






Credit

Unicode

၂၄ မိုင်သာဝေးကွာသော ကျွန်းနှစ်ကျွန်းတွင် ၂၁ နာရီအချိန်ကွာခြားမှုရှိနေ

ပစိဖိတ်သုမုဒ္ဒရာထဲက Diomedes ကျွန်းနှစ်ခုဟာ ၂.၄ မိုင်သာကွာဝေးတဲ့ ကျွန်း တွေဖြစ်ပေမယ့် အချိန်ကွာခြားမှုကတော့ ၂၁ နာရီလောက်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာရက်စွဲမျဉ်းကြောင်းဟာ ပစိဖိတ်သမုဒ္ဒရာအလယ်ကနေဖြတ်ပြီး ဒီ မျဉ်းရဲ့အရှေ့ကနေ အနောက်ကိုသွားရင် နာရီကိုတစ်ရက်ရှေ့တိုးရမှာဖြစ်ပြီး အ နောက်ကနေ အရှေ့ကိုသွားရင်တော့ တစ်ရက်နောက်ဆုတ်ရမှာဖြစ်ပါတယ်။

မြောက်ကနေ တောင်ဝင်ရိုးစွန်းကိုဆွဲထား တဲ့ရက်စွဲမျဉ်းကြောင်းက တစ်ဖြောင့်တည်း မဟုတ်ဘဲ အကွေ့အကောက်သဏ္ဌာန်ရှိ တာကြောင့် နိုင်ငံရေးနယ်နိမိတ်အများစု ကိုလည်း ဖြတ်ကျော်သွားပါတယ်။

အဲဒီ ထဲမှာ Diomedes ကျွန်းတွေပါလာတာ ဖြစ်ပြီး Big Diomede ခေါ် “Tomorrow Island” ကို ရုရှားနဲ့ Little Diomede ခေါ် “Yesterday Island” ကို အမေရိကန်က ပိုင်ဆိုင်တာဖြစ်ပါတယ်။

ကျွန်းနှစ်ခုကြားမှာ ဆောင်းတွင်းဆိုရင် ရေခဲတံတားဖြစ်လာပြီး လမ်းလျှောက် သွားလို့တောင်ရပေမယ့် ကျွန်းနှစ်ခုကြား ခရီးသွားလာမှုကို ကန့်သတ်ထားပါတယ်။

အနားကပ်လာတဲ့ငါးဖမ်းလှေတွေရှိရင် တောင် ကျွန်းတွေကိုကင်းလှည့်နေတဲ့ သက်ဆိုင်ရာနိုင်ငံအလိုက်စစ်သားတွေ က သတိပေးပစ်ခတ်လေ့ရှိတယ်လို့ သိရ ပါတယ်။

Credit