သမီး၏ဝိညာဥ္္ ႏွင့္ ဆက္သြယ္ခ်င္လို႔့ ေရာက္လာခဲ့ၾကသူ မိဘ ႏွစ္ပါး အျဖစ္

သမီး၏ဝိညာဉ် နှင့် ဆက်သွယ်ချင်လို့ ရောက်လာခဲ့ကြသူ မိဘ နှစ်ပါး

သမီးသေကို ဆက်သွယ်ချင်သော မိဘနှစ်ပါးနှင့် စွန်းလွန်းဆရာတော်ပေးသော ထိမိသည့် ကမ္မဋ္ဌာန်း

ပေါ်တော်မူတောရတွင် ဓမ္မာရုံ တည်ဆောက်ခွင့်ရသော ကျနော့် အဖို့ များစွာ ကျေနပ်စရာ ကောင်းလှသည်။

စွန်းလွန်းနည်း နှင့် အားထုတ်လျက်ရှိသော မအူပေါ်တော်မူတောရဆရာတော် ဘုန်းဘုန်း ဦးသှဘာသ ထံပါး မတျတော ခံယူကာ နည်းယူ အားထုတ်ခွင့်ရသည့် အပြင် ဘုန်းဘုန်း ကြီး

ဘဝ အတိတ်ဘဝ ဇာတ်ကြောင်းဘုန်းဘုန်း ဆရာများ အကြောင်းကို ဆက်စပ်မိသလို သိခွင့်ရခဲ့သည်။

ဝါတွင်းကာလ မိုးရွာသော နေ့ တစ်ရက်တွင် ဘုန်းဘုန်းဦးသြဘာသ ထံ ဖူးမြော်ရင်း ဧည့်ပရိတ်သတ်လည်း မရှိသည်မို့ ဟိုလျှောက်ဒီမေးနှင့် ဘုန်းဘုန်း ၏ ဆရာနှစ်ပါး မည်ကဲ့သို့ တရားရသည်ကို

မေးလျှောက်ရာ ဘုန်းဘုန်းဦးသြဘာသ ကပြန်လည်မိန့်ကြားရာ စွန်းလွန်းဆရာတော်ကြီး ဦးကဝိ တရားပေး ပုံမှာ အားထုတ်လိုသူအများ အကျိုးပြုနိုင်သဖြင့် ပြန်လည်မျှဝေတင်ပေးလိုက်ပါသည်။

မြိုင် မြို့မှ သူဋ္ဌေးလင်မယား ဖြစ်သည့် ဦးလွန်းပျံ နှင့် ဒေါ်သိန်း တို့မှာ သားတစ်ယောက် သမီးတစ်ယောက် တို့နှင့်အတူ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။

သားသမီးရတနာ တို့ိကို မိုးလေမမြင် ချစ်ခဲ့ကြသော်လည်း လောကဓံ လှိုင်းတစ်ချက်အပုတ်မှာ မိဘနှစ်ပါး ခမြာ သောကဒဏ် အကိုင်းအခက် အခုတ် ခံရလေသည်။

ဥမမည် စာမမြောက် ကတည်းက ပြုစုယုယ ခဲ့သည့် သမီးကလေးမှာ အပျိုဖော် ဝင်စ အလှသွေးကြွယ်ချိန်မှာ ရုတ်တရက်ဆုံးပါးသွားခဲ့သည်။သမီး ကို ချစ်သည့် အဖေ မှာလည်း ငေးငေးငိုင်ငိုင်။

အမေခမျာလည်း ရင်ဘတ်စည်တီးကာ ခေတ်သစ် မပဋာ ကြီး ဟု ပင် သနားစွာ ပြောဆိုကြသည်။ သစ်ရွက်ခြောက်သံကြားလျှင်လည်း”အင်းငါ့သမီးလေးလား”ဟု ထင်မြင်ယူဆသည်။

“သမီးရယ် ဘဝတပါးမှာ အဆင်ပြေ ရဲ့လား။အမေတို့ကို အိပ်မက် ပေးပါတော့လား။”

“မသိန်း ——-ရွာမှာ နတ်ကတော်က ဝိညာဉ်နဲ့ ဆက်သွယ်ပေးနိုင်သတဲ့”

“သွားမေးကြအောင် ရှင်။သမီးလေးနဲ့ဆက်သွယ်ရအောင်”

