ရန်ကုန်တက္ကသိုလ်နဖူးစည်းမှာတရုတ်နဂါးပုံဘာကြောင့်ဖြစ်နေတာလဲ

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်နှင့် တရုတ်နဂါးမကြာခင် ရက်ပိုင်းအတွင်း ‘ဖိုးလ’ (ဆရာမြသန်းတင့်သား)က ည ၁၁ နာရီလောက် တယ်လီဖုန်းဆက်လို့ ဖုန်းကိုင်လိုက်တယ်။ ဘာကိစ္စလဲမေးတော့ ဦးလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းပေါ်က

နဂါး နှစ်ကောင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ တက္ကသိုလ်နဂါး ဖြစ်နေတာလဲလို့ အမေးရှိလာပါတယ်။ ပထမတော့ အတော် ကြောင်သွားတာကိုး။ ညကြီးအချိန်မတော် ဒီကောင်လေး ဘာတွေလာမေးနေသလဲပေါ့။ ဒီအချိန်ကြီးမေးရအောင် ပြဿနာမှလည်း မဟုတ်တာ။ စိတ်ထဲတမျိုးဖြစ်လို့ ပြန်မေးလိုက်တယ်။

”ဟေ့ကောင် ဖိုးလ ညကြီးအချိန်မတော် ဘာတွေစာရင်းရှုပ်နေတာလဲ”

”စာရင်းရှုပ်တာ မဟုတ်ဘူး ဦးလေးရေ။ ကျွန်တော်တို့ ရှင်းမရတဲ့ ပြဿနာတခုရှိလို့ ဦးလေးတော့သိမှာပဲဆိုပြီး လှမ်းမေးတာ။

ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းမှာရှိတဲ့ နဂါးနှစ်ကောင် ဦးလေးသိပါတယ်။ အဲဒီနဂါးတွေဟာ ဗမာ နဂါးမဟုတ်ဘဲ ဘာဖြစ်လို့ တရုတ်နဂါး ဖြစ်နေရတာလဲဆိုတာ သိချင်လို့ပါ။

ပဟေဠိဖြစ်နေလို့ပါ””အေး မင်းမေးတဲ့မေးခွန်းက ငါ ငယ်ငယ်က သိချင်ခဲ့တဲ့ မေးခွန်းပဲ။ ငါ တက္ကသိုလ်ရောက်ပြီး ၃-၄ နှစ်အကြာမှ အဲဒီနဂါးကို စိတ်ဝင်စားလာတယ်။

ငါနဲ့ရင်းနှီးတဲ့မိတ်ဆွေတချို့၊ ဆရာတချို့ကို မေးမြန်းခဲ့ဖူးတယ်။ ကျေနပ်လောက်တဲ့အဖြေ ဘယ်သူ့ဆီကမှမရခဲ့ဘူး။ ၁၉၅၄ ခုနှစ်မှာ ငါသတင်းစာလောက ရောက်လာတယ်။

သတင်းစာဆရာကြီးတချို့နဲ့ သိခဲ့ကျွမ်းခဲ့တယ်။ ဦးညိုမြ၊ ဦးထင်ဖတ်၊ ဦးစိုးမောင်၊ ဦးတင်၊ ဦးစိန်၊ ဘကြီးဘဘေ၊ ယူပီအိုင်ဦးဘသန်း၊ ကြီးပွားရေး ဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊

ကြော်ငြာဦးစံတင်၊ ဦးလှ ထွန်းဖြူ၊ ဦးထွန်းဖေ၊ ဦးအုန်းခင် စသူတွေပေါ့”

”သူတို့တွေထဲမှာ သူရိယသတင်း စာတည်ထောင်သူ အယ်ဒီတာချုပ် ဘကြီးဘဘေနဲ့ အတော်ရင်းနှီးခဲ့တယ်။

ဦးဘဘေဆိုတာ ဝိုင်အမ်ဘီအေ တည်ထောင်သူ။ ဗမာပြည်အုပ်ချုပ်ရေးတိုးတက်ရရှိရေးအတွက် အိန္ဒိယနိုင်ငံသွားပြီး မွန်တေဂူ ချမ်းစ်ဖို့နဲ့တွေ့ခဲ့သူ။

