ယနေ့ခေတ်လို အရာရာကိုကိုယ်တိုင်စဉ်းစားဆုံဖြတ်ချက်မျိုး ချနိုင်တဲ့ခေတ်ကြီးမှာ အယုံအကြည်လွန်ကဲပြီး အန္တရာယ်ရှိလွန်းတဲ့အလုပ်မျိုး လုပ်တာတော့ အတွေးအခေါ်ညံ့ဖျင်းလွန်းတယ်လို့ ပြောရမှာပါပဲ ။ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ၊ Jakarta မြို့အနောက်ဖက်ပိုင်းမှာရှိတဲ့ Rawa Buaya ဆိုတဲ့ရွာမှာရှိတဲ့ ရွာသားတွေဟာအရင်ကထက် ကျန်းမာရေးအခြေအနေတွေပိုကောင်းလာတယ်လို့ဆိုကြပါတယ် ။
ကျန်းမာရေးကောင်းအောင် လုပ်ရမယ့်နည်းလမ်းကတော့ ရထားလမ်းပေါ်မှာလဲအိပ်နေရုံပဲလို့ဆိုကြပါတယ် ။ ရထားလမ်းပေါ်မှာ နေ့ခင်းဖက်ကနေ နေဝင်တော့မဲ့ ညနေစောင်းအချိန်ထိ လဲအိပ်နေရုံနဲ့ ရောဂါတွေအကုန်သက်သာပျောက်ကင်းစေတယ်လို့ဆိုကြပါတယ် ။ ရထားလမ်းပေါ်မှာ ဖြတ်စီးသွားတဲ့ လျှပ်စစ်စီးကြောင်းက ရောဂါတွေကိုကုသပေးတာပါဆိုပြီး ယုံကြည်နေကြတာပါ ။
အဆိုပါနည်းလမ်းနဲ့ကုသမှုမျိုးကြောင့် ဒေသခံအချို့ရောဂါသက်သာပျောက်ကင်းသွားပြီလို့လည်း ပြောဆိုကြပါသေးတယ် ။ သို့ပေမဲ့လည်း အဆိုပါလုပ်ရပ်မျိုးကို အစိုးရက ကန့်ကွက်ထားပြီး ရထားလမ်းကနေလျှပ်စစ်ဗို့အားဘယ်လောက်တောင် ဖြတ်သန်းသွားမလဲဆိုတာ မသိနိုင်လို့ အဆိုပါလုပ်ရပ်မျိုးဟာ လူ့ခန္ဓာကိုယ်ကိုပိုပြီးဆိုးရွားမှုများဖြစ်စေကြောင်း ပြောဆိုခဲ့ပါတယ် ။
ဒါကြောင့် တစ်ခုခုကိုအယုံလွယ်မယ်ဆိုရင်တောင် ယနေ့လိုအင်တာနက်ခေတ်ကြီးမှာတော့ အရာရာကိုအလွယ်တကူရှာဖွေလေ့လာနိုင်လို့ အယုံမလွယ်ကြဖို့နဲ့ အယုံလွယ်ရင် ကျန်းမာရေးသက်သာဖို့နေနေ အသက်ဆုံးရှုံမှုက ပိုများနိုင်တဲ့ အလားအလာမျိုးရောက်နေကြပါပြီ ။ ခရက်ဒစ်
Zawgyi