ဦးလွန်းပျံဒေါ်သိန်းတို့မှာသမီး သမုဒယ စိတ် တစ်ခုတည်းနဲ့ ဗေဒင် ပယောဂ နတ်ကတော် ဝိညာဉ်ဆရာ အထက်လမ်းအောက်လမ်း မကျန် မြန်မာနိုင်ငံ အနှံ့အကုန်လိုက်မေးသည်။

မေးလိုက်တိုင်း ကျေနပ်သည် အထိ တော့မရှိသေး။ နောက်ဆုံး စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကြားလာသည်။

“မြင်းခြံနယ် စွန်းလွန်းရွာသား ကိုကျော်ဒင်မှာ တရားအားထုတ်ရင်း သမာဓိ အားကောင်းကာ ကျွဲပျောက်နွားပျောက်သိတဲ့အပြင် ရွာထဲက ခုနှစ်ရက်နေ သေမည့်သူငါးရက်နေ သေ မယ့်သူ တွေကို ပြောနိုင်သတဲ့။ငရဲပြည် နတ်ပြည်လည်း မြင်ရသတဲ့။

သထုံနယ် နေမိန္ဒရတောင်မှာ မနူဟာမင်းက ဖြစ်တဲ့ တောင်စောင့် နတ်မင်း ကို တောင်မြင်ရသတဲ့။

နင်တို့သမီးလေးကို ဆက်သွယ်နိုင်မယ့် ကိုကျော်ဒင်ဟာ အခုတော့ ရဟန္တာကြီး ဦးကဝိဆိုပြီး မြင်းခြံ မောင်ရင်ပေါ်ကျောင်းမှာ ထင်ရှားနေပြီ”

ဦးလွန်းပျံ ဒေါ်သိန်း တို့ ဇနီးမောင်နှံလည်း တေဝိဇ္ဇ ပတ္တ ရဟန္တာကြီး ဦးကဝိ ဟု ထင်ရှားသော စွန်းလွန်းဆရာတော်ကြီး ထံ အရောက်သွားဖို့ ဆုံးဖြတ် လိုက်ကြသည်။

ထိုခေတ်က ခရီးသွားလာရေး ခက်ခဲကာမြိုင်မြို့မှ မြင်းခြံ အထိ ခက်ခဲစွာ သွားလာရပေသည်။

မြိုင်မြို့ တွင် ကုန်စုံဆိုင် တစ်ဆိုင် အပြင် ကားပိုင်ဖြစ်သော ဦးလွန်းပျံတို့ ဇနီးမောင်နှံမှာ မြင်းခြံစွန်းလွန်းမောင်ရင်ပေါ်ကျောင်း သို့ အရောက်သွားခဲ့သည်။

ဆန္ဒဓိပတိ ဦးဆောင်သောစိတ်က စွန်းလွန်းဆရာတော်ရှိရာ မောင်ရင်ပေါ် ကျောင်း သို့ ဦးတည်ကာ ဆရာတော်ကြီးထံပါး ရောက်ရှိသည်။စွန်းလွန်းဆရာတော်ကြီး ထံ ဝင်ရောက်ဖူးမြော်ကြသည်။

“ဘယ္ကလာသလဲ ဒကာတို့”

“တပည့်တော်တို့ မြိုင်မြို့က လာတာပါ ဘုရား။” စွန်းလွန်းဆရာတော်ကြီးကခေါင်းငြိမ့်အသိအမှတ်ပြုကာ ဖြည်းညင်းစွာ ဆက်မေးလိုက်သည်။

“လျှောက်စရာ ပါသလား။”ဦးလွန်းပျံ က အနားမှ ဇနီး ထံ တချက်လှမ်း ကြည့်ပြီးမှ အားတင်းကာ လျှောက်တင်လိုက်သည်။

“တပည့်တော်တို့ သမီးကလေးဆုံးသွားတာမကြာသေးပါ ဘုရား။

ဘုန်းဘုန်းက သမီးလေးနဲ့ တပည့်တော်တို့ကို ဆက်သွယ်ပေးနိုင်တယ် လို့ နာမည်ကြီးလို့ လာတာပါ ဘုရား။”

စွန်းလွန်းဆရာတော်ကြီးက ခေါင်းတချက်ငြိမ့်ပြီး မျက်လုံးနှစ်ဘက် ညင်သာစွာမှိတ်ရင်း ခဏအကြာ အပူသည် ဇနီးမောင်နှံကိုကြည့်ရှု ကာ