အုပ်ချုပ်ရေးတိုးပေးခဲ့တဲ့ထဲမှာ ဗမာပြည်မပါတာကြောင့် အုပ်ချုပ်ရေးတိုးတက်ရရှိရေး အင်္ဂလန်သွားတဲ့ ‘ဘေပုရှိန်’ကိုယ်စားလှယ်တော်ကြီး ၃ ဦးအနက်တဦးဖြစ်တယ်။

အဲဒါအပြင် ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသား သပိတ်ကာလအမျိုးသားပညာရေးအဖွဲ့ ထူထောင်ရာမှာ ပါဝင်ခဲ့သူဖြစ်သကိုး”

အမျိုးသားကျောင်းတချို့နဲ့ အမျိုးသားပညာရေး အဖွဲ့ပျက်သွားပြီးတဲ့နောက် ဒိုင်အာခီခေတ်မတိုင်မီနဲ့ ဒိုင်အာခီခေတ်ကာလအတွင်း ဘကြီးဘဘေဟာ ရန်ကုန်တက္ကသိုလ် ဆောက်လုပ်ရေးကော်မတီဝင်၊ ရန်ကုန်တက္ကသိုလ် အဆောက်အဦများထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဖိုးလမေးခွန်းကို စာရေးသူလည်း ဘကြီးဘဘေနဲ့အမျိုးသားတက္ကသိုလ်ကျောင်းအုပ်ကြီးဦးပုကို မေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းသိချင်သလို ငါသိချင်တဲ့ အဖြေမရသေးတဲ့အတွက် စိတ်ထဲမှာ မကျေမနပ်ဖြစ်ခဲ့တာ ကလား။

”ဘေပုရှိန်နဲ့ ၁၉၂ဝ ပထမသပိတ်အကြောင်း စာအုပ်ရေးဖိုးမေးတဲ့အခါ အဲဒီမေးခွန်း ဘကြီးဘဘေနဲ့ ဦးပုကို မေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကကြာပြီ။ ၁၉၆၅-၆၆ လောက်က မေးခဲ့တာ။ ကြာလှပြီ ခုဆို ၅၃ နှစ်ရှိပြီ။ ငါ့မှတ်စုတွေ ပြန်ရှာရင် တွေ့နိုင်မယ်ထင်တယ်။ မင်းမေးတာ ကျေးဇူးပဲ။ ပြန်ရှာဖြစ်တာပေါ့”

ဖိုးလအမေးကြောင့် မှတ်စုတွေပြန်ရှာတဲ့အခါ တော်တော်လေး ရှာလိုက်ရသပေါ့။ ၂၊ ၃ ရက်အချိန် ပေးရတယ်။ ရှာနေရင်း စိတ်ထဲမှာ စနိုးစနောင့်ဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ စာရေးသူ အဖမ်းခံရတဲ့အခါတိုင်း စစ်ထောက်လှမ်းရေးက စာအုပ်တွေသိမ်းသွားခဲ့လို့။ သိမ်းတဲ့အထဲ ပါသွားမလားလို့ပေါ့။

ဒါပေမဲ့ ကံအားလျော်စွာ ဖုံတွေအလိမ်းလိမ်းကပ်ငြိနေတဲ့ မှတ်စုစာအုပ်တွေကို တွေ့ပါတယ်။ ဖုံတွေရှင်းပြီး အထဲမှာ မသဲမကွဲ မှိန်နေတဲ့ မှတ်စုစာတချို့ကို တွေ့ရပါတယ်။

မှတ်စုစာအုပ်ရဲ့အလယ်လောက်မှာ မင်အနက်နဲ့ ရေးထားတဲ့ ခေါင်းစည်းတခုတွေ့ပါတယ်။ ‘တရုတ်နဂါး’ဆိုတဲ့ ခေါင်းစဉ်ပါ။

ဘကြီး ရန်ကုန်တက္ကသိုလ် အဆောက်အဦတွေ ဆောက်စဉ်က ဘကြီးဟာ အဆောက်အဦတွေ ဆောက်လုပ်တဲ့ အဖွဲ့မှာပါတယ်လို့ သိရတယ်။

ဘွဲ့နှင်းသဘင်လောက်လုပ်တဲ့အကြောင်းတွေကို နည်းနည်းပြောပါဦး။ ဘွဲ့နှင်းသဘင်အပါအဝင် သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ စတဲ့ အဆောင်တွေဆောက်တဲ့ အကြောင်းပေါ့။

