သင္ေရြးခ်ယ္တဲ့သေကၤတတစ္ခုက သင့္ဘ၀ရဲ႕ဘယ္အေျခအေနကို ေရာက္ေနၿပီလဲဆိုတာ ေျပာျပႏိုင္ပါတယ္

သင်ရွေးချယ်တဲ့သင်္ကေတတစ်ခုက သင့်ဘဝရဲ့ဘယ်အခြေအနေကို ရောက်နေပြီလဲဆိုတာ ပြောပြနိုင်ပါတယ်

မရင့်ကျက်သေးတဲ့အရွယ်

သင်က အခုအချိန်မှာ ကိုယ့်ကိုကိုယ် သိပ်စွဲလမ်းနေပြီး အတ္တပေမဝါဒီကြီးစိုးနေတယ်။ အခုအချိန်မှာ ကိုယ့်ရဲ့ ရုပ်က ကြည့်ကောင်းရဲ့လား၊ ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ဘယ်လိုမြင်နေမလဲ စတဲ့ ကိုယ့်နဲ့ ဆိုင်တဲ့ အသေးအဖွဲလေးတွေကအစ စိုးရိမ်မှုလွန်ကဲနေတယ်။

မရင့်ကျက်မှုတွေကြောင့်နဲ့ တချို့သောကိစ္စတွေနဲ့ ချာလပတ်ရမ်းနေရမယ့် ကာလဖြစ်တယ်။ တခြားသူတွေရဲ့ ရုန်းကန်းရမှု၊ ဒုက္ခတွေကို မမြင်နိုင်ဘဲ တစ်ကိုယ်ကောင်းစိတ်တွေ ဝင်နေလိမ့်မယ်။ သိဖို့လည်းစိတ်မဝင်စားဘူး။

ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုတွေ လျော့ပါးနေပြီး အားမလိုအားမရတွေဖြစ်၊ မျက်နှာမှာလည်း ဘယ်သူ့ကိုမှ ပမာမခံ့တဲ့ အပြုံးတွေကို ဆောင်နေတတ်တယ်။ ဒီအချိန်မှာ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်ပြီး ထင်တိုင်းကြဲချင်စိတ်တွေ ဖြစ်ပေါ်နေတယ်။

ဒီလိုရှေ့တန်းတင်ထားတဲ့အတွက် စိတ်ဓာတ်ကျနေတာမျိုးလည်းမရှိ၊ ဒါပေမယ့် တစ်ဖက်ကကြည့်ပြန်တော့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကင်းမဲ့နေပြန်တဲ့ အရွယ်ဖြစ်တယ်။ အတိုချုပ်ပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာထက် ရုပ်ဝတ္ထုပိုင်းကို ပိုဦးစားပေးတတ်ဆဲဖြစ်တဲ့ မရင့်ကျက်သေးတဲ့ အရွယ်မှာ သင်ရောက်ရှိနေပါတယ်။

စွန့်စားချင်နေတဲ့ အရွယ်

ဒီအရွယ်ဟာ မရင့်ကျက်သေးတဲ့အရွယ်ကို ကျော်ဖြတ်ပြီးဖြစ်တဲ့ သူတွေရဲ့အရွယ်အပိုင်းအခြားဖြစ်ပါတယ်။ သင်က ကိုယ့်ကိုယ်ကိုယ် ဟီးရိုးတစ်ယောက်လိုထင်နေမယ်၊ ဟီးရိုးဖြစ်ချင်နေတယ်။

အရာရာကို တာဝန်ယူချင်စိတ်တွေ တအားထက်သန်နေမယ်။ပြောရမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ကယ်တယ်ဖို့ စိတ်ကူးနေတဲ့ လူစွန့်စားလေးတစ်ယောက် ဖြစ်ချင်နေတဲ့ အရွယ်ထဲမှာ ရှိနေပါတယ်။ အခွင့်အလမ်းအသစ်တွေနောက်ကို မပြတ်လိုက်နေတတ်ပြီး၊ ရလာသမျှအခွင့်အရေးတွေကို အကောင်းဆုံး အသုံးချဖို့ စိုင်းပြင်းနေတတ်ပါတယ်။