“ဒကာ တို့ သမီးလေး ကို တကယ်မြင်ချင်တာလား ကွဲ့။”

“တင္ပါ့။”

“အေး အေး တကယ်မြင်ချင်ရင် ငါ ပြောတဲ့ အတိုင်း တိတိကျကျ လိုက်နာလုပ်ဆောင်ရမယ်။”

“မှန် လှပါ ဘုရား မှန်လှပါ ဘုရား အခုပဲ လုပ်ပါ့မယ် ။”ဆရာတော်ကြီးက တချက် ပြုံး လိုက်ပြီး

“အေး . . . ဒါဆိုဒကာငါ့နားတိုးခဲ့။”သမီးလေးကို တွေ့လိုဇောဖြင့် ကိုလွန်းပျံ လက်အုပ်ချီလျက် လျှင်မြန်စွာ တိုးလိုက်သည်။

စွန်းလွန်းဆရာတော် ကြီးလည်း ဦးလွန်းပျံအနားရောက် လာလျှင် အနီးမှ ကွမ်းသီးညှပ်သည့် ကွမ်းညှပ် ယူပြီး ကွမ်းညှပ်ခေါင်းဖြင့်ဦးလွန်းပျံ ပေါင်ကို ခပ်ဖိဖိကလေး ထိုးလိုက်ကာ

“ဒကာ ဘယ့်နှယ်နေသလဲ။”မေးလိုက်သည်။

ဦးလွန်းပျံ လည်း ပေါင် ကို ကွမ်းညှပ်ခေါင်းဖြင့် အဖိခံရတာပဲ သိပြီးဘာပြန်ပြောရမလဲမသိသဖြင့် ယောင်တောင်တောင်ပဲ နေလိုက်သည်။

ဆရာတော်ကြီးလည်း ထပ်မံဖိကာ “ဒကာ ကွမ်းညှပ် ခေါင်းနဲ့ပေါင်နဲ့ ထိတာ သိသလား။”

“သိပါတယ် ဘုရား။သိပါတယ်။”

“အေးအေးထိတာကိုသိသလို

ဒကာဒကာမတို့ိက နှာသီးဝက လေကလေး ဝင်သွားလို့ ထိသွားတဲ့အကြိမ်တိုင်း သိရမယ်။လေကလေး ပြန်ထွက်လာလို့ နှာသီးဖျား ဒါမှမဟုတ် အထက်နှုတ်ခမ်း ကို ထိ ထွက်တိုင်းလည်းသိပေးရမယ်။

သမီးကလေး ကို မြင်ချင်ရင် ငါပြောသလိုအတိအကျ လုပ်။”

စွန်းလွန်းဆရာတော်ကြီး က မျက်စိအသာအယာ မှိတ်ကာ လေရှုသွင်းရှုထုတ်၇ ကြိမ်ခန့်လုပ်ပြလေသည်။

“တင်ပါ့ အခုပဲ လုပ်ပါ့မယ်။”

“အေး အေး ဒကာကြီးက ဟိုနားကဂူမှာသွားအားထုတ်။ ဒကာမကြီးက ဟိုဘက် ဂူထဲသွားအားထုတ်”

ဇနီးမောင်နှံလည်း သမီးကလေး ကိုတွေ့လိုဇောဖြင့်နှာသီးဖျား ဝင်လေထွက်လေကို

တချက်ကလေးမျှ အလွတ်မခံဘဲ ကတွတ်ဝစီးကျသောရေကို ငါးအလာစောင့်ကြည့်သောဗျိုင်းပမာ သတိဖြင့် စောင့်ကြည့်လေလျှင်သမာဓိ လျှင်မြန်စွာရပြီး စွန်းလွန်းဆရာတော်ကြီး ကပင်နှစ်ဦးစလုံး၏ ဗိုလ်ငါးပါး ကို အသိအမှတ်ပြုခဲ့သည်။

နောင် နှစ်အတန်ကြာလျှင် စွန်းလွန်းတရားပြဆရာလေး ဦးလွန်းပျံသည် ပခုက္ကူစွန်းလွန်းကျောင်းတိုက် ဆရာတော်ဦးတေဇ ဖြစ်လာပြီး ကမ္မဋ္ဌာန်းဆရာကောင်း တစ်ဦး အဖြစ်ထင်ရှားခဲ့သည်။