”ဟုတ်တယ်၊ ဆောက်လုပ်ရေး အဖွဲ့မှာပါတယ်။ တို့ပါတဲ့ အဆောက်အဦအဖွဲ့က တကောင်း၊ ပြည်၊ ပုဂံ အဆောင်တွေဆောက်တဲ့အဖွဲ့ မဟုတ်ဘူး။ တို့အဖွဲ့က ၁၉၂၆-၂၇ မှာ ဆောက်တဲ့အဖွဲ့ဖြစ်တယ်။ ဘွဲ့နှင်းသဘင်အဆောက်အဦကိုလည်း တို့အဖွဲ့က ဆောက်ခဲ့တာပါ။ ဒါပေမဲ့ တို့အဖွဲ့က ဆောက်တယ်ဆိုပေမဲ့ တို့က ဘာမှပြောပိုင်ဆိုပိုင်ခွင့်ရှိတာ မဟုတ်ဘူး။ နောက်ပြီးပြောရဦးမယ်။

နယ်ချဲ့အစိုးရဟာ ဒီတက္ကသိုလ်ကို သူတို့က အရင်းစိုက်ထုတ်ဆောက်လုပ်ပေးချင်တာမဟုတ်ဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ချင်တာ။ ပြောပြမယ်။ ပထမ အခု တက္ကသိုလ်မြေနေရာကို အစိုးရက သိမ်းလိုက်တယ်။ ဦးဘကျော်က မခံနိုင်လို့ အစိုးရကို တရားပြန်စွဲလို့ လျော်ကြေးငွေ ၈ သိန်းနဲ့ အဲဒီနေရာတွေမှာရှိတဲ့ အင်ယားရွာဟောင်း၊ ဘုန်းကြီးကျောင်း စတာတွေကို မြေနေရာအစားပေးခဲ့ရတယ်”

ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့အချိန် တက္ကသိုလ်အတွက် ဘဏ်မှာအပ်ထားတဲ့ငွေ ၁ သိန်း ၄ ေသာင်း ၂၇ ကျပ် ၂ပဲ ၄ ပိုင်(၁၄၀,၀၂၇/-၂ပဲ-၄ပိုင်)နဲ့ အစိုးရငွေစုစာချုပ်က ၃ သိန်း ၄ ေသာင်း ၃ ထောင် ၂ ရာ(၃၄၃၂၀၀/-)ရှိတယ်။လက်ဝယ်ရှိငွေသား ၄၉ ကျပ် ၁၄ ပဲ သာရှိပါသတဲ့။တက္ကသိုလ်ဟာ အစိုးရကို အားမကိုးဘဲ အဆောက်အဦးဆောက်ဖို့နဲ့ ကိုယ့်ငွေနဲ့ ကိုယ်ရပ်တည်နိုင်ဖို့ရန်ပုံငွေအဖွဲ့။

(Rangoon University Endowment Fund)တည်ထောင်ရန် တက္ကသိုလ်အဓိပတိ ဗမာပြည် ဒုတိယ ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ(Sir Harcourt Butler) က ၁၉၂၇ ခုနှစ်က တည်ထောင်ခဲဲ့တယ်။အဲ့ဒီအဖွဲ့ရန်ပုံငွေရှာတာ ရိုးရိုးမဟုတ်ဘူး။အာဝါဒေးဖွင့်ပြီး (ဗမာပြည်အနှံ့လောင်းကစားဝိုင်းတွေလုပ် အကောက်အစားတွေယူတဲ့နည်း)။ရတဲ့အကောက်အစားကို တက္ကသိုလ်ရန်ပုံငွေလုပ်တယ်။တိုင်းသူပြည်သားက မွဲဆေးဖော်ပေးလိုက်တာပေါ့။

နောက်တနည်းက များများလှူသူကို ကေအက်စ်အမ် (K.S.M)ခေါ် ကျက်သရေဆောင် ရွှေစလွယ်ရ မင်းတံဆိပ်။ အေတီအမ် (A.T.M)ခေါ် အမှုထမ်းကောင်းမင်းတံဆိပ် ဘွဲ့ထူးဂုဏ်ထူးတွေပေးတယ်။ အလှူငွေ မတန်တဆလှူ သူကို အယ်လ်အယ်လ်ဘီ (L.L.B)ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ ပေးအပ်တယ်။