အောင်မြင်မှု၊ ရည်မှန်းချက်တွေ၊ ကိုယ့်ရဲ့ ပန်းတိုင်ကို ရောက်အောင် မောင်းနှင်တာမျိုးတွေက လက်ရှိအချိန်မှာ သင့်အတွက် သိပ်ထူးခြားနေတယ်။ ဒီလို ရဲစွမ်းသတ္တိတွေပြည့်ဝနေတဲ့အချိန်ဟာ စကားလုံးတိုင်းကို ခံစားပြီး

တိုက်ခိုက်တတ်တဲ့သူဖြစ်လာဖို့အတွက်တော့ မဟုတ်ပါဘူး။ ပိုနေတဲ့ ရည်ရွယ်ချက်တွေကို လျော့ချပြီး အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် ဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်။ ဒီလိုလာဆောင်ရွက်တာနဲ့ အမျှအနာဂတ်ဟာကြည်လင်ပြတ်သားလာပြီး

ပုဂ္ဂိုလ်ရေးတိုးတက်မှုတွေကို ခံစားရမှာအမှန်ပါ။ ရှိနေတဲ့ အစီအစဉ်တွေကို ပြင်းပြင်းထန်ထန်ကြိုးစားဖို့အတွက် လှုံ့ဆောင်မှုတွေ ရှိနေပြီး သင် လေ့လာထားတဲ့ ပညာတွေဟာ အဖိုးမဖြတ်နိုင်တာကို မကြာခင်မှာတွေ့ရမှာပါ။

လေးနက်ပြတ်သားသော ကာလ

သင်ဟာ ဦးတည်ချက်တွေဆီကိုသွားရင် ကျော်လွှားခဲ့ရတာတွေကြောင့် အခုဆိုရင့်ကျက်တဲ့ အချိန်ကိုရောက်နေပြီ။ ဒါပေမယ့် ဒီအချိန်မှာ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေကို တစ်ခါတည်းနဲ့ အစာကြေနိုင်ဖို့တော့ခက်လိမ့်မယ်။

ဒီအချိန်မှာ ဘဝထဲကို သင့်ရဲ့ အမွေကိုဆက်ခံမယ့်သူတွေလည်း ရောက်လာနိုင်တယ်။ ကိုယ့်အတွက်ကိုယ်နဲ့ တခြားသူတွေအတွက် တာဝန်ယူ၊ သိတတ်တဲ့အတွက် တခြားဘဝတစ်ခုကို ဂရုစိုက်၊ စောင့်ရှောက်ဖို့ အပ်နှံလာတာမျိုးတွေ အသေအချာကြီးရှိလာနိုင်တယ်။ တုန်လှုပ်ဖွယ်ရှိနိုင်ပေမယ့် အလွန်စိတ်လှုပ်ရှားရတဲ့ အချိန်တစ်ခုဆိုလည်း မမှားပါဘူး။

တစ်ယောက်ယောက်ကို ပြုစုပျိုးထောင်ပေးတာ၊ ရင်သွေးယူတာတွေထောက် သူတို့အတွက် သင်ဘာတွေချန်ခဲ့နိုင်မလဲဆိုတာကို တွေးတောနေမိမယ်။ ဒီလို ကိုယ်စိုက်ပျိုးပေးခဲ့မယ့် အရာတွေရဲ့ အရေးပါပုံတွေကို သဘောပေါက်နားလည်နေပြီး သူတို့ ဂုဏ်ယူနိုင်ပါလိမ့်မယ်။

