အေနာက္တိုင္းဂမၻီရပညာအရဆိုရင္ လတစ္လရဲ႕ ၁၃ ရက္ေန႔နဲ႔ ေသာၾကာေန႔ တစ္ထပ္တည္းက်တဲ့ ေန႔မ်ိဳးကို (အခုလိုေန႔မ်ိဳး) မွာ ကံဆိုးမိုးေမွာင္ က်တတ္တဲ့၊ အတိတ္နိမိတ္ မေကာင္းတဲ့ ေန႔အျဖစ္ သတ္မွတ္ ယူဆၾကပါတယ္။
တိုက္ဆိုင္ခ်င္ေတာ့ ကမာၻ႔စီးပြားပ်က္ကပ္ႀကီး ျဖစ္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္မွာ အဲလို ၁၃ ရက္ေန႔နဲ႔ ေသာၾကာေန႔ တိုက္တဲ့ေန႔မ်ိဳးက သုံးရက္ေတာင္ ျဖစ္ခဲ့ပါတယ္။ ကမာၻပ်က္မယ္လို႔ နာမည္ႀကီးခဲ့တဲ့ ၂၀၁၂ တုန္းကလည္း ၁၃ နဲ႔ ေသာၾကာက ၃ ႀကိမ္ ထပ္ခဲ့ပါတယ္။ ျမန္မာျပည္မွာ သမိုင္းတြင္ေအာင္ ေရႀကီးခဲ့တဲ့ ၂၀၁၅ တုန္းကလည္း ၁၃ နဲ႔ ေသာၾကာ ၃ ႀကိမ္ ထပ္ခဲ့တာ ေတြ႕ရပါတယ္။
၁၃ နဲ႔ ေသာၾကာ တြဲလ်က္က်တာကို အေနာက္တိုင္းသားေတြ ဘာလို႔ လန႔္ၾကသလဲ၊ ဘယ္သူေတြကေတာင္ လန႔္ၾကသလဲ ဆိုတာ အနည္းအက်ဥ္း တို႔ထိ မွ်ေဝခ်င္ပါတယ္။
အေနာက္တိုင္း ေလာကီဂမၻီရပညာရွင္ေတြက ၁၃ ေသာၾကာ ( ေသာၾကာေန႔နဲ႔ ၁၃ ရက္ေန႔ တိုက္ဆိုင္တဲ့ ေန႔ )ကို ဘာလို ့ေၾကာက္ၾကတာလဲ ဆိုေတာ့ ေဆာ္လမြန္ဝတ္ေက်ာင္းေတာ္ထဲက ေယရႈခရစ္ သိမ္းဆည္းထားတဲ့ ပစၥည္းေတြနဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြကို ကာကြယ္ေစာင့္ေရွာက္တဲ့ အဖြဲ႕ ရွိပါတယ္။
သူတို႔ကို ဝတ္ေက်ာင္းေတာ္ ျမင္းစီးသူရဲေကာင္းမ်ား (Knights Templar) လို႔ ေခၚပါတယ္။ သူတို႔ဟာ ဘုရားေက်ာင္းပ်က္ထဲက ျမင္းေဇာင္းမွာ အေျခခ်ၿပီး ျမင့္ျမတ္တဲ့ေျမကို ကာကြယ္ၾကတယ္။ ေနာက္ပိုင္းမွာ စတုတၱေျမာက္ ဖိလစ္ဘုရင္က သူတို႔ကို သတ္မိန႔္ ထုတ္ျပန္ၿပီး ၁၃၀၇ ေအာက္တိုဘာ ၁၃ ရက္ေန႔ ေသာၾကာေန႔မွာ တိုက္ခိုက္ မီးရႈိ႕သတ္ျဖတ္ခဲ့ပါတယ္။ အဲဒီကေန စတင္ၿပီးေတာ့ ၁၃ ရက္ ေသာၾကာေန႔ဟာ ကံမေကာင္းဘူးဆိုတဲ့ အယူအဆ ေပၚေပါက္လာတာ ျဖစ္ပါတယ္။
ရာဇဝင္ထဲမွာ ျပင္သစ္ဧကရာဇ္ႀကီး နပိုလီယံနဲ႔ အေမရိကန္သမၼတေဟာင္း ဟားဗတ္ဟူးဗားတို႔ဟာ အဲဒီ ၁၃ ရက္ေသာၾကာကို ေၾကာက္တဲ့သူေတြလို႔ သိရပါတယ္။ အဲလိုပဲ သမၼတ႐ုစဗဲ့ဟာလည္း ဘယ္လမဆို ၁၃ ရက္ေန႔မ်ိဳးမွာ ခရီးထြက္ဖို႔ စိုး႐ြ႕ံေရွာင္ရွားသူ ျဖစ္သလို ညစာ တည္ခင္းဧည့္ခံရင္လည္း ၁၂ ေယာက္ အထိသာ ဖိတ္ေလ့ရွိပါတယ္။
