သမီးဖြစ်သူ လာလည်တယ်လို့အိမ်မက် မက်ခဲ့ပြီး အတိတ်နမိတ်မကောင်းလို့ သွားစစ်ခဲ့ရာမှ ရင်ကွဲဖွယ်အဖြစ်မျိုးကြုံခဲ့ရတဲ့ ဖခင်
ဒီအဖြစ်အပျက်ကတော့ တကယ့်ကိုဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းလှပါတယ် ။ ဖြစ်စဉ်ကတော့ ဘန်ကောက်မြို့မြောက်ဖက် Pathum Thani ပြည်နယ်မှာ နေထိုင်လျက်ရှိတဲ့ နေအိမ်တစ်ခုမှ အနည်ဆုံး 6လခန့်အသက်သေဆုံး သွားခဲ့ပြီဖြစ်တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ် ။
အဆိုပါ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်စဉ်ဟာ အိမ်မက်တစ်ခုနဲ့စတင်ခဲ့တာဖြစ်တဲ့အတွက် ပို၍ထူးခြားဆန်းကြယ်နေကြောင်းလည်း သိရှိရပါတယ် ။
အသက် 71 နှစ်အရွယ် Boonlong Boonplum အမည်ရှိတဲ့ အဆိုပါရုပ်အလောင်းရဲ့ ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ June 15 ရက်နေ့က သူ၏သေဆုံးသွားခဲ့ပြီဖြစ်တဲ့ဇနီးသည် နှင့် အသက် 46 နှစ်အရွယ် Thiphaphat phaksuk အမည်ရှိတဲ့ သူ၏သမီးဖြစ်သူတို့ဟာ သူ့အားလာရောက်လည်ပတ်တယ်ဆိုပြီး အိမ်မက်မက်ခဲ့ပါတယ် ။
ထို့နောက် အိပ်ယာမှနှိုးထလာခဲ့ချိန်မှာတော့ စိတ်ထဲတွင်တစ်ခုခုဖြစ်နေပြီဟု ထင်မှတ်နေခဲ့ပြီးနောက် သမီးဖြစ်သူကိုသွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။
ထို့နောက် သမီးဖြစ်သူ၏နေအိမ်သို့ ရောက်ရှိသွားသောအခါ အိမ်မှာ လူမနေဘဲစွန့်ပစ်ထားသလိုဖြစ်နေပြီး ပေါင်းပင် ၊ မြက်ပင် များလည်း အိမ်ပတ်ပတ်လည်ပြည့်နှက်နေခဲ့ပါတယ် ။
ခြံဝန်းထဲ ဝင်ကြည့်ခဲ့ချိန်မှာတော့ ထူးဆန်းတဲ့အနံ့မျိုးရနေသဖြင့် ဖခင်ဖြစ်သူမှာ လုံခြုံရေးဝန်ထမ်းများကိုခေါ်ပြီး အိမ်တံခါးဖျက်ပြီး အိမ်ထဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ။
ထို့နောက် နေအိမ်အတွင်း သန့်စင်ခန်းအနီးရှိကြမ်းပြင်ပေါ်တွင် သေဆုံးနေပြီးခြောက်သွေ့နေခဲ့တဲ့ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပါတယ် ။
သမီးဖြစ်သူမှာ အိမ်ထောင်ကွဲပြီးနောက်မှာတော့ ထိုအိမ်တွင်တစ်ယောက်တည်း နေထိုင်နေသူဖြစ်ပြီး အိမ်နီးချင်းများကလည်း သမီးဖြစ်သူဟာ နေအိမ်အပြင်ဖက်ထွက်ပြီး မီတာခပေးဆောင်မျိုးမရှိခဲ့လို့ အိမ်ပြောင်းသွားပြီလို့သာ တွေးထင်ခဲ့ကြတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။
ဖခင်ဖြစ်သူမှာ သမီးဆီသို့သွားရောက်လည်ပတ်ချင်ပေမဲ့လည်း သမီးဖြစ်သူကအလုပ်တအားများကြောင်းငြင်းဆိုနေခဲ့လို့ နေအိမ်ကသိပ်မဝေးကွာလွန်းပေမဲ့လည်း အချင်းချင်းသိပ်မတွေ့ဖြစ်ကြောင်း ငိုကြွေးကာပြောဆိုနေခဲ့ပါတယ် ။
ရဲတပ်ဖွဲ့တွေရဲ့ပြောကြားချက်အရ သေဆုံးသွားသူမှာကိုယ့်ကိုသေကြောင်းကြံစည်သွားခဲ့တာမျိုးမဟုတ်ဘဲ ၊ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ရတာဖြစ်ကြောင်းနှင့် သေဆုံးသွားရသည့်ဖြစ်ရပ်မှန်ကိုသိရှိဖို့အတွက် ရုပ်အလောင်းကိုဆေးရုံသို့ပို့ဆောင်ပြီး စစ်ဆေးမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ် ။