ဒီ့အပြင် ပြီးခဲ့ အောင်မြင်မှုတွေက ကိုယ့်ဘဝနဲ့ အထူးသဖြင့် သင် ဂရုစိုက်တဲ့ ဘဝတွေအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကိုပါ ဆန်းစစ်ဖို့ အချိန်ကောင်းဖြစ်တယ်။ ကိုယ့်ကိုပိုင်ဆိုင်ထားတဲ့ လူတွေအတွက် ဂုဏ်ယူရမယ့် လူတစ်ယောက်ဖြစ်လိုပြီး ဒီလိုဖြစ်ဖို့ လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့လည်း အသင့်ဖြစ်နေတယ်။

ယုံကြည်သက်ဝင်မှုပြင်းပြသော ကာလ

သင်ဟာ စိတ်ပိုင်ဆိုင်ရာအရ ယုံကြည်မှုတွေ ပြင်းထန်နေတဲ့ ကာလအပိုင်းအခြားမှာ ရောက်ရှိနေတယ်။ လက်ရှိ ရုပ်ကမ္ဘာမှာ ရှာဖွေ့တွေ့ရှိတဲ့အရာတွေထက်သာမက စကြာဝဠာထက်ပိုကြီးမားတဲ့ ကဏ္ဍတွေရှိတာကို နားလည်လာမယ်။

ချမ်းသာမှု၊ ဆက်ဆံရေးတွေ၊ လှပတဲ့ အရာတွေနဲ့ အောင်မြင်မှုတွေဟာ အရေးပါတဲ့ အရာတွေဖြစ်နေပေမယ့် ဒါတွေအားလုံးထက် သင် ယုံကြည်သက်ဝင်တဲ့ အရာအပေါ်မှာဦးစားပေးနေလိမ့်မယ်။ ကိုယ့်ရဲ့ စိတ်ဝိညာဉ်နဲ့ တသားတည်းဖြစ်နေခြင်းကြောင့် အသိဉာဏ်တွေ ကျယ်ပြန့်လာမယ်။

နောက်ပြီး ဘဝရဲ့ အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်နားလည်နေလိမ့်မယ်။ သင့် စိတ်ဟာ အလွန်လေးနက်တဲ့ ငြိမ်းချမ်းမှုကို ရရှိသွားတာနဲ့ ဘဝမှာ မှောင်နေတဲ့နေရာတွေရောက်တောင် ကိုယ်ရောင်ကိုယ်ဝါဟာ တောက်ပနေမယ်။

ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာထောက်ကူမှုတွေကိုလည်း မျှော်လင့်ချက်မပါဘဲ ပေးကမ်းနေလိမ့်မယ်။ တခြားသူတွေကိုလည်း သွန်းသင်ဆုံးမ၊ လမ်းပြတဲ့ အဆင့်တစ်နေရာမှာရှိနေပြီး သင် ကိုယ်တိုင်လည်း ဆုတောင်းတွေ့ကြုံဖို့ ဆုတောင်းနေတာဖြစ်တယ်။ ဒါ အဆုံးသတ်တစ်ခုဖြစ်နိုင်ပြီး ပျော်ရွှင်ဖွယ် ဘဝသစ်တစ်ခုရဲ့ အစလည်းဖြစ်နိုင်တယ်။

Zawgyi

သင္ေရြးခ်ယ္တဲ့သေကၤတတစ္ခုက သင့္ဘ၀ရဲ႕ဘယ္အေျခအေနကို ေရာက္ေနၿပီလဲဆိုတာ ေျပာျပႏိုင္ပါတယ္

မရင့္က်က္ေသးတဲ့အရြယ္

သင္က အခုအခ်ိန္မွာ ကိုယ့္ကိုကိုယ္ သိပ္စြဲလမ္းေနျပီး အတၱေပမ၀ါဒီၾကီးစိုးေနတယ္။ အခုအခ်ိန္မွာ ကိုယ့္ရဲ႕ ရုပ္က ၾကည့္ေကာင္းရဲ႕လား၊ ပတ္၀န္းက်င္က ကုိယ့္ကိုယ္ဘယ္လိုျမင္ေနမလဲ စတဲ့ ကိုယ့္နဲ႔ ဆိုင္တဲ့ အေသးအဖြဲေလးေတြကအစ စိုးရိမ္မႈလြန္ကဲေနတယ္။

