Pot ဘူးရဲ႕ သဘာဝကို က်ေနာ္က မသိခဲ့ဘူး။

ဒီေတာ့မွ ႏွင္းမိုးေအာင္ ေျပာတဲ့ Context ကို ထည့္စဥ္းစားရေတာ့တယ္။ ဘာထည့္ထားလည္း သိဖို႔ Google ရေတာ့တယ္။ေခါင္းထဲမွာ ရွိတာက မီးေလာင္လြယ္တဲ့ မီးစုံး ကိုပဲ သတိရတာ။ Youtube ထဲက Phosphrous ကို ေလနဲ႔ ေပးေတြ႕လိုက္ေတာ့ မီးေလာင္တာကို ႏွင္းမိုးေအာင္ ကို ျပလိုက္တယ္။

သူက အဲလို မဟုတ္ဘူးတဲ့။ အမႈန႔္ေတြထဲကို ေရေလာင္းထဲ့ေတာ့ အပူေငြ႕ေတြ ထြက္လာတာတဲ့။မထူးပါဘူး ဆိုၿပီး Self-heating Hot Pot ဆိုၿပီး Google ရွာလိုက္ေတာ့မွ Quicklime (မေဖာက္ထုံး) ထဲ ေရထည့္လိုက္ေတာ့ ပူလာတာကို သုံးၿပီး Instant Hot Pot ကို တ႐ုတ္က ထုတ္တယ္လို႔ သိရတယ္။

မေဖာက္ထုံး ကို ေရေရာလိုက္ေတာ့ ပူလာတာဆိုရင္ အေငြ႕ေတြဟာ မ်က္ေစ့ကို ေလာင္ႏိုင္တယ္လို႔ ေတြးၿပီး မ်က္ေစ့ ဆရာဝန္ တစ္ေယာက္ဆီ ခ်က္ခ်င္း ဖုန္းဆက္ေမးရတယ္။

သူက ဆရာေရ အဲဒါဆို Alkali Burn ပဲ ခ်က္ျခင္းသူ႔ဆီ လႊတ္လိုက္ပါလို႔ ေျပာတယ္။ဒီေတာ့မွ သတင္းထဲမွာ မ်က္ေစ့ထဲ အဲဒီ မေဖာက္ထုံး စင္သြားလို႔ မ်က္ေစ့ အႏၲရာယ္ ျဖစ္ႏိုင္တဲ့အေၾကာင္း တ႐ုတ္ဆရာဝန္က သတိေပးထားတာကို ဖတ္ရတယ္။

(shine.cn/news/metro/1712208070/) ဒီဆရာမက မ်က္ေစ့ထဲ တိုက္႐ိုက္ မဝင္ေပမယ့္ အလုံပိတ္ ေဆး႐ုံ(Confined space) ထဲမွာ Hot Pot သုံးဘူးစာ ထုံးနဲ႔ ေရ ေရာခဲ့တာဆိုေတာ့ မ်က္ေစ့ ထိခိုက္သြားပုံရပါတယ္။

ဒုတိယပုံမွာ ၉၀ စင္တီဂရိတ္ အထိ ပူတာကို ႐ိုက္ျပထားပါတယ္။ ဆရာဝန္ ဘဝကလည္း ရွားေလာ့ဟုမ္းလိုပါပဲ။ Instant Hot Pot ျပင္ဆင္တုန္းက အေငြ႕ေတြေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆရာမ ႏွင္းမိုးေအာင္ကသာ မစဥ္းစားမိခဲ့ရင္က်ေနာ္လည္း

အဲဒီ Context ကို လုံးဝ စဥ္းစားမိမွာ မဟုတ္ပါ။ မေဖာက္ထုံးကို ေရေရာၿပီး ပူေအာင္ လုပ္တဲ့ Instant Hot Pot မ်ားကို သတိထား ျပင္ဆင္ၾကဖို႔ အႀကံေပးပါတယ္။

Maung Maung Oo