တက္ကသိုလ်အားကစားရုံနဲ့ လဟာပြင်ကပွဲရုံ ဆောက်လုပ်ရန် သူဌေးမစ္စတာ ချန်ချောခိုင်က ငွေတသိန်း (၁ဝဝ,ဝဝဝ)နဲ့ ဘဏ်လုပ်ငန်းနဲ့ ဝါဏိဇ္ဇပညာရပ်များ သင်ကြားရန် ချစ်တီးအမျိုးသားသူဌေးက ငွေကျပ် ၁ သိန်း ၅ သောင်း ၂ ထောင် ကျပ် (၁၅၂ဝဝဝိ/)ကို လှူဒါန်းကြတယ်။ တက္ကသိုလ်စာကြည့်တိုက်ဆောက်ရန် ငွေ ၂ သိန်းလှူခဲ့တဲ့ သူဌေးရာဂျာ-ရာမာနသာ ရက်ဒီယားနဲ့

တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦ ဆောက်လုပ်ရန်နဲ့ တက္ကသိုလ်လှေအသင်းအတွက် ၂ သိန်း (သမဂ္ဂအတွက် ၁ သိန်း ၇ သောင်း၊ လှေသင်းအတွက် ၃ သောင်း) လှူတဲ့ သူဌေးဦးညိုတို့ကို (L.L.B) ဂုဏ်ထူးဆောင်ဥပဒေပါရဂူ ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့တယ်။


နှစ်ပေါက်အကောက်အစားရတဲ့ငွေ အလှူခံရတဲ့ငွေက ၄၇ သိန်း ၇ သောင်း ၉ ထောင် ၉ ရာ ၃ ကျပ်၊ ၁ ပဲ ၅ ပိုင် (၄၇၇၉၉ဝ၃ိ- ၁ ပဲ- ၅ ပိုင်)ရခဲ့တယ်။

အဲဒီရန်ပုံငွေမှာ အများစုက အကောက်အစားက အများစုရတာဖြစ်တယ်။ ဒါ ကြောင့် ဒီးဒုတ်ဦးဘချိုတို့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့က ”မင်းရို့ တက္ကသိုလ်ဆိုတာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ တက္ကသိုလ်ပါကွာ”လို့ မိန့်မြွက်ခဲ့ပါတယ်။

၁၈၈၂-၈၃ ခုနှစ်တွေမှာ အင်းယားကန်ကို စတင်ဆယ်တယ်။ ကန်ပေါင်တင်တယ်။ အဲဒီကတည်းက အင်းယားကန်ပတ်လည်က သစ်တော၊ တောင်ကုန်း၊ ချိုင့်ဝှမ်းတွေကို ခုတ်တန်ခုတ်၊ ဖြိုတန်ဖြို၊ ဖို့တန်ဖို့ လုပ်ထားပြီးပါပြီ။ ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာ ကျောင်းသားတွေရော၊ ပြည်သူတွေပါ တက္ကသိုလ်ဥပဒေကို မကျေနပ်လို့ ကန့်ကွက်သပိတ်မှောက်လိုက်ကြတယ်။

အဲဒါအပြင် တက္ကသိုလ်အဆောက် အဦများ ဆောက်လုပ်ရေးအတွက် ငွေ ကြေးမပြည့်စုံသေးလို့ စောင့်ဆိုင်းခဲ့ရတယ်။ အဆောက်အဦတွေ စတင်ဆောက်လုပ်ဖို့ ၁၉၂၁ ခုနှစ်လောက်က မြေပြင်ဆင်တယ်လို့သိရတယ်။ အဲဒီနေရာဟာ သစ်တောတွေ၊ တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေဖြစ်နေလို့ သစ်ပင်တွေ ခုတ်လှဲ၊ တောင်တွေဖြို၊ ချိုင့်တွေဖို့၊ လမ်းတွေ ဖောက်လုပ်ခဲ့တယ်။