ဒေါ်သိန်းမှာ လည်း အမျိုးသမီး ယောဂီများကို တရားပြသပေးသည့် အမေသိန်း အဖြစ် ထင်ရှားလေသည်။အမေသိန်းကို အနာဂါမ် အမေသိန်း အဖြစ်လည်း ပြောဆိုကြပါသည်။

မတောင့်မတ မကြောင့်မကျ ဘဝ ဖြင့် ဝိပဿနာကို ပင် စိတ်မဝင်စားခဲ့သောဇနီးမောင်နှံမှာစိတ်ပါလက်ပါ သတိဖြင့်အားထုတ်မှုလုပ်ကာ အရိယာအနွယ်ဝင် ဖြစ်ခဲ့ကြသည်မှာလည်းသာဓု ခေါ်ဖွယ်ပင် ဖြစ်ပါတော့သည်။

(ဤစာစုကို စွန်းလွန်းရွာသား ကိုကျော်ဒင်သကဒါမိမဂ်ရ ရှိသော ဝါခေါင်လပြည့်ကျော် ၁၃ရက် နေ့ အထိမ်းအမှတ်အဖြစ် ပူဇော်ပါသည်။) ဦးလွန်းပျံပုံ နှင့် အမေသိန်းပုံကို တရားရှာသူ ထံမှ ရပါသည်။

မေတ္တာဖြင့် ဟိန်းမင်းထက်

Zawgyi

သမီး၏ဝိညာဥ္ ႏွင့္ ဆက္သြယ္ခ်င္လို႔ ေရာက္လာခဲ့ၾကသူ မိဘ ႏွစ္ပါး

သမီးေသကို ဆက္သြယ္ခ်င္ေသာ မိဘႏွစ္ပါးႏွင့္ စြန္းလြန္းဆရာေတာ္ေပးေသာ ထိမိသည့္ ကမၼ႒ာန္း

ေပၚေတာ္မူေတာရတြင္ ဓမၼာ႐ုံ တည္ေဆာက္ခြင့္ရေသာ က်ေနာ့္ အဖို႔ မ်ားစြာ ေက်နပ္စရာ ေကာင္းလွသည္။

စြန္းလြန္းနည္း ႏွင့္ အားထုတ္လ်က္ရွိေသာ မအူေပၚေတာ္မူေတာရဆရာေတာ္ ဘုန္းဘုန္း ဦးသွဘာသ ထံပါး မတ်ေတာ ခံယူကာ နည္းယူ အားထုတ္ခြင့္ရသည့္ အျပင္ ဘုန္းဘုန္း ႀကီး

ဘဝ အတိတ္ဘဝ ဇာတ္ေၾကာင္းဘုန္းဘုန္း ဆရာမ်ား အေၾကာင္းကို ဆက္စပ္မိသလို သိခြင့္ရခဲ့သည္။

ဝါတြင္းကာလ မိုး႐ြာေသာ ေန႔ တစ္ရက္တြင္ ဘုန္းဘုန္းဦးၾသဘာသ ထံ ဖူးေျမာ္ရင္း ဧည့္ပရိတ္သတ္လည္း မရွိသည္မို႔ ဟိုေလွ်ာက္ဒီေမးႏွင့္ ဘုန္းဘုန္း ၏ ဆရာႏွစ္ပါး မည္ကဲ့သို႔ တရားရသည္ကို

ေမးေလွ်ာက္ရာ ဘုန္းဘုန္းဦးၾသဘာသ ကျပန္လည္မိန္႔ၾကားရာ စြန္းလြန္းဆရာေတာ္ႀကီး ဦးကဝိ တရားေပး ပုံမွာ အားထုတ္လိုသူအမ်ား အက်ိဳးျပဳႏိုင္သျဖင့္ ျပန္လည္မွ်ေဝတင္ေပးလိုက္ပါသည္။

ၿမိဳင္ ၿမိဳ႕မွ သူေ႒းလင္မယား ျဖစ္သည့္ ဦးလြန္းပ်ံ ႏွင့္ ေဒၚသိန္း တို႔မွာ သားတစ္ေယာက္ သမီးတစ္ေယာက္ တို႔ႏွင့္အတူ ေပ်ာ္႐ႊင္စြာ ေနထိုင္ခဲ့ၾကသည္။