Friday 13 လို႔ အမည္ေပးခဲ့တဲ့ ၿဗိတိသွ်ေရတပ္သေဘၤာတစ္စီးဟာ ေသာၾကာေန႔က်တဲ့ ၁၃ ရက္ေန႔မွာပဲ စတင္ ေရခ် ထြက္ခြာခဲ့ လိုက္တာ ေနာက္ဘာသတင္းမွ အစအန ျပန္မရေတာ့ဘူးလို႔ ဆိုပါတယ္။ ၄ ရက္၊ ၁၁ လ၊ ၁၉၇၀ ခုႏွစ္ 4+11+70= 13 ဂဏန္းရတဲ့ အပိုလို ၁၃ အာကာသယဥ္ကလည္း ဧၿပီလ ၁၃ ရက္ ေန႔မွာပဲ ေပါက္ကြဲ ပ်က္စီးသြားခဲ့ပါတယ္။
၁၉၉၃ ခုႏွစ္၊ ၿဗိတိန္ႏိုင္ငံရဲ႕ ေလ့လာမႈတစ္ခုမွာ ၆ ရက္ေန႔ ေသာၾကာနဲ႔ ၁၃ ရက္ေန႔ေသာၾကာႏွစ္ရက္ၾကားက မေတာ္တဆ ယာဥ္တိုက္မႈနဲ႔ ယာဥ္ေၾကာပိတ္ဆို႔မႈ ကိန္းဂဏန္းပမာဏေတြကို ႏႈိင္းယွဥ္တဲ့အခါ ၁၃ ေသာၾကာေန႔မွာ ယာဥ္ေၾကာပိတ္ဆို႔မႈက ပိုနည္းေပမယ့္ ယာဥ္မေတာ္တဆမႈေၾကာင့္ ေဆး႐ုံေရာက္လာတဲ့ လူနာ အေရအတြက္ ပိုမ်ားေနတယ္လို႔ ဆိုပါတယ္။
၁၃ ရက္နဲ႔ ေသာၾကာအေၾကာင္း လတ္တေလာ ေတြ႕မိသေလာက္ ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ ဒီထက္မကတဲ့ ရာဇဝင္နဲ႔ တိုက္ဆိုင္မႈမ်ားစြာလည္း ရွိေနပါေသးတယ္။ ေလာေလာဆယ္ေတာ့ ဒီေလာက္နဲ႔ပဲ ရပ္ထားလိုက္ပါမယ္။
Credit
Unicode
၁၃ သောကြာ ကြောက်စရာလား
အနောက်တိုင်းဂမ္ဘီရပညာအရဆိုရင် လတစ်လရဲ့ ၁၃ ရက်နေ့နဲ့ သောကြာနေ့ တစ်ထပ်တည်းကျတဲ့ နေ့မျိုးကို (အခုလိုနေ့မျိုး) မှာ ကံဆိုးမိုးမှောင် ကျတတ်တဲ့၊ အတိတ်နိမိတ် မကောင်းတဲ့ နေ့အဖြစ် သတ်မှတ် ယူဆကြပါတယ်။
တိုက်ဆိုင်ချင်တော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ အဲလို ၁၃ ရက်နေ့နဲ့ သောကြာနေ့ တိုက်တဲ့နေ့မျိုးက သုံးရက်တောင် ဖြစ်ခဲ့ပါတယ်။ ကမ္ဘာပျက်မယ်လို့ နာမည်ကြီးခဲ့တဲ့ ၂၀၁၂ တုန်းကလည်း ၁၃ နဲ့ သောကြာက ၃ ကြိမ် ထပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ သမိုင်းတွင်အောင် ရေကြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း ၁၃ နဲ့ သောကြာ ၃ ကြိမ် ထပ်ခဲ့တာ တွေ့ရပါတယ်။
၁၃ နဲ့ သောကြာ တွဲလျက်ကျတာကို အနောက်တိုင်းသားတွေ ဘာလို့ လန့်ကြသလဲ၊ ဘယ်သူတွေကတောင် လန့်ကြသလဲ ဆိုတာ အနည်းအကျဉ်း တို့ထိ မျှဝေချင်ပါတယ်။
အနောက်တိုင်း လောကီဂမ္ဘီရပညာရှင်တွေက ၁၃ သောကြာ ( သောကြာနေ့နဲ့ ၁၃ ရက်နေ့ တိုက်ဆိုင်တဲ့ နေ့ )ကို ဘာလို့ကြောက်ကြတာလဲ ဆိုတော့ ဆော်လမွန်ဝတ်ကျောင်းတော်ထဲက ယေရှုခရစ် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့ ရှိပါတယ်။