အစောဆုံးဆောက်လုပ်တဲ့ အဆောင်တွေက တကောင်း၊ ပြည်၊ ပုဂံဆောင်တွေပါ။ အဲဒီအဆောင်တွေက ကတိုက်ကရိုက်ဆောက်ရတာလို့ ဆိုတယ်။ လက်ရှိ ရန်ကုန်ကောလိပ်မှာ အိပ်ဆောင်မရှိလို့ ငှားရမ်းပြီး အဆောင်လုပ်ရတယ်။ ဒါလည်း ကျောင်းသားနဲ့မဆံ့ တကောင်း၊ ပြည်ဆောင်တို့ကို သစ်နဲ့ဆောက်ရတယ်တဲ့။ အဆောက်အဦတွေဆောက်လုပ်ဖို့ သစ်၊ သံ၊ အုတ်၊ ဘိလပ်မြေ စတာတွေ စုဆောင်းရတယ်။ တပြိုင်နက်ထဲမှာ အဆောက်အဦအတွက် နိုင်ငံခြား(ဥရောပ)က ဗိသုကာပညာရှင်တွေကို အဆောင်ပုံစံတွေနဲ့ ဘွဲ့နှင်းသဘင်ခန်းမပုံစံတွေ ရေးဆွဲစေခဲ့တယ်။

အစောဆုံးပြီးတဲ့အဆောင် ၂ ဆောင်က တကောင်း၊ ပြည်ကျောင်းဆောင်များဖြစ်တယ်။ ၁၉၂၃ ခုနှစ်စမှာ ပြီးသတဲ့။ ပုဂံဆောင်ကတော့ ၁၉၂၅ ခုနှစ်ထိ ဆောက်ဆဲပါ။ အဲဒီအဆောင်တွေက ဗမာ့သမိုင်းထဲမှာ အစီအရီဖြစ်တည်လာခဲ့တဲ့ သမိုင်းစဉ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အမည်ပေးခေါ်ဝေါ်တာလို့ သိရပါတယ်။

ကျန်တဲ့အဆောက်အဦတွေဆောက်ဖို့ ဥရောပက ဗိသုကာပညာရှင်တွေနဲ့ ပုံစံရေးဆွဲတာ။ အုတ်၊ သံ၊ သွပ်၊ သစ်၊ ဘိလပ်မြေ စတာတွေ စုဆောင်းဝယ်ယူရတာ။ ကျန်တဲ့ ပင်းယ၊ စစ်ကိုင်း၊ ပဲခူး၊ သထုံဆောင်တွေကို ၁၉၂၆ ခုနှစ်လောက်မှာ စတင်ဆောက်လုပ်ပြီး ၁၉၂၇ အကုန် ၁၉၂၈ စလောက်မှာ လက်စသတ်သတဲ့။

၁၉၂၆-၂၇ ခုနှစ်မှာ ဘွဲ့နှင်းသဘင်ခန်းမကို စတင်ပါသတဲ့။ ဥရောပဗိသုကာတွေက ပုံစံရေးဆွဲပြီး တရုတ်ပန်းရန်ဆရာတွေ၊ လက်သမားတွေကို စင်ကာပူကခေါ်ပါသတဲ့။ စင်ကာပူကလာတဲ့ ပန်းရန်ခေါင်း ဆောင်၊ လက်သမားတွေအားလုံး တရုတ်တွေပါ။ အင်ဂျင်နီယာတွေက ဥရောပတိုက်သားတွေ။

စင်ကာပူတရုတ်ပန်းရန်ဆရာတွေဟာ အဆောက်အဦပန္နက်ရိုက်တဲ့အချိန်ကစပြီး ဗမာတွေလိုပဲ ဆိုင်ရာ ပိုင်ရာကိုတင်မြှောက်တာပွဲပေးတာလုပ်ပြီးမှ စဆောက်တာ။ အဲဒါကနေ့ထိပဲ။

စင်ကာပူတရုတ်တွေတင်လား ဆိုတော့ မဟုတ်သေးဘူး။ ဗမာပြည်ကိုအုပ်ချုပ်နေတဲ့ ဘုရင်ခံကိုယ်တိုင်နဲ့ အာဏာပိုင်တွေအားလုံးနီးပါးဟာ ဗေဒင်တို့၊ စုန်း၊ နတ်၊ ကဝေတွေနဲ့ အစီအရင်တွေကို ယုံကြည်ဆိုကိုး။

