နှောင်ကြိုးမှတပါးဆုံးရှုံးစရာမရှိ
မန္တလေးမီးရထားဝန်ထမ်းတွေမှာ ဝန်ထမ်းသေဆုံးရင်ကျန်ခဲ့တဲ့မိသားစုတွေကဝန်ထမ်းအိမ်ရာကနေဆင်းပေးကြရပြီး၊ကျူးကျော်တဲဆောက်ပြီးနေကြရပါတယ်။
မိသားစုထဲမှာနောက်ထပ် မီးရထားဝန်ထမ်းရှိလာပေမဲ့လဲတိုက်ခန်းအခုထိမရသေးပဲကျူးကျော်တဲမှာပဲဆက်ပြီးနေကြရပါသတဲ့။
ပုံထဲကတက်တူးပိုင်ရှင်ကမန္တလေးမီးရထားဝင်းထဲက ကျူးကျော်တဲမှာနေကြရတဲ့ဝန်ထမ်းအိမ်ထောင်စုတွေထဲကတစ်ယောက်ဖြစ်ပါတယ်။
နေအိမ်တစ်လုံးတောင်အတည်တကျမရှိကြတဲ့သူတို့တွေကCDM ဝန်ထမ်းတွေ၊ ညတိုင်းကင်းစောင့်သူတွေ၊ သပိတ်မှောက်တော်လှန်သူတွေလဲဖြစ်ကြပါတယ်။
Zawgyi