မရင့္က်က္မႈေတြေၾကာင့္နဲ႔ တခ်ိဳ႕ေသာကိစၥေတြနဲ႔ ခ်ာလပတ္ရမ္းေနရမယ့္ ကာလျဖစ္တယ္။ တျခားသူေတြရဲ႕ ရုန္းကန္းရမႈ၊ ဒုကၡေတြကို မျမင္ႏိုင္ဘဲ တစ္ကိုယ္ေကာင္းစိတ္ေတြ ၀င္ေနလိမ့္မယ္။ သိဖို႔လည္းစိတ္မ၀င္စားဘူး။

ကိုယ့္ကိုကိုယ္ တန္ဖိုးထားမႈေတြ ေလ်ာ့ပါးေနျပီး အားမလိုအားမရေတြျဖစ္၊ မ်က္ႏွာမွာလည္း ဘယ္သူ႔ကိုမွ ပမာမခံ့တဲ့ အျပံဳးေတြကို ေဆာင္ေနတတ္တယ္။ ဒီအခ်ိန္မွာ ကိုယ့္အတၱကိုယ္ ေရွ႕တန္းတင္ျပီး ထင္တိုင္းၾကဲခ်င္စိတ္ေတြ ျဖစ္ေပၚေနတယ္။

ဒီလိုေရွ႕တန္းတင္ထားတဲ့အတြက္ စိတ္ဓာတ္က်ေနတာမ်ိဳးလည္းမရွိ၊ ဒါေပမယ့္ တစ္ဖက္ကၾကည့္ျပန္ေတာ့လည္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ ကင္းမဲ့ေနျပန္တဲ့ အရြယ္ျဖစ္တယ္။ အတိုခ်ဳပ္ေျပာရရင္ေတာ့ စိတ္ပိုင္းဆိုင္ရာထက္ ရုပ္၀တၳဳပိုင္းကို ပိုဦးစားေပးတတ္ဆဲျဖစ္တဲ့ မရင့္က်က္ေသးတဲ့ အရြယ္မွာ သင္ေရာက္ရွိေနပါတယ္။

စြန္႔စားခ်င္ေနတဲ့ အရြယ္

ဒီအရြယ္ဟာ မရင့္က်က္ေသးတဲ့အရြယ္ကို ေက်ာ္ျဖတ္ၿပီးျဖစ္တဲ့ သူေတြရဲ႕အရြယ္အပိုင္းအျခားျဖစ္ပါတယ္။ သင္က ကိုယ့္ကိုယ္ကိုယ္ ဟီးရိုးတစ္ေယာက္လိုထင္ေနမယ္၊ ဟီးရုိးျဖစ္ခ်င္ေနတယ္။

အရာရာကို တာ၀န္ယူခ်င္စိတ္ေတြ တအားထက္သန္ေနမယ္။ေျပာရမယ္ဆိုရင္ ကမာၻႀကီးတစ္ခုလံုးကိုေတာင္ ကယ္တယ္ဖုိ႔ စိတ္ကူးေနတဲ့ လူစြန္႕စားေလးတစ္ေယာက္ ျဖစ္ခ်င္ေနတဲ့ အရြယ္ထဲမွာ ရွိေနပါတယ္။ အခြင့္အလမး္အသစ္ေတြေနာက္ကို မျပတ္လိုက္ေနတတ္ၿပီး၊ ရလာသမွ်အခြင့္အေရးေတြကို အေကာင္းဆံုး အသံုးခ်ဖို႔ စိုင္းျပင္းေနတတ္ပါတယ္။