သားသမီးရတနာ တို႔ိကို မိုးေလမျမင္ ခ်စ္ခဲ့ၾကေသာ္လည္း ေလာကဓံ လႈိင္းတစ္ခ်က္အပုတ္မွာ မိဘႏွစ္ပါး ချမာ ေသာကဒဏ္ အကိုင္းအခက္ အခုတ္ ခံရေလသည္။

ဥမမည္ စာမေျမာက္ ကတည္းက ျပဳစုယုယ ခဲ့သည့္ သမီးကေလးမွာ အပ်ိဳေဖာ္ ဝင္စ အလွေသြးႂကြယ္ခ်ိန္မွာ ႐ုတ္တရက္ဆုံးပါးသြားခဲ့သည္။သမီး ကို ခ်စ္သည့္ အေဖ မွာလည္း ေငးေငးငိုင္ငိုင္။

အေမခမ်ာလည္း ရင္ဘတ္စည္တီးကာ ေခတ္သစ္ မပဋာ ႀကီး ဟု ပင္ သနားစြာ ေျပာဆိုၾကသည္။ သစ္႐ြက္ေျခာက္သံၾကားလွ်င္လည္း”အင္းငါ့သမီးေလးလား”ဟု ထင္ျမင္ယူဆသည္။

“သမီးရယ္ ဘဝတပါးမွာ အဆင္ေျပ ရဲ႕လား။အေမတို႔ကို အိပ္မက္ ေပးပါေတာ့လား။”

“မသိန္း ——-႐ြာမွာ နတ္ကေတာ္က ဝိညာဥ္နဲ႔ ဆက္သြယ္ေပးႏိုင္သတဲ့”

“သြားေမးၾကေအာင္ ရွင္။သမီးေလးနဲ႔ဆက္သြယ္ရေအာင္”

ဦးလြန္းပ်ံေဒၚသိန္းတို႔မွာသမီး သမုဒယ စိတ္ တစ္ခုတည္းနဲ႔ ေဗဒင္ ပေယာဂ နတ္ကေတာ္ ဝိညာဥ္ဆရာ အထက္လမ္းေအာက္လမ္း မက်န္ ျမန္မာႏိုင္ငံ အႏွံ႔အကုန္လိုက္ေမးသည္။

ေမးလိုက္တိုင္း ေက်နပ္သည္ အထိ ေတာ့မရွိေသး။ ေနာက္ဆုံး စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္ၾကားလာသည္။

“ျမင္းၿခံနယ္ စြန္းလြန္း႐ြာသား ကိုေက်ာ္ဒင္မွာ တရားအားထုတ္ရင္း သမာဓိ အားေကာင္းကာ ကြၽဲေပ်ာက္ႏြားေပ်ာက္သိတဲ့အျပင္ ႐ြာထဲက ခုႏွစ္ရက္ေန ေသမည့္သူငါးရက္ေန ေသ မယ့္သူ ေတြကို ေျပာႏိုင္သတဲ့။ငရဲျပည္ နတ္ျပည္လည္း ျမင္ရသတဲ့။

သထုံနယ္ ေနမိႏၵရေတာင္မွာ မႏူဟာမင္းက ျဖစ္တဲ့ ေတာင္ေစာင့္ နတ္မင္း ကို ေတာင္ျမင္ရသတဲ့။

နင္တို႔သမီးေလးကို ဆက္သြယ္ႏိုင္မယ့္ ကိုေက်ာ္ဒင္ဟာ အခုေတာ့ ရဟႏၲာႀကီး ဦးကဝိဆိုၿပီး ျမင္းၿခံ ေမာင္ရင္ေပၚေက်ာင္းမွာ ထင္ရွားေနၿပီ”

ဦးလြန္းပ်ံ ေဒၚသိန္း တို႔ ဇနီးေမာင္ႏွံလည္း ေတဝိဇၨ ပတၱ ရဟႏၲာႀကီး ဦးကဝိ ဟု ထင္ရွားေသာ စြန္းလြန္းဆရာေတာ္ႀကီး ထံ အေရာက္သြားဖို႔ ဆုံးျဖတ္ လိုက္ၾကသည္။