ဗမာပြည်ဒုတိယဘုရင်ခံ ဆာရက်ဂျီနယ် ဟင်နရီကရက်ဒေါက် (Sir Reginald Henry Creddock)နဲ့ အာဏာပိုင်တို့က တက္ကသိုလ်တည်ဆောက်ရေးအတွက် မင်းတိုင်ပင်အမတ်အချို့၊ နယ်ချဲ့အလိုတော်ရိ တချို့မှတဆင့် မန္တလေးမှ ပုဏ္ဏားပညာရှိတချို့ကို ပင့်ဖိတ်ပြီး တွက်ချက်စေပါသတဲ့။

မင်းဆရာပုဏ္ဏားတော်များက အသေအချာတွက်ချက်စစ်ဆေးပြီး ယတြာချေတာ၊ အဆောင်လုပ်တာ၊ အစီအရင်လုပ်တာကို လုပ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ချဲ့အစိုးရဟာ ဗမာပြည်ကို သိမ်းပိုက်စကတည်းက လက်နက်ကိုင်တော်လှန်ရေးတွေ နဲ့ကြုံကြိုက်ခဲ့ရတယ်။ ၁၉၁၇ ခုနှစ်မှာ အုပ်ချုပ်ရေး တိုးပေးဖို့ တောင်းဆိုခဲ့တယ်။ ၁၉၁၉ ခုနှစ်မှာ အင်္ဂလန်ထိသွားပြီး အုပ်ချုပ်ရေးတိုးပေးဖို့ ထပ်မံတောင်းဆို ပြန်တယ်။

၁၉၂ဝ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ကောလိပ် ကျောင်းသားတွေ သပိတ်မှောက်ရာက တနိုင်ငံလုံး သပိတ်မှောက်ခဲ့တဲ့အပြင် အမျိုးသားကျောင်းတွေ၊ အမျိုးသားပညာရေး၊ အမျိုးသားကောလိပ်တွေ ထူထောင်တဲ့အထိ နယ်ချဲ့အစိုးရကို ဆန့်ကျင်တိုက် ခိုက်ခဲ့တယ်။


ပုဏ္ဏားတော်တွေက တက္ကသိုလ်ရဲ့ အဓိကအဆောက်အဦဆောက်လုပ်ရာမှာ ယတြာအစီအရင်အနေနဲ့ အဓိကအဆောက်အဦရဲ့ အမိုး၊ နဖူးစည်း စတဲ့ အမြင့်ဆုံးနေရာမှာ တက္ကသိုလ်ကို အင်္ဂလိပ်က ထိန်းသိမ်းအုပ်ချုပ်မှုအောက်မှာရှိရမယ်ဆိုတဲ့ အဓိပ္ပာယ်သဘောပါတဲ့ အစီအရင်တခုပြုလုပ်စေပါသတဲ့။ အဲဒီအစီအရင်ဟာ တခြားမဟုတ်ဘူး၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိက အဆောက်အဦမဟုတ်လား။ ဒါကြောင့် ဘွဲ့နှင်းသဘင်အဆောက်အဦနဖူးစည်းမှာ တက္ကသိုလ်အမှတ် အသားတံဆိပ်ကို နဂါးနှစ်ကောင်ကစောင့်ကြပ်နေတဲ့ သဘောဖြစ်ပါသတဲ့။

ဒီနေရာမှာ နဂါးကို ဘာကြောင့်သုံးသလဲဆိုတာ နည်းနည်းရှင်းဖို့ လိုမယ်ထင်တယ်။

နဂါးဆိုတာကို နေ့သင့်နံသင့်ယူမယ်ဆိုရင် နဂါးဟာ ‘စနေ’နံပါ။ ဗြိတိသျှဆိုတဲ့ အင်္ဂလိပ်ကလည်း စနေနံပါ။ ဗြိတိသျှဆိုတာရဲ့ အလယ်စာလုံး ‘တိ’ဆိုတာကိုယူလို့ စနေဖြစ်တယ်။ ဗြိတိသျှဟာ စနေဖြစ်တယ်ဆိုတဲ့ အကြောင်း အောက်မှာဖော်ပြခဲ့တဲ့ စာချိုးလား၊ တဘောင်လား စနည်းလား မသိပါဘူး။ ဖတ်ကြည့်ပါ။