ေအာင္ျမင္မႈ၊ ရည္မွန္းခ်က္ေတြ၊ ကိုယ့္ရဲ႕ ပန္းတိုင္ကို ေရာက္ေအာင္ ေမာင္းႏွင္တာမ်ိဳးေတြက လက္ရွိအခ်ိန္မွာ သင့္အတြက္ သိပ္ထူးျခားေနတယ္။ ဒီလို ရဲစြမ္းသတၱိေတြျပည့္၀ေနတဲ့အခ်ိန္ဟာ စကားလံုးတိုင္းကို ခံစားျပီး

တိုက္ခိုက္တတ္တဲ့သူျဖစ္လာဖို႔အတြက္ေတာ့ မဟုတ္ပါဘူး။ ပိုေနတဲ့ ရည္ရြယ္ခ်က္ေတြကို ေလ်ာ႔ခ်ျပီး အဓိပၸာယ္ရွိတဲ့ ရည္ရြယ္ခ်က္ကို ျဖစ္ေျမာက္ေအာင္ ေဆာင္ရြက္ရမယ့္အခ်ိန္ျဖစ္တယ္။ ဒီလိုလာေဆာင္ရြက္တာနဲ႔ အမွ်အနာဂတ္ဟာၾကည္လင္ျပတ္သားလာျပီး

ပုဂိၢဳလ္ေရးတိုးတက္မႈေတြကို ခံစားရမွာအမွန္ပါ။ ရွိေနတဲ့ အစီအစဥ္ေတြကို ျပင္းျပင္းထန္ထန္ၾကိဳးစားဖို႔အတြက္ လႈ႔ံေဆာင္မႈေတြ ရွိေနျပီး သင္ ေလ့လာထားတဲ့ ပညာေတြဟာ အဖိုးမျဖတ္ႏိုင္တာကို မၾကာခင္မွာေတြ႔ရမွာပါ။

ေလးနက္ျပတ္သားေသာ ကာလ

သင္ဟာ ဦးတည္ခ်က္ေတြဆီကိုသြားရင္ ေက်ာ္လႊားခဲ့ရတာေတြေၾကာင့္ အခုဆိုရင့္က်က္တဲ့ အခ်ိန္ကိုေရာက္ေနျပီ။ ဒါေပမယ့္ ဒီအခ်ိန္မွာ ျဖစ္ေပၚလာမယ့္ ေျပာင္းလဲမႈေတြကို တစ္ခါတည္းနဲ႔ အစာေၾကႏိုင္ဖို႔ေတာ့ခက္လိမ့္မယ္။

ဒီအခ်ိန္မွာ ဘ၀ထဲကို သင့္ရဲ႕ အေမြကိုဆက္ခံမယ့္သူေတြလည္း ေရာက္လာႏိုင္တယ္။ ကိုယ့္အတြက္ကိုယ္နဲ႔ တျခားသူေတြအတြက္ တာ၀န္ယူ၊ သိတတ္တဲ့အတြက္ တျခားဘ၀တစ္ခုကို ဂရုစိုက္၊ ေစာင့္ေရွာက္ဖို႔ အပ္ႏွံလာတာမ်ိဳးေတြ အေသအခ်ာၾကီးရွိလာႏိုင္တယ္။ တုန္လႈပ္ဖြယ္ရွိႏိုင္ေပမယ့္ အလြန္စိတ္လႈပ္ရွားရတဲ့ အခ်ိန္တစ္ခုဆိုလည္း မမွားပါဘူး။

တစ္ေယာက္ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးတာ၊ ရင္ေသြးယူတာေတြေထာက္ သူတို႔အတြက္ သင္ဘာေတြခ်န္ခဲ့ႏိုင္မလဲဆိုတာကို ေတြးေတာေနမိမယ္။ ဒီလို ကိုယ္စိုက္ပ်ိဳးေပးခဲ့မယ့္ အရာေတြရဲ႕ အေရးပါပံုေတြကို သေဘာေပါက္နားလည္ေနျပီး သူတို႔ ဂုဏ္ယူႏိုင္ပါလိမ့္မယ္။