ထိုေခတ္က ခရီးသြားလာေရး ခက္ခဲကာၿမိဳင္ၿမိဳ႕မွ ျမင္းၿခံ အထိ ခက္ခဲစြာ သြားလာရေပသည္။

ၿမိဳင္ၿမိဳ႕ တြင္ ကုန္စုံဆိုင္ တစ္ဆိုင္ အျပင္ ကားပိုင္ျဖစ္ေသာ ဦးလြန္းပ်ံတို႔ ဇနီးေမာင္ႏွံမွာ ျမင္းၿခံစြန္းလြန္းေမာင္ရင္ေပၚေက်ာင္း သို႔ အေရာက္သြားခဲ့သည္။

ဆႏၵဓိပတိ ဦးေဆာင္ေသာစိတ္က စြန္းလြန္းဆရာေတာ္ရွိရာ ေမာင္ရင္ေပၚ ေက်ာင္း သို႔ ဦးတည္ကာ ဆရာေတာ္ႀကီးထံပါး ေရာက္ရွိသည္။စြန္းလြန္းဆရာေတာ္ႀကီး ထံ ဝင္ေရာက္ဖူးေျမာ္ၾကသည္။

“ဘယၠလာသလဲ ဒကာတို႔”

“တပည့္ေတာ္တို႔ ၿမိဳင္ၿမိဳ႕က လာတာပါ ဘုရား။” စြန္းလြန္းဆရာေတာ္ႀကီးကေခါင္းၿငိမ့္အသိအမွတ္ျပဳကာ ျဖည္းညင္းစြာ ဆက္ေမးလိုက္သည္။

“ေလွ်ာက္စရာ ပါသလား။”ဦးလြန္းပ်ံ က အနားမွ ဇနီး ထံ တခ်က္လွမ္း ၾကည့္ၿပီးမွ အားတင္းကာ ေလွ်ာက္တင္လိုက္သည္။

“တပည့္ေတာ္တို႔ သမီးကေလးဆုံးသြားတာမၾကာေသးပါ ဘုရား။

ဘုန္းဘုန္းက သမီးေလးနဲ႔ တပည့္ေတာ္တို႔ကို ဆက္သြယ္ေပးႏိုင္တယ္ လို႔ နာမည္ႀကီးလို႔ လာတာပါ ဘုရား။”

စြန္းလြန္းဆရာေတာ္ႀကီးက ေခါင္းတခ်က္ၿငိမ့္ၿပီး မ်က္လုံးႏွစ္ဘက္ ညင္သာစြာမွိတ္ရင္း ခဏအၾကာ အပူသည္ ဇနီးေမာင္ႏွံကိုၾကည့္ရႈ ကာ

“ဒကာ တို႔ သမီးေလး ကို တကယ္ျမင္ခ်င္တာလား ကြဲ႕။”

“တငၸါ့။”

“ေအး ေအး တကယ္ျမင္ခ်င္ရင္ ငါ ေျပာတဲ့ အတိုင္း တိတိက်က် လိုက္နာလုပ္ေဆာင္ရမယ္။”

“မွန္ လွပါ ဘုရား မွန္လွပါ ဘုရား အခုပဲ လုပ္ပါ့မယ္ ။”ဆရာေတာ္ႀကီးက တခ်က္ ၿပဳံး လိုက္ၿပီး

“ေအး . . . ဒါဆိုဒကာငါ့နားတိုးခဲ့။”သမီးေလးကို ေတြ႕လိုေဇာျဖင့္ ကိုလြန္းပ်ံ လက္အုပ္ခ်ီလ်က္ လွ်င္ျမန္စြာ တိုးလိုက္သည္။

စြန္းလြန္းဆရာေတာ္ ႀကီးလည္း ဦးလြန္းပ်ံအနားေရာက္ လာလွ်င္ အနီးမွ ကြမ္းသီးညႇပ္သည့္ ကြမ္းညႇပ္ ယူၿပီး ကြမ္းညႇပ္ေခါင္းျဖင့္ဦးလြန္းပ်ံ ေပါင္ကို ခပ္ဖိဖိကေလး ထိုးလိုက္ကာ

“ဒကာ ဘယ့္ႏွယ္ေနသလဲ။”ေမးလိုက္သည္။

ဦးလြန္းပ်ံ လည္း ေပါင္ ကို ကြမ္းညႇပ္ေခါင္းျဖင့္ အဖိခံရတာပဲ သိၿပီးဘာျပန္ေျပာရမလဲမသိသျဖင့္ ေယာင္ေတာင္ေတာင္ပဲ ေနလိုက္သည္။