”အင်း- ကို- ဟင်္သာ- ဆင်းမည်။ ဆင်းရင်- လေး-နဲ့ခွင်းမည်။ ထို- မုဆိုး-ကို- ထီးရိုး-ရိုက်လိမ့်မည် ထီးရိုး-ကို- မိုးကြိုး-ပစ်မတဲ့ စာရှိပါသည်။

ဒီတဘောင်စာချိုးက ဘာကိုပြနေသလဲဆိုရင်

အင်း- ဆိုတာက အင်းဝ- ဟင်္သာ-ဆိုတာက ဟံသာဝတီပဲခူးမွန်တို့ကိုပြောတာ။ လေးမြားကိုင်တာက မုဆိုး-မုဆိုးဆိုတာ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ မုဆိုးဘို၊ ရတနာသိင်္ဃဆိုတဲ့ ကုန်းဘောင်ဆက်။ ထီးရိုးဆိုတာ ဗြိတိသျှအင်္ဂလိပ်။ မိုးကြိုးက မီနာမီကီကန်း (အာရှတောင်ပိုင်းသိမ်းပိုက်ရေးအဖွဲ့ခေါင်းဆောင် ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုး။)

ဒါကိုဆက်စပ်ကြည့်တဲ့အခါ အင်းဝကို မွန်တို့ တိုက်ခိုက်တယ်။ မွန်ကို အလောင်းဘုရားက တိုက်ခိုက် အောင်မြင်တယ်။ ကုန်းဘောင်ဆက်ကို ဗြိတိသျှနယ်ချဲ့က သိမ်းပိုက်တယ်။ ဗြိတိသျှကို ဂျပန် ဗိုလ်မိုးကြိုးက တိုက်ခိုက်အောင်မြင်တယ်။ ဒါကြောင့် ဗြိတိသျှကို စနေနံလို့ ကောက်ယူတာဖြစ်တယ်။

စနေနံဟာ နဂါးဆိုတာရှင်းပြီ။ ဒါကြောင့် ဗမာပြည်ရဲ့အခေါင်အထွတ်ဖြစ်တဲ့ တက္ကသိုလ်ရဲ့ အခေါင်အချုပ် ဘွဲ့နှင်းသဘင်ခန်းမရဲ့ ဦးကင်အထွတ်မှာ တက္ကသိုလ်အမှတ်တံဆိပ်ကို နဂါးနှစ်ကောင် စောင့်ကြပ်နေဟန် ဖြစ်တယ်။ ဒါပေမဲ့ ပန်းရန်ဆရာက တရုတ်ဖြစ်တော့ ဗမာနဂါးမဟုတ်ဘဲ တရုတ်နဂါးဖြစ်သွားသတဲ့။ ဆိုလိုရင်းအဓိပ္ပာယ်က နယ်ချဲ့ဗြိတိသျှအစိုးရရဲ့လက်အောက်မှာ ဗမာပြည်နဲ့ ဗမာလူမျိုး၊ ဗမာ့ပညာ ရေးစနစ်ဟာ ဗြိတိသျှတို့ ခြယ်လှယ်အုပ်ချုပ်မှုအောက်မှာ အမြဲဦးကျိုးနေအောင်စီရင်တဲ့ အစီအရင်နဲ့ ယတြာ ဖြစ်တယ်လို့ ဘကြီးဘဘေက ပြောပြပါတယ်။

ကိုယ်တိုင်သိတာ မဟုတ်ပါ။ ဘကြီးဘဘေလို ပုဂ္ဂိုလ်ပြောပြတာ မှတ်သားပြီး ပြန်လည်ရေးပြတာပါ။ ဟုတ်၊ မဟုတ် မသေချာ။ ဟုတ်လောက်ဖို့များပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေက လှည့်ဖြားပြောဆိုရမယ့်အကြောင်း တရားမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အတိအကျသိသူရှိရင် ရေးကြစေချင်ပါတယ်။

နာနတ်တော ရွာမမှာနေတဲ့ စာရေးသူရဲ့သူငယ်ချင်း ကိုမြင့်ဆွေ ဖခင်ဦးဘအုန်းက သူတို့ငယ်ငယ်က အကြောင်းတွေပြောပြလေ့ရှိတယ်။ သူတို့ငယ်ငယ်ငယ်က လှည်းတန်းမှာ လှည်းတိုက်တယ်။ တက္ကသိုလ် ကြီးဆောက်တော့ အုတ်သဲကျောက် သူတို့နွားလှည်းနဲ့ သယ်ပေးရသတဲ့။ သဲနဲ့ကျောက်ကို ကမာရွတ် ချောင်းဝက သယ်ရတယ်။ အုတ်ကို အခု ခုနစ်မိုင် ၆ ရပ်ကွက် အုတ်ကျင်းနဲ့ အင်းစိန်လမ်းအုတ်ကျင်းက သယ်ရတယ်။

လှည်းမတိုက်ရတဲ့နေ့မှာ အုတ်သယ်၊ ကျောက်သယ်ပန်းရန်နောက်လိုက်လုပ်တယ်။ နေ့စားခရတယ်။ လှည်းမရှိတဲ့သူက အလုပ်ကြမ်းဝင်လုပ်ကြသတဲ့။ တချို့က လက်သမား၊ တချို့က ပန်းရန်နောက်လိုက် လိုက်လုပ်ကြတယ်။ ပန်းရန်၊ လက်သမားခေါင်းဆောင်တွေအားလုံး တရုတ်တွေ။ မိန်းမတွေလည်း အုတ်သယ်၊ သဲသယ်၊ မဆလာရွက်လုပ်ကြတယ်။

အဲဒီမှာ အလုပ်လုပ်ရတာက နှစ်နဲ့ချီလုပ်ရတာ။ ကြာတော့ တရုတ်ပန်းရန်ဆရာတွေ၊ လက်သမားတွေနဲ့ အုတ်၊ သဲသယ် မိန်းမတွေနဲ့ညားကြပါလေရောလား။ တို့ရွာထဲက မယ်အေး အဲဒီမှာအကြော်ရောင်းတယ်။ တို့နဲ့ မောင်နှမဝမ်းကွဲတော်တယ်။ သူနဲ့ ဘွဲ့နှင်းသဘင်ဆောက်တဲ့ တရုတ်ပန်းရန်ဆရာနဲ့ညားတယ်။ တရုတ် စင်ကာပူပြန်တော့ မယ်အေးလည်းပါသွားတယ်။

ခုထိ မယ်အေး သားသမီးတွေ စင်ကာပူမှာရှိသေးတယ်။ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်က စာရေးသူစင်ကာပူမှာ ၂ နှစ်နီးပါးနေခဲ့တယ်။ ဒေါ်အေးတို့မိသားစုကိုရှာဖို့ ကိုမြင့်ဆွေက မှာလို့ရှာပါတယ်။ စင်ကာပူနဲ့ အရှေ့ဘက်ရထား

လမ်းဆုံး ‘ပါဆာရစ်’မှာနေတယ်။ ဒေါ်အေးတို့လင်မယားလည်း မရှိတော့ဘူး။ သားသမီးတွေ ကျန်ခဲ့တယ်။ သူတို့မိဘဓာတ်ပုံတွေ ပြတယ်။ ဗမာပြည်မှာမွေးခဲ့တဲ့ မမြဦးဆိုတာရှိသေးတယ်။

သူ့အဖေ ဗမာပြည်တက္ကသိုလ်ဆောက်စဉ်ကအကြောင်းတွေ၊ သူ့မိဘတွေ ပြောပြတာကြားဖူးတယ်တဲ့။ ဘွဲ့နှင်းသဘင်နဲ့ နဂါးနှစ်ကောင်အကြောင်းလည်းပါသတဲ့။ ဘွဲ့နှင်းသဘင်ခန်းမနဖူးစည်းမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တရုတ်ပန်းရန်ဆရာက တရုတ်နဂါး ရုပ်ထည့်သွင်းဆောက်လုပ်ခဲ့တယ်ဆိုတာကတော့ အသေအချာပါပဲ။ ပြီးတော့ ဗမာပြည်က တရုတ်မဟုတ်ဘူးလေ။ စင်ကာပူတရုတ်ကိုး။ ဗမာနဂါးရုပ် ဘယ်သိပါ့မလဲ။

မူရင်းရေးသားသူ ဆရာကြီးလှကွန့်ဆီမှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်