သူတို့ကို ဝတ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ (Knights Templar) လို့ ခေါ်ပါတယ်။ သူတို့ဟာ ဘုရားကျောင်းပျက်ထဲက မြင်းဇောင်းမှာ အခြေချပြီး မြင့်မြတ်တဲ့မြေကို ကာကွယ်ကြတယ်။ နောက်ပိုင်းမှာ စတုတ္တမြောက် ဖိလစ်ဘုရင်က သူတို့ကို သတ်မိန့် ထုတ်ပြန်ပြီး ၁၃၀၇ အောက်တိုဘာ ၁၃ ရက်နေ့ သောကြာနေ့မှာ တိုက်ခိုက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီကနေ စတင်ပြီးတော့ ၁၃ ရက် သောကြာနေ့ဟာ ကံမကောင်းဘူးဆိုတဲ့ အယူအဆ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ရာဇဝင်ထဲမှာ ပြင်သစ်ဧကရာဇ်ကြီး နပိုလီယံနဲ့ အမေရိကန်သမ္မတဟောင်း ဟားဗတ်ဟူးဗားတို့ဟာ အဲဒီ ၁၃ ရက်သောကြာကို ကြောက်တဲ့သူတွေလို့ သိရပါတယ်။ အဲလိုပဲ သမ္မတရုစဗဲ့ဟာလည်း ဘယ်လမဆို ၁၃ ရက်နေ့မျိုးမှာ ခရီးထွက်ဖို့ စိုးရွံ့ရှောင်ရှားသူ ဖြစ်သလို ညစာ တည်ခင်းဧည့်ခံရင်လည်း ၁၂ ယောက် အထိသာ ဖိတ်လေ့ရှိပါတယ်။
Friday 13 လို့ အမည်ပေးခဲ့တဲ့ ဗြိတိသျှရေတပ်သင်္ဘောတစ်စီးဟာ သောကြာနေ့ကျတဲ့ ၁၃ ရက်နေ့မှာပဲ စတင် ရေချ ထွက်ခွာခဲ့ လိုက်တာ နောက်ဘာသတင်းမှ အစအန ပြန်မရတော့ဘူးလို့ ဆိုပါတယ်။ ၄ ရက်၊ ၁၁ လ၊ ၁၉၇၀ ခုနှစ် 4+11+70= 13 ဂဏန်းရတဲ့ အပိုလို ၁၃ အာကာသယဉ်ကလည်း ဧပြီလ ၁၃ ရက် နေ့မှာပဲ ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။
၁၉၉၃ ခုနှစ်၊ ဗြိတိန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုမှာ ၆ ရက်နေ့ သောကြာနဲ့ ၁၃ ရက်နေ့သောကြာနှစ်ရက်ကြားက မတော်တဆ ယာဉ်တိုက်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှု ကိန်းဂဏန်းပမာဏတွေကို နှိုင်းယှဉ်တဲ့အခါ ၁၃ သောကြာနေ့မှာ ယာဉ်ကြောပိတ်ဆို့မှုက ပိုနည်းပေမယ့် ယာဉ်မတော်တဆမှုကြောင့် ဆေးရုံရောက်လာတဲ့ လူနာ အရေအတွက် ပိုများနေတယ်လို့ ဆိုပါတယ်။
၁၃ ရက်နဲ့ သောကြာအကြောင်း လတ်တလော တွေ့မိသလောက် ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဒီထက်မကတဲ့ ရာဇဝင်နဲ့ တိုက်ဆိုင်မှုများစွာလည်း ရှိနေပါသေးတယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါမယ်။
Credit