ဒီ့အျပင္ ျပီးခဲ့ ေအာင္ျမင္မႈေတြက ကိုယ့္ဘ၀နဲ႔ အထူးသျဖင့္ သင္ ဂရုစိုက္တဲ့ ဘ၀ေတြအေပၚ ဘယ္လိုသက္ေရာက္လဲဆိုတာကိုပါ ဆန္းစစ္ဖို႔ အခ်ိန္ေကာင္းျဖစ္တယ္။ ကိုယ့္ကိုပိုင္ဆိုင္ထားတဲ့ လူေတြအတြက္ ဂုဏ္ယူရမယ့္ လူတစ္ေယာက္ျဖစ္လိုျပီး ဒီလိုျဖစ္ဖို႔ လိုအပ္တဲ့ ေျပာင္းလဲမႈေတြ လုပ္ဖို႔လည္း အသင့္ျဖစ္ေနတယ္။

ယံုၾကည္သက္၀င္မႈျပင္းျပေသာ ကာလ

သင္ဟာ စိတ္ပိုင္ဆိုင္ရာအရ ယံုၾကည္မႈေတြ ျပင္းထန္ေနတဲ့ ကာလအပိုင္းအျခားမွာ ေရာက္ရွိေနတယ္။ လက္ရွိ ရုပ္ကမာၻမွာ ရွာေဖြ႔ေတြ႔ရွိတဲ့အရာေတြထက္သာမက စၾကာ၀ဠာထက္ပိုၾကီးမားတဲ့ က႑ေတြရွိတာကို နားလည္လာမယ္။

ခ်မ္းသာမႈ၊ ဆက္ဆံေရးေတြ၊ လွပတဲ့ အရာေတြနဲ႔ ေအာင္ျမင္မႈေတြဟာ အေရးပါတဲ့ အရာေတြျဖစ္ေနေပမယ့္ ဒါေတြအားလံုးထက္ သင္ ယံုၾကည္သက္၀င္တဲ့ အရာအေပၚမွာဦးစားေပးေနလိမ့္မယ္။ ကိုယ့္ရဲ႕ စိတ္၀ိညာဥ္နဲ႔ တသားတည္းျဖစ္ေနျခင္းေၾကာင့္ အသိဉာဏ္ေတြ က်ယ္ျပန္႔လာမယ္။

ေနာက္ျပီး ဘ၀ရဲ႕ အဓိပၸာယ္ကို ေကာင္းစြာ သေဘာေပါက္နားလည္ေနလိမ့္မယ္။ သင့္ စိတ္ဟာ အလြန္ေလးနက္တဲ့ ျငိမ္းခ်မ္းမႈကို ရရွိသြားတာနဲ႔ ဘ၀မွာ ေမွာင္ေနတဲ့ေနရာေတြေရာက္ေတာင္ ကိုယ္ေရာင္ကိုယ္၀ါဟာ ေတာက္ပေနမယ္။

ခ်စ္ျခင္းေမတၱာေတြ၊ ၾကင္နာေထာက္ကူမႈေတြကိုလည္း ေမွ်ာ္လင့္ခ်က္မပါဘဲ ေပးကမ္းေနလိမ့္မယ္။ တျခားသူေတြကိုလည္း သြန္းသင္ဆံုးမ၊ လမ္းျပတဲ့ အဆင့္တစ္ေနရာမွာရွိေနျပီး သင္ ကိုယ္တိုင္လည္း ဆုေတာင္းေတြ႔ၾကံဳဖို႔ ဆုေတာင္းေနတာျဖစ္တယ္။ ဒါ အဆံုးသတ္တစ္ခုျဖစ္ႏိုင္ျပီး ေပ်ာ္ရႊင္ဖြယ္ ဘ၀သစ္တစ္ခုရဲ႕ အစလည္းျဖစ္ႏိုင္တယ္။ ခရက္ဒစ္