ရုပ်သံကြည့်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါတယ်
Unicode
ဘုရားတည်ပြီးလို့ သိုက်ဆက်တွေအတွက် သိုက်ပွဲပေးရင်း.တရုတ်နတ်တွေနဲ့ မဖဲဝါကို ခေါ်ပြခဲ့တဲ ည …(ရုပ်သံ)
သိုက်ပွဲရှိမှသာ ပျော်ခွင့်ရတဲ့ သိုက်ဆက်ရှိသူတွေအတွက် ရည်စူးပြီး လုပ်ပေးတဲ့ မြဆည်းဆာရဲ့ စနေသား သိုက်ပွဲပါ သိုက်ဆက်ရှိသူတွေလဲ ပျော်ခွင့်ရတယ်။ ရိုးရာနတ်တွေလဲပျော်ခွင့်ရတယ်။
အဲဒီညကတော့ သိုက်ပွဲရဲ့ နောက်ဆုံးညမှာ သိုက်ဆရာစနေသားမှ တရုတ်နတ်တွေလဲပင့်ပြပီး အစွမ်းတွေပြခိုင်းခဲ့ပါတယ်။ သချီ ၤုင်းစောင့် မဖဲဝါကိုလဲ ပင့်ပြပါတယ်။
မြဆည်းဆာ မြေက အရမ်းကြမ်းပါတယ်။ သချိ ၤုင်းမြေဟောင်းလဲ ဖြစ်ခဲ့ဖူးပါတယ်။ မြဆည်းဆာ ဆရာတော်ရဲ့မေတ္တာစွမ်းအားနဲ့ အရာ အားလုံးကို မေတ္တာပေးပြီး ခိုကိုးရာမဲ့အဘိုးအဘွားတွေကို စောင့်ရှောက်ဖို့ ဘိုးဘွားရိပ်သာတခုအဖြစ် ပေါ်ထွက်အောင် လုပ်ထားနိုင် ခဲ့ပါတယ်။
ခုလဲ ရိပ်သာဝင်းအတွင်း အများပြည်သူတွေနဲ့ အဘိုးအဘွားတွေ ဖူးမျှော်နိုင်ဖို့ ဘုရားတည်ပေးနိုင်ခဲ့တဲ့ အလှူ တော်အတွက် သိုက်ဆက်ပဌာန်းဆက်ရှိသူတွေကို သိုက်ပွဲပေးတာပါ။ မေတ္တာဖြင့် အရာရာကို အောင်နိုင်မှာပါ။
သည်လို သိုက်အဆက်ရှိသူတွေကို ဒါနပြုပေးခြင်းအားဖြင့်ဗုဒ္ဓဘာသာ အယူအဆမှ သွေဖယ်သွားခြင်းလဲ လုံးဝမရှိပါဘူး။
ယုံခြင်းမယုံခြင်း ဖြစ်တည်ခြင်း မဖြစ်တည်ခြင်းသည် ပုဂ္ဂိုလ်များနဲ့သာသက်ဆိုင်ပါသည်။ ၃၁ ဘုံကို ယုံကြည်ကြပါ။
မြဆည်းဆာ၏ အကျိုးတော်ဆောင် … ဇင်မိုး
ရုပ်သံကြည့်ရန်