အိမ္ေနာက္ေဘးမွာေတြ႔တဲ့ မိေက်ာင္းကိုမေၾကာက္မလန္႔ အတင္းေပြ႔ဖက္ထားတဲ့ မိန္းကေလး (႐ုပ္သံ)

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မိန်းမငယ်လေးဟာ သူမနေအိမ်မှာတွေ့ရှိခဲ့တဲ့မိကျောင်းနဲ့ ပွေ့ဖက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့လို့ လူအမြောက်အများရဲ့အပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရပါတယ် ။ Azy Nadia Aziz အမည်ရှိတဲ့ အသက် 22အရွယ်မိန်းကလေးဟာ အဆိုပါမိကျောင်းကိုပြီးခဲ့တဲ့အပတ်က Kota Bharu မြို့မှာရှိတဲ့ သူမနေအိမ်ရဲ့အိမ်နောက်ဖေးမှာ တွေ့ရှိခဲ့တာပါ ။

Video ထဲမှာတော့ Aziz ဟာ အဆိုပါမိကျောင်းကြီးကို သူမရဲ့ပေါင်ပေါ်တင်ပြီး အရုပ်လိုပွတ်သပ်ပေးနေခဲ့တာပါ ။ မိကျောင်းဟာ 1.5 meters ခန့်အရှည်ရှိတယ်လို့ယူဆရပြီး ၊ သူမနေထိုင်တဲ့ ဒေသရဲ့အနီးဝန်းကျင်မြစ်ချောင်းကနေ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ် ။

Aziz ကတော့ ” မိကျောင်းကို မလှုပ်မရွ နဲ့ လုံးဝကိုရန်လိုစိတ်မရှိတဲ့ အနေအထားနဲ့ကျွန်မတွေ့ခဲ့လို့ဖမ်းပြီး အိမ်ထဲကိုခေါ်လာခဲ့တာပါ ၊ ပြီးတော့ မိကျောင်းနဲ့ ဓာတ်ပုံတွေ ၊ video တွေရိုက်တယ် ၊ အဲ့ညမှာပဲ ကျွန်မသူ့ကိုမြစ်ချောင်းထဲ ပြန်လွတ်ပေးခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း မိကျောင်းဟာ Aziz လက်ပေါ်မှာအလွန်ယဉ်ပါးလွန်းနေခဲ့တဲ့အတွက် လူအတော်အများက ဝေဖန်ခဲ့ကြပါတော့တယ် ။

သူမကတော့ ” ကျွန်မကိုအပြစ်တင်ဝေဖန်နေတာ ရပ်ပါတော့ ၊ ကျွန်မ မိကျောင်းကို အိမ်မွေးအကောင်အဖြစ် မမွေးထားပါဘူး ၊ ကျွန်မခဏလေး ဖမ်းထားယုံလေးပါ ” ဆိုပြီး Aziz ကပြန်လည်ဖြေရှင်းခဲ့ရပါတယ် ။ ခရက်ဒစ်

Zawgyi

မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ မိန္းမငယ္ေလးဟာ သူမေနအိမ္မွာေတြ႔႐ွိခဲ့တဲ့မိေက်ာင္းနဲ႔ ေပြ႔ဖက္ၿပီး ဓာတ္ပံု႐ိုက္ကူးခဲ့လို႔ လူအေျမာက္အမ်ားရဲ႕အျပစ္တင္ေဝဖန္ျခင္းကိုခံခဲ့ရပါတယ္ ။ Azy Nadia Aziz အမည္႐ွိတဲ့ အသက္ 22အရြယ္မိန္းကေလးဟာ အဆိုပါမိေက်ာင္းကိုၿပီးခဲ့တဲ့အပတ္က Kota Bharu ၿမိဳ႕မွာ႐ွိတဲ့ သူမေနအိမ္ရဲ႕အိမ္ေနာက္ေဖးမွာ ေတြ႔႐ွိခဲ့တာပါ ။

Video ထဲမွာေတာ့ Aziz ဟာ အဆိုပါမိေက်ာင္းႀကီးကို သူမရဲ႕ေပါင္ေပၚတင္ၿပီး အ႐ုပ္လိုပြတ္သပ္ေပးေနခဲ့တာပါ ။ မိေက်ာင္းဟာ 1.5 meters ခန္႔အ႐ွည္႐ွိတယ္လို႔ယူဆရၿပီး ၊ သူမေနထိုင္တဲ့ ေဒသရဲ႕အနီးဝန္းက်င္ျမစ္ေခ်ာင္းကေန ေရာက္႐ွိလာျခင္းျဖစ္တယ္လို႔ ယူဆခဲ့ၾကပါတယ္ ။

Aziz ကေတာ့ ” မိေက်ာင္းကို မလႈပ္မရြ နဲ႔ လံုးဝကိုရန္လိုစိတ္မ႐ွိတဲ့ အေနအထားနဲ႔ကြၽန္မေတြ႔ခဲ့လို႔ဖမ္းၿပီး အိမ္ထဲကိုေခၚလာခဲ့တာပါ ၊ ၿပီးေတာ့ မိေက်ာင္းနဲ႔ ဓာတ္ပံုေတြ ၊ video ေတြ႐ိုက္တယ္ ၊ အဲ့ညမွာပဲ ကြၽန္မသူ႔ကိုျမစ္ေခ်ာင္းထဲ ျပန္လြတ္ေပးခဲ့တာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း မိေက်ာင္းဟာ Aziz လက္ေပၚမွာအလြန္ယဥ္ပါးလြန္းေနခဲ့တဲ့အတြက္ လူအေတာ္အမ်ားက ေဝဖန္ခဲ့ၾကပါေတာ့တယ္ ။

သူမကေတာ့ ” ကြၽန္မကိုအျပစ္တင္ေဝဖန္ေနတာ ရပ္ပါေတာ့ ၊ ကြၽန္မ မိေက်ာင္းကို အိမ္ေမြးအေကာင္အျဖစ္ မေမြးထားပါဘူး ၊ ကြၽန္မခဏေလး ဖမ္းထားယံုေလးပါ ” ဆိုၿပီး Aziz ကျပန္လည္ေျဖ႐ွင္းခဲ့ရပါတယ္ ။ ခရက္ဒစ္