ဆရာေတာ္ႀကီးလည္း ထပ္မံဖိကာ “ဒကာ ကြမ္းညႇပ္ ေခါင္းနဲ႔ေပါင္နဲ႔ ထိတာ သိသလား။”

“သိပါတယ္ ဘုရား။သိပါတယ္။”

“ေအးေအးထိတာကိုသိသလို

ဒကာဒကာမတို႔ိက ႏွာသီးဝက ေလကေလး ဝင္သြားလို႔ ထိသြားတဲ့အႀကိမ္တိုင္း သိရမယ္။ေလကေလး ျပန္ထြက္လာလို႔ ႏွာသီးဖ်ား ဒါမွမဟုတ္ အထက္ႏႈတ္ခမ္း ကို ထိ ထြက္တိုင္းလည္းသိေပးရမယ္။

သမီးကေလး ကို ျမင္ခ်င္ရင္ ငါေျပာသလိုအတိအက် လုပ္။”

စြန္းလြန္းဆရာေတာ္ႀကီး က မ်က္စိအသာအယာ မွိတ္ကာ ေလရႈသြင္းရႈထုတ္၇ ႀကိမ္ခန္႔လုပ္ျပေလသည္။

“တင္ပါ့ အခုပဲ လုပ္ပါ့မယ္။”

“ေအး ေအး ဒကာႀကီးက ဟိုနားကဂူမွာသြားအားထုတ္။ ဒကာမႀကီးက ဟိုဘက္ ဂူထဲသြားအားထုတ္”

ဇနီးေမာင္ႏွံလည္း သမီးကေလး ကိုေတြ႕လိုေဇာျဖင့္ႏွာသီးဖ်ား ဝင္ေလထြက္ေလကို

တခ်က္ကေလးမွ် အလြတ္မခံဘဲ ကတြတ္ဝစီးက်ေသာေရကို ငါးအလာေစာင့္ၾကည့္ေသာဗ်ိဳင္းပမာ သတိျဖင့္ ေစာင့္ၾကည့္ေလလွ်င္သမာဓိ လွ်င္ျမန္စြာရၿပီး စြန္းလြန္းဆရာေတာ္ႀကီး ကပင္ႏွစ္ဦးစလုံး၏ ဗိုလ္ငါးပါး ကို အသိအမွတ္ျပဳခဲ့သည္။

ေနာင္ ႏွစ္အတန္ၾကာလွ်င္ စြန္းလြန္းတရားျပဆရာေလး ဦးလြန္းပ်ံသည္ ပခုကၠဴစြန္းလြန္းေက်ာင္းတိုက္ ဆရာေတာ္ဦးေတဇ ျဖစ္လာၿပီး ကမၼ႒ာန္းဆရာေကာင္း တစ္ဦး အျဖစ္ထင္ရွားခဲ့သည္။

ေဒၚသိန္းမွာ လည္း အမ်ိဳးသမီး ေယာဂီမ်ားကို တရားျပသေပးသည့္ အေမသိန္း အျဖစ္ ထင္ရွားေလသည္။အေမသိန္းကို အနာဂါမ္ အေမသိန္း အျဖစ္လည္း ေျပာဆိုၾကပါသည္။

မေတာင့္မတ မေၾကာင့္မက် ဘဝ ျဖင့္ ဝိပႆနာကို ပင္ စိတ္မဝင္စားခဲ့ေသာဇနီးေမာင္ႏွံမွာစိတ္ပါလက္ပါ သတိျဖင့္အားထုတ္မႈလုပ္ကာ အရိယာအႏြယ္ဝင္ ျဖစ္ခဲ့ၾကသည္မွာလည္းသာဓု ေခၚဖြယ္ပင္ ျဖစ္ပါေတာ့သည္။

(ဤစာစုကို စြန္းလြန္း႐ြာသား ကိုေက်ာ္ဒင္သကဒါမိမဂ္ရ ရွိေသာ ဝါေခါင္လျပည့္ေက်ာ္ ၁၃ရက္ ေန႔ အထိမ္းအမွတ္အျဖစ္ ပူေဇာ္ပါသည္။) ဦးလြန္းပ်ံပုံ ႏွင့္ အေမသိန္းပုံကို တရားရွာသူ ထံမွ ရပါသည္။

ေမတၱာျဖင့္ ဟိန္းမင္းထက္