Zawgyi
သမီးျဖစ္သူ လာလည္တယ္လို႔အိမ္မက္ မက္ခဲ့ၿပီး အတိတ္နမိတ္မေကာင္းလို႔ သြားစစ္ခဲ့ရာမွ ရင္ကြဲဖြယ္အျဖစ္မ်ိဳးၾကံဳခဲ့ရတဲ့ ဖခင္
ဒီအျဖစ္အပ်က္ကေတာ့ တကယ့္ကိုဝမ္းနည္းေၾကကြဲဖြယ္ေကာင္းလြန္းလွပါတယ္ ။ ျဖစ္စဥ္ကေတာ့ ဘန္ေကာက္ၿမိဳ႕ေျမာက္ဖက္ Pathum Thani ျပည္နယ္မွာ ေနထိုင္လ်က္႐ွိတဲ့ ေနအိမ္တစ္ခုမွ အနည္ဆံုး 6လခန္႔အသက္ေသဆံုး သြားခဲ့ၿပီျဖစ္တဲ့ အမ်ိဳးသမီးရဲ႕ ႐ုပ္အေလာင္းကို ႐ွာေဖြေတြ႔႐ွိခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ခဲ့ပါတယ္ ။
အဆိုပါ ႐ုပ္အေလာင္းကို ႐ွာေဖြေတြ႔႐ွိခဲ့တဲ့ျဖစ္စဥ္ဟာ အိမ္မက္တစ္ခုနဲ႔စတင္ခဲ့တာျဖစ္တဲ့အတြက္ ပို၍ထူးျခားဆန္းၾကယ္ေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။
အသက္ 71 ႏွစ္အရြယ္ Boonlong Boonplum အမည္႐ွိတဲ့ အဆိုပါ႐ုပ္အေလာင္းရဲ႕ ဖခင္ျဖစ္သူဟာ ၿပီးခဲ့တဲ့ June 15 ရက္ေန႔က သူ၏ေသဆံုးသြားခဲ့ၿပီျဖစ္တဲ့ဇနီးသည္ ႏွင့္ အသက္ 46 ႏွစ္အရြယ္ Thiphaphat phaksuk အမည္႐ွိတဲ့ သူ၏သမီးျဖစ္သူတို႔ဟာ သူ႔အားလာေရာက္လည္ပတ္တယ္ဆိုၿပီး အိမ္မက္မက္ခဲ့ပါတယ္ ။
ထို႔ေနာက္ အိပ္ယာမွႏႈိးထလာခဲ့ခ်ိန္မွာေတာ့ စိတ္ထဲတြင္တစ္ခုခုျဖစ္ေနၿပီဟု ထင္မွတ္ေနခဲ့ၿပီးေနာက္ သမီးျဖစ္သူကိုသြားေရာက္လည္ပတ္ဖို႔ ဆံုးျဖတ္ခဲ့ပါေတာ့တယ္ ။
ထို႔ေနာက္ သမီးျဖစ္သူ၏ေနအိမ္သို႔ ေရာက္႐ွိသြားေသာအခါ အိမ္မွာ လူမေနဘဲစြန္႔ပစ္ထားသလိုျဖစ္ေနၿပီး ေပါင္းပင္ ၊ ျမက္ပင္ မ်ားလည္း အိမ္ပတ္ပတ္လည္ျပည့္ႏွက္ေနခဲ့ပါတယ္ ။
ျခံဝန္းထဲ ဝင္ၾကည့္ခဲ့ခ်ိန္မွာေတာ့ ထူးဆန္းတဲ့အနံ႔မ်ိဳးရေနသျဖင့္ ဖခင္ျဖစ္သူမွာ လံုျခံဳေရးဝန္ထမ္းမ်ားကိုေခၚၿပီး အိမ္တံခါးဖ်က္ျပီး အိမ္ထဲကိုဝင္ဖို႔ဆံုးျဖတ္ခဲ့ပါတယ္ ။
ထို႔ေနာက္ ေနအိမ္အတြင္း သန္႔စင္ခန္းအနီး႐ွိၾကမ္းျပင္ေပၚတြင္ ေသဆံုးေနၿပီးေျခာက္ေသြ႔ေနခဲ့တဲ့ သမီးျဖစ္သူရဲ႕ ႐ုပ္အေလာင္းကိုေတြ႔႐ွိခဲ့ရပါတယ္ ။
သမီးျဖစ္သူမွာ အိမ္ေထာင္ကြဲၿပီးေနာက္မွာေတာ့ ထိုအိမ္တြင္တစ္ေယာက္တည္း ေနထိုင္ေနသူျဖစ္ၿပီး အိမ္နီးခ်င္းမ်ားကလည္း သမီးျဖစ္သူဟာ ေနအိမ္အျပင္ဖက္ထြက္ၿပီး မီတာခေပးေဆာင္မ်ိဳးမ႐ွိခဲ့လို႔ အိမ္ေျပာင္းသြားၿပီလို႔သာ ေတြးထင္ခဲ့ၾကတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။
ဖခင္ျဖစ္သူမွာ သမီးဆီသို႔သြားေရာက္လည္ပတ္ခ်င္ေပမဲ့လည္း သမီးျဖစ္သူကအလုပ္တအားမ်ားေၾကာင္းျငင္းဆိုေနခဲ့လို႔ ေနအိမ္ကသိပ္မေဝးကြာလြန္းေပမဲ့လည္း အခ်င္းခ်င္းသိပ္မေတြ႔ျဖစ္ေၾကာင္း ငိုေႂကြးကာေျပာဆိုေနခဲ့ပါတယ္ ။
ရဲတပ္ဖြဲ႔ေတြရဲ႕ေျပာၾကားခ်က္အရ ေသဆံုးသြားသူမွာကိုယ့္ကိုေသေၾကာင္းၾကံစည္သြားခဲ့တာမ်ိဳးမဟုတ္ဘဲ ၊ ႏွလံုးေရာဂါျဖင့္ ေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္းႏွင့္ ေသဆံုးသြားရသည့္ျဖစ္ရပ္မွန္ကိုသိ႐ွိဖို႔အတြက္ ႐ုပ္အေလာင္းကိုေဆးရံုသို႔ပို႔ေဆာင္ၿပီး စစ္ေဆးမည